1 နှစ် - ဘာသာပြန်ပါ။

အောင်ပန်းအချုပ်ဖောက်ပြေးမှု ထွက်ပြေးသူအားလုံးဖမ်းမိထားပြီး ပေါ့လျော့သူ ရဲတပ်ဖွဲ့ဝင်အားလုံး အရေးယူမှုစတင်

ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ အောင်ပန်းမြို့ ရဲစခန်း၊ အချုပ်ဖောက်ပြေးသူအားလုံးကို ပြန်လည်ဖမ်းမိခဲ့ပြီဖြစ်သလို ဖြစ်စဥ်မှာ စည်းကမ်းပေါ့လျော့သူ အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင်အားလုံးကို အရေးယူမှုစတင်ပြုလုပ်နေပြီလို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

အောင်ပန်းရဲစခန်းမှ အချုပ်တရားခံ ၁၀ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်က လက်နက်ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့ ဇန်နဝါရီလ ၁၆ရက်က တရားခံအားလုံးကို ပြန်လည်ဖမ်းမိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

“အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင်အားလုံး အရေးယူမှု စတင်ပြုလုပ်နေပါပြီ။ ပေါ့လျော့တပ်ဖွဲ့ဝင်တွေကို အရေးယူသလို တဖက်မှာလည်း တရားခံတွေကို လက်နက်နဲ့အတူ ပြန်လည်ဖမ်းဆီးရမိတဲ့ ဖြစ်စဥ်မှာ ကြီးကြပ်သူ ကလောခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဖို့ ပြင်ဆင်နေပါတယ်”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

အချုပ်ဖေါက်ပြေးသူ ၁၀ ယောက်ထဲက နှစ်ယောက်ကို ဇန်နဝါရီလ ၉ရက်နေ့မှာပဲ ပြန်ဖမ်းမိခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်မှာ နှစ်ယောက်၊ မနေ့က( ဇန်နဝါရီ ၁၆) မနက်ပိုင်း ရွာငံဘက်မှာ ငါးယောက်နဲ့ ညနေပိုင်း ဗထူးဘက်မှာ တယောက်၊ ပေါင်း ခြောက်ယောက် ပြန်ဖမ်းမိလို့ အချုပ်ခန်းဖောက်ပြေးသူ ၁၀ ယောက်စလုံးကို ၁၀ ရက်မပြည့်ခင်မှာ ပြန်ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးကြသူတွေဟာ ရေတင်ချိန်၊ ဘုရားရှိခိုးချိန်တွေရဲ့အသံတွေကို အကာအကွယ်ယူပြီး အမျိုးသားအချုပ်ခန်း အိမ်သာဘက်က သံတိုင်နဲ့ သစ်သားတိုင်တွေကို သံဖြတ်လွှနဲ့ တရက်ခွဲအချိန်ယူဖြတ်တောက် ဖောက်ထွင်း ထွက်ပြေးခဲ့တာ ဖြစ်သလို ထွက်ပြေးတဲ့အချိန်မှာ ကျားအချုပ်ခန်းမှာ ၂၉ ယောက်နဲ့ မအချုပ်ခန်းမှာ သုံးယောက်ရှိနေတဲ့အထဲက ကျားအချုပ်ခန်းက ၁၀ ယောက် ဖောက်ထွက်ပြေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

“A goal is not always meant to be reached; it often serves simply as something to aim at.”
_Bruce Lee

image
1 နှစ် - ဘာသာပြန်ပါ။

minin tattoo😍

image
1 နှစ် - ဘာသာပြန်ပါ။

minin tattoo😍

image
1 နှစ် - ဘာသာပြန်ပါ။

minin tattoo😍

image
1 နှစ် - ဘာသာပြန်ပါ။

minin tattoo😍

image
1 နှစ် - ဘာသာပြန်ပါ။

minin tattoo😍

image
1 နှစ် - ဘာသာပြန်ပါ။

minin tattoo😍

image
image
image
image
image

တဖန်ပြန်ချစ်ရသော
အပိုင်း(၉)