ချဲလ်ဆီးအသင်းနည်းပြအန်ဇိုမာရက်စကာက လက်ရှိအချိန်မှာအသင်းရဲ့နံပါတ်တစ်ဂိုးသမားဖြစ်တဲ့ရောဘတ်ဆန်းချက်ဇ်အနေနဲ့ သူလိုချင်တဲ့အဆင့်မှာရှိတဲ့ကစားပုံအတိုင်းမကစားနိုင်သေးဘူးလို့မြင်နေပေမဲ့ ကလပ်အသင်းကမျှော်မှန်းထားတဲ့အဆင့်အတန်းအတိုင်းတိုးတက်လာဖို့နောက်ထပ်လမ်းကြောင်းတွေအများကြီးရှိနေသေးတာဖြစ်ပါတယ်။

ဆန်းချက်ဇ်အနေနဲ့ ဒီရာသီကာလမှာဘရိုက်တန်အသင်းကနေပြောင်းရွှေ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ဂိုးသမားနေရာမှာပထမဦးစားပေးဖြစ်နေခဲ့ပေမဲ့သူ့အနေနဲ့ ဒီရာသီကာလမှာ ၄ ကြိမ်ဂိုးပေးရတဲ့အထိအမှားကျူးလွန်ခဲ့တာဟာပရီးမီးယားလိဂ်ကစားသမားတယောက်အတွက်ဒုတိယမြောက်အမြင့်ဆုံးစံချိန်လည်းဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက၀ုဗ်အသင်းကိုအနိုင်ရတဲ့ပွဲမှာလည်းဆန်းချက်ဇ်အနေနဲ့လွဲချော်ခဲ့တာကြောင့်ပထမပိုင်းမှာ ၁-၁ ဖြစ်မဲ့ခြေပဂိုးပေးလိုက်ရပြီးစတန်းဖို့ဒ်ဘရက်ချ်ကွင်းကပရိသတ်တွေအပေါ်အကျိုးသက်ရောက်မှုရှိခဲ့တာကြောင့်သူ့အနေနဲ့ဒုတိယပိုင်းမှာဘောလုံးဖမ်းယူတဲ့အကြိမ်တိုင်းနီးပါးလွဲချော်ခဲ့တာဖြစ်ပါတယ်။

သေချာတာကတော့ ဒီလိုအခြေအနေမျိုးကသူ့ရဲ့ယုံကြည်မှုအပေါ်မကောင်းမွန်ပါဘူး။သင်ယူပြီးတော့ ဒီလိုကာလမှာလက်ခံနိုင်ရပါမယ်။ဒီဟာကသူ့အတွက်ကောင်းမွန်တဲ့အတွေ့အကြုံဖြစ်ပြီးသူ့အနေနဲ့ပြုပြင်ပြောင်းလဲရမှာဖြစ်ပြီးတိုးတက်အောင်ဆက်လုပ်ဆောင်သွားရမှာပါလို့ မာရက်စကာကအင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။

ဆန်းချက်ဇ်ရဲ့တိုးတက်မှုနဲ့ပတ်သက်ပြီးမေးမြးန်ခံရတဲ့အခါမှာတော့ မာရက်စကာက သူ့အနေနဲ့တဖြေးဖြေးကောင်းမွန်လာခဲ့ပေမဲ့ ကျနော်လိုချင်တဲ့အရာနဲ့ဝေးကွာနေပါသေးတယ်လို့ပြောဆိုပါတယ်။

ဆန်းချက်ဇ်ရဲ့နံပါတ်တစ်နေရာနဲ့ပတ်သက်ပြီးမေးမြန်းတဲ့မေးခွန်းအတွက်တော့
လက်ရှိမှာတော့ဒီရာသီကာလကိုပဲ့အာရုံစိုက်နေပါတယ်။သူ့အနေနဲ့ ဒီရာသီကာလမှာငါတို့အတွက်နံပါတ်တစ်ဂိုးသမားအဖြစ်ရှိနေသေးပေမဲ့ အနာဂတ်အတွက်တော့ဘယ်သူမှမသိကြပါဘူးလို့ မာရက်စကာပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

တရုတ်သရုပ်​ဆောင်အပါအဝင် တရုတ်နိုင်ငံသားများကို ထိုင်း - မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင် လူကုန်ကူးသည့် အဓိကတရားခံဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာ

ဇန်နဝါရီ ၂၇

တရုတ်သရုပ်​ဆောင် ဝမ်ရှင်းအပါအဝင် တရုတ်နိုင်ငံသားများကို ထိုင်း - မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင် လူကုန်ကူးခဲ့သည့် အဓိကတရားခံကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်ဟု တရုတ်နိုင်ငံပိုင် Global Times သတင်းဌာနက ဖော်ပြလာသည်။

မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင်ကာ လှည့်ဖြားရောင်းစားခံရသည့် တရုတ်နိုင်ငံသားများကို တယ်လီကွန်းနှင့် အင်တာနက် လိမ်လည်လှည့်ဖြားမှု ကျားဖြန့်လုပ်ငန်း အစီအစဉ်များတွင် အတင်းအကြပ်ခိုင်းစေခဲ့မှုများ၏ အဓိကတရားခံဖြစ်သူ ယန် ကို စနေနေ့ညတွင် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ ထိုသို့ ပြန်လည်ခေါ်ဆောင်လာမှုကို တနင်္ဂနွေနေ့ ညနေပိုင်းတွင် ထုတ်လွှင့်ခဲ့ပြီး ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS)၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ အလုပ်အဖွဲ့နှင့် ထိုင်းတရားဥပဒေစိုးမိုးရေးအေဂျင်စီများ၏ အကူအညီဖြင့် ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တရားခံလွှဲပြောင်းပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း တရုတ်နိုင်ငံပိုင် အသံလွှင့်ဌာနက ဖော်ပြခဲ့သည်။ လက်ရှိတွင် အဆိုပါအမှုနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အစွမ်းကုန် စုံစမ်းနေကြောင်း CCTV မှ သိရသည်။

လိမ်လည်လှည့်ဖြားခံရပြီး ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးခံရကာ ပိတ်မိနေခဲ့သည့် တရုတ်သရုပ်​ဆောင်ဝမ်ရှင်းနှင့် ပတ်သက်သည့် လူကုန်ကူးမှု ဖြစ်စဉ်မှာ တရုတ်နှင့် ထိုင်းပြည်သူများကို စိုးရိမ်စရာ ဖြစ်စေခဲ့သော်လည်း အဆုံးတွင်မူ ဝမ်ရှင်းကိုကယ်ဆယ်နိုင်ခဲ့ပြီး ရှန်ဟိုင်းသို့ လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။

CCTV ၏ သတင်းမှတ်တမ်းအရ တရုတ်နိုင်ငံသားအများအပြားသည် ထိုင်း-မြန်မာနယ်စပ်အနီးတွင် မကြာသေးမီက တရားမဝင် ဖမ်းဆီးခံခဲ့ရပြီး တယ်လီကွန်းနှင့် အင်တာနက် လိမ်လည်လှည့်ဖြားမှု ကျားဖြန့် အစီအစဉ်များတွင် ပါဝင်ရန် အတင်းအကြပ်ခိုင်းစေခံရမှု၏ သားကောင်များအဖြစ် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ တရုတ်နိုင်ငံ၏ MPS သည် အဆိုပါကိစ္စနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်လျက်ရှိပြီး ကယ်ဆယ်ရေးနှင့် အမှုကို စုံစမ်းစစ်ဆေးရာတွင် ဝန်ထမ်းများအားလုံး အပြည့်အဝပါဝင်ဆောင်ရွက်ရန်နှင့် ဒေသဆိုင်ရာ ရဲအာဏာပိုင်များကို လျင်မြန်စွာ ဖြန့်ကျက်ကာ အခြေအနေကို ကိုင်တွယ်ရန် အလုပ်အဖွဲ့များကို ပြည်ပသို့ စေလွှတ်ခဲ့သည်။

တရုတ် ရဲတပ်ဖွဲ့သည် အဆိုပါ ကျားဖြန့်ဂိုဏ်းများကို ကြိုးပမ်းအားထုတ်မှုများစွာဖြင့် ပြင်းထန်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်း သန္နိဌာန်ချထားသလို နိုင်ငံ တကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရာဇ၀တ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ အားကောင်းလာစေရန်၊ ပိတ်မိနေသူများအား ကယ်ဆယ်နိုင်ရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း MPS မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်သူ့လုံခြုံရေး အာဏာပိုင်များကလည်း ပြည်သူများအား နိုးနိုးကြားကြားရှိနေရန်နှင့် ၎င်းတို့၏ ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများကို အားကောင်းစေရန် သတိပေးထားသည်။ ရာဇ၀တ်မှုထောင်ချောက်ထဲသို့ မကျရောက်စေရန်အတွက် လူအများသည် လစာမြင့်မားသော ပြည်ပအလုပ်အကိုင်များကဲ့သို့သော သံသယဖြစ်ဖွယ်ကမ်းလှမ်းမှုများကို မယုံကြည်သင့်ဟု အာဏာပိုင်များက သတိပေး ပြောကြားခဲ့သည်။

