49 ပတ် - ဘာသာပြန်ပါ။

အွန်လိုင်းလုပ်ငန်းမှတ်ပုံတင် တစ်သောင်းကျော် လျှောက်ထား
-------------------------------
အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းတွေအတွက် မှတ်ပုံတင်လျှောက်ထားမှုအနေနဲ့ လျှောက်ထားသူ တစ်သောင်း ကျော် ရှိတယ်လို့ စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းတွေအတွက် မှတ်ပုံတင်လျှောက်ထားမှုစတင်တဲ့ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂)ရက်ကနေ အခုအချိန်အထိ မှတ်ပုံ တင်ဖို့ လျှောက်ထားတဲ့အထဲမှာ ကုမ္ပဏီအနေနဲ့ တစ်ထောင့်သုံးရာနီးပါးနဲ့ တစ်ဦးချင်းလုပ်ငန်းရှင်အနေနဲ့ ကိုးထောင်ကျော် ပါရှိတယ်လို့ ဆိုပါတယ်။

အွန်လိုင်းစီးပွားရေးကို တရားဝင်မှတ်ပုံတင်တာကြောင့် စားသုံးသူတွေရော လုပ်ငန်းရှင်တွေအနေနဲ့ပါ တာဝန် ယူမှု တာဝန်ခံမှုတွေ ပိုတက်လာမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန က လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ပြောပါတယ်။ အခုလျှောက်ထားလာတဲ့ လုပ်ငန်းတွေကို အခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကစတင်ပြီး မြေပြင်မှာ အချက်အလက် တိုက်ဆိုက်စစ်ဆေးတာတွေ ဆောင်ရွက် နေသလို ပြည့်စုံမှန်ကန်တဲ့လုပ်ငန်းတွေကို မှတ်ပုံတင်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင်၂၁ ရက်က အမိန့်ကြော် ငြာစာ ထုတ်ပြန်ခဲ့ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့လုပ်ငန်း ဆောင်ရွက်ရင် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။

image

imageimage
49 ပတ် - ဘာသာပြန်ပါ။

နှစ်သစ်မှာ အလျှူအတန်း၁၀ခုထက်မနည်း ပြုလုပ်ခဲ့တဲ့
ဖြူဖြူထွေး❤️

image
49 ပတ် - ဘာသာပြန်ပါ။

The House That Jack Built

ကြည့်ဖူးသမျှလူသတ်ကားတွေထဲမှာအမိုက်ဆုံးလိုပြောလိုရတဲ့ လူသတ်ကားဖြစ်ပါတယ်

တချိုတွေက ကိုယ်တန်ဖိုးတဲ့အရာကိုဖန်တီးတာကိုအနုပညာလိုယူဆကြပါတယ်…ဒါပေမယ့် လူသတ်တာကို အနုပညာတစ်ခုလိုသဘောထားပြီး
လုပ်တာကတော့ တော်တော်ကြီးကိုဆိုးဝါးတဲ့အလုပ်ပါ….ဂျက်ဆိုတဲ့လူဟာ လူတွေကိုအကြောင်းမရှိဘဲနဲ့ လိုက်လံသတ်ဖြတ်နေတဲ့စိတ္တဇလူသတ်သမားတစ်ယောက်ပဲဖြစ်ပါတယ်သူဟာတခြားသောလူသတ်သမားတွေနဲ့မတူဘဲ လူသတ်ရသည်ကိုဂန္တဝင်အနုပညာရပ်တစ်ရပ်အနေနဲ့တွေးပြီး ကျူးလွန်တတ်တဲ့သူပါသူ့အနေနဲ့ ဘယ်လိုဘယ်ပုံတွေ ဆက်ဖြစ်မယ်ဆိုတာကိုတော့…လူသတ်ကားတွေကိုမှကြိုက်တဲ့လူတွေအတွက်စနစ်တကျလူသတ်နည်းတွေနဲ့များလှသောလူသတ်ခန်းတွေပါလိုRating လည်းးလန်းတယ် လူသတ်တာတွေလည်းပက်စက်တယ်ဆိုတော့ ….ကဲ ကြည့်ကြမှာလား မကြည့်ကြဘူးလား……
https://t.me/horror2006/2890
#horror

image
49 ပတ် - ဘာသာပြန်ပါ။

🪻 Hyacinth လို့ ခေါ်တဲ့ ကုန်းဗေဒါ ရောင်စုံ 🪻

#flower

ရခိုင်နဲ့ထိပ်စပ်နေတဲ့ ဧရာဝတီတိုင်း ကျေးရွာတွေမှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေ

ဇန်နဝါရီ ၁၄

ဒေသတွင်းတိုက်ပွဲတွေဖြစ်ပွားရာ ရခိုင်ပြည်နယ်အစပ်နဲ့ နီးရာ ဧရာဝတီတိုင်းအစပ်က ကျေးရွာတွေမှာ အခုလတ်တလောမှာ ဖုန်းလိုင်းတွေရတချက်၊မရတချက်ဖြစ်နေလို့ ဆက်သွယ်ရေးလိုင်းတွေ လုံးလုံးပြတ်တောက်သွားမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

