Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်အသင်းကိုမှ ကြောက်မည်မဟုတ်ကြောင်း ရီးရဲလ်ဂိုးသမား ပြော
----------------------
သောကြာညမှာ မဲခွဲမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်မဲခွဲပွဲမှာ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ကြောက်နေမှာ မဟုတ်ဘူးလို့ ဂိုးသမား ကော်တွိုက်စ်က ပြောကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၈)မှာ ရီးရဲလ်အသင်းက ဘရက်စ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ၁၆ သင်းအဆင့် တိုက်ရိုက်တက်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ၁၆ သင်းအဆင့်ကိုရောက်ဖို့အတွက် ပလေးအော့ဖ် အဆင့်ကို ထပ်ကစားရတော့မှာဖြစ်ပါတယ်။ အမှတ်ပေးဇယားရပ်တည်မှုအရ ရီးရဲလ်အသင်းဟာ ပလေးအော့ဖ် အဆင့်မှာ မန်စီးတီး(ဒါမှမဟုတ်) ဆဲလ်တစ်အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
မန်စီးတီးလိုအသင်းနဲ့ ရင်ဆိုင်ရ မယ်ဆိုရင် ရီးရဲလ်အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ အပေါ် ဂိုးသမား ကော်တွိုက်စ်က ပလေးအော့ဖ်အဆင့်မှာ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ကြောက်နေမှာမဟုတ်ဘဲ အကောင်းဆုံးကစားသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ရီးရဲလ်နဲ့ မန်စီးတီးတို့ဟာ ပြီးခဲ့တဲ့ ၃ ရာသီဆက် တိုက် ချန်ပီယံလိဂ်မှာဆုံတွေ့ခဲ့ကြပြီး ၂၀၂၂ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ရီးရဲလ်အသင်းက အနိုင်ယူကာ မန်စီးတီး အသင်းကို ပြိုင်ပွဲကနေ ထွက်စေခဲ့တာဖြစ်ပါတယ်။
ဆိုက်ဘာလုံခြုံရေးအတွက် အော်ပရေတာ(၄)ခု ပူးတွဲထုတ်ပြန်
----------------------------
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးမြှင့်တင်တာနဲ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ အထူးသတိပြု ရမယ့် အကြံပြုချက်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေ တာ(၄)ခုက ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာတွေဟာ သုံးစွဲသူတွေရဲ့ အွန်လိုင်းငွေကြေးဆိုင်ရာအကောင့်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို ကာကွယ်နိုင်ဖို့နဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ဖို့အတွက် အခုလို ဆိုက်ဘာလုံခြုံရေး အကြံပြုချက်တွေကို စုစည်းထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
