1 နှစ် - ဘာသာပြန်ပါ။

လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခု ခွင့်ပြု

ဇန်နဝါရီ ၃၁

လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုး‌ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများ အပါအဝင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ ခု ခွင့်ပြုပေးခဲ့ကြောင်း ယမန်နေ့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍမှ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တစ်ခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၃ ခုတို့ကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃ ဒသမ ၆၈၄ သန်းနှင့် ငွေကျပ် ၃၄၅၈၆၃ ဒသမ ၀၄၃ သန်း (ကျပ် ၃၄၅ ဘီလျံကျော်)ဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၁၅၄၄ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့လည်း ပါရှိသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံ/ဒေသ ပေါင်း ၅၃ ခုမှ မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၆ ဘီလျံနီးပါး ဝင်ရောက်ထားပြီး ယင်းအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။

စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားသည်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

❤️ maternal love = မိခင်မေတ္တာ
❤️ great strength = ခွန်အားကြီးမားသော
❤️ nurturing care = ထွေးပွေ့ယုယမှု
❤️ merciful love = အကြင်နာတရား
❤️ reliance = အားကိုးရာဖြစ်သော
❤️ warmth of affection = နွေးထွေးမှု
❤️ sacrifice = စွန့်လွှတ် အနစ်နာခံမှု
❤️ bring up a child = ပြုစုပျိုးထာင်သည်
❤️ keep safe from harm = ကာကွယ်စောင့်ရှောက်သည်
#crd
#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

လတ်တလော မိမိအခြေနေ 🥲

#funny

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်သူများနေ့ အကြို နှင်းဆီပန်းစည်းလက်ဆောင်ရခဲ့တဲ့ နော်ဖော်အယ်ထား 🥰🥰🥰
သူမကတော့ ပန်းရောင်နှင်းဆီပန်းစည်းကြီးကို လက်ဆောင်ရခဲ့တာပါ။ Pre Valentine Day အဖြစ်ရရှိခဲ့တာလို့လည်း သူမက ပြောပြထားတာပါ။ သရုပ်ဆောင် နော်ဖော်အယ်ထားဟာ ချစ်သူရှိတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် သူမရဲ့ချစ်သူက ဘယ်သူလဲဆိုတာကိုတော့ အသိမပေးထားပါဘူး။

#crd
#celenews

image
1 နှစ် - ဘာသာပြန်ပါ။

ပြည်ကြီးငါး(သို့)ကင်းမွန်ချက်🦑🪼
================

ပြည်ကြီးငါး(သို့)ကင်းမွန် ၃၀သားအတွက်ပါ
ဆီထမင်းစားဇွန်း၃ဇွန်းထဲကို ခရမ်းချဉ်သီး ကြက်သွန် လေးစိတ်ခြမ်း
ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပြီးဆီသတ်ပါ
သိပ်မနွမ်းခင်လေးမှာအရောင်နဲ့ အစပ်အတွက် ငြုပ်အစပ်ခြောက်တောင့်ကိုရေစိမ်ပြီးထောင်းထားတာထည့်ပါ ဖြတ်တောက်ဆေးကြောသန့်စင်ထားတဲ့ ပြည်ကြီးငါးထည့်ပါ ငံပြာရည်ထည့်ပါ အရသာမှုန့်ထည့်ပါ ရေထွက်လာပါလိမ့်မယ် အသားကျက်အောင်လုံးပေးပါ
အသားကျက်လောက်ပြီဆိုရင် ရေနဲနဲထပ်ထည့်ပါ ကြက်သွန်မြိတ်နဲ့ ငြုပ်အစိုတောင့်ထည့်ပါ
ရေ ရယ် အရသာရယ် ကိုယ့်စိတ်ကြိုက်မှာ သုံးဆောင်လို့ရပါပြီ
တရုတ်ဟင်းလို ချိုချဉ်ကြော်မဟုတ်ပါ
ဗမာဟင်းလိုမျိုး
ခရမ်းချဉ်သီးအချဉ်နဲ့ ငြုပ်ခြောက်တောင့် အစပ်နဲ့ ချက်ထားတဲ့ ချဉ်စပ်ဟင်းလေးပါ

