50 w - Translate

Ysl Heels 👠

imageimage
+4
50 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဇန်နဝါရီ - ၁၀ ရက်)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၇၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၉၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၆၀ ကျပ်
ဝယ်ဈေး - ၄၄၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၅ ကျပ်
ဝယ်ဈေး - ၃၂၃၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၈၅ ကျပ်
ဝယ်ဈေး - ၄၅၉၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၂ ကျပ်
ဝယ်ဈေး - ၉၉၂ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၁ ကျပ်
ဝယ်ဈေး - ၆၀၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၇၆ ကျပ်
ဝယ်ဈေး - ၂၈.၂၁ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၀၅ ကျပ်
ဝယ်ဈေး - ၅၂.၀၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၀၀ ကျပ်
ဝယ်ဈေး - ၅၄၉၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၀ ကျပ်
ဝယ်ဈေး - ၂၇၅၆ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၁၀၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၅ ကျပ်
ဝယ်ဈေး - ၅၇၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၀ ကျပ်
ဝယ်ဈေး - ၁၂၁၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

50 w - Translate

ကံကောင်းရုပ်ရှင်ဇာတ်ကား ကိုရီးယား Suwon International Film Festival 2025 တွင် ဆန်ကာတင် ရွေးချယ်ခံရ
---------------
မြန်မာနိုင်ငံက “ကံကောင်း” ရုပ်ရှင်ဇာတ်ကားဟာ ကိုရီးယားနိုင်ငံ Suwon International Film Festival 2025 (International Feature Film)မှာ ဆန်ကာတင်အဆင့်ထိ ရွေးချယ်ခံထားရတယ်လို့ သိရပါတယ်။ လာမယ့် ဇန်နဝါရီ ၁၉ ရက်မှာတော့ Suwon International Film Festival 2025 ရဲ့ Final ပွဲကြီးမှာ ဆုရရှိတဲ့ ဇာတ်ကားတွေကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းသား ပိုင်တံခွန် နဲ့ ခွေးလိမ္မာလေး ကံကောင်းတို့ရဲ့ ၅၂၈ မေတ္တာကို အခြေခံရိုက်ကူးထားတဲ့ “ကံကောင်း” ရုပ်ရှင် ဇာတ်ကားကိုတော့ ခတ္ထိယရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော် ရိုက် ကူးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ခတ္ထိယ ရုပ်ရှင်ထုတ်လုပ်ရေးက “ကံကောင်း” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဓာတ်ပုံဆုကို ဝင်းလွင်ထက်နဲ့ အကောင်းဆုံး ရုပ်ရှင် တေးဂီတဆုကို ကောင်းဆက်ပိုင် (ဂီတမြို့) တို့က အကယ်ဒမီဆု အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါ့အပြင် ကံကောင်းရုပ်ရှင်ဇာတ်ကားဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လကလည်း SEA International Film Festival 2024 မှာ Best Producer Award ၊ Best Director Award နဲ့ Best Actor Award ဆုတွေ ရရှိခဲ့ပါသေးတယ်။

image
50 w - Translate

ဇန်နဝါရီလ တတိယပတ်၌ အအေးလျော့လာနိုင်
--------------------
အခုဇန်နဝါရီလ ပထမအပတ်လောက်ကစပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ အအေးပိုခဲ့ပေမယ့် လာမယ့် တတိယပတ်လောက်မှာတော့ ညအပူချိန်တွေ ပြန်လည်မြင့်တက်လာနိုင်ပြီး အအေးလျော့နည်းလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

ဇန်နဝါရီလဆန်းမှာ အအေးပိုခဲ့ပေမယ့် လာမယ့် ဇန်နဝါရီ ၂၀ ရက် နောက်ပိုင်းမှာတော့ ညအပူချိန်တွေ ပြန်တက် လာပြီး အအေးပြန်လည် လျော့နည်းသွားနိုင်ကြောင်း ခန့်မှန်ရတယ်လို့ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါ တယ်။ ဇန်နဝါရီလ ပထမပတ်အတွင်းမှာ ညအပူချိန်တွေအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ (၅)ဒီဂရီဆဲလ်စီးယပ်ကနေ(၁၀)ဒီဂရီဆဲလ်စီးယပ်အထိရှိခဲ့ပြီး ကျန်ရှိ တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့ ညအပူချိန်(၁၀)ဒီဂရီဆဲလ်စီးယပ်ကနေ (၁၅)ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၀ ရက် မနက်(၇)နာရီအချိ န်ထုတ်ပြန်တဲ့ နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကို ထုတ်ပြန်ရာမှာ လည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ညအ ပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

image

ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ နေအိမ်နှစ်လုံး မီးလောင်မှု ဒဂုံအရှေ့တွင် ဖြစ်ပွား

ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ် (၁၃)ရပ်ကွက်၊ စက်မှုလယ်ယာ (၁)လမ်းရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီလ ၁၀ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အလျား ၉ ပေ၊ အနံပေ ၃၀ ရှိ သွပ်မိုး၊ကျောက်ပြားကာ ​ပျဥ်ခင်း ၁ ထပ်နေအိမ်နှင့် အလျား ၁၈ ပေ၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ကွန်ကရစ်ခင်း ၂ ထပ်နေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး အလျား ၁၈ ပေ၊ အနံပေ ၃၀ ရှိ သွပ်မိုး၊ ကျောက်ပြား၊အုတ်ကာ ကွန်ကရစ်ခင်း ၂ ထပ်နံရံ မီးဟပ်ခံရကြောင်း သိရသည်။