ကြေညာချက်ထဲမှာ အဆင့်ဆင့်စစ်ဆေးတဲ့စနစ်ကို အသုံးပြုဖို့၊ ခန့်မှန်းရခက်ပြီး ထူးခြားတဲ့စကားဝှက်တွေကို အသုံးပြုဖို့နဲ့ ရှုပ်ထွေးပြီးထူးခြားတဲ့စကားဝှက်တွေ(သင်္ကေတတွေ၊ ကိန်းဂဏန်းတွေ၊ အက္ခရာတွေ)ကို ဖန်တီးပြီး စကားဝှက်တွေကို မကြာခဏပြောင်းလဲဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Phishing Scams တွေကို သတိပြုဖို့၊ ဆော့ဖ်ဝဲလ်တွေကို ပုံမှန် Update ပြုလုပ်ပေးဖို့၊ အများသုံး Wi-Fi အသုံးပြုတာတွေမှာ အများသုံး Wi-Fi ကွန်ရက်တွေဟာ လုံခြုံမှုမရှိတာကြောင့် အဲဒီကွန်ရက်တွေကို အသုံးပြုနေ စဉ်မှာ အရေးကြီးတဲ့ အကောင့်တွေကို ဝင်ရောက်တာ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေ ပြုလုပ်တာ ကို ရှောင်ကြဉ်ဖို့၊ ဗိုင်းရပ်စ်တွေ၊ Spyware၊ Ransomware နဲ့ တခြားအန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Antivirus နဲ့ Anti-Malware ဆော့ဖ်ဝဲတွေကို အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သံသယဖြစ်ဖွယ်ဆက်သွယ်မှုတွေကို သတိရှိဖို့၊ တစ်ကြိမ်တစ်ခါသုံး လျှို့ဝှက်နံပါတ်(OTP)ကို အသုံး ပြုဖို့၊ Application ခွင့်ပြုချက်တွေကို သတိပြုဖို့၊ အမည်မသိဖုန်းခေါ်ဆိုမှုတွေကို သတိပြုဖို့၊ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေက Application တွေကို ထည့်သွင်းဖို့နဲ့ အတည်မပြုရသေးတဲ့ ဒေါင်းလုတ်တွေမှာ သုံးစွဲသူရဲ့ စက်ပစ္စည်းတွေနဲ့ ဒေတာကို ထိခိုက်ပျက်စီးစေတဲ့ Malware ဒါမှမဟုတ် ဗိုင်းရပ်စ်တွေ ပါဝင်နိုင်တာကြောင့် Official Store တွေ၊ ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်တွေက ဆော့ဖ်ဝဲနဲ့ Application တွေကိုသာ ဒေါင်းလုတ် လုပ်ဖို့ လိုတယ်လို့ ပါရှိပါတယ်။ ခွင့်ပြုချက်မရှိတဲ့ လုပ်ဆောင်မှုတွေကို သံသယရှိလာရင် ဒါမှမဟုတ် အကူအညီ လိုအပ်ရင် အော်ပရေတာတွေရဲ့ Hotline အချိန်တွေအတွင်း Customer Service ထံကို ဆက်သွယ်မေးမြန်းနိုင် တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လာမည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း လေထုညစ်ညမ်းမှုဆက်လက်မြင့်တက်နိုင်မည်ဟုဆို
လာမည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းအတွင်း အထက်လေထုအလွှာအတွင်း အပူချိန်ကျဆင်းနေချိန်၌ လေထုညစ်ညမ်းမှုအခြေအနေများ ဆက်လက်မြင့်တက်မည်ဖြစ်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့တွင် အသိပေးထားသည်။
ထို့ကြောင့် မူလအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအခံရှိနေသူများ နံနက်အစောပိုင်းအချိန်များ၌ အသက်ရှုကြပ်ခြင်း၊ အသက်ရှုရခက်ခဲခြင်းများပိုဖြစ်လာနိုင်ကာ အပြင်ထွက်ပါက Mask တပ်၍ ထွက်ရန်တိုက်တွန်ထားသည်။
ထို့ပြင် ယခုလ ဇန်နဝါရီလကုန်ပိုင်း၌ တိမ်အနည်းငယ်ဖြစ်ထွန်းနေကာ မိုးအုံ့လာခြင်းကြောင့် နေ့အပူချိန်အနည်းငယ်ကျဆင်းလာမည်ဖြစ်ပြီး ညအပူချိန်များတွင် အအေးပေါ့လာနိုင်သည်ဟု ဆိုထား သည်။
