Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
2025 မှာ ဘန်ကောက်ဟာ ကမ္ဘာ့အကောင်းဆုံး ဒုတိယမြို့အဖြစ်သတ်မှတ်ခံရ
ဘန်ကောက်မြို့ဟာ ကမ္ဘာရဲ့ ဒုတိယအကောင်းဆုံးမြ်ို့ဖြစ်တယ်လို့ Time Out မဂ္ဂဇင်းမှာဖော်ပြလာပါတယ်။
ဒီ Ranking ဟာ ကမ္ဘာတစ်ဝှမ်းက ခရီးသွား ၁၈၅၀၀ရဲ့ မြို့တွေရဲ့အပေါ် အမြင်ကို စစ်တမ်းကောက်ယူပြီးရလာတာပါတဲ့။ မြို့တစ်ခုချင်းစီရဲ့ ယဉ်ကျေးမှု၊ အစားအသောက်၊ nightlife စတဲ့ ရှုထောင့်အမျိုးမျိုးအပေါ်မူတည်ပြီး စစ်တမ်းကောက်ထားတာပါ။
ထိုင်းနိုင်ငံက လှပတဲ့ ပန်းခြံတွေ၊ ဘုရားတွေနဲ့ မဟာနန်းတော်တွေလို ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အထင်ကရနေရာတွေကြောင့်လဲဖြစ်တယ်လိုြဆိုပါတယ်။
အဲ့ဒီအပြင် BTS နဲ့ MRT တွေလို ဒေသခံတွေရော ခရီးသွားတွေအတွက်ပါ ထိရောက်တဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကလဲ ချီးကျူးခံနေရပါတယ်။
ဘန်ကောက်ဟာ အရင်က Ranking ၂၄ ကနေ အခု နံပါတ် ၂ နေရာအထိခုန်တက်လာခဲ့တာဘဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံရဲ့တိုးတက်မှုကတော့ အံ့မခန်းဘဲလို့ပြောရပါမယ်။
ကောင်းမွန်တဲ့
လူတွေကို ဘယ်တော့မှ
နှစ်ခါ ပြန်မရနိုင်ဘူးတဲ့။
အသစ်အသစ်သော
သူတွေနဲ့ ဆုံရင် ဆုံနိုင်တယ်။
ကိုယ့်အပေါ် ကောင်းမွန်တဲ့
လူတွေကိုတော့
အစားထိုး ပြန်မရတော့ဘူး။
ဒီစကားကို အသက်ကြီးမှ
နားလည်လာတယ်။
ငယ်ရွယ်တုန်း
အချိန်တွေမှာတော့
ခွဲခွါမှုတွေအပေါ်
ပေါ့ပေါ့တန်တန်ပဲ
သဘောထားခဲ့မိတယ်။
လူတစ်ယောက်ကို
ဆုံးရှုံးလိုက်ရခြင်းအပေါ်လည်း
သိပ်ပြီး ခံစားပူဆွေးမနေတတ်ဘဲ
တစ်ယောက်ထွက်သွားရင်
တစ်ယောက် ဝင်လာမှာ
ပေါ့လို့ တွေးခဲ့တာ။
တကယ်တော့ မဟုတ်ဘူး။
ကိုယ်ဆုံးရှုံးလိုက်ရတဲ့သူဟာ
ကိုယ့်အတွက် သိပ်ကို
ကောင်းတဲ့ လူတစ်ယောက်
ဖြစ်နေတတ်တယ်။
သူ့ကို ဆုံးရှုံးပြီးနောက်ပိုင်းမှာ
လူတွေအများကြီးနဲ့
ထပ်တွေ့နိုင်တယ်။
ကိုယ့်အပေါ်လည်း
ကောင်းချင်ကောင်းနိုင်တယ်။
ဒါပေမဲ့လို့ မတူတော့ဘူး။
လူလည်းမတူတော့သလို၊
ခံစားချက်တွေလည်း
မတူတော့ဘူး။
ကိုယ်ဘာပဲ လုပ်လုပ်
အမြဲ ပြုံးပြီး ကြည့်နေတတ်သူ၊
ကိုယ်လိုအပ်ချိန်တိုင်းမှာ
အမြဲ အနားမှာ ရှိနေပေးတဲ့သူ၊
ကိုယ့်ရဲ့ စိတ်
အတက်အကျတိုင်းမှာ
မညည်းမညူ ရှိနေပေးတတ်သူ၊
ပြိုလဲချိန်တိုင်းမှာ
ဆွဲထူပေးတဲ့သူ...
