1 နှစ် - ဘာသာပြန်ပါ။

(၉)လအတွင်း ပြည်ပသို့ ရေငန်ပုစွန်တန်ချိန် (၅၉၄၆ ဒသမ ၁၈၇) တန်တင်ပို့ထား

မြန်မာနိုင်ငံမှ ပနားမီးရေငန်ပုစွန်များပြည်ပသို့နှစ်စဉ်တင်ပို့လျက်ရှိရာ ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဒီဇင်ဘာလအထိ ရေငန်ပုစွန်တန်ချိန် (၅၉၄၆ ဒသမ ၁၈၇) တန်တင်ပို့ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီရေငန်ပုစွန်မွေးမြူရာတွင် ရေငန်နှုန်းကျဆင်းခြင်းကြောင့် ပုစွန်ကြီးထွားနှုန်းကျဆင်းခြင်း၊ ရောဂါပိုးဝင်ခြင်းများဖြစ်ခဲ့သည့်အတွက်မွေး မြူရေးလုပ်ငန်းရှင်များ အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ် မိုးရာသီကာလတွင် ပုစွန်လျှော့မွေးပြီး နွေရာသီ၌ ပိုပြီးမွေးမြူထုတ်လုပ်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

ရေငန်ပုစွန်များကို ပြည်ပသို့တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပြုတ်၍လည်းကောင်း ၊ ဂျပန်နိုင်ငံသို့အေးခဲ၍ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပသို့ လက်ရှိထက် ပိုမိုတင်ပို့နိုင်ရန် ပင်လ ယ်ပြင်တွင် ဖမ်းဆီးမှုထက် တိုးချဲ့မွေးမြူရေးကို ဆောင်ရွက်လိုကြကြောင်းလည်း သိရသည်။

ထို့ပြင် ရေငန်ပုစွန်မွေးမြူမှုအတွက် ပုစွန်သားပေါက်နှင့် အစာအား ထိုင်းနိုင်ငံမှ နှစ်စဉ်ဝယ်ယူနေရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့်ကော့သောင်းမြို့နယ်တို့တွင် ပနားမီးပုစွန်ဖြူများကို (၂၂၁၇ ဒသမ ၅၆) ဧက၌ မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

အလားတူ ထားဝယ်ခရိုင် သရက်ချောင်း၊ မြိတ်ခရိုင် မြိတ်၊ ပုလော၊ ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တို့တွင် ခွင့်ပြုမိန့်ဖြင့် တိုးချဲ့ (၂၆၆၂ ဒသမ ၆၈) ဧကနှင့် ကျွန်းစုမြို့နယ်တွင် (၃၉၀ ဒသမ ၁၂)ဧက မွေးမြူမှုရှိကြောင်း သိရသည်။

1 နှစ် - ဘာသာပြန်ပါ။

ONE ဖြင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည့် ကယန်းလက်ဝှေ့မယ် ဘရော်နီကာ

Thai Fight ပြိုင်ပွဲများတွင် ရှုံးပွဲမရှိ ချန် ပီယံနှစ်ကြိမ် ရယူထားသည့် ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ယမန်နေ့ ဇန်နဝါရီ (၂၈)ရက်၌ ONE Championship ဖြင့် စာ ချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ONE က တရားဝင် အသိပေးထားသည်။

ဘရော်နီကာအနေဖြင့်လည်း ONE ဖြင့် လက်တွဲလိုက်ပြီဖြစ်ကြောင်းကိုလည်း သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထပ်မံအသိပေးထားသည်။

ဘရော်နီကာသည် Thai Fight ပြိုင်ပွဲများ တွင် စွမ်းရည်ကောင်းများပြသနိုင်ခဲ့သလို ၂၀၂၄ ဩဂုတ် (၄)ရက်က Thai Fight နောက်ဆုံးပွဲစဉ်အဖြစ် အာဂျင်တီးနားသူ ဖလော်ရန်စီယာကို အနိုင်ထိုးသ-တ်ထားခဲ့သူဖြစ်သည်။

ထို့ပြင် မြန်မာ့ရိုးရာလက်ဝှေ့လောက၏ ပထမဆုံးအမျိုးသ မီး ရွှေခါးပတ်ချန်ပီယံဖြစ်ပြီး ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO)က ပေးအပ်သည့် ၂ဝ၂၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ကစားသမားဆုရထားသူဖြစ်ကြောင်း သိရသ ည်။

image
1 နှစ် - ဘာသာပြန်ပါ။

ဟဲဟဲ ပိတ်ရက်တွေမှာ ခရီးထွက်မယ်

image

၂၀၂၅ ခုနှစ်အတွက် ပြန်တမ်းဝင် ရုံးပိတ်ရက်/အလုပ်ပိတ်ရက်များ

#givjob

image

ချဲလ်ဆီးအသင်းနောက်ခံကစားသမား အန်ဆေးလ်ဒီဆာလ်ဆီအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အက်စတွန်ဗီလာအသင်းဆီပြောင်းရွှေ့ကစားဖို့မီးစိမ်းပြခံလိုက်ရပြီလို့ ဖာဘရေစီယိုရိုမာနိုကဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူအဆင့်ရှိတဲ့ကစားသမားအန်ဆေးလ်ဒီဆာလ်ဆီဟာ ကလပ်အသင်းအသီးသီးဆီကနေစိတ်ဝင်စားမှုရခဲ့ပေမဲ့လည်း အက်စတွန်ဗီလာအသင်းဆီပြောင်းရွေ့ကစားဖို့သဘောတူညီမှုရထားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ချဲလ်ဆီးအသင်းနဲ့အက်စတွန်ဗီလာအသင်းတို့ကြားအပြောင်းအရွှေ့အဆုံးသဝ်ဖို့သာလိုအပ်တော့တာလည်းဖြစ်ပါတယ်။