အလားတူ ဇန်နဝါရီ (၃၁) ရက်နှင့် ဖေဖေါ်ဝါရီ လဆန်းပိုင်းရက်များတွင်မူ တိမ်ဖြစ်ထွန်းမှု ပြန်လည်လျော့ကျကာ နေ့အပူချိန်များမြင်တက်ပြီး ညအပူချိန်လျော့ကျ၍ ပြန်လည်အေးလာမည်ဖြစ်ကြောင်း ဆိုထားသည်။
ရေဘဝဲအိမ်ချက် ခပ်စပ်စပ်လေး🐙
==================
ချက်ပြုတ်ရန်ကြာမြင့်ချိန် - (၃၅) မိနစ်
ရေဘဝဲ - (၂) ကောင်
ကြက်သွန်မြိတ် (အကြီး) - (၁) ချောင်း
ဂျင်း - စားပွဲတင်ဇွန်း (၂) ဇွန်း
ကိုရီးယားငရုတ်သီးအမှုန့် - စားပွဲတင်ဇွန်း (၃) ဇွန်း
ပဲငံပြာရည် - စားပွဲတင်ဇွန်း (၃) ဇွန်း
သကြား - စားပွဲတင်ဇွန်း (၁) ဇွန်း
ပြောင်းဖူးမှုန့်/ အာလူးမှုန့် - စားပွဲတင်ဇွန်း (၁) ဇွန်း
ဂျုံမှုန့် - အနည်းငယ်
သကြားရည် (Corn Syrup) - စားပွဲတင်ဇွန်း (၁) ဇွန်း
ဆီ - အနည်းငယ်
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ကြက်သွန်နီ - (၂) လုံး
ကြက်သွန်ဖြူ - (၇) မွှာ
ငရုတ်ပွ - (၁) တောင့်
ချက်ပြုတ်နည်း
၁) ပထမဆုံးအနေနဲ့ ရေဘဝဲတွေကိုသန့်ရှင်းရေးပြုလုပ်ပြီး ခေါင်းပိုင်းကိုကတ်ကြေးဖြင့် တစ်ဝက်ဖြတ်ပြီးမလိုအပ်သော အရာများကိုရှင်းပြစ်ပါ။ ပြီးရင်တော့ ရေဘဝဲတွေကိုဂျုံမှုန့်ဖြင့်နယ်ပြီး ရေဆေးချလိုက်ပါ။
၂) ရေပွက်ပွက်ဆူနေသောအိုးထဲကို ရေဘဝဲများထည့်ပြီး ခဏတဖြုတ်ပြုတ်ထားလိုက်ပါ။ ပြီးရင်ပြုတ်ထားရာကနေဆယ်ပြီး မျက်လုံးဖယ်ကာ လက်နှစ်ဆစ်လောက်လှီးလိုက်ပါ။
၃) ကြက်သွန်နီကိုခပ်ပါးပါးလေးလှီးပြီး ကြက်သွန်ဖြူနှင့်ဂျင်းတို့ကို နုတ်နုတ်စဉ်းထားပါ။ ငရုတ်ပွကို ခပ်ထူထူနဲ့ရှည်ရှည်လေးတစောင်းလှီးပါ။ ကြက်သွန်မြိတ်(အကြီး) ကိုလည်း လက်တစ်ဆစ်ခန့်လှီးထားပါ။
၄) ခွက်တစ်ခုထဲတွင် ကိုရီးယားငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ သကြား၊ ပြောင်းဖူးမှုန့်၊ သကြားရည်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ထည့်ပြီးမွှေပါ။
၅) အိုးထဲဆီအနည်းငယ်ထည့်ပြီး အပူပေးထားပါ။ ပြီးလျှင် လှီးထားသောကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်းနှင့် ငရုတ်သီးတို့ကို မီးအေးအေးဖြင့်ကြော်ပါ။ ပြီးလျှင်ရေဘဝဲများထည့်ပြီး ကြော်ပါ။ နောက်ဆုံးအနေနဲ့ ဖျော်စပ်ထားတဲ့ဆော့စ်ပါထည့်ပြီး သေချာကျက်တဲ့အထိ ချက်လိုက်ပါ။ ရေဘဝဲများကျက်သွားတဲ့အခါ ဆယ်ပြီးမိမိတို့ကြိုက်နှစ်သက်တဲ့ ပန်းကန်ထဲထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
Facebook နဲ့ Instagram အကောင့်တွေ ပိတ်ပစ်တဲ့ ဇတ်ကာဘာဂ့်ကုမ္ပဏီ Meta အပေါ် သမ္မတ ဒေါ်နယ်ထရန့်က စွဲဆိုထားသောအမှုအတွက် Meta က ကျေအေးခအဖြစ် ဒေါ်လာ ၂၅ သန်းခန့်ပေးချေမည်
ဇန်နဝါရီ ၃၀
