Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
𝐋𝐢𝐩𝐨𝐬𝐮𝐜𝐭𝐢𝐨𝐧 ဆိုတာက ခန္ဓာကိုယ်မှာ ရှိတဲ့
မလိုအပ်တဲ့ အဆီတွေကို နည်းပညာသုံးပြီး အဆီ စုပ်ထုတ်ခြင်းပါ...
အများစု ကတော့ ဗိုက် တို့ ခါးတို့က အဆီတွေ ထုတ်ကြတယ်
လက်မောင်း ပေါင် ကျော က အဆီ တွေ ထုတ် တဲ့ သူတွေ လည်း ရှိသလို အနည်းအကျဉ်းကတော့ ခြေထောက်တို့ မျက်နှာ တို့က အဆီ တွေ ထုတ် ကြပါတယ်....
✅ခန္ဓာကိုယ် အလှအပ အတွက် liposuction လုပ်ကြသလို တချို့ကျ လိုအပ်လို့ ကျန်းမာရေးအတွက်လုပ်တဲ့ သူတွေလည်း ရှိပါတယ်
‼️𝐋𝐢𝐩𝐨𝐬𝐮𝐜𝐭𝐢𝐨𝐧 မှာလည်း side effects တွေ ရှိပါတယ်.... ပုံမှန် ဖြစ်လေ့ရှိတဲ့ ယောင်တာ ပွန်းတာ ထုံတာ ကစလို့ သွေးခဲ ပိတ်တာ၊ ပိုးဝင်တာ၊ သွေးမတိတ်တာ နဲ့ နောက်ဆုံး Pulmonary Embolism နဲ့ အသက်သေဆုံး တာမျိုးတွေ အထိ ဖြစ်နိုင်ပါတယ် (၂၀၂၃ တုန်းက ဘရာဇီး influencer အမျိုးသမီးတယောက် Liposuction နဲ့ သေဆုံးသွားတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ဖူးပါတယ်)
🧑⚕️ဒါကြောင့်မို့ လုပ်မယ် ဆိုရင် ဆရာဝန် အစစ် တွေ ထိုင်တဲ့ စိတ်ချရတဲ့ ဆေးရုံ၊ ဆေးခန်းတွေ မှာ ပဲ လုပ်ဖို့ အရေးကြီးပါတယ်၊ မိမိ မှာ ရောဂါ အခံတွေ ရှိရင်လည်း သေချာ ဆွေးနွေး တိုင်ပင်ပါ...
Liposuction လုပ်ပြီးလည်း Healthy Diet စားတာ နဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိဖို့ လို ပါသေးတယ်
✅သဘာဝ နည်းနဲ့ ခန္ဓာကိုယ် ကျန်းမာပြီး လှပဖို့ဆို လုပ်စရာ က သုံးမျိုးရှိပါတယ်...
(၁) Healthy Balanced Diet စားတာ (တချို့ ဝိတ်ကျ မြန်တဲ့ ပြင်းထန်တဲ့ diet တွေ ဆို ရေရှည် အတွက် အဆင်မပြေတာ၊ side effects တွေ ရှိတာကြောင့် Healthy Balanced Diet ကိုပဲ အားပြု စေချင်ပါတယ် 🥦
(၂) ကိုယ်လက် လှုပ်ရှားမှု - gym မသွား နိုင်ရင်တောင် အိမ်မှာ ပဲ cardio ဆော့တာ၊ muscle strength exercises လေးတွေ လုပ်တာ၊ နောက်ဆုံး ခပ်သွက်သွက် လမ်းလျှောက်တာ မျိုး တော့ လုပ်သင့်ပါတယ် 🏋️
(၃) Unhealthy Lifestyle/ Behavior တွေ ပြောင်းလဲ ပစ်တာ...အပေါ် နှစ်ခု ဘယ်လောက် ပဲ လုပ်လုပ် ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အပြုအမူတွေ လုပ်မိရင် လည်း ကျန်းမာရေး ထိခိုက်စေပါတယ်...