Credit Win Win

image

ဗဟုသုတ💜💜
မြင်းခွာရွက်အစွမ်းသတ္တိ
မြင်းခွာရွက်က သင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူ ဖြစ်စေတာကို သိပြီးသား ဖြစ်မှာပါ။
မြင်းခွာရွက်ကို တစ်နေ့ (၃) ရွက်လောက် စားပေးခြင်းဖြင့် နုပျိုနေစေပြီး လိင်ကိစ္စမှာပါ အစွမ်းတက်စေပါတယ်။
မြင်းခွာရွက်ကို အရွက်သုပ်အဖြစ်၊ တို့စရာအဖြစ် စားတာအပြင် အရည်ညှစ်ပြီးလည်း သုံးနိုင်ပါသေးတယ်။
ကျန်းမာကြံ့ခိုင်ပြီး ခွန်အားတိုးစေဖို့အတွက်ဆိုရင် သကြား၊ ပျားရည်နဲ့ ရောစပ်ထားတဲ့ ဖျော်ရည်ကို နေ့စဉ် သောက်ပေးပါ။
အသက်ရှည်ပြီး အနာကင်းဝေးချင်တယ်ဆိုရင် မြင်းခွာရွက်အရည်ကို ငရုတ်ကောင်း၊ ပျားရည်နဲ့ ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။
သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးထဲ သွေးပါခြင်း နာကျင်ကိုက်ခဲခြင်း၊ တို့ကိုလည်း ပျောက်ကင်းစေပါတယ်။
သွေးတိုးရောဂါကို သက်သာစေချင်ရင် အရွက်ကို အခြောက်ခံပြီး အမှုန့်ကြိတ်ပြီး လက်ဖက်ခြောက်အဖြစ် သောက်ပေးလို့ ရပါတယ်။
ခြေလက်နဲ့ ဒူးခေါင်း နာကျင်တာ၊ ခြေဆစ်၊ လက်ဆစ်ညပ်တာတွေအတွက် ရေနံဆီနဲ့ ရောစပ်ပြီး နှိပ်နယ်လိမ်းကျံပေးလိုက်ပါ။
အရေပြားမှာ ယားယံတာ၊ အရေပြားမှာ အနာ ဖြစ်တာပွန်းပဲ့ရှနာထိခိုက်ဒဏ်ရာဖြစ်တာတွေအတွက် မြင်းခွာရွက်ကို ကြိတ်ပြီး ညှစ်ထားတဲ့အရည်ကိုလိမ်းကျံပေးထားလိုက်ရင်ပျောက်ကင်းသက်သာစေပါတယ်။
မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများအတွက် အရွက်စိမ်းကို ကြိတ်၍အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးလိုက်ပါ။
အရည်ညှစ်၍ မျက်စိတွင် မျက်စဉ်းအဖြစ် ခတ်ပေးလို့လည်း ရပါတယ်။
Credit : duwun

image

ဘာနေဗျူးက မိမိအတွက် အပျော်ရွှင်ဆုံးနေရာလို့ ရော်နယ်ဒိုပြော

ဇန်နဝါရီ ၃၁

အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုက ဘာနေဗျူးက သူ့အတွက် အပျော်ရွှင်ဆုံးနေရာလို့ ဝန်ခံခဲ့ပြီး အနာဂတ်မှာ ရီးရယ်လ်အသင်းထံ ပြန်လာနိုင်တဲ့အကြောင်းကို ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ရီးရယ်လ်အသင်းထံ ပြန်လာနိုင်လားဆိုရင် ကျနော့်ရဲ့ ကစားသမားဘဝ အဆုံးသတ် သွားပြီးနောက်မှာ ဒါက တစ်ခုခု ဖြစ်လာနိုင်ပါတယ်။ ရီးရယ်လ်အသင်းမှာရှိခဲ့တဲ့ ကျနော့်ရဲ့အချိန်က ဘောလုံးနဲ့ ပတ်သက်လာရင် ကျနော့်အတွက် အပျော်ရွှင်ဆုံးပါပဲ”လို့ စပိန်ဂျာနယ်လစ် အဂွီရီကို ပြောခဲ့တာပါ။

၂၀၀၉ ခုနှစ်က ယူနိုက်တက်အသင်းကနေ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ စပိန်ကလပ်မှာ ၉ နှစ်ကြာကစားခဲ့ပြီး သူ့ရဲ့ကစားသမားဘဝ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၄၃၈ ပွဲကစားခဲ့ပြီး ၄၅၀ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ဖလား ၄ လုံး အပါအဝင် အဓိကဆုဖလားပေါင်း ၁၅ ခုအထိ ရယူနိုင်ခဲ့တာပါ။