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်ကို Facebook နဲ့ Instagram တို့ရဲ့ ပိုင်ရှင် Meta ကုမ္ပဏီအနေနဲ့ အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၂၅ သန်း(ပေါင်စတာလင် သန်း ၂၀) ခန့်ပေးဆောင်ရမယ့် ဥပဒေကြောင်းအရ တရားဝင်ကျေအေးသဘောတူချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှာဖြစ်ခဲ့တဲ့ ကွန်ဂရက်အဆောက်အအုံ အဓိကရုဏ်းတွေအပြီးမှာ လူမှုကွန်ရက် Facebook မှာရှိတဲ့ သူရဲ့ အကောင့်တွေကို ဆိုင်းငံ့မှုပြုခဲ့တာကြောင့် ထရန့်က Facebook လူမှုကွန်ရက်ကြီးနဲ့ သူ့ရဲ့အမှုဆောင်အရာရှိချုပ် မာ့က်ဇတ်ကာဘာဂ့်ကို ၂၀၂၁ ခုနှစ်အတွင်းက တရားစွဲခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲ မကျင်းပမီကာလမှာတော့ Meta ကုမ္ပဏီက Facebook နဲ့ Instagram တို့မှာရှိတဲ့ ထရန့်ရဲ့အကောင့်တွေကို တင်းကျပ်မှုတွေအပေါ် ဖြေလျှော့ပေးခဲ့ပါတယ်။
Meta ကုမ္ပဏီရဲ့ တရားဝင်ကျေအေးသဘောတူချက်အရ ပေးဆောင်ငွေထဲက ဒေါ်လာ ၂၂ သန်းခန့်ဟာ ထရန့်ရဲ့ သမ္မတအိမ်တော်စာကြည့်တိုက်ရဲ့ ရန်ပုံငွေကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ငွေကိုတော့ တရားရေးစရိတ်တွေနဲ့ တရားစွဲမှုမှာ လက်မှတ်ထိုးခဲ့တဲ့ တခြားတရားလိုတွေအတွက်အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် Meta အနေနဲ့ ထရန့်ရဲ့ အကောင့်တွေကို ဆိုင်းငံ့ခြင်းကို အမှားကို ကျူးလွန်မိတာလို့ ဝန်ခံမှာမဟုတ်ပါဘူး။
၂၀၁၇ ခုနှစ်ကဆိုရင် ထရန့်က Facebook လူမှုကွန်ရက်ပလက်ဖောင်းကို ထရန့် ဆန့်ကျင်ရေး လှုပ်ရှားမှုအနေနဲ့ ပြင်းပြင်း ထန်ထန်ကိုဝေဖန်ခဲ့တာပါ။ သူ့ရဲ့ အကောင့်တွေ အပိတ်ခံရပြီးနောက် ပိုဆိုးလာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လမှာတော့ ထရန့်က Facebook ကို ‘ပြည်သူတွေရဲ့ ရန်သူ’ လို့တောင် အမည်တပ်ခဲ့သေးတာပါ။
Meta ကုမ္ပဏီက ထရန့်ရဲ့ အကောင့်တွေကို ၂၀၂၁ ခုနှစ်က ဆိုင်းငံ့ခဲ့ပြီးနောက်မှာ အနည်းဆုံးနှစ်နစ်ကြာ ထရန့်ကို လူမှုကွန်ရက်ပလက်ဖောင်းတွေကပိတ်ထားမယ်လို့ ပြောခဲ့တာပါ။ သမ္မတရွေးကောက်ပွဲမှာ ထရန့်နိုင်အပြီးမှာတော့ ဇတ်ကာဘာဂ့်က ဖလော်ရီဒါပြည်နယ် အပန်းဖြေစခန်းမှာအေလာဂိုရှိ ထရန့်ရဲ့ အိမ်တော်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါက တစ်ချိန်က ဆိုးဆိုးဝါးဝါးပျက်ပြားနေတဲ့ သူတို့ နှစ်ယောက် ဆက်ဆံရေးမှာ စတင်ပြေပြစ်လာမှုလက္ခဏာလို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ Meta ကုမ္ပဏီက ထရန့်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် ဒေါ်လာတစ်သန်းလှူခဲ့သေးတာမို့ သမ္မတသစ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဇတ်ကာဘာဂ့် အနေနဲ့ ကြိုးစားနေတယ်လို့ ယူဆရချိန်မှာ သူတို့နှစ်ဦးကြားအမှုကိုလည်း ခုလို အမှုကျေအေးခအနေနဲ့ပေးခဲ့ကြခြင်းပါပဲ။
Ref- BBC
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး