1 နှစ် - ဘာသာပြန်ပါ။

မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀) ကျော်ထိ တည်ဆောက်ပြီးစီး

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀) ကျော်ထိ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ပွဲတော်ကာလဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်သည်။

အဆိုပါ တည်းခိုဆောင်ငှားရမ်းခ နှုန်းထားများကို တစ်ရက်လျှင် အထူးခန်း(VIP) တည်းခိုဆောင် (ရေချိုးခန်းနှင့် Toilet အပါ) ရေစပ်(ကမ်းစပ်) တစ်ခန်းကို ငွေ (၁၁၀၀၀၀) ကျပ်နှု န်း၊ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းကို ငွေကျပ် (၈၀၀၀၀)၊ (၆၀၀၀၀) ကျပ်နှုန်းနှင့် ရိုးရိုးတည်းခိုဆောင်(ကုန်းပေါ်) တစ်ခန်းကို ငွေကျပ် (၄၀၀၀၀) နှုန်းသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်မှ ဧပြီလ (၁၇) ရက်အထိ (တပို့တွဲလဆန်း (၅) ရက်မှ မြန်မာနှစ်ဆန်း (၁) ရက်နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားဖူးများ သွားလာရေး အဆင်ပြေစေရန်အတွက် သောင်ပြင်အတွင်း၌ ယာယီဘေလီသံပေါင် တံတား(အထူးတံတား) တစ်စင်းကို ဆောက်လုပ်ပေးထားကာ မင်ဘူး - ရွှေစက်တော်နှင့် တောင်ပေါ်-တောင်အောက် မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

ပင်စင်လစာများကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ဝန်ဆောင်ခ အခမဲ့ဖြင့် ထုတ်ယူနိုင်

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ပင်စင်လစာများကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁၆၅) ဘဏ်အနက် မည်သည့် ဘဏ်ခွဲတွင်မဆို ဝန်ဆောင်ခ အခမဲ့ဖြင့် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွါးရေးဘဏ်သည် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို e-Pension စနစ်မှ Centralized e-Pension စနစ်သို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ Centralized e-Pension စနစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုသို့ဆောင်ရွက်နေခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁၆၅) ဘဏ်ရှိပြီဖြစ်၍ ယင်း ဘဏ်ခွဲများတွင် အငြိမ်းစားများအနေဖြင့် ပင်စင်လစာများကို ဝန်ဆောင်ခ အခမဲ့ဖြင့် ထုတ်ယူနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် လက်ရှိတွင် ရန်ကုန်မြို့ရှိ မြန်မာ့စီးပွါးရေးဘဏ်ခွဲ ကိုးခု၌လည်း ပင်စင်လာရောက် ထုတ်ယူသည့် ပင်စင်စားဝန်ထမ်းများကို လစဉ် (၂၁) ရက်မှ (၂၄) ရက်အထိ သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ကျင်းပမည့် ONE -170 ပွဲစဉ်မှ တွဲဆိုင်းများကို ဟောလိဝုဒ် ရုပ်ရှင် The Beast In Me ဇာတ်ကားအတွင်း ထည့်သွင်းပြသရန် ရိုက်ကူးသွားမည်

ယနေ့ ဇန်နဝါရီ(၂၄)ရက်၌ ကျင်းပမည့် ONE -170 ပွဲစဉ်အတွင်း ယှဉ်ပြိုင်ထိုးသ-တ်ကြမည့် တွဲဆိုင်းများကို ဟောလိဝုဒ် ရုပ်ရှင် The Beast In Me ဇာတ်ကားအတွင်း ထည့်သွင်းပြသရန် ရိုက်ကူးသွားမည်ဖြစ်ကြောင်း QNE နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

The Beast In Me ဇာတ်ကားကို ကမ္ဘာကျော် မင်းသားကြီး Russell Crowe က အက်ရှင်ဒရမ်မာကားအဖြင့် ရိုက်ကူးမည်ဖြစ်ပြီး ယင်းဇာတ်ကားအတွင်း ONE ၏ CEO ချက်ထရီကိုယ်တိုင် ပါဝင်သရုပ် ဆောင်သွားမည်ဟု သိရသည်။

ထို့ကြောင့် ONE-170 ပွဲစဉ်အတွင်း အကောင်းဆုံး အကြမ်းဆုံး Performance ပုံရိပ်များကို ဇာတ်ကားအတွင်းထည့်သွင်းပြသရန် မှတ်တမ်းတင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ပွဲစဉ်အတွင်း သံမဏိ စိုးလင်းဦးနှင့် သန့်ဇင်တို့ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့မည်ဆိုပါက အဆိုပါ ဇာတ်ကားအတွင်း ရိုးရာလက်ဝှေ့၏ ဂုဏ်သိက္ခာနှင့် ရိုးရာလက်ဝှေ့ကျော်တို့၏ ပုံရိပ်များ ဖော်ပြခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

နာမည်ကြီး ထိုင်းဖိုက်တာ SekSan ကို စိုးလင်းဦး အမှတ်နဲ့ ရှုံးနိမ့်

ဒီကနေ့ ၊ ဇန်နဝါရီလ (၂၄) ရက်၊ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ONE 170 ရဲ့ Catchweight Muay Thai Fight မှာ မြန်မာဖိုက်တာ သံမဏိ စိုးလင်းဦး နဲ့ ထိုင်းဖိုက်တာ ဆက်ဆမ် / Seksan တို့ ပွဲချိန်ပြည့် တတိယအချီ အထိ ရေကန်ရေခန်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြပါတယ်။ ထိုင်း မွေထိုင်း ချန်ပီယံဟောင်း ဆက်ဆမ် ကို စိုးလင်းဦး အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

#centralnewsnaypyitaw

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

Off-road Fighter...😍

image
1 နှစ် - ဘာသာပြန်ပါ။

Wriothesley finally getting his rerun.

image

image

image
M M
1 နှစ် - ဘာသာပြန်ပါ။

Giethoorn

image
1 နှစ် - ဘာသာပြန်ပါ။

Hee"

image