"ဖုန်းလိုင်းလည်းရတဲ့အခါရတယ်။ မရတဲ့အခါမရဘူး။အင်တာနက်လိုင်းတွေလည်း အရင်လိုမကောင်းဘူး။ အဆက်အသွယ်ပြတ်သွားမှာပဲကြောက်တာပါ။တိုက်ပွဲတွေက ဒီဘက်တွေနဲ့ နီးလာပြီလေ။တရွာနဲ့ တရွာကလည်းအဝေးကြီးပဲ။ဒီဘက်တွေအခြေအနေမကောင်းဘူးလို့ကြားနေရတယ်။ရွာထဲမှာလည်း ရွာကလူငယ်တွေကအမြဲကင်းစောင့်နေရတယ်။တပ်ကလည်းကင်းလှည့်တယ်။အခုကာလက ရွာထဲကိုအပြင်လူတစိမ်းတွေလည်းအဝင်မခံဘူးပေါ့။နောက်ကျရင်အခြေအနေတွေကဘယ် လိုဖြစ်လာအုံးမလဲမသိသေးပါဘူး။အခုတော့ရွာမှာပဲ အဆင်ပြေသလိုနေနေရတယ်။ အရေးအကြောင်းဆိုပြေးဖို့လွှားဖို့ကလည်းမလွယ်ပါဘူး"လို့ ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်က ကျေးရွာတရွာမှာ နေထိုင်တဲ့ ဒေသခံတယောက်က ပြောပြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဂွမြို့နယ်တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းအတွင်းမှာ ရခိုင်စစ်ဘေးရှောင်တွေ တိုးပွားလာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းက နာမည် ကျော်အပန်းဖြေစခန်းတခုဖြစ်တဲ့ ချောင်းသာ ကမ်းခြေအနီးမှာတည်ရှိတဲ့ ရွှေသောင်ယံမြို့နားက မကျီးဇင်ရွာကို ရခိုင်တပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက လာ ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာမှုအပြီးမှာ ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေဟာ ဧရာဝတီတိုင်းအတွင်းကို ကူးစက်ဖြစ်ပွားလာမှာကိုလည်းဧရာဝတီတိုင်းဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

"အခုဆိုဒီဘက်တွေနဲ့ နီးလာပြီလို့လည်းပြောနေကြတာပါပဲ။တချို့လည်းဈေးဆိုင်တွေကအစမဖွင့်ရဲလို့ ပိတ်ထားကြတာရှိတယ်။အခုကျောင်းကုန်းမှာဆိုလည်း ဟိုတလောထဲက စစ်သားတွေအများကြီးရောက်နေတာတွေ့ရတယ်။ဂွ၊ငသိုင်းချောင်း၊ရေကြည်၊အသုတ်၊ကျောင်းကုန်းကတောက်လျှောက်တဆက်တည်းလေ"လို့ ကျောင်းကုန်းမြို့ဒေသခံတယောက်က ဆက်ပြီး ပြောပြခဲ့ပါတယ်။

ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကတော့ ဧရာဝတီတိုင်းအတွင်းကိုရောက်ရှိနေတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအနေ နဲ့ မိမိတို့နေရပ်ဒေသကို ပြန်နိုင်ရေးအတွက် မျက်စိဖွင့် နားစွင့်ထားကြဖို့နဲ့ ဘေးကင်းလုံ ခြုံစွာနဲ့ နေရပ်ပြန်နိုင်ဖို့ လေ့လာထားကြဖို့ အသိပေးတိုက်တွန်းနှိုးဆော်ထားပေမယ့် ဒီကနေ့အထိတော့ ဧရာဝတီတိုင်းအတွင်းကရခိုင်စစ်ဘေးရှောင်အများစုဟာ နေရပ်ကိုပြန်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

"ဧရာဝတီတိုင်းဘက်ကိုတခေါက်သွားကြည့်တယ်။ရခိုင်စစ်ဘေးရှောင်ပြည်သူတွေတော် တော်များများရောက်နေတာကို တွေ့ရပါတယ်။တော်တော်လေးလည်းဒုက္ခရောက်နေ ကြတယ်။နေရပ်စွန့်ခွာလာပြီဆိုထဲက မိမိတို့ဒေသမှာနေလို့ မရတော့တာ သေချာတယ်လေ။တချို့ဆိုစားစရာမရှိ၊နေစရာမရှိနဲ့ပေါ့၊အတော်လေးအတိဒုက္ခရောက်နေကြတာရှိပါတယ်"လို့ ရခိုင်စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တယောက်က ပြောပြပါတယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ရခိုင်တပ်တော် AA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာ ရခိုင်ပြည်နယ်ရဲ့ တောင်ဖက်အကျဆုံး မြို့ဖြစ်တဲ့ ဂွမြို့ကို နောက်ဆုံးသိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။

ဒါအပြင် နောက်ဆုံးသတင်းတွေအရ ရခိုင်ပြည်နယ်အတွင်းက ဒေသတွင်းတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေမြို့အနီအနားဝန်းကျင်မှာ ရံဖန်ရံခါပစ်ခတ်သံတွေကြားနေရတယ်လို့ ဆိုပြီး ဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေဟာလည်း ကောင်း မွန်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

"ရခိုင်မှာက ဖုန်းလိုင်းတွေတခုမှမရဘူး။စစ်တွေမြို့ပေါ်မှာတောင် ဖုန်းလိုင်းတွေက မကောင်းဘူး မိတချက်၊မမိတချက်ပါ၊အခုအင်တာနက်လိုင်းတွေလည်းမကောင်းပါဘူး"လို့ စစ်တွေမြို့ဒေသခံတယောက်က ပြောပြပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေတိုးလာခဲ့ပြီး အခြားလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာဒေသတွေထက် စစ်ဘေးဒုက္ခသည် ၉၈ ရာခိုင်နှုန်းကျော်ရှိနေတယ်လို့ သူတို့ရဲ့ လေ့လာမှုစစ်တမ်းတရပ်မှာဖော်ပြထားပါတယ်။

Photo - CJ

#သတင်းဟင်းလေးအိုးကြီး

image