ဒါအပြင် ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းမှာ ဘောလွန်းဒီအောဆု ၄ ကြိမ် အပါအဝင် တစ်ဦးချင်း အောင်မြင်မှု အများအပြားကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာအပြီးမှာ ဂျူဗင်တပ်စ်၊ ယူနိုက်တက်နဲ့ လက်ရှိ အယ်လ်နာဆာ အသင်းမှာ ကစားနေတာပါ။

ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ရီဒ့်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားထားပြီး ၂၁ ဂိုးသွင်းယူကာ ခြေစွမ်းဆက်ပြီး ပြသနေတာဖြစ်ပါတယ်။

Source: Goal

ပုံ - ရော်နယ်ဒိုကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့လေဆိပ်သို့ဆင်းကာနီး ခရီးသည်လေယာဉ်နှင့် စစ်ဘက်ရဟတ်ယာဉ်တိုက်မှူတွင် လိုက်ပါလာကြသူ ၆၇ ဦးလုံး သေဆုံးကြောင်းအတည်ပြု

ဇန်နဝါရီ ၃၁

American Airlines လေကြောင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော် ၏ ရော်နယ်ရီဂင် လေဆိပ်သို့ ဆင်းသက်ကာနီးတွင် စစ်ဘက်ရဟတ်ယာဉ်တစ်စီးနှင့် ဇန်နဝါရီလ ၂၉ ရက် ညပိုင်းက တိုက်မိခဲ့မှု၌ လယာဉ်ပေါ်ပါရှိသူ ၆၄ ဦးနှင့် ရဟတ်ယာဉ်ပေါ် မှ စစ်မှုထမ်းသုံးဦးစလုံးပါ သေဆုံးခဲ့ကြကြောင်း တာဝန်ရှိသူများက ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားခဲ့ကြသည်။

သမ္မတ ဒေါ်နယ်ထရန့် ကလည်း ထိုလေယာဉ်တိုက်မှုတွင်အသက်ရှင်ကျန်ရစ်သူမရှိကြောင်းပြောခဲ့ပြီး ၎င်းက ဒီမိုကရက်တို့၏မူဝါဒများအပေါ် သက်သေအထောက်အထားမရှိပါဘဲ ပြစ်တင်ဝေဖန်ခဲ့သည်။

ခရီးသည် ၆၀ ဦးနှင့် လေယာဉ်ဝန်ထမ်းလေးဦးလိုက်ပါလာကာ ကန်ဆက်ပြည်နယ်၊ ဝီချီတာမြို့မှ ပျံသန်းလာသော Bombardier CRJ700 လေယာဉ်က လေဆိပ်၏ ပြေးလမ်းအမှတ် ၃၃ သို့ ဆင်းသက်ရန်ချဉ်းကပ်လာစဉ် လေထဲတွင် ရဟတ်ယာဉ်နှင့်တိုက်မိအပြီး ရေခဲနေသော Potomac မြစ်ထဲသို့ ထိုးကျသွားခဲ့သည်။

လေယာဥ်တိုက်မိမှုမဖြစ်ပွားမီ စက္ကန့် ၃၀ ခန့် အလို၌ လေဆိပ်၏ ပျံသန်းရေးထိန်းချုပ်မှုစခန်းက Black Hawk ရဟတ်ယာဉ်ထံ Bombardier CRJ700 လေယာဉ်က ကွင်းသို့ဆင်းရန် ချဉ်းကပ်လာမှုကို ကောင်းစွာတွေ့မြင်ခြင်း ရှိမရှိ မေးမြန်းနိုင်ရန် ကြိုးစားခဲ့သည်။ ၎င်းက ပျံသန်းရေးထိန်းချုပ်မှုစခန်း အနေဖြင့် ခရီးသည်တင်လေယာဉ်နှင့် ဆက်သွယ်မှုတစ်စုံတစ်ရာမရှိခဲ့ဟုလည်း ယူဆဖွယ်ရာဖြစ်ခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်ဆောင်ရွက်ခဲ့ကြသော်လည်း လေယာဉ်ပေါ်မှ သေဆုံးနေသူ ၄၀ ဦးကျော်၏ အလောင်းများကို မြစ်ရေပြင်အတွင်းမှ ဆယ်ယူရရှိခဲ့သည်။တိုက်မိသော စစ်ဘက်ရဟတ်ယာဉ် Black Hawk ပေါ်ရှိ သုံးဦးစလုံးမှာလည်း သေဆုံးခဲ့ရကြောင်း သိရသည်။