“အိမ်က ၂ လုံးနဲ့ တစ်ခြမ်းလောက် မီးလောင်သွားတယ်။လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၄စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊နှင်းဆီလမ်းရှိ RCC ၂ခန်းတွဲ (၁၀)ထပ်၊ ၆လွှာ ဘယ်ခန်းရှိ ဖုန်းအပိုပစ္စည်းများသိုလှောင်ထားသော တိုက်ခန်းတွင် အဝတ်လျှော်စက်နှင့် ချိတ်ဆက်ထားသော Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဝတ်လျှော်စက်အဟောင်းနှင့် Safe Guard မီးလောင်ခဲ့ကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

စနေနေ့မနကိပိုင်း ဘောလုံးပွဲစဥ်များ

#ဘောလုံးသတင်းစုံ

imageimage
50 w - Translate

အသက် ၄၈ နှစ်အရွယ် နီလာအောင်အောင်ရဲ့ နုပျိုမိမိုက်နေသော အလှများ 🥰

သူမက ဇန်နဝါရီ ၄ ရက်နေ့မှာပဲ အသက် ၄၈ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သားတစ်ယောက် သမီးတစ်ယောက်ရရှိပိုင်ဆိုင်နေပြီဖြစ်ကာ အနုပညာလုပ်ငန်းများအား ရပ်နားထားခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မိသားစုနဲ့အခြေချနေထိုင်နေတဲ့သူမက ပရိသတ်ကြားကို MPC Lipstick နဲ့အတူ ပြန်ရောက်လာခဲ့ပါတယ်။ ဒီကနေ့မှာတော့ အသက် ၄၈ နှစ်အရွယ်ရောက်နေပေမယ့် နုပျိုနေဆဲဖြစ်တဲ့ သူမရဲ့ လှပမှုများကို ချပြခဲ့တာပါ။

#updatenews

image

အိမ်မှာ မုန့်အလှူလုပ်တယ် 😂လာစားနော် 😁

image

ထိုင်းနိုင်ငံရှိကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံသားများ ဝယ်ယူမှုလျော့ကျပေမဲ့ ၂၀၂၄ ခုနှစ်ရဲ့ ပထမ ကိုးလအတွင်း နိုင်ငံခြားသားဝယ်ယူမှုများအနက် ဒုတိယနေရာမှာဆက်ရှိနေ

ဇန်နဝါရီ ၁၀

အိမ်ခြံမြေသတင်းအချက်အလက်ဗဟို(REIC) ရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံသားတွေ ကွန်ဒိုအခန်းများဝယ်ယူမှုက ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၁,၀၅၀ ခန်းရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလက ဘတ်ငွေ ၂ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၃၄၇ ခန်းကိုပဲ ဝယ်ယူခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတင် ဘတ်ငွေ ၃ ဒသမ ၂၄ ဘီလျံတန်ဖိုးရှိတဲ့ကွန်ဒိုအခန်း ၆၃၈ ခန်း ကို မြန်မာနိုင်ငံသားတွေက ဝယ်ယူခဲ့တာလို့လည်း သိရပါတယ်။

၂၀၂၃ ခုနှစ်တစ်နှစ်လုံးမှာလည်း မြန်မာနိုင်ငံသားတွေက ဘတ်ငွေ ၃ ဒသမ ၇ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၅၆၄ ခန်းကို ဝယ်ယူခဲ့တာမို့ ၂၀၂၂ ခုနှစ်က ဝယ်ယူခဲ့ကြတဲ့ ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၃၄၉ ခန်းထက် သိသိသာသာမြင့်တက်လာခဲ့တာလို့ သိရပါတယ်။

Ref -Bangkok Post

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image
50 w - Translate

Sanak(2021)
အစမှာ ဇနီးချောလေးဟာ နှလုံးနဲ့ ပတ်သက်ပြီး ခွဲစိတ်မှု လုပ်ဖို လိုလာခဲ့တယ်။
အားလုံးကို ရင်းရမယ့် ခွဲစိတ်မှုမို ဒီခွဲစိတ်မှုဟာ အောင်မြင်ဖို သူတိုဇနီးမောင်နှံအတွက် တော်တော် အရေးကြီးပါတယ်။
မမျှော်လင့်ဘဲ ဆေးရုံကို လက်နက်ကိုင်တွေရောက်လာခဲ့ပါတော့တယ်။
အဲ့ဒီအချိန်မှာတော့ သူတိုဇနီးမောင်နှံဟာ ဆေးရုံမှာပဲ ရှိနေချိန်ပါပဲ။
လက်နက်ကိုင်တွေနဲ့ သူတို ဇနီးမောင်နှံ ဘယ်လို ပတ်သက်နေလဲ၊ ဘယ်လိုဆHက်ဖြစ်ကြမလဲ၊
လက်နက်ကိုင်အဖွဲတွေက ဘယ်လို အကြောင်းကြောင့် ဒီဆေးရုံအတွင်းကို ရောက်လာခဲ့လဲ မင်းသားကြီးကရော ဘယ်လိုမျိုး ခုခံတိုက်ခိုက် ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။
#movie

image