38 w - Translate

ခက်ခဲသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ပီရက်ဇ် ဝန်ခံ
------------------
ရက်ဘူးလ်အသင်းရဲ့ မက္ကဆီကိုဒရိုင်ဗာ ဆာဂျီယို ပီရက်ဇ်က ဂရင်းပရီနိုင်ပွဲရဖို့ကို ရုန်းကန်နေရတဲ့ ၂၀၂၄ ခုနှစ်က သူ့အတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ပဲလို့ ဝန်ခံသွားခဲ့ပြီး ရာသီလက်ကျန်ပွဲတွေမှာနိုင်ပွဲရဖို့ကို ကြိုးစားသွားမယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြောလိုက်ပါတယ်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးကို ရောက်ရှိနေချိန်မှာ ပီရက်ဇ်က အခုလိုမျိုး ပြောသွားခဲ့တာဖြစ်ပါတယ်။ ပီရက်ဇ် ဟာ အခုရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ရမှတ် ၁၅၀ နဲ့ အမှတ်ပေးဇယား အဆင့်- ၈ နေရာမှာရပ်တည်နေပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရက်ဘူးလ်အသင်းဖော် မက်စ် ဗာစတက်ပန်နဲ့ အမှတ်ကွာဟချက် တော် တော်လေးကို ကြီးမားနေ တာဖြစ်ပါတယ်။ ရာသီအစပိုင်း ဂရင်းပရီပွဲစဉ် ၅ ခုမှာ ပီရက်ဇ်ဟာ ဒုတိယ ၃ ကြိမ်နဲ့ တတိယ ၁ ကြိမ်စီရခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ရလဒ်ကောင်းရဖို့ကို ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

၂၀၁၁ မှာဖော်မြူလာဝမ်း ဒရိုင်ဗာ ဘဝကို စတင်ခဲ့တဲ့ ပီရက်ဇ်ဟာ ကစားသမားဘဝ ဂရင်းပရီပွဲစဉ် ၆ ပွဲ အနိုင် ရထားခဲ့ဖူးတာဖြစ်ပါတယ်။ အခုရာသီ ဖော်မြူလာ ဝမ်းပြိုင်ပွဲ ပြီးဆုံးဖို့က ဂရင်းပရီပွဲစဉ် ၅ ခုသာ ကျန်ရှိတော့ တာဖြစ်ပြီး ပီရက်ဇ်က နိုင်ပွဲရဖို့ကို မျှော်လင့် နေတာလည်း ဖြစ်ပါတယ်။

image
38 w - Translate

Don't kill your own balance , trying to save somebody else.

image

image
38 w - Translate

မာန ထား မောက်မာရတာ
တန်ပါတယ်လေ …
တာ့တာ…
😂😂😂😂

image

အမဲကြောစွပ်

အမဲကြောကိုလှီးပြီးဂျင်းသကြားဆားထည့်ပြီးဝါးလို့သည်အထိနူးအောင်ပြုတ်ပါရေခမ်းရင်ရေထပ်ရောပြီးစပါးလင်ငရုတ်သီးကြက်သွန်နီကြက်သွန်ဖြူထည့်ပါပင်စိမ်းရှမ်းနံနံအုပ်ပါသံပုရာရည်ညှစ်ပါ

image

ပန်းပွင့်ကြော်
------------
ပန်ပွင့်ကို ချစ်တီးဟင်းနံ့လေးထွက်အောင်ကြော်ထားတာပါ
ကြက်သွန်ဖြူနီ ဆီသတ်ပါ
ဇီယာစေ့နဲ့ ပျဉ်တော်သိမ်ရွက်ထည့်သပ်ပါ နနွင်းထည့်ပါ
မွှေးလာရင် ရေစိမ်ပြီးစစ်ထားတဲ့ ပန်းပွင့်များထည့်ပါ ဆားနဲ့နှစ်သက်ရာရသာမှုန့်ထည့်ပါ
​မွှေပေးပါ
ရေနွေးနဲနဲထည့်ပါ ပန်းပွင့်တွေအိရင် အရသာကိုယ်စိတ်ကြိုက်မှာ သုံးဆောင်ပါ

