1 y - Translate

ဂရင်းလန်းကို ရမည်ဟု ယုံကြည်ကြောင်း ထရမ့်ပြော
...........
အမေရိကန်အနေနဲ့ ဂရင်းလန်းကို ထိန်းချုပ်ခွင့် ရမယ်လို့ ယုံကြည်ကြောင်း သမ္မတသစ် ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၅ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဂရင်းလန်းကိုရတော့မယ်လို့ Air Force One လေယာဉ်ပေါ်မှာ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပြီး ဂရင်းလန်းမှာနေထိုင်တဲ့ လူ ၅၇၀၀၀ လောက်ကလည်း မိမိတို့နဲ့ အတူရှိချင်တယ်လို့ ယူဆကြောင်း သူက ဆိုပါတယ်။
ဒိန်းမတ်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းဖြစ်တဲ့ ဂရင်းလန်းကို ဝယ်ယူလိုကြောင်း ပြီးခဲ့တဲ့လပိုင်းတွေထဲက ထရမ့်ဟာ ပြန်အစဖော်လာတာဖြစ်ပြီး လက်ရှိမှာ အခုလို ထပ်ပြောလာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာ ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ ထရမ့်တို့ ၄၅ မိနစ်ကြာ ဖုန်းဆက်သွယ်စကားပြောဆိုခဲ့ပြီး ဒိန်းမတ်ဝန်ကြီးချုပ်ကတော့ ဂရင်းလန်းဟာ ရောင်းဖို့မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဂရင်းလန်းရဲ့ ဝန်ကြီးချုပ်ကလည်း ဂရင်းလန်းဟာ ရောင်းရန်မဟုတ်လို့ ပြီးခဲ့တဲ့လပိုင်းတည်းက ပြောထားပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သူ့ရဲ့ပထမ သမ္မသက်တမ်းအတွင်းကလည်း ဂရင်းလန်းကို ဝယ်ယူဖို့ အဆိုပြုဖူးပါတယ်။
အာတိတ်ဒေသထဲက ဂရင်းလန်းဟာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ မြေရှားသတ္တုအပါအဝင် သယံဇာတတွေ ပေါများတာ၊ အာတိတ်ဒေသမှ သင်္ဘောလမ်းကြောင်းအသစ်တွေ ပေါ်ထွက်လာနိုင်တာနဲ့ စစ်ရေးမဟာဗျူဟာအရ အချက်အခြာကျနေတာကြောင့် အမေရိကန်အနေနဲ့ ဂရင်းလန်းကို ထိန်းချုပ်ခွင့်ရဖို့ မျက်စိကျနေတာ ဖြစ်ပါတယ်။

image

imageimage
1 y - Translate

တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်ဆရာ‌တော်တစ်ပါး ထပ်မံပေါ်ထွန်း

၃၃ရက်ကြာ ကျင်းပပြီးစီးခဲ့တဲ့ (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကနေ တိပိဋကဓရ တိပိဋကကောဝိဒ သာနာ့အာဇာနည် ဆရာတော်တစ်ပါးတစ်ပါး ထပ်မံပေါ်ထွန်းလာတယ်လို့ သာသနာရေးဦးစီးဌာနကနေသိရပါတယ်။

အခုပေါ်ထွန်းလာတဲ့ သာသနာ့အာဇာနည် ဆရာတော်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှာ သတင်းသုံးတော်မူတဲ့ အရှင်သေဋ္ဌဉာဏာလင်္ကာရ ဖြစ်တယ်လို့ဆိုပါတယ်။

ဆရာတော်ဟာ သက်တော်၄၅နှစ်၊ သိက္ခာတော်၂၃ဝါရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှာ ဝိနယပိဋက ဝိနည်းပထမပိုင်းနှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်းဒုတိယပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်းငါးကျမ်းနဲ့ အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်းနှစ်ကျမ်းတို့ကို တိပိဋကဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး တိပိဋကကောဝိဒဘွဲ့အတွက် သဘောရေးဖြေစာမေးပွဲ ဖြေဆိုရတယ်လို့ သိရပါတယ်။

၇၇ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးပြီးတဲ့အချိန်ထိ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်၁၇ပါး ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး ပထမဆုံးတိပိဋကဓရ တိပိဋကကောဝိဒဆရာတော်ကတော့ မင်းကွန်းဆရာတော်ဘုရားကြီးဖြစ်တယ်လို့ သိရပါတယ်။

image

image
1 y - Translate

တရုတ်နှစ်ကူး

image

image
1 y - Translate

Other: Feb 14 ကိုရည်းစားနဲ့အတူဖြတ်သန်းမှာ

Me & My fri:

image

မြောက်ကိုရီးယားက ရုရှားကိုစစ်သားများ ထပ်မံပို့ဆောင်ဖွယ်ရှိ

ဆိုးလ်၊ ဇန်နဝါရီ ၂၆

ရုရှား-ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားစစ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် မြောက်ကိုရီးယား သည် ရုရှားကို စစ်သားများ ထပ်မံပို့ဆောင်ပေးရန် ပြင်ဆင်နေသည်ဟု တောင်ကိုရီးယားက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား ကင်းထောက်ဂြိုဟ်တု တစ်စင်းနှင့် အမေရိကန်အထိ ပစ်ခတ်ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ရန် ပြင်ဆင်နေသည်ဟုလည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။

အမေရိကန်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) အာဏာပြန်ရလာမှုနှင့်အတူ အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ထိပ်သီးအဆင့် သံတမန်ဆွေးနွေးပွဲများ ဖြစ်မြောက်မည့် အလားအလာများလည်း ထွက်ပေါ်လာခဲ့သည်။

ထရမ့်သည် ပထမသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un ) နှင့် ၃ ကြိမ် တွေ့ဆုံခဲ့ဖူးသည်။

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်ကြီးများနှင့် အခြားလက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ရုရှားအား မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ မှ ၁၂,၀၀၀ အကြား ပို့ဆောင်ပေးခဲ့ကြောင်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ယူကရိန်းထောက်လှမ်းရေး အေဂျင်စီများက ပြောကြားခဲ့သည်။

အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားသည် ရုရှားထံမှ ခေတ်မီဆန်းသစ်သည့် လက်နက်နည်းပညာများကို ရရှိခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က ပြောကြားခဲ့သည်။

“ရုရှား-ယူကရိန်း စစ်ပွဲအတွက် မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်ခဲ့တာ ၄ လကျော်လာတာနဲ့အမျှ စစ်မြေပြင်မှာ မြောက်ကိုရီးယားစစ်သားတွေ ထိခိုက်သေဆုံးတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နောက်ထပ်စစ်သားတွေကို စေလွှတ်ဖို့ ပြင်ဆင်နေပြီး နောက်ထပ် အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်”ဟု JCS က ထုတ်ပြန်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များနှင့်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း မြောက်ကိုရီးယားစစ်သား ၃၀၀ ခန့်သေဆုံးပြီး ၂၇၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ပြောကြား ခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ကမူ မြောက်ကိုရီးယားစစ်သား ၄၀၀၀ ခန့်သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်ကမူ ထိခိုက်၊ သေဆုံးခဲ့သည့် မြောက်ကိုရီးယား စစ်သား အရေအတွက်ကို ၁၂၀၀ ခန့်ရှိကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။

Source: အေပီ

ပုံ - မြောက်ကိုရီးယား စစ်သားတွေကိုတွေ့ရစဉ်

#centralnewsnaypyitaw

image

အေစီမီလန်ထံ ဝေါ်လ်ကာရဲ့ အငှားအပြောင်းအရွှေ့ အပြီးသတ်

ဇန်နဝါရီ ၂၆

မန်စီးတီးအသင်းခေါင်းဆောင် ဝေါ်လ်ကာရဲ့ အေစီမီလန်အသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းတဲ့ အပြောင်းအရွှေ့ဟာ အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ဝေါ်လ်ကာကို အငှားစာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်လည်း ရှိနေတာပါ။

မန်စီးတီးအသင်းနဲ့ ၂၀၂၆ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေတဲ့ ဝေါ်လ်ကာဟာ ဇန်နဝါရီ ၄ ရက်က ဝက်စ်ဟမ်း အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ပြီးကတည်းက မန်ချက်စတာကလပ်အတွက် ပါဝင်ကစားခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဝေါ်လ်ကာကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားခဲ့ပေမယ့် သူက အေစီမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။

ဝေါ်လ်ကာက “၂၀၁၇ မှာ မယုံနိုင်စရာကောင်းတဲ့ ကလပ်ရဲ့ ခေါ်ယူခြင်းခံရတာဟာ အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်ခဲ့ပြီး ၇ နှစ်အကြာမှာ ဆုဖလား ၁၇ လုံးကို ရယူနိုင်ခဲ့ပါတယ်။ အီးတီဟတ်မှာ ရခဲ့တဲ့ အခွင့်အရေးအတွက် အမှန်တကယ် ကျေးဇူးတင်မိပြီး အနောက်ကွယ်ကနေ မမောမပန်း အလုပ်လုပ်ခဲ့တဲ့ လူတွေအားလုံးကို ကျေးဇူး တင်ပါတယ်။ ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ အတူတူမျှဝေပေးခဲ့တဲ့ အောင်မြင်မှုတွေအတွက် အသင်းဖော်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ယုံယုံကြည်ကြည်နဲ့ ခေါ်ပေးခဲ့တဲ့ နည်းပြဂွာဒီယိုလာနဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပြီး ဘယ်တော့မှမမေ့ဘူး”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ မန်စီးတီးအသင်းကို နှုတ်ဆက်စာ ရေးသားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က စပါးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဝေါ်လ်ကာဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၃၁၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဝေါ်လ်ကာ ထွက်ခွာမှုကြောင့် ဈေးကွက်ထဲမှာ ညာနောက်ခံလူတစ်ဦးကို ခေါ်ယူနိုင်ဖို့ ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဂျူဗင်တပ်စ်အသင်း ကစားသမား ကမ်ဘီယာဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အိုမာမာမွတ်ရှ်၊ ခူဆာနော့ဗ်နဲ့ ဗစ်တာရိုက်စ်တို့ကို ခေါ်ယူ အားဖြည့်ထားတာပါ။

အေစီမီလန်အသင်းဟာ ယူနိုက်တက်အသင်း ကစားသမား ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပေမယ့် ဝေါ်လ်ကာကို ခေါ်ယူခဲ့မှုကြောင့် ဒီအပြောင်းအရွှေ့ကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

Source: ESPN

ပုံ - ဝေါ်ကာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image