44 w - Translate

ဆီစက်များဈေးရောင်းပွဲတော် ပထမနေ့၌ ဆီပိဿာချိန် ၃၀၀၀၀ ရောင်းချ

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ရုံးရှေ့မှာ ပြုလုပ်နေတဲ့ ပြည်တွင်းဆီစက်များဈေးရောင်းပွဲတော် ပထမနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ရက်နေ့မှာ မြေပဲဆီ နှမ်းဆီ နဲ့ နေကြာဆီ စုစုပေါင်း ပိဿာချိန် ၃သောင်း ရောင်းချခဲ့ရတယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းရဲ့ ဒုတိယဥက္ကဌ ဦးထွန်းထွန်းဦးက One News ကို ပြောပါတယ်။
အခုနှစ်မှာ ပြည်ပကနေ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး၊ စားသုံးသူတွေက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မြေပဲဆီနှမ်းဆီနေကြာဆီကို ပိုမိုစားသုံးနိုင်ရေး နဲ့ ပြည်တွင်းဆီဖူလုံမှုကိုပြသချင်တာ ကြောင့် ဈေးရောင်းပွဲတော်တွေကို လစဉ်ကျင်းပသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ကြီးမှူးပြီး မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ရုံးရှေ့မှာ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဇန်နဝါရီလ ၆ရက်နေ့အထိ သက်သာတဲ့နှုန်းထားနဲ့ မြေပဲဆီ နှမ်းဆီ နဲ့ နေကြာဆီတွေကို ရောင်းချပေးနေတာပါ။
အဲဒီဈေးရောင်းပွဲတော်မှာ မြေပဲဆီ တစ်ပိဿာ ကျပ် ၁၇၀၀၀ ၊ နေကြာဆီ တစ်ပိဿာ ကျပ် ၂၀၀၀၀ နဲ့ နှမ်းဆီတစ်ပိဿာ ကျပ် ၁၈၀၀၀ နှုန်း နဲ့ ရောင်းချနေပါတယ်။
ရပ်ကွက် မြို့နယ်အသီးသီးမှာရှိတဲ့ လက်လီဈေးကွက်ထဲမှာ မြေပဲဆီတစ်ပိဿာကျပ် ၂၀၀၀၀ ကျော် ပေါက်ဈေးရှိတယ်လို့ အိမ်ရှင်မတစ်ချို့ကပြောပါတယ်။
အဲဒီအရောင်းပွဲတော်မှာ မြေပဲဆီအများဆုံးရောင်းချရပြီး နေကြာဆီ နဲ့ နှမ်းဆီကိုတော့ ဝယ်လိုအားနည်းတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြေပဲဆီကြိတ်တဲ့မြေပဲဆန်တစ်ပိဿာက ကျပ် ၈၃၀၀ ကနေ ကျပ် ၉၀၀၀ ဈေးတန်းရှိပြီး ဆီကြိတ်နှမ်းညို တစ်တင်းက ကျပ် တစ်သိန်း ဝန်းကျင် နဲ့ နေကြာတစ်ပိဿာကကျပ် ၇၀၀၀ ကျော် ပေါက်ဈေးရှိပါတယ်။
ပြည်တွင်းကထုတ်လုပ်တဲ့နေကြာဆီကို ဆီထုတ်လုပ်သူတွေက စားသုံးမှုထပ်ပိုလျှံမှသာဈေးကွက်ထဲကို ထုတ်ရောင်းနေကြတယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ ကျေးလက်ဒေသက ဆီစက်တွေအပါအဝင် မှတ်ပုံတင်ထားတဲ့ ဆီစက် ၇၀ ရာခိုင်နှုန်းလောက် လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သိရပါတယ်။
လက်ရှိမှာ ပြည်တွင်းဆီစက်တွေကနေ စားသုံးဆီတန်ချိန် ၆သောင်းလောက်ထုတ်လုပ်နေပြီး ပြည်တွင်းမှာ စားသုံးဆီလိုအပ်ချက်က တစ်လကို တန်ချိန်၁သိန်းခန့် ရှိတာကြောင့် ပြည်ပကနေ လစဉ်စားအုန်းဆီ တန်ချိန် ၅သောင်းဝန်းကျင် တင်သွင်းနေရတယ်လို့ သိရပါတယ်။

image
44 w - Translate

Ruud Van Nistelrooy ဟာ လက်စတာစီးတီးနည်းပြအဖြစ် 5 ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ထားပါတယ်။ 😳

နည်းပြကြောင့်ဖြစ်မယ့်ထင်လား?

