2 yrs - Translate

မနေ့ကလုပ်ရပ်တွေ ဒီနေ့မှာထပ်လုပ်နေရင်
မနေ့ကရလဒ်တွေပဲ ရမှာဖြစ်ပြီး
ဒီနေ့လုပ်ရပ်တွေမနက်ဖြန်မှာထပ်လုပ်ရင်တော့့
ဒီနေ့ ရလဒ်တွေမနက်မဖြန်မှာထပ်ရပါလိမ့်မယ်..............

#စာတို

image
2 yrs - Translate

The Grinch (2018)

ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ Animation ဇာတ်ကားကောင်းလေးတစ်ကားကိုထွက်ထွက်ချင်း ပူပူနွေးနွေးတင်ဆက်ပေးလိုက်ပါတယ်။
အဲဒီဇာတ်ကားကတော့ ဒီဇင်ဘာလအစပိုင်းလေးကမှ ရုံတင်သွားတဲ့ The Grinch ပဲဖြစ်ပါတယ်။

အားလုံးလည်း သိပြီးနေလောက်ပြီ ဖြစ်တဲ့အတွက် အများကြီးမိတ်ဆက်ပေးနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။
ဒီ The Grinch ဟာ စာရေးဆရာ Theodor Seuss Geisel ရဲ့ How The Grinch Stole The Christmas ဆိုတဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
အနောက်နိုင်ငံမှာတော့ အထူးတလည်မိတ်ဆက်နေစရာမလိုအောင် ခရစ္စမက်နဲ့အတူတွဲမြင်ကြတဲ့ အစိမ်းရောင်အကောင်ကြီးပေါ့ဗျာ။
ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။
Grinch ကြီးက ခရစ္စမက်စ်ပွဲကိုမုန်းတီးတဲ့သူတစ်ယောက်။
Who-ville ကလူတွေ ခရစ္စမက်စ်ပွဲအတွက်ပြင်ဆင်နေကြတာကို ကြည့်မရတဲ့အတွက် နောက်တစ်ခါထပ်ပြီး ပွဲကျင်းပလို့မရအောင် ခရစ္စမက်စ်ပျောက်ဆုံးသွားအောင်ကြံတာလေးကို 3D animation ရုပ်ရှင်အဖြစ်ပြန်လည်ပြီးသရုပ်ဖော်ထားပါတယ်။
နာမည်ကျော် Animation Studio ဖြစ်တဲ့ Illumination ကထုတ်လုပ်ဖြန့်ချိထားတဲ့ ဒီ The Grinch မှာ အဓိကဇာတ်ဆောင် Grinch အဖြစ် ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး Benedict Cumberbatch က အသံသရုပ်ဆောင်ပေးထားပါတယ်။
ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်စရာကောင်းတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် မိသားစုနဲ့လည်းကြည့်ဖို့ အထူးသင့်လျော်ပါတယ်။
ကဲ အများကြီးပြောမနေတော့ပါဘူး မြန်မြန်သာဒေါင်းလိုက်ကြပါတော့။

ဇာတ်ကားလင့်
https://t.me/c/2186686827/124

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
2 yrs - Translate

အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဘရာဇီးသမ္မတဟောင်း စွဲချက်တင်ခံရ
*************************
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၉

ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရိုသည် ၂၀၂၂ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှုဖြင့် အစိုးရရှေ့နေချုပ်က စွဲချက်တင်ခဲ့ကြောင်းသိရသည်။

အသက် ၆၉ နှစ်အရွယ်ရှိ ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရိုသည် ရွေးကောက်ပွဲရှုးပြီးနောက် ရွေးချယ်ခံ သမ္မတသစ် လူလာဒါဆေးဗားအား ရာထူးဆက်ခံမှုအား အဟန့်အတားဖြစ်စေသည့် စွဲချက်များဖြင့် စွဲဆိုခဲ့သည်။

စွဲဆိုခဲ့သည့် စွဲချက် ၅ ချက်တွင် သမ္မတသစ် လူလာအား အဆိပ်ခတ်လုပ်ကြံရန်နှင့် တရားသူကြီးချုပ်အား ပစ်ခတ်ရန် ကြံစည်မှုများလည်း ပါဝင်ကြောင်းသိရသည်။

ဘော်ဆိုနာရိုက အဆိုပါ စွပ်စွဲချက်များအား ငြင်းဆိုထားပြီး ၎င်းအနေဖြင့် နိုင်ငံရေးဖိနှိပ်မှု၏ သားကောင်ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