ဒီဆာလ်ဆီအနေနဲ့နည်းပြမာရက်စကာလက်အောက်မှာပွဲထွက်ကစားခွင့်သိပ်မရခဲ့ဘဲ ဒီရာသီပရီးမီးယားလိဂ်မှာ ၆ ပွဲသာကစားထားခဲ့ရတာဖြစ်ပါတယ်။သူနောက်ဆုံးပွဲထွက်ကစားရတဲ့ပွဲစဉ်အနေနဲ့ကတော့ ၂၀၂၄ဒီဇင်ဘာ ၃၀ရက်နေ့တုန်းကဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

ရန်ကုန်ပို့မည့် ကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းနီးပါးကို သာစည်မှာ ဖမ်းမိ

ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်တွင် ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်သည့် ငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူဆယ်မှ ရန်ကုန်သို့ မျိုးမင်းဦး (ခ) မဲကြီး မောင်းနှင်လာသည့် I ZONE ကုန်တင်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကိုယ်ထည်အတွင်း အံဝှက်ပြုလုပ် သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းမိတရားခံကို စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၂၉

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၆၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၄၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၃၀ ကျပ်
ဝယ်ဈေး - ၄၄၄၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၅ ကျပ်
ဝယ်ဈေး - ၃၂၇၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၅၅ ကျပ်
ဝယ်ဈေး - ၄၆၃၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၅.၁၄ ကျပ်
ဝယ်ဈေး - ၁၃၁.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၆ ကျပ်
ဝယ်ဈေး - ၁၀၀၉ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၉ ကျပ်
ဝယ်ဈေး - ၆၁၂ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၀ ကျပ်
ဝယ်ဈေး - ၂၈.၅၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၆၄ ကျပ်
ဝယ်ဈေး - ၅၁.၂၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၅ ကျပ်
ဝယ်ဈေး - ၃.၀၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၇၀ ကျပ်
ဝယ်ဈေး - ၅၅၂၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၀ ကျပ်
ဝယ်ဈေး - ၂၇၆၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၅ ကျပ်
ဝယ်ဈေး - ၅၆၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၂ ကျပ်
ဝယ်ဈေး - ၁၂၀၉ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image

အငြိမ်းစား ပင်စင်စားများအနေနဲ့
ဖော်ပြပါ ဘဏ်ခွဲ (၁၆၆ )ခု အနက်မှ
မည်သည့် ဘဏ်ခွဲတွင်မဆို ပင်စင်လစာကို
ဝန်ဆောင်ခ အခမဲ့ဖြင့် ထုတ်ယူနိုင်ပါတယ်။

ပင်စင်စား/ မိသားစုပင်စင် ခံစားခွင့်ရသူ
ကာယကံရှင် ကိုယ်တိုင် မှတ်ပုံတင်မူရင်း၊
ပင်စင်ကဒ် (သို့) ပင်စင် စာအုပ်ကို
ယူဆောင်သွားဖို့တော့ လိုအပ်ပါတယ်။

#govjob

imageimage

ဘာလော့တယ်လီ ထွက်ခွာဖွယ်ရှိတယ်လို့ ဂျီနိုအာအတည်ပြု

ဇန်နဝါရီ ၂၉

ဂျီနိုအာအသင်းဒါရိုက်တာ အော်တိုလီနီက တိုက်စစ်မှူး ဘာလော့တယ်လီဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

အော်တိုလီနီက “မာရီယိုဟာ ပွဲကစားချိန် ပိုပြီးရရှိဖို့ စိတ်အားထက်သန်နေပေမယ့် ဒီမှာသူ့အတွက် ပေးစရာနေရာ အလုံအလောက် မရှိပါဘူး။ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးရက်တွေမှာ လူတိုင်းနဲ့ ကိုက်ညီတဲ့အဖြေကို ကျနော်တို့
ရှာဖွေသွားမှာပါ။ ကျနော်တို့ဟာ သူကစားနိုင်မယ့် နေရာကို ရှာဖွေနေပေမယ့် သူဟာ ကွင်းထဲမှာ မိနစ်မရရှိဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ သူ့အတွက် အကောင်းဆုံးအဖြေကို စဉ်းစားနေတယ်”လို့ Sky Sports Italia ကို ပြောခဲ့တာပါ။