ဥပမာ..အိပ်ချိန်စားချိန် မမှန်တာ၊ အထိုင်များတာ၊ ရေသောက်နည်းတာ၊ ဆေးလိပ်/ကွမ်း/အရက်/ဘီယာ သောက်တာ၊ သွားကျန်းမာရေး ဂရုမစိုက်တာ၊ အင်မတန်စိတ်ဖိစီးမှု များတာ..ဒါတွေက လည်း ခန္ဓာကိုယ် ကျန်းမာဖို့ အတွက်အရေးကြီးတဲ့ နောက်ဆုံးအချက်ပါ 🧍
အဓိကက တော့ ကျန်းမာရေး နဲ့ ပတ် သတ်လာပြီ ဆို တကယ်စိတ်ချရတဲ့ နေရာ ၊ စိတ်ချရတဲ့
ပညာရှင် တွေနဲ့ပဲ လုပ်ဖို့ တိုက်တွန်းချင်ပါတယ် ရှင် 🙂
ပုဇွန်ငါးဆုပ် ချဉ်ရေဟင်း
ပုဇွန်ကျော့ 40 သားခန့်( အခွံခွာရွှံ့ချောင်းထုတ်ထား)
ကန်စွန်းရွက် 1 စည်း ( ချွေ ထားပါ)
ကြက်သွန်ဖြူ 4 မွှာခန် (ညက်အောင်ထောင်းကာ
ငရုတ်ဆုံ ထဲတွင်အနည်းငယ်ချန်ထား၍ ပန်းကန်ဖြင့်
ခတ်ထားပါ။ထို့နောက် ကြက်သွန်နီ 1 လုံးကို ပါ
အနည်းငယ်ချန်ထားသော ကြက်သွန်ဖြူ နှင်
ရောထောင်းပါ။
ပုဇွန်များကို ဆားteaဇွန်း တစ်ဝက် နနွင်းအနည်းငယ်
သကြားအနည်းငယ်တို့ နှင့်ရောနယ်ကာ စက်ဖြင် ကျိတ်
(သို့) နုတ်နုတ်စင်းထားပါ။ထို့နောက်ပန်းကန်ဖြင့်
ခတ်ထားသောကြက်သွန်ဖြူကိုပါထည့်မွှေကာ အနေတော်
အရွယ် အဆုပ်ကလေးများ ဆုပ်ထားပါ။
အိုးထဲသို့ ဆီအတန်အသင့်ထည့်ကာ ပုဇွန်ဆုပ်များ
ထည့်၍ရွှေညိုရောင် သန်းလာအောင်ကြော၍ ပန်းကန်
ဖြင့်ခတ်ထာ်းပါ။
ထိုနောက် အိုးထဲမှာ ဆီ အနည်းငယ်သာချန်ကာ ကျန်ဆီ
များကို ခတ်ထားပါ။ထိုဆီအနည်းငယ်ထဲသ
ို့ ထောင်းထားသော ကြက်သွန်ဖြူ၊နီ ကိုထည့်၊ငရုတ်သီး
မှုန့် ဟင်းခတ်ဇွန်း 1 ဇွန်း ထည့်ကာ ဆီသတ်ပါ။
ပုဇွန်ဆုပ်ကြော်ထည့်ပါ။မန်ကျည်းမှည့်ရည် ဟင်းခတ်ဇွန်း
5 ဇွန်းခန့် ထည့်ပါ။ငံပြာရည် ဟင်းခတ်ဇွန်း 1 ဇွန်းနှင့်
အချို မှုန့် အနည်းငယ်၊သကြား အနည်းငယ် ထည့်ပါ။
အနံ့မွှေးလာရင် ရေ ပုဇွန် မြုတ်အောင်ထည့်ကာ
အဖုံးအုပ်ပြီး ဆူပွက်အောင ထားပါ။်
ထားပါ။ဟင်းဆူပွက်လာပါက အရသာမြည်း၍
ကန်ဇွန်းရွက်များထည့်ပါ။ထို့နောက် အဖုံးအုပ်ကာ
3 မိနစ်ခန့် ထား၍ ချလိုက်လို့ရပါပြီ။