အစိုးရရှေ့နေချုပ်၏ အကြံပြုချက်များအား တရားရုံးချုပ်မှ ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး တရားရုံးချုပ်မှ လက်ခံပါက ဘရာဇီးသမ္မတဟောင်းဘော်ဆိုနာရိုအပါအဝင် ၃၃ ဦးအား ရုံးတင်စစ်ဆေးခြင်းခံရမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ဘော်ဆိုနာရိုထောက်ခံသူများသည် အစိုးရအဆောက်အအုံများအား စီးနင်းတိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၅၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့သည်။

image

仰光(ရန်ကုန်ဆူးလေး)စေတီ

image

仰光(ရန်ကုန်ဆူးလေး)စေတီ

image

仰光(ရန်ကုန်ဆူးလေး)စေတီ

image

仰光(ရန်ကုန်ဆူးလေး)စေတီ

image

仰光(ရန်ကုန်ဆူးလေး)စေတီ

image
image
image
image

Blood Punch (2014)

ဒီဇာတ်ကားက Time-loop ဇာတ်ကားလို့ ​ပြောရမယ့်ကားမျိုးပါ။

​သွေးသဲရဲရဲဇာတ်ဝင်ခန်း​တွေ အ​တော်​လေးပါသလို အ​ပြောအဆို
အ​တော်ကြမ်းတဲ့ကားမို့ မိသားစုနဲ့ကြည့်ဖို့ဆိုရင် သတိပြု​ပေးပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကောင်း​ပေမယ့် ​​ကျောင်းဓါတ်ခွဲခန်းမှာ
​ဆေးချက်မိလို့ ​ဆေးဖြတ်စခန်းကိုပို့ခံရတဲ့ မီလ်တန်တစ်​ယောက်
မူးယစ်​ဆေးနဲ့ ကံမကုန်ချင်​တော့ အဲဒီစခန်းထိ သူ့ကိုလာကယ်ပြီး
​
ဆေးချက်ခိုင်းတဲ့ စကိုင်လာနဲ့ရပ်ဆဲလ် သမီးရည်းစား၂​​​ယောက်နဲ့
ကြုံခဲ့ရပါတယ်။
ဆေးချက်ရမယ့်​ နေရာ​ရောက်​တော့ ရပ်ဆဲလ်က မီလ်တန်ရဲ့​ဆေး
၈၅​ပေါင်ကို တစ်ဦးတည်း​မောင်ပိုင်စီးဖို့ ကြိုးစားရင်း စကိုင်လာနဲ့
မီလ်တန်​ပေါင်းပြီး ရပ်ဆဲလ်ကို ရှင်းပစ်လိုက်ကြပါတယ်။ ဒါ​ပေမဲ့
အဲဒီ​နေ့အပြီး ​နောက်တစ်​နေ့ မိုးအလင်းမှာ ရပ်ဆဲလ်တစ်​ယောက်
အသက်ရှင်​နေ​သေးသလို သူတို့ ကြုံ​တွေ့​နေရတာ​တွေက မ​နေ့က
ဖြစ်ခဲ့တဲ့အရာ​တွေအတိုင်း Deja vuလိုဖြစ်​နေတာမျိုး ကြုံလိုက်ရ
ပါတယ်။
အဲဒီလိုနဲ့ ရပ်ဆဲလ်ကိုထပ်သတ်ပြီး ​နောက်​နေ့ကူး​သွားလည်း သူက
ပြန်အသက်ရှင်​နေ​သေးသလို ဖြစ်ပြီးသားကိစ္စ​တွေပဲ ထပ်တလဲလဲ
ပြန်ဖြစ်​နေလို့ မီလ်တန်နဲ့ စကိုင်လာတို့  ၂​ ယောက် သူတို့ရဲ့ စိတ်​ကပဲ
လှည့်စား​​နေတာလား၊ တကယ်ပဲ အချိန်​သံသရာထဲ ၂​ယောက်လုံး
​​ရောက်​နေတာလား အ​ဖြေရှာဖို့ ဖြစ်လာပါ​တော့တယ်။ ​နောက်ဆုံး
အဲဒီအချိန်​ကျော့ကွင်းထဲ လွတ်​မြောက်နည်းကို ရှာ​တွေ့သွားမလား၊
ဘယ်သူလွတ်​မြောက်သွားမှာလဲဆိုတာ ​ကြည့်ရှုရမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2222390798/158