ဒီလိုမျိုး လူတွေဟာ
နှစ်ခါပြန်ပြီး မရနိုင်တော့ဘူး။
အစားထိုးလို့လည်း မရဘူး။
ဘာကြောင့်လည်းဆိုတော့
သူတို့ရဲ့ ဖြစ်တည်မှုလေးကိုက
သူများနဲ့ မတူလို့ပဲ။
နောင်တတွေဆိုတာ
နောင်မှ ရတာဆိုတဲ့
စကားကလည်း အမှန်ပဲ။
အဲဒါကြောင့် ကိုယ့်ဘဝမှာ
ကောင်းတဲ့ လူတွေနဲ့
ဆုံစည်းရတဲ့အခါ တန်ဖိုးထားပါ။
ရှိနေတုန်းမှာ ချစ်ခင်ကြပါ။
လူကောင်းတွေဟာ
နှစ်ခါပြန်မရဘူး မဟုတ်လား။
ဘယ်သူနဲ့မှ ကိုက်ညီဖို့ ကြိုးစားနေစရာ
မလိုတော့တာလေးကို သဘောကျတယ်။
ကိုယ့်ကို ဒဏ်ရာရစေနိုင်တဲ့ စကားလုံးတွေကို
အတိအကျ သိနေတဲ့ သူမျိုးတွေရဲ့ ခပ်ဝေးဝေးမှာပဲ နေချင်တယ်။
ဒဏ်ရာပေးဖူးတဲ့ သူတွေကိုလည်း
ထပ်မယုံမိတော့ဖို့လည်း သတ္တိမွေးရဦးမယ်။
ခင်မင်သူ နည်းပါးတဲ့ ကမ္ဘာလေးကပဲ
ပိုလှပပြီး ပိုပေါ့ပါးတယ်လို့ ထင်ပါတယ်။
#စာရယ်ကဗျာရယ်
#as
စိတ်ကလေးကိုရှင်းအောင်ထား။
ကျန်းမာဖို့နဲ့၊ အရာရာအဆင်ပြေဖို့ကိုဘဲအာရုံစိုက်။
ဖြစ်တည်မှုနဲ့ရလဒ်တွေကို အကောင်းဆုံးဖြစ်အောင်ကြိုးစား
တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှမပတ်သတ်ကြတော့ဘူးဆိုရင်တောင်
အချိန်တန် ငါတို့က တိမ်စိုင်လို၊ ရေငွေ့တွေလိုမျိုး
"ပျောက်ကွယ်သွားရမှာ။"
#စာရယ်ကဗျာရယ်
#as
ထိုင်းထုတ်ကုန်တွေထဲက ဆိုလာ ၊ဖုန်း၊ ပါဝါဘန့်အပါအဝင် လျှပ်စစ်ပစ္စည်းတွေ မြဝတီနယ်စပ်ကနေ တင်ပို့ခွင့်ပိတ်
ဖေဖော်ဝါရီ ၁၃
ထိုင်းနိုင်ငံထုတ်ကုန်တွေထဲက မီးစက်၊ ဆိုလာ နဲ့လျှပ်စစ်ပစ္စည်းအချို့ကို မြဝတီနယ်စပ်ကနေ တင်ပို့ခွင့်ကို ထိုင်းအစိုးရက ပိတ်လိုက်တယ်လို့ ကနဦးသိရပါတယ်။
မြဝတီဘက်ကို တင်ပို့ခွင့်ပိတ်လိုက်တဲ့ ပစ္စည်းတွေက မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီအားလုံး၊အင်ဗာတာ၊မီးစက်၊ဆိုလာပြား၊ မိုဘိုင်းဖုန်းများ၊ CABLE၊ HARDWARE ၊ဆော့ဖ်ဝဲ၊လိမ်လည်သူများနှင့် သက်ဆိုင်သော ကုန်ပစ္စည်း၊ အင်ဂျင်ဝိုင် ၊ပါဝါဘန့် ပစ္စည်းတွေဖြစ်တယ်လို့ကနဦးသိရပါတယ်။
" အခုက ဆိုလာရယ်၊ ပါဝါဘန့်ရယ်၊ ဘတ္တရီတွေ၊ ဖုန်းတွေ၊ wifi စက်တွေ၊ icon တွေအဓိကပဲ ပို့ရခက်နေတယ်။ ပို့လို့မရသေးဘူး။အခုကပူပူနွေးနွေးပြောထားတာဆိုတော့ပို့ကိုမရသေးဘူး။ဒါပေမယ့်နောက်တော့ ပို့လို့ရမယ့်လမ်းကြောင်းပေါ်လာမှာပါ။စရိတ်ကတော့ပိုများသွားနိုင်တယ်။" လို့ ထိုင်းကနေ ကုန်စည်တွေ ဝယ်ယူပြီး မြဝတီကတဆင့် တင်ပို့ပေးနေသူကပြောပါတယ်။
ထိုင်းနိုင်ံကနေ အဆိုပါပစ္စည်းတွေကို မြဝတီနယ်စပ်ကတဆင့် မြန်မာနိုင်ငံထဲ တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် တင်ပို့ခွင့်ပိတ်ခံလိုက်ရတဲ့ပစ္စည်းတွေအားလုံးစျေးနူန်းမြင့်တက်သွားတယ်လို့သိရပါတယ်။ ဒါအပြင် ပစ္စည်းပြတ်လပ်မှုရှိပြီး ဝယ်ယူရခက်တဲ့အခြေအနေတွေ ရှိလာနေတယ်လို့သိရပါတယ်။