ဘာလော့တယ်လီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်ကမှ ဂျီနိုအာအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး သူ့ကိုနည်းပြဟောင်း ဂီလာဒီနိုက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂီလာဒီနိုဟာ ရက်အနည်းငယ်အကြာမှာ ထုတ်ပယ်ခံခဲ့ရပြီး ဂျီနိုအာအသင်းဟာ သူ့ရဲ့နေရာကို ဗီယာရာနဲ့ အစားထိုးခဲ့တာပါ။

ဘာလော့တယ်လီဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းမှာ ကစားခဲ့ချိန်က ဗီယာရာနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဘာလော့တယ်လီဟာ ဂျီနိုအာအသင်းအတွက် ၆ ပွဲ ပါဝင်ကစားထားတာမှာ ပွဲကစားချိန် မိနစ် စုစုပေါင်း ၅၆ မိနစ်သာရှိခဲ့တာပါ။

ဘာလော့တယ်လီဟာ ဂျီနိုအာအသင်းမှာ ဂိုးမသွင်းနိုင်သေးပေမယ့် အဝါကတ် ၂ ကြိမ် ပြသခံထားရတယ်လို့ သိရပါတယ်။

သတင်းတွေအရ ဘာလော့တယ်လီဟာ အသင်းဟောင်း မွန်ဇာအသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ဖော်ပြထားတာပါ။

ဂျီနိုအာအသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ် ၂၂ ပွဲ ကစားအပြီးမှာ ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: italia Net

ပုံ - ဘာလော့တယ်လီကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နိုင်ငံရပ်ခြားအကူအညီမျာအနက် မြန်မာနိုင်ငံအတွင်း၌ USAID အကူအညီရရှိနေသည့် ကျန်းမာရေးထောက်ပံ့မှုလုပ်ငန်းများ သက်ရောက်ဖွယ်ရှိ

ဇန်နဝါရီ ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်က ပြည်ပသို့ ထောက်ပံ့မှုပြုနေတဲ့ နိုင်ငံရပ်ခြားအကူအညီတွေအနက် အားလုံးနီးပါးကို ရပ်ဆိုင်းထားဖို့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ကြောင့် ပြည်ပနိုင်ငံတော်တော်များများက အမေရိကန်အကူအညီရယူနေကြတဲ့ လုပ်ငန်းတွေမှာ ရုတ်တရက်ကို သောင်မတင်ရေမကျ အခြေအနေရောက်ခဲ့ကြတယ်လို့ သတင်းတွေကဆိုပါတယ်။

ဒီအထဲမှာ ဆိုမာလီယာနိုင်ငံက တန်ပြန်အကြမ်းဖက်လေ့ကျင့်ရေးသင်တန်း၊ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် ခြေတုလက်တု တပ်ဆင်ပေးမှု၊ ယူဂန်ဒါနိုင်ငံမှ HIV ဗိုင်းရပ်ကုသရေး၊ ကိုလံဘီယာနိုင်ငံမှ မူးယစ်ဆေးဝါးတားဆီးပိတ်ဆို့မှုနဲ့ အခြားများလှစွာသော အမေရိကန်အထောက်အပံ့နဲ့ ကမ္ဘာတစ်ဝန်း လည်ပတ်နေတဲ့လုပ်ငန်းတွေပါဝင်မှာပါ။

ဒေါ်နယ်ထရန့်ရဲ့ နိုင်ငံရပ်ခြားအကူအညီတွေ ရပ်ဆိုင်းထားဖို့အမိန့်က လူသားချင်းစာနာထောက်ထားမှု အစီအစဉ်တွေ၊ တန်ပြန်အကြမ်းဖက်လုပ်ငန်းအားထုတ်မှုတွေ နဲ့ လက်နက်ဝယ်ယူရေး ငွေကြေးထောက်ပံ့မှုတွေကိုပါ သက်ရောက်မှုရှိစေမှာပါ။

ဒါ့ပြင် ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်နိုင်ငံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှနုတ်ထွက်ဖို့ အမိန့်က မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ကာကွယ်ဆေး၊ ကုသဆေး ထောက်ပံ့နေမှုတွေကို ထိခိုက်စေမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လုပ်ငန်းတွေ လည်ပတ်နိုင်မှုအတွက် ကုန်ကျစရိတ် အကြီးမားဆုံးထည့်ဝင်နေတဲ့ အလှူရှင်နိုင်ငံပါ။

မြန်မာနိုင်ငံအတွင်းမှာဆိုရင် USAID အကူအညီရရှိနေတဲ့ကျန်းမာရေးထောက်ပံ့မှုလိုအပ်တဲ့ လူ့အဖွဲ့ အစည်းတွေကိုအထောက်အကူပေးမှု၊ မိခင်နဲ့မွေးကင်းစကလေးသေဆုံးမှုလျော့ကျစေဖို့ တခြားကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ HIV၊ ဌက်ဖျား၊ တီဘီတို့ကို အမြစ်ပြတ်အောင် တိုက်ဖျက်မှုလုပ်ငန်းတွေမှာ သက်ရောက်မှုရှိမယ်လို့ ယူဆရပါတယ်။

Ref- WSJ

#centralnewsnaypyitaw

image