Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စိတ်မနှံ့တဲ့ မိခင်ဖြစ်သူက ၅ နှစ်အရွယ် သမီးငယ်ကိုသတ်ပြီး သူကိုယ်တိုင် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့မှု နေပြည်တော်မှာ ဖြစ်ပွား
ဇန်နဝါရီ ၂ဝ
စိတ်မနှံ့တဲ့ မိခင်ဖြစ်သူက ၅ နှစ်အရွယ်
သမီးငယ်ကိုသတ်ပြီး သူကိုယ်တိုင် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့တဲ့ဖြစ်စဉ်တခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းက ရွာသစ်ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"ကလေးလည်းသေဆုံးသွားတယ်၊ မိခင်လည်းသေဆုံးသွားပါတယ်။ သားအမိနှစ်ယောက်နဲ့အတူ အဘွားအိုတယောက်နေပါတယ်။ အဘွားအိုကလည်းစိတ်မနှံ့တဲ့သူလို့ပြောတယ်။ မိခင်က စိတ်ကမမှန်တဲ့သူ စိတ်ကမနှံ့တဲ့ စိတ်ကျန်းမာရေးရောဂါသည်ပေါ့၊သူက ကလေးကို ဓါးနဲ့လည်ပင်းဒဏ်ရာရအောင်လုပ်တယ်။ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာရအောင်လုပ်တယ်။အဲဒီဒဏ်ရာတွေနဲ့ ကလေးငယ်ကသေဆုံးသွားတယ်။ကလေးကို သေလောက်တဲ့ နေရာတွေကိုဓါးနဲ့ထိုးပြီးတော့မှ မိခင်ဖြစ်သူက သူ့ကိုယ်သူ ကြိုးဆွဲချအဆုံးစီရင်သွားတာပါ။ DeadBody က ကလေးတယောက်၊ လူကြီးတယောက်ပါ"လို့ နယ်ခံ လူမှုကူညီရေးသမားတယောက်က ပြောပါတယ်။
ယခုဖြစ်စဉ်ဟာ ဒီနေ့ ဇန်နဝါရီ ၂ဝ ရက်၊မွန်းလွဲ ၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပြီး မိခင်ဖြစ်သူ ဒေါ်------ စိတ် ကျန်းမာရေးမကောင်းသူဟာ သမီးဖြစ်သူ
(၅)နှစ်အရွယ် မ-------ကို လည်ပင်လှီးဖြတ်၊ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတွေနဲ့ ကွယ်လွန်စေခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်------- သည်လည်းမိမိကိုယ်တိုင် ကြိုးဆွဲချအဆုံးစီရင်သွားခဲ့တာ ဖြစ်တယ်လို့ ကရုဏာရှင် လူမှူကူညီရေးပရဟိတအသင်းရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
"သားအမိနှစ်ယောက်ထဲနေတဲ့ အိမ်ဆို
ပေမယ့်၊ အဲဒီအိမ်မှာအဘွားဖြစ်သူလည်းရှိပါတယ်။အဘွားဖြစ်သူကလည်းသူ့ဘာသူနေတာပါပဲ။ အဲဒီအိမ်ထဲမှာပဲအတူနေကြတယ်ပြောတယ်။ဒါပေမဲ့ အဘွားဖြစ်သူလည်း စိတ်မနှံ့ဘူးလို့ ပြောပါတယ်။ဖြစ်စဉ် ဖြစ်တာက ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာဖြစ်တာပါ။စိတ်ရော ဂါသည်မိခင်ဖြစ်သူက အသက် ၄ဝ ဝန်းကျင်လောက်တော့ရှိပါမယ်။ ကလေးက ၅ နှစ်၊အဘွားကတော့ အသက် ၈ဝ လောက်ရှိမယ်လို့ မှန်းရပါတယ်"လို့ နယ်ခံ လူမှုကူညီရေးသမားတယောက်က ထပ်လောင်း ပြောပြခဲ့ပါတယ်။
ယခုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ သားအမိ
နှစ်ယောက်အား လိုအပ်တဲ့ စစ်ဆေးမှုတွေကို
ဆောင်ရွက်နိုင်ဖို့ နယ်မြေခံ ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်းက နေပြည်တော်ပြည်သူ့ဆေးရုံကြီးကုတင်(၁ဝဝဝ)သို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။
Photo - ကရုဏာရှင် လူမှူကူညီရေးပရဟိတအသင်း
#centralnewsnaypyitaw
“သူ့ကိုမှချစ်မိသည်” ဇာတ်လမ်းတွဲမှာ အသည်းနှလုံးမရှိတဲ့ မူယာကိုကိုဆိုတဲ့ ယောက်ျားတွေကို ချနင်းမယ့် ကာရိုက်တာနဲ့ ပရိသတ်မြင်တွေ့ရမှာပါဆိုတဲ့ မေမီကိုကို
ဇန်နဝါရီ ၂၁
ပရိသတ်ချစ်ခင်မှုကို ပိုမိုရရှိလာတဲ့ သရုပ်ဆောင် မေမီကိုကိုကတော့ ” သူ့ကိုမှချစ်မိသည်” ဇာတ်လမ်းတွဲမှာ အသည်းနှလုံးမရှိတဲ့ မူယာကိုကိုဆိုတဲ့ ယောက်ျားတွေကို ချနင်းမယ့် ကာရိုက်တာ ပရိသတ်မြင်တွေ့ရမှာပါလို့ ဆိုပါတယ်။
“သူ့ကိုမှချစ်မိသည် ဇာတ်ကားမှာ မေမီက မူယာကိုကိုဆိုတဲ့ ကာရိုက်တာ အသစ်လေးနဲ့ မြင်တွေ့ရမှာပါ။ မူယာကိုကိုက ကိုယ့်အောင်မြင်မှုအတွက် ယောက်ျားတွေကို အသုံးချသွားမယ့်ပုံစံလေးပါ ။ မူယာကိုကိုမှာက သေချာတာတစ်ခုက သူသည် နှလုံးသားမရှိဘူးပေါ့နော်။ ကိုယ့် အောင်မြင်မှုအတွက်ပဲ ယောက်ျားတွေကို ချနင်းတာဆိုတော့ ကာရိုက်တာကကြမ်းတယ်။ ဆဲခံရမယ်လို့လည်း မြင်တယ်လို့ သရုပ်ဆောင် မေမီကိုကိုက ပြောပါတယ်။