" ထိုင်းဘက်မှာပစ္စည်းကြိုက်သလောက်ဝယ်လို့ရပေမယ့်လောလောဆယ် မြဝတီနယ်စပ်ကနေပို့မရဘူးဖြစ်သွားတယ်။ပို့လို့ရတဲ့အချိန်ကျရင်လည်း စျေးတွေကခုနူန်းထားတွေမရနိုင်တော့ဘူး။အခုဆိုကျွန်တော်ရန်ကုန်အထိုင်မှာ ပါဝါဘန့်တွေပစ္စည်းပြတ်သွားပြီ။ဝယ်သူတွေကရှိတယ်။စျေးနူန်းပိုင်းမှာလည်း အရင်ကထက် သယ်ယူစရိတ်တွေပိုကုန်သွားနိုင်တယ်။" လို့ နောက်ထပ်ကုန်ပစ္စည်းတင်ပို့ရောင်းချသူကပြောပါတယ်။
ထိုင်းဘက်ကနေ တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် အရင်ရက်က ရန်ကုန်အရောက်ကိုမှ ၇၀၀၀၀ ကျပ်သာရှိတဲ့ပါဝါဘန့်ဟာ လက်ရှိမှာ ရန်ကုန်အရောက်ကို ငွေကျပ် ၁ သိန်းကျော်အထိကုန်ကျမှုမြင့်တက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ထိုင်းအစိုးရကတော့ မြဝတီမြို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီးနဲ့ စက်သုံးဆီ တွေစတင်ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
ထိုင်းကနေ မြန်မာ - ထိုင်းနယ်စပ်တလျှောက် မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့နယ်တွေကို လျှပ်စစ်မီး၊ စက်သုံးဆီဖြန့်ဖြူးပေးနေမှုနဲ့ ကုန်စည်အချို့ကို ကျားဖြန့်လုပ်ငန်းနေရာတွေကပါ ရယူ အသုံးပြုနေတဲ့အတွက် ထိုင်းနိုင်ငံက ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
Photo - CJ
#centralnewsnaypyitaw

Muscle Growth Meal Plan (53kg)
အသားစားတဲ့သူတွေအတွက် နမူနာ စားသောက်ပုံ
🥣 Breakfast (Protein: 30g)
3 eggs (18g protein)
1 slice whole-grain toast (ပါမုန့်ကြမ်း)(5g protein)
1 tbsp peanut butter (မြေပဲထောပတ်) (4g protein)
1 cup milk (8g protein)
🍗 Lunch (Protein: 35g)
150g grilled chicken breast (ကြက်ရင်ဘုံသား/ကြက်သား)(40g protein)
1 cup brown rice (ဆန်လုံးညို)(5g protein)
1 cup steamed broccoli (ပန်းပွင့်စိမ်း)(3g protein)
1 tsp olive oil (သံလွင်စားဆီ) (healthy fats)
🥤 Post-Workout Snack (ကစားပြီးစားနိုင်သော)(Protein: 25g)
1 scoop whey protein (25g protein)
1 banana (carbs for recovery)
🥘 Dinner (Protein: 30g)
120g salmon or beef or chicken (25g protein)
1 small sweet potato (4g protein)
1 cup spinach (ဟင်းနုနွယ်)(2g protein)
1 tsp olive oil
🌙 Pre-Bed Snack (Protein: 15g)
1/2 cup Greek yogurt (10g protein)
Handful of almonds (5g protein)
🔥 Tips for Muscle Growth:
✅ Eat every 3–4 hours to maintain protein intake.
✅ Stay hydrated—drink at least 2.5L of water daily. (ရေသောက်နည်း နောက်ရေးတင်ပေးမယ်) ယူတို့နော် သေချာမသောက်ရင် မတင်ပေးဘူး 😁
✅ Strength train consistently to maximize muscle gain.
အဓိက ကတော့ consistency ပဲ အဆက်မပျက် လုပ်ဆောင်သွားပါ.
သိချင်နေတာလေး မဟုတ်လား.
ဒီ Meal plan လေးကို ကိုးကားပြီး ပြင်ကြည့်နော်.
(Plant-Based for next)
Thanks