Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပြည်ကြီးငါး ကုန်းဘောင်
•••••••••••••••••••••••••••
ပြည်ကြီးငါး တွေကိုရေသေချာဆေးကြောသန်စင်ပီးရင်
ငါးရဲ့အပေါ်ကို ဆနွင်း မကင်းကွက်အရာလေးတွေပေးပြီး
အနေတော်ဖြတ်ထားပေး .
ကြက်သွန်နီဖြူ..ဂျင်းအနေတော်လှီးဖြတ်ထား
အသီးအရွက်တွေ အနေတော်လှီးဖြတ်ထား
ငရုတ်ပွခြောက်အသင့်ပြင်ထား..
အရင်ဆုံး..အိုးတစ်လုံးမှာ ရေကိုပွက်အောင်အရင်တည်မယ်
ရေပွက်ရင်ရှာလကာရည်အနည်းငယ်ထည့် ပြီးရင်ပြည်ကြီးငါး
တွေကို.ငါးမိနစ်ခန့်ထည့်ပြုတ်ပါ..အကောင်အကြီးအသေးပေါ်
မူတည်ပီးပြုတ်ချိန်ကွာပါမယ် အရမ်းကျက်စရာမလို ကွေးကွေးလေးတွေဖြစ်သွားပြီးအသားအနည်းငယ်ကျက်ရုံဆို
ပြန်ဆယ်ပီးရေအေးထဲပြန်စိမ်ထားလိုက်ပါ..ဒီလိုလုပ်တာက
အညှီအနံ့သက်သာဖို့ရယ်.ကြော်တဲ့အချိန်မှာ အသားတွေမာပီးကျက်မသွားဖို့ရယ်အတွက်ဖြစ်တယ်..
စကြော်မယ်ဆိုရင်..
ဒယ်အိုးဆီပူရင်ငရုတ်ပွခြောက်ကိုအရင်တူးပီးမွှေးနေအောင်ကြော်မယ်.. ကြက်သွန်နီ ဖြူဂျင်းဆီသတ်မယ်.မွေးရင်
အသီးအရွက်တွေ ထည့်ပြည်ကြီးငါးထည့် အရသာအတွက်
ခရုဆီ သကြားအသားမူန့် ပဲငံပြာရည် အကျဲအနည်းငယ်ဆီ
ထည့်မယ် .အသီးအရွက်တွေအိရင်အိုးချလို့ရပီ..ပြည်ကြီး
ငါးက ကြာကြာကြော်စရာမလို..သူ့ကိုအရင်ပြုတ်ထားလို့
အသားကကျက်ပီးသား..ကြာကြာဆက်ကြော်ရင်မာသွားရော
စားရတာအရသာမရှိတော့ပါ..
(၉)လအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ (၅၂၁) သန်းရရှိထား
ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၏ (၉)လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၂၁) သန်းရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် တန်ချိန် (၄၀၂၃၀၈)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၅၂၁) သန်း တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ တင်ပို့ရာတွင် ရေကြောင်း၊ လေကြောင်းတင်ပို့မှုမှ တန်ချိန် (၁၉၂၀၀၀) ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ် လာ (၃၁၂) သန်းတန်ဖိုး တင်ပို့ထားပြီး နယ်စပ်တင်ပို့မှုအနေဖြင့် မြဝတီ၊ ကော့သောင်း၊ ကျိုင်းတုံ၊ မြိတ်၊ မောတောင်နယ် စပ်ဂိတ်များမှ တင်ပို့ကြောင်း သိရသည်။
ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း (၃၀) ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှ တဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့ကြောင်း သိရသည်။