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
2 yrs - Translate

2024 YR4 လို့နာမည်ပေးထားတဲ့ ကြယ်တံခွန်ဟာ နေအဖွဲ့အစည်းနားမှာ လှည့်ပတ်နေပြီး၊ အာကာသအေဂျင်စီများ၏ ကနဦးခန့်မှန်းချက်အရ ၂၀၃၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကမ္ဘာကို ဝင်တိုက်နိုင်ခြေ ရှိတယ်လို့ဆိုကြပါတယ် ။ ��ကြယ်တံခွန် 2024 YR4 ၏ အရွယ်အစားမှာ ၄၀ မှ ၉၀ မီတာအထိ ရှိပြီး၊ ဘောလုံးကွင်းတစ်ခု၏ အလျားနှင့် ဆင်တူပါတယ် ။��၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဒီကြယ်တံခွန်က ကမ္ဘာမှ မိုင်ပေါင်း ၃၀ သန်း ကွာဝေးမှာရှိနေသေးကြောင်း NASA ၏ Center for Near-Earth Object Studies (CNEOS) က ဆိုပါတယ် ။
တကယ်လို့ ကမ္ဘာကို ဝင်တိုက်မယ်ဆိုရင် တစ်နာရီကို မိုင်ပေါင်း ၃၈,၀၀၀ နှုန်းဖြင့်ဝင်တိုက်မှာဖြစ်ပြီး သူရဲ့အရွယ်အစားနဲ့အရှိန်ကြောင့် နျူကလီးယားဗုံးပေါင်း ရာချီ၏ ပျက်စီးမှုထက်ပင် ပိုမိုကြီးမားတဲ့ ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်တယ်လို့သိရပါတယ် ။ �
ဒီပေါက်ကွဲမှုဟာ နျူကလီးယားဗုံးပေါင်း ရာချီပေါက်ကွဲမူ၏ စွမ်းအင်နှင့် ညီမျှနိုင်ပြီး၊ အနီးအနားရှိ ဒေသများကို ပြင်းထန်စွာ ပျက်စီးစေနိုင်ပါတယ် ။ ကြယ်တံခွန်ဟာ မြေပြင်ပေါ်သို့ ကျရောက်ပါက၊ ချိုင့်ဝှမ်းကြီးတစ်ခုကို ဖြစ်ပေါ်စေကာ၊ ပတ်ဝန်းကျင်ရှိ အဆောက်အဦများ၊ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိများကို ကို ကြီးမားစွာ ထိခိုက်စေမှာပါ ။ ကီလိုမီတာ ၅၀ ပတ်ပတ်လည်က သက်ရှိတွေအကုန်သေကြပျက်စီးသွားမယ်လို့ ကနဉီးခန့်မှန်ထားကြပါတယ် ။ ��ဥပမာအားဖြင့်၊ ၁၉၀၈ ခုနှစ်က Tunguska ဖြစ်စဉ်တွင်၊ အလားတူအရွယ်အစားရှိသော ကြယ်တံခွန်တစ်ခုသည် ရုရှားနိုင်ငံ၏ လူဦးရေနည်းပါးသော ဒေသတစ်ခုတွင် လေထုထဲ၌ ပေါက်ကွဲခဲ့ပြီး၊ TNT ပေါက်ကွဲမှု တန်ချိန် ၁၀ မှ ၁၅ သန်းခန့် စွမ်းအင်ကို ထုတ်လွှတ်ခဲ့ပါတယ် ။ ထိုပေါက်ကွဲမှုကြောင့် စတုရန်းမိုင် ၈၃၀ ဧရိယာအတွင်း သစ်ပင်ပေါင်း ၈၀ သန်းခန့်ကို မြေပြင်မှာ ပြားချပ်သွားစေခဲ့ပါတယ် ။
လက်ရှိတွက်ချက်မူတွေအရ ကြယ်တံခွန်ဝင်တိုက်နိုင်တဲ့ “အန္တရာယ်လမ်းကြောင်း” ဟာ တောင်အမေရိကမှ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၍ ဆာဟာရတောင်ပိုင်း အာဖရိကအထိ ဖြစ်နိုင်ကြောင်း သိရပါတယ် ။
“ဒါပေမယ့် လမ်းကြောင်းက လုံးဝမသေချာသေးတာကြောင့် ထိခိုက်မှာလား၊ မထိခိုက်ဘူးလားဆိုတာ အတိအကျ မသိရသေးပါဘူး။ လက်ရှိမှာတော့ ကမ္ဘာကိုဝင်တိုက်နိုင်ခြေက ၂ % ရှိပါတယ် "လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ် ။
လက်ရှိမှာ ခန့်မှန်းထားတဲ့ ကြယ်တံခွန်ဝင်တိုက်နိုင်တဲ့ “အန္တရာယ်လမ်းကြောင်း” ပုံကို ကွန့်မန့်မှာထည့်ပေးထားပါမယ် ။

image