တရုတ်သရုပ်​ဆောင်ဝမ်ရှင်းအပါအဝင် တရုတ်မော်ဒယ်၊ မီးကွင်းအကပညာရှင်၊ အမျိုးသမီးငယ်နှစ်ဦးအပါအဝင် တရုတ်နိုင်ငံသားများစွာကို ထိုင်းနိုင်ငံသို့ လိမ်လည်ခေါ်ဆောင်၍ မြန်မာနယ်စပ် မြဝတီမြို့ရှိ ကျားဖြန့်ဂိုဏ်းများကို့ လူကုန်ကူးရောင်းစားကာ အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင်ရန် ဖိအားပေးခဲ့သူ တရားခံ ၁၂ ဦးကို ထိုင်းနှင့် တရုတ်ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးခဲ့ပြီးနောက် လက်ရှိတွင် အဓိကတရားခံ ယန်ကိုပါ ဆက်လက်ဖမ်းဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image

ကိုဗစ်သည် ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့ဖွယ်ရှိဟု စီအိုင်အေပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၂၇

COVID-19 ကပ်ရောဂါသည် ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ(စီအိုင်အေ)က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

စီအိုင်အေက ၎င်းတို့၏ လေ့လာတွေ့ရှိချက်အပေါ် ယုံကြည်မှု အနည်းငယ်သာရှိကြောင်း ဝန်ခံခဲ့သည့်တိုင် ယခု ထုတ်ပြန်ချက်သည် တရုတ်ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ယခုလေ့လာတွေ့ရှိချက်သည့် ထောက်လှမ်းရေးသတင်း အသစ်တစ်ခု မဟုတ်သော်လည်း စီအိုင်အေ ဒါရိုက်ဟောင်း ဝီလျံ ဘန်းစ် (William Burns) နှင့် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့တို့၏ အားထုတ်ကြိုးပမ်းမှုများဖြစ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က စီအိုင်အေ ညွှန်ကြားရေးမှူးရာထူး ခန့်အပ်ခဲ့သည့် ဂျွန် ရက်ကလစ်ဖီ (John Ratcliffe) ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထိုလေ့လာတွေ့ရှိချက်ကို လူသိရှင်ကြား ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါသည် သဘာဝအလျောက် ပေါ်ပေါက်လာခဲ့ခြင်းထက် ဓာတ်ခွဲခန်း မတော်တဆမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်နိုင်သည်ဟု လေ့လာချက်တွင် ဖော်ပြထားသော်လည်း ထိုအချက်ကို အတည်ပြုရန် ယုံကြည်မှုနည်းကြောင်း စီအိုင်အေက ဝန်ခံခဲ့သည်။

စီအိုင်အေ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဝါရှင်တန်ရှိ တရုတ်သံရုံးက ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။

တရုတ်အစိုးရကမူ COVID-19 ကပ်ရောဂါ၏ မူလဇစ်မြစ်ကို ဆုံးဖြတ်ရန် သုတေသန လုပ်ဆောင်မှုကို ထောက်ခံ ကြောင်းနှင့် ပူးပေါင်းပါဝင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ စုံစမ်းထောက်လှမ်းသည့် အားထုတ်ကြိုးပမ်းများ နှင့်အတူ အမေရိကန်အစိုးရသည် ထိုအရေးကိစ္စကို နိုင်ငံရေးသဘော သက်ဝင်စေရန် လုပ်ဆောင်နေကြောင်း တရုတ်က စွပ်စွဲခဲ့သည်။

ထို့ပြင် COVID-19 သည် ဓာတ်ခွဲခန်းမှ ယိုစိမ့်လာသည်ဆိုသည့် ပြောကြားချက်များသည် ယုံကြည်လက်ခံနိုင်စရာ မရှိကြောင်း တရုတ်က ပြောကြားခဲ့သည်။

Source: AP

ပုံ - တရုတ်ဓာတ်ခွဲခန်းတစ်ခုကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
Apu Lay shared a post  
1 y

1 y

မြန်မာနိုင်ငံသားတွေကိုဘဲ အလုပ်ခေါ်တဲ့ UN အလုပ် ၅၀ ကျော်လောက် အခုဖွင့်နေပါတယ်။ Location တွေက နေရာ အစုံဘဲဖြစ်တာမို့ စိတ်ဝင်စားရင် လျောက်ကြည့်ကြပါ။
https://unjobs.org/duty_stations/myanmar

#crd
#jobugo

image
1 y - Translate

မြန်မာနိုင်ငံသားတွေကိုဘဲ အလုပ်ခေါ်တဲ့ UN အလုပ် ၅၀ ကျော်လောက် အခုဖွင့်နေပါတယ်။ Location တွေက နေရာ အစုံဘဲဖြစ်တာမို့ စိတ်ဝင်စားရင် လျောက်ကြည့်ကြပါ။
https://unjobs.org/duty_stations/myanmar

#crd
#jobugo

image
1 y - Translate

ဖေဖေ နေဝင်းကို အသည်းတယားယားဖြစ်အောင် ချွဲစိန်လေးလုပ်ပြနေတဲ့ နေအရာရာချော 🥰
ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက် သရုပ်ဆောင်တတ်တဲ့ လူကြမ်းပုံစံ အဆိုတော်နေဝင်းက သမီးလေးအရာရာနဲ့အတွေ့မှာတော့ အရည်ပျော်ခဲ့ရပါတယ်။ အသက် ၄ လအရွယ်သာရှိသေးပေမယ့် ဖခင်ဖြစ်သူကို အရည်ပျော်ကျအောင် ချွဲစိန်လုပ်နိုင်တဲ့ ပုံလေးတွေကို မေမေအိမ့်ချစ်ချောက မှတ်တမ်းတင်ထားတာပါ။ နေအရာရာချော ရဲ့ မျက်နှာထားပုံစံအမျိုးမျိုးကြောင့် ဖေဖေတစ်ယောက် အနမ်းတွေ တရစပ်ပေးပြီးချစ်နေပုံလေးကလည်း ပရိသတ်တွေကိုကြည်နူးစေပါတယ်။

#crd
#celenews

image
1 y - Translate

အာဇာနည်နဲ့ဝမ်း တို့ရဲ့ချစ်စရာသမီးလေး မစ်မစ်တုံ❤️

image

ဝက်ခေါင်းသုပ်

ဝက်ခေါင်းကို ရေနွေးဖြောပြီး ဓားနှင့်ခြစ်ပါ။ဝက်လျှာနှင့်ဝက်နားရွက်ကို ဓားနှင့်ခြစ်ပြီး သေချာသန့် စင်အောင်ဆေးပါ။ဝက်ခေါင်းကို နှစ်ပိုင်း သုံးပိုင်းပြုလုပ်၍ နာနတ်ပွင့် ၃ ပွင့်လောက်၊ ကြက်သွန်ဖြူနှင့်ဂျင်း ဓားပြားရိုက်ပြီး ရေများများနှင့်ပြုတ်ပါ။နူးအောင်ပြုတ်ပြီး ရေများကိုသွန်ပစ်ပါ၊ အအေးခံ၍ အသားများကို ပါးပါးလှီးပါ။မကျီးသီးမှည့် အချဉ်ရည်၊သခွါးသီး၊ဂေါ်ဖီ၊ငရုတ်သီးစိမ်း၊ရှောက်ရွက်(သို့ ) နံနံပင်၊ပဲမှုန့်၊ငရုတ်သီးမှုန့်၊ဆီချက်၊ကြက်သွန်နီကြော် နှင့် ငံပြာရည် တို့အားလုံးရောပြီးသုပ်ပါ။ဝက်ရိုးဟင်းချိုပူပူလေး နှင့်တွဲဖက်စားသုံးလို့ရပါပြီရှင်။

Credit : မူရင်း

image

ဆိတ်နဲ့လူနဲ့ မကပ်

#funny

image
1 y - Translate

Nini Thowok [2018]


"Nini Thowok" ဇာတ်ကားဟာ အနောက်ဂျာဗားရှိတဲ့ "ဆိုလို"ဆိုတဲ့ မြိုလေးမှာ
အဖွားရဲ့အမွေဖြစ်တဲ့ မီခါဂျီဝူ ဟိုတယ်ကို မရောင်းခိုင်းဘဲ အတင်းအကျပ် ဖွင့်ဖိုစေခိုင်းခံရတဲ့
ညီမနာရာ (Nicole Rossi) နဲ့ သူမရဲ့အစ်မ နာဒင်း (Natasha Wilona) တိုရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။

Nini Thowok ဆိုတာ လူသားကဲ့သို လှုပ်ရှားနိုင်တဲ့ အရုပ်လို အဓိပ္ပါယ်ရပြီး
ဝိညာဉ်တွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ အသုံးပြုတဲ့ အရုပ်လိုလည်း လူသိများကြပါတယ် ။
အဖွားဖြစ်သူ သေဆုံးပြီးတဲ့နောက် ညီအစ်မနှစ်ဦးဟာ
အမွေရခဲ့တဲ့ ဟိုတယ်က သော့ခတ်ထားတဲ့ တားမြစ်အခန်းအတွင်းကို ဝင်ရောက်ခဲ့ပြီး
လျှိဝှက်ဆန်းကြယ်မှုကို ရှာတွေ့ရာမှ ထိတ်လန့်ကြောက်ရွံဖွယ်ရာတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။

နာရာနဲ့ နာဒင်းတို ညီမနှစ်ယောက် ဟိုတယ်အတွင်းက လျှိဝှက်ဆန်းကြယ်မှုကို
ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာဖြစ်လို
ထူးဆန်းစိတ်လှုပ်ရှားစရာတွေကိုမှ သဘောကျနှစ်ခြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။

image