ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထိုင်းအမျိုးသား ဥယျာဉ် Kaeng Krachan မှာ ရှားပါးဘင်္ဂါလီကျားပေါက် သုံးကောင် တွေ့ရှိ
ဖေဖော်ဝါရီ ၃
ထိုင်းနိုင်ငံရှိ အမျိုးသားဥယျာဉ်တစ်ခုဖြစ်တဲ့ Kaeng Krachan မှာ ရှားပါးဘင်္ဂါလီ ကျားတစ်ကောင်ဟာ သဘာဝ ထိန်းသိမ်းရေးနယ်မြေမှာ သားပေါက်လေး ၃ ကောင်မွေးထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
ဘန်ကောက်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၊ Kaeng Krachan အမျိုးသားဥယျာဉ်မှာ ၂၀၂၄ ခုနှစ်က ကျားမိခင်နဲ့အတူ ကျားသားပေါက်ကလေး တစ်ကောင်ကို ပန်းခြံရိန်းဂျားတွေက ပထမဆုံးတွေ့ရှိခဲ့ ပါတယ်။ အဲဒီတုန်းက ရာသီဥတုဆိုးရွားနေခဲ့တာကြောင့် ကင်မရာဟာ ရေစို ပျက်စီးခဲ့ပြီး အခုမှတ်တမ်းတွေ ပြန်လည်တွေ့ရှိချိန်မှ အဲဒီတုန်းက ကျားပေါက် ၁ ကောင်တည်း မဟုတ်ပဲ ၃ ကောင် မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"ဒါဟာ အမျိုးသားဥယျာဉ်မှာ ကျားသားပေါက်သုံးကောင် မွေးတဲ့မှတ်တမ်းကို ကျွန်တော်တို့ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်" လို့ Kaeng Krachan အမျိုးသားဥယျာဉ်အကြီးအကဲ မွန်ကောလ်ချိုင်ပက်ခ်ဒီ က ဇန်နဝါရီလ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကင်မရာဗီဒီယိုဖိုင်မှာ ကျားသားပေါက်လေး ၃ ကောင်ဟာ မိခင်အနီး အရွက်အမှိုက်ပုံထဲ ပြေးလွှားဆော့ ကစားနေတာ တွေ့ရပါတယ်။
"အချိန်ဇယားကို အခြေခံပြီး ပြောရမယ်ဆိုရင် ကျားသားပေါက်လေးတွေဟာ အခုဆို ခြောက်လလောက် ရှိပြီလို့ ခန့်မှန်းရပါတယ်” လို့ မစ္စတာမွန်ကောလ်က ပြောပါတယ်။
အဲဒီကျားပေါက်လေးတွေ ဟာ Kaeng Krachan အမျိုးသားဥယျာဉ်မှာ နေထိုင်နေပြီး လိင်ကွဲပြားမှု မသိရသေးပါဘူး။
ဘင်္ဂလားကျားတွေဟာ အမဲလိုက်ခံရခြင်းနဲ့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေကြောင့် မျိုးတုန်းဖို့ ခြိမ်းခြောက်ခံနေရတဲ့ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့ (IUCN) စာရင်းဝင် မျိုးစိတ်တွေ ဖြစ်ပါတယ်။
#centralnewsnaypyitaw