43 w - Translate

Starship ဒုံးပျံလွှတ်တင်မှုကို ထရမ့်ပ်နှင့် မတ်စ် ကြည့်ရှု

အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီသည် ၎င်း၏ ဧရာမဒုံးပျံ Starship ကို အင်္ဂါနေ့တွင် တက္ကဆပ်စ်ရှိ လွှတ်တင်စင်မှ အာကာသသို့ လွှတ်တင်ခဲ့ပြီး ဒုံးပျံ၏ အကာသပျံသန်းမှု စွမ်းရည်ကို မြှင့်ခဲ့သည်။ သို့ရာတွင် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်လာရောက်ကြည့်ရှုခဲ့သော အဆိုပါလွှတ်တင်မှုတွင် ဒုံးလွှတ် booster ကို ပစ်စင်သို့ ပြန်ယူရာတွင် လွဲချော်ခဲ့သည်။

လပေါ်သို့ အကာသယာဉ်မှူးများ စေလွှတ်ရန်နှင့် အင်္ဂါဂြိုဟ်သို့ လူပို့ဆောင်ပေးရန် ရည်ရွယ်သော အကြမ်းအားဖြင့် ပေ ၄၀၀ အရှည်ရှိ ဒုံးပျံစနစ်ကို တက္ကဆပ်စ်ပြည်နယ် ဘိုကာချီကာရှိ SpaceX ဒုံးလွှတ်တင်ရေးစခန်းမှ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Super Heavy ဟု ခေါ်သည့် ဒုံးပျံ၏ ၂၃၃ ပေအရှည်ရှိ ပထမအဆင့် booster သည် ယင်း၏ ဒုတိယအဆင့် Starship ကို အမြင့် မိုင် ၄၀ ခန့်အရောက်တွင် ခွဲထုတ်ကာ ယာဉ်ကို အကာသအတွင်းပို့ ပို့ဆောင်ပေးခဲ့သည်။

Super Heavy သည် ပစ်လွှတ်ခဲ့သော မျှော်စင်နှင့် ချိတ်တွဲထားရာ စက်ကြီးများရှိရာသို့ ပြန်ဆင်းသက်ရမည့်အစား မက္ကဆီကိုပင်လယ်ကွေ့အတွင်းသို့ မမျှော်လင့်ပဲ ကျခဲ့သည်။ ယင်းလုပ်ငန်းစဉ်၏ နောက်ဆုံးမိနစ်တွင် ရေပြင်မှ လမ်းလွှဲခြင်းသည် တစ်စုံတရာ အမှားအယွင်းဖြစ်ခဲ့သည်ကို ဖော်ပြသည်။

အကာသဘလော့ဂါ Everyday Astronaut မက စီစဉ်သည့် SpaceX ၏ သီးခြားတိုက်ရိုက်ထုတ်လွှင့်ချက်တွင် Super Heavy သည် ပြုတ်ကျလာပြီးနောက် ပင်လယ်ကွေ့မိုးကုတ်စက်ဝိုင်းတွင် ကြီးမားသော မီးလုံးကြီးအဖြစ် ပေါက်ကွဲသွားခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သောလက လွှတ်တင်မှုတွင်မူ SpaceX သည် booster ကို ပစ်လွှတ်စင်မှ ပြန်ဖမ်းယူသည့် ဆန်းသစ်သောနည်းလမ်းကို ပထမဆုံးအကြိမ် သရုပ်ပြနိုင်ခဲ့ပြီး ၎င်း၏ ပြန်လည်အသုံးပြုနိုင်သော ဖန်တီးမှုတွင် အရေးပါသည့် အဆင့်ကို အောင်မြင်ခဲ့သည်။ အင်္ဂါနေ့က လွှတ်တင်မှုတွင် booster ကို ဆင်းသက်ဖမ်းယူမှုလုပ်ငန်းစဉ်သည် ပိုမို့မြန်ဆန် ခက်ခဲမည်ဟု ယူဆထားကြောင်း မတ်စ်က မလွှတ်မီတွင် ဆိုရှယ်မီဒီယာပေါ်၌ ရေးသားခဲ့သည်။

image
image
image
43 w - Translate

Hair Color Design

image
43 w - Translate

Hair Color Design

image
43 w - Translate

Hair Color Design

image
43 w - Translate

Hair Color Design

image
43 w - Translate

Hair Color Design

image
43 w - Translate

Hair Color Design

image
43 w - Translate

Hair Color Design

imageimage
+4

မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဂွာဒီယိုလာ သဘောတူညီ

နိုဝင်ဘာ ၂၀

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ The Athletic က ဖော်ပြခဲ့တဲ့ ဒီသတင်းကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် သတင်းရင်း မြစ် အများအပြားက ဂွာဒီယိုလာဟာ အသင်းမှာဆက်ရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ရွေးချယ်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

၂၀၁၆ ခုနှစ်က မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ဂွာဒီယိုလာဟာ အသင်းကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၈ ခုအထိ ရယူပေးထားတာပါ။ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းစာချုပ်ဟာ ဒီရာသီ ကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ ဂွာဒီယိုလာတို့ ချုပ်ဆိုမယ့် စာချုပ်သစ်ထဲမှာ ဒုတိယနှစ်အတွက် ရွေးချယ်ခွင့်ရှိမယ့် အချက် ပါဝင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားတာပါ။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်တဲ့ ဒုတိယမြောက် အင်္ဂလိဂ် ကလပ်အသင်းဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလားကို ၄ ရာသီဆက် တိုက်ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်အောင်လည်း ကိုင်တွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် ရလဒ်တွေဆိုးနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲစလုံး အရေးနိမ့်ခဲ့တာပါ။

ဂွာဒီယိုလာရဲ့ နည်းပြဘဝမှာလည်း ပထမဆုံးအကြိမ် ၄ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ ရာသီပြီးဆုံးဖို့ လိုသေးတာကြောင့် ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောထားပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC

ပုံ - ဂွာဒီယိုလာကို တွေ့ရစဉ်

#centralnewsnaypyitaw

image
43 w - Translate

🖤

image