အသင်းရဲ့ အရည်သွေးမြင့် ကစားသမားနည်းပါးမူကြောင့်ထင်လား?

image
44 w - Translate

ကိုယ်ခန္ဓာအဆီထုတ် ကုသမှု ခံယူရန် သွားရောက်ခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အလောင်းစွန့်ပစ်ခံရ
----------------------------------------
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အလှအပရေးရာ ဆေးခန်းတစ်ခုမှာ ကိုယ်ခန္ဓာ အဆီထုတ် ကုသမှုခံယူဖို့ သွားရောက်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပြီး စွန့်ပစ် ထားတဲ့ အလောင်းသာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သေဆုံးသူရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။

အဲဒီ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ကျောက်တံတားမြို့နယ်မှာ နေထိုင်ပြီး ဒီဇင်ဘာ ၂၇ ရက် ၊ ညနေပိုင်းက အလုပ်က အပြန် သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty Clinic မှာ ကိုယ်ခန္ဓာ အဆီထုတ်ဖို့ သွားရောက်ခဲ့ပြီးနောက် မိသားစု၊ မိတ်ဆွေတွေ နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲအတွက် သက်ဆိုင်ရာ ရဲစခန်းမှာ လူပျောက်တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ခြောက်ရက်အကြာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာသာ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း သေဆုံးနေတဲ့ ရုပ်အ လောင်းသာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သေဆုံးသူရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။

သေဆုံးသူ အမျိုးသမီး ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိချိန်မှာတော့ သူမဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာ တွေကို တွေ့ရှိခဲ့ပေမယ့် လက်ကိုင်ဖုန်းတော့ ရှာတွေ့တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီအပြင် သေဆုံးသူအမျိုးသမီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာတော့ ညိုမဲဒဏ်ရာတွေ တွေ့ရှိရသလို ကျောဘက်မှာ လည်း အပေါက်တွေနဲ့ ပလာစတာတွေ ကပ်ထားတာ တွေ့ရှိခဲ့ရတယ်လို့လည်း သေဆုံးသူရဲ့ သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူ အမျိုးသမီး သွားရောက်ခဲ့တဲ့ အလှအပရေးရာ ဆေးခန်း IRIS Beauty Clinic မှာ ပိတ်ထားပြီး ဆိုင်ရှင် အမျိုးသမီးလည်း လူမှုကွန်ရက်အကောင့်တွေကို ပိတ်သိမ်းကာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းဖော်ထုတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

image
44 w - Translate

၂၀၅၀ တွင် ကာဗွန်ထုတ်လုပ်မှုကင်းစင်သည့်နိုင်ငံဖြစ်လာရန် ဗီယက်နမ်ကြိုးပမ်း
...........
လာမယ့် ၂၀၅၀ ပြည့်နှစ်အတွင်းမှာ ကာဗွန်ထုတ်လုပ်မှု လုံးဝ ကင်းစင်တဲ့ နိုင်ငံတစ်နိုင််ငံဖြစ်လာဖို့အတွက် ဗီယက်နမ်ကြိုးပမ်းနေကြောင်း NetZero.VN သတင်းမှာရေးသားထားပါတယ်။
၂၀၄၀ ပြည့်နှစ်ကစပြီး ကျောက်မီးသွေးလောင်စာသုံးဓာတ်အား ဖြတ်တောက်ပြီး ၂၀၅၀ ပြည့်နှစ် မှာတော့ ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားတာဖြစ်ပါတယ်။
သုတေသနပြုချက်တွေအရ ဗီယက်နမ်ဟာ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံတွေထက် ရာသီဥတုဖောက်ပြန်မှု အန္တရာယ်ကို ပိုမိုကြုံတွေ့နေရတာဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အခံရဆုံး ထိပ်တန်း၅နိုင်ငံထဲမှာလည်း ပါဝင်နေတာပါ။
ရာသီဥတုပြောင်းလဲမှုကြောင့် ဖန်တီးထားတဲ့ ရုပ်ပိုင်းဆိုင်ရာအန္တရာယ်တွေက မြို့ပြဒေသတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုများစွာလည်းရှိနေတာပါ။ဥပမာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေက လေထုညစ်ညမ်းမှုကို မြင့်မားစေတာပါ။
ဒါ့ကြောင့် ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေးက ဗီယက်နမ်အတွက် အလွန်အရေးပါနေတာဖြစ်ပါတယ်။ ကာဗွန်ထုတ်လုပ်မှုလျှော့ချပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးကွန်ရက်တွေ ထပ်မံဖြန့်ကျက်ဖို့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာ အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ ဗိယက်နမ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

imageimage

သင်္ချာဆရာမမှ အတန်းချိန် နှစ်ချိန်ဆက်တိုက်ယူမယ်လို့ ပြောလိုက်သောအခါ
Me and my friends :

image
44 w - Translate

"မင်းအတွက် နေ့ကောင်းတစ်နေ့ဆိုရင် ငါလည်းအဲ့ဒီမှာရှိနေမယ်၊ မင်းအတွက်နေ့ဆိုးတစ်နေ့ဆိုရင် ငါလည်းအဲ့ဒီမှာရှိနေမယ်"" ”.

image
44 w - Translate

🥲🥲

image
44 w - Translate

"ထက်"သည်သာ အရာရာ

image