Bombardier CRJ700 လေယာဉ်၏ ပျံသန်းမှုမှတ်တမ်း Black box တစ်ခုကို Potomac မြစ်ထဲမှ ပြန်လည်ရှာဖွေတွေ့ခဲ့ကြောင်း သတင်းများကဆိုသည်။ ထိုလေယာဉ်နှင့်ရဟတ်ယာဉ် လေထဲတွင်တိုက်မိမှုက အမေရိကန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစ၍ အဆိုးဝါးဆုံး လေကြောင်းပျံသန်းမှုဖြစ်ရပ်ဆိုးကြီးလည်းဖြစ်ခဲ့သည်။

လေယာဉ်တိုက်မိမှု၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမပြောနိုင်သေးကြောင်း သိရသည်။

Ref- CNN, AP

#centralnewsnaypyitaw

image

TikTok မှာတင်တဲ့ ဗီဒီယိုကြောင့် ဖခင်က သမီးဖြစ်သူကို ပစ်သတ်မှု ပါကစ္စတန်မှာ ဖြစ်ပွား

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ ၃၀

ဆယ်ကျော်သက်သမီးဖြစ်သူ TikTok မှာတင်တဲ့ ဗီဒီယိုတွေကြောင့် ဖခင်ဖြစ်သူက သမီးဖြစ်သူကို သတ်ဖြတ်မှု ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

မကြာသေးခင်က အမေရိကန်ကနေ ပါကစ္စတန်ကို ပြန်လည်ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ အန်ဝါအယ်လ်ဟတ်ဟာ သမီးဖြစ်သူ ဟာယာကို နိုင်ငံအနောက်တောင်ပိုင်း ကေတာမြို့မှာ ပစ်သတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကို ဝန်ခံပြီးနောက် လူသတ်မှုနဲ့ တရားစွဲထားပါတယ်။

အမေရိကန်နို်ငငံသားဖြစ်သူ ဖခင်ဟာ သမီးဖြစ်သူရဲ့ TikTok ဗီဒီယိုတင်တာတွေနဲ့ပတ်သက်ပြီး အမြဲကန့်ကွက်လေ့ရှိပြီး သတ်ဖြတ်မှုနောက်ကွယ်မှာ အမည်မသိတခြားအမျိုးသားတွေလည်း ပါဝင်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၁၄ နှစ်သာရှိသေးတဲ့ ဟာယာသတ်ဖြတ်ခံရမှုဟာ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုပုံစံနဲ့ လူမှုဘ၀ဆက်ဆံရေးတွေအပေါ် မိသားစုက ကန့်ကွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့မိသားစုဟာ အမေရိကန်မှာ ၂၅ နှစ်ကြာ နေထိုင်ခဲ့ပြီး ဟာယာဟာ ပါကစ္စတန်ကို မပြောင်းခင်ကတည်းက TikTok မှာ ဗီဒီယိုတွေ စတင်ခဲ့တာပါ။

အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူအပြင် သူ့ရဲ့ယောက်ဖဖြစ်သူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒါဟာ မိသားစုဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းလိုမျိုးကြောင့်ဆိုတာလားအပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ရှုထောင်ပေါင်းစုံကနေ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပါကစ္စတန်မှာတော့ ဒီလိုသတ်ဖြတ်မှုမျိုးတွေ ဖြစ်ပွားလေ့ရှိပြီး နှစ်စဉ် အမျိုးသမီးရာနဲ့ချီသေဆုံးနေပြီး ကျူးလွန်သူအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ပြောင်းလဲလိုက်တဲ့ ဥပဒေအရ ထောင်ဒဏ်တသက်တကျွန်း ကျခံရမှာဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးဖြစ်တတ်တဲ့
“မျက်နှာရေခဲပွတ်ခြင်း”
ဆောင်းကမျက်နှာရေခဲပွတ်ရတာအရမ်းကြိုက်တယ်
မျက်နှာရေခဲပွတ်ပေးရင်
__မျက်နှာမှာ ရှိတဲ့ချွေးပေါက်လေးတွေ relax ဖြစ်လာမယ်
___မျက်နှာသွေးလည်ပတ်မှုကောင်းမယ်
___ချွေးပါက်လေး​တွေကျဉ်းသယောင်ဖြစ်လာတယ်
____အသားအရေsoothing and calming ဖြစ်လာတယ်
____ဝက်ခြံညှစ်ထားလို့ ပိုးမဝင်ချင်ကပ်ထားလို့ရတယ်
___ဝက်ခြံတွေရင်းလာအောင်ကပ်ပေးလို့ရတယ်
___ဝက်ခြံယောင်နေတာတွေရှိရင်သက်သာစေတယ်
___အသားအရေတင်းရင်းသွားစေတယ်ပေါ့
ဒါက တစ်ပတ်တစ်ကြိမ် အများဆုံး2ကြိမ်ပဲလုပ်ပေးနော်
အဲ့ထက်ပ်ိုရင်ဘေးဖြစ်တတ်တယ်
✔️ဒီ ရေခဲကပ်ပေးခြင်း က တစ်ပွဲတိုး step လေးတွေပေါ့သိတယ်မလား
✔️Skincare ရင်ပိုကောင်းအောင် မနက်ပိုင်းမိတ်ကပ်လိမ်းရင်ပို skinကောင်းသယောင်ဖြစ်အောင် လုပ်ပေးတဲ့ step ပေါ့ Korean artist တွေအရမ်းအသုံးများတဲ့ step
လိုအပ်တဲ့သူလုပ်ချင်ရင်ဒီ step ကလိုအပ်တယ် မလိုအပ်တဲ့သူမလုပ်လျင် ဒီ step ကမလိုအပ်ဘူးဒီလောက်ပါပဲ
အရင်က ဆောင်းက ရေခဲတုံးတွေနဲပွတ်နေကြဆိုတော့
ရေခဲတုံးတွေက hygiene အရမ်းမဖြစ်ဘူး ပြီးရင်ကြာကြာကိုင်ထားရင်လက်ကျဉ်တယ် သွားတွေပါကျိန်းလာရော
ခုဆိုမီးကအရမ်းပျက်တော့ ရေခဲတုံးဆိုမြင်ကိုမမြင်ရတော့တာ ပျော်ပြီးပျောက်ကွယ်မတက်ပဲ😂
ခုတစ်ခေါက် သုံးနေတဲ့ Mesh by herbology က ice cube roller လေးဆိုအရမ်းသန့်ရှင်းတယ် ထူထူထဲထဲလေးနဲ့ကိုင်ရအဆင်ပြေပြီး quality တစ်အားကောင်းတယ် ပျော့စိစိနဲ့ကြာရင်အိရွဲသွားမယ်ပုံစံမဟုတ်
ကြာကြာလဲခဲနေနိုင်တော့ မီးပျက်လဲအဆင်ပြေတယ်
ကိုင်ရပြုရ လက်လဲမကျဉ် သေချာquality ကျကျထုတ်ထားတော့လေ ဈေးနည်းနည်းကြီးတာ
ဒါပေမယ့်တစ်ခါဝယ်ထားတစ်သက်နီးပါးသုံးပဲ🫢
ဒီ ice cube လေးဆို သုံးလေကြိုက်လေဖြစ်လာလို့ ရေခဲပွတ်ရင်းသတိတရရေးလိုက်တာ
ဆောင်းဒီ ice cube ထဲမှာဆို
✔️ရေနဲ့လဲထည့်သုံးတယ်
✔️ဆန်ဆေးရည်လဲထည့်သုံးတယ်
နောက်ပြီး ရေခဲပွတ်တ်ိုင်းသူ့ကပဲထုတ်တဲ့ serum mist ခံသုံးတယ်
The best duo ပဲ
✔️Serum mist လေးကကျ Hyaluronic acid ,Niacinamide ,aloevera ,rosemary တို့ပါကြတာမို့ ရေဓာတ်တော်တော်လေးရပြီ soothing calming ပါဖြစ်စေတော့
ရေခဲကြီး တိုက်ရိုက်တင်ပွတ်တာထပ် ဒီလို mist လေးဖြန်းပွတ်တော့ ပိုစိမ့်ဝင်အားကောင်းတယ် ပိုလဲresultကောင်းတယ် skin barrier ပိုင်းလဲမထိတော့ဘူး
ဒါကဆောင်းလုပ်ဖြစ်နေတဲ့ Skincare hidden tips လေးနော် ဟီး😘😘😘😘😘
ဘဘောကျမယ့်လို့မျှော်လင့်ပါတယ်ရှင့်🫶🏻
#beautypartneringbysaung
#myanmarbeautyblogger
#meshbyherbology
#icecube
#crd

image