image
38 w - Translate

ကိုယ့်မူနဲ့ကိုယ် နေကြတဲ့ခေတ်မှာ
ခင်ဗျားဟာ လမ်းပျောက်သလိုလို အားငယ်သလိုလို
လွမ်းသလိုလို ဆွေးသလိုလို လုပ်နေရင်
ခင်ဗျားအနာဂတ်ဟာ ခြတက်တာနဲ့ တူနေလိမ့်မယ်။

"မှားလား မှန်လား ခဏထား
အဓိပ္ပာယ်ရှိဖို့ အရင်ကြိုးစားတတ်ရမယ်"
အမှားသိရင် ရပ်
အမှန်ကို ပြောင်း
ဘယ်ဘဝကိုမှ ဆေးမဆိုးမိစေနဲ့။

ကိုယ်တိုင်က ပြည့်နေမှ
သူများကို ဖြည့်တဲ့အခါ ပြည့်ဝလိမ့်မယ်။

ဝတ္ထု‌ဇာတ်ကောင်လို နေနေယုံနဲ့တော့
ခင်ဗျားဘဝက ဘာမှဖြစ်မလာဘူး။

Crd_Original

image
38 w - Translate

သီတင်းကျွတ်အပြီးဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးနေ

ဗဟိုဘဏ်အနေဖြင့် သီတင်းကျွတ်ရုံးပိတ်ရက်ကာလအပြီး FX Online Trading Platform မှတဆင့် နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အောက်တိုဘာ (၂၃) ရက်တွင် ထိုင်းဘတ် (၁၆) သန်းနှင့် ဒေါ်လာ (၂) သန်းခွဲကျော် ထပ်မံထုတ်ရောင်းပေးခဲ့ရာပိတ်ရက်အပြီး နိုင်ငံခြားငွေများ (၄)ရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် အောက်တိုဘာ (၂၀) ရက်တွင် စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ (၃၅) သန်း၊ အောက်တိုဘာာ (၂၁) ရက်တွင် ဒေါ်လာ (၂) သန်းကျော်နှင့် တရုတ်ယွမ် (၁) သန်းခွဲ၊ အောက်တိုဘာ (၂၂)ရက်တွင် ဒေါ်လာ (၇) သန်းခွဲကျော်နှင့် ထိုင်းဘတ်သန်း (၁၅၀) နီးပါး၊ အောက်တိုဘာ (၂၃) ရက် (ယမန်နေ့) တွင် ဒေါ်လာ (၂)သန်းခွဲကျော်နှင့် ထိုင်းဘတ် (၁၆) သန်းဖြင့် (၄)ရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့ကြောင်း စာရင်းများအရ သိရသည်။

ဩဂုတ်လ (၁) ရက်မှ အောက်တိုဘာ (၂၃) ရက်အထိ နှစ်လခွဲကျော်တွင် ဒေါ်လာ (၃၉၅) သန်းခွဲ၊ ထိုင်းဘတ် (၇၃၄) သန်း၊ တရုတ်ယွမ် (၃၂)သန်းခွဲခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

38 w - Translate

ယနေ့ Myanmar Market Price ဈေးနှုန်းအရ ဒေါ်လာအရွက်စျေး 4650 နဲ့ 4750 ကြား အတက်ကြမ်းဈေး ဖော်ပြထားပါတယ် ။

World Gold Price ကတော့
လက်ရှိမှာ 1 Oz - 2735.80$ ထိ စျေးအတက် ရှိနေပါတယ် ။

အကယ်ဒမီ မီးလင်းရွှေ Myanmar Market Price မှ တင်ထားသော ဈေးနှုန်းအရ 6720000 ကျပ်အထိ ဈေးအတက် ဖော်ပြထားပါတယ် ။

ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ

image
38 w - Translate

When life hits you with a lot of judgment, nature will hit you that how beautiful life is. 🌿

image