တစိမ့်စိမ့် အသဲတွေယား လောင်မြိုက်ပြီး ရင်တမမကြည့်ကြရဦးမယ့် အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း Skyward Art Team. Ko Set ရေးသားပြီးတော့ ဒါရိုက်တာမင်းဆက်က ကိုရီးယားအချစ်ဇာတ်လမ်းဆန်ဆန် ပုံစံဖော်ထားတာပါ။
သရုပ်ဆောင်တွေအနေနဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်၊ ညိမ်းသော်၊ မေမီကိုကို၊ သံသာညီ၊ စိုးမိုးကြည် တို့နဲ့အတူ အခြားအနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
မိနစ် ၃၀ စာ အပိုင်း ၂၀ စာပါဝင်တဲ့ ” သူ့ကိုမှ ချစ်မိသည်”ဇာတ်လမ်းတွဲကို ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာစတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၈ နာရီ Fortune TV ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး


+4
Kingdom (2019)
2019 ထွက် ဂျပန်ကားပါ။ရှေးခေတ် စ!စ်ပွဲတွေကို
အခြေခံထားတာပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ ဟရူးနဲ့ ရှင်း ဆိုတဲ့မိဘမဲ့ အစေခံလေး နှစ်ယောက်ဟာအိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။
ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်ကအမတ်တစ်ယောက်က အမှုထမ်းဖို့သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ဒါပေမယ့် ဟရူးက ရှင်းဆီက မကြာခင်ပဲ ပြန်ရောက်လာပြီးသူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါ……
#crd
Long Gone Heroes (2024)
အက်ရှင်ကားကောင်းကောင်းတွေကို မျှော်လင့်စောင့်စားနေတဲ့လူတွေအတွက်
စိတ်ဝင်စားစရာကောင်းကောင်းနဲ့ Gun Fighting ခန်းတွေကိုရှယ်ကြည့်ရမဲ့
ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားနာမည်ကတော့ Long Gone Heroes ဖြစ်ပြီး လက်ရှိ
IMDb Rating 5.7 အထိရရှိထားပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Five Nights At Freddy's တို့ The Hunger
Games တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ Josh Hutcherson နဲ့
Captain American တို့ The Purge တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့
အက်ရှင်မင်းသားကြီး Frank Grillo တို့အပြင်တခြားသောနာမည်ကြီး
သရုပ်ဆောင်တွေပါ ပါဝင်ထားတာဖြစ်တဲ့အတွက်ရှယ်ကြည့်ကောင်းမှာပဲ
ဖြစ်ပါတယ်။
ဇာတ်လမ်းကိုတော့ ဗင်နီဇွဲလားမှာရေနံတွေအများကြီးထွက်ရှိခဲ့တဲ့အတွက်
ပြည်တွင်းကအာဏာရှိသူတွေနဲ့ အမေရိကန်ကအာဏာရှိသူတွေပူးပေါင်းပြီး
ရေနံတွေကိုတရားမဝင်တင်ပို့တဲ့လုပ်ငန်းတွေလုပ်နေကြတဲ့အကြောင်း စတင်
မိတ်ဆက်ထားပါတယ်။အထက်ကလူတွေကိုယ်ကျိုးအတွက်လုပ်နေကြပေမဲ့
အောက်ခြေကဗင်နီဇွဲလားပြည်သူတွေကတော့ ငွေကြေးဖောင်းပွမှုတွေ စီးပွားရေး
ကျဆင်းမှုတွေကြောင့်ဒုက္ခများစွာကြုံတွေ့နေရပါတော့တယ်။ အဲ့ဒါကြောင့်
ဒီမတရားမှုတွေကိုအဆုံးသတ်ဖို့ ဂျူလီယာဆိုတဲ့ သတင်းထောက်မလေး
တစ်ယောက်က ဗင်နီဇွဲလားကိုသွားပြီးလိုအပ်တဲ့အချက်အလက်တွေကို
စုံစမ်းပါတော့တယ်။အကုန်ပြည့်စုံပြီးဖွင့်ချလို့ရပြီဆိုမှ အမှန်တရားတွေ
ပေါ်သွားမှာကိုကြောက်နေတဲ့လူတစ်စုက ဂျူလီယာ့ကိုဖမ်းခေါ်သွားပါတော့တယ်။
အဲ့ဒါကြောင့်ဂျူလီယာရဲ့အမေဖြစ်တဲ့ လွှတ်တော်အမတ်ကြီးက ဂျူလီယာ့ကို
သွားကယ်ဖို့အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ဂျူလီယာ့ကိုကယ်ထုတ်တဲ့ခရီးစဉ်
တစ်လျှောက်မှာ ကြုံတွေ့ရမဲ့အရာတွေများစွာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့
ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
#movie
Thaw Zin Soe
Delete Comment
Are you sure that you want to delete this comment ?
Thaw Zin Soe
Delete Comment
Are you sure that you want to delete this comment ?
Thaw Zin Soe
Delete Comment
Are you sure that you want to delete this comment ?