လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရန် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းမည်

ဖေဖော်ဝါရီ ၁၃

လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရန် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖေဖော်ဝါရီ(၁၂)ရက်တွင် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပခဲ့သည့် လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှုညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စက်ပစ္စည်းများ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ ယခုထက်ပိုမိုကောင်းမွန်သည့် စက်ကိရိယာများ ဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန် လမ်းညွှန်မှုရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေးအတွက် နည်းပညာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး တောင်သူများလိုအပ်သည့် လယ်ယာသုံး စက်ပစ္စည်းကိရိယာများအား ဈေးနှုန်းချိုသာ၍ အရည်အသွေးကောင်းမွန်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးက ပြောသည်။

သို့ဖြစ်၍ လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် နည်းပညာဖလှယ်နိုင်ရေး၊ အကြံဉာဏ်ရရှိရေး၊ ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များထုတ် လုပ်နိုင်ရေးတို့အတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း လယ်ယာသုံးစိုက်ပျိုးရေးကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များ မထုတ်လုပ်နိုင် သည့် စက်ပစ္စည်းကိရိယာအစိတ်အပိုင်းများရှိပါက ထုတ်လုပ်ပေးနိုင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါအစည်းအဝေးတွင် အသိပေးပြောကြားခဲ့သည်။

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

မိုက်ပြီလေ

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်သောရေ.......
"မင်း"ကသာ "နေကြာပန်း"တွေထဲ ပွင့်လက်စ
"နေကြာ"တစ်ပွင့် ဖြစ်ခဲ့မယ်ဆိုရင် ၊
ကိုယ်ဟာ "နေကြာပန်း"လေးရဲ့ မရှိမဖြစ်
နေရောင်ခြည်လေးလို တစ်ထောင့်တစ်နေရာမှာဖြစ်ဖြစ်
ရှိနေခွင့်‌လေးတော့ ရချင်မိတယ် ။
"နေကြာပန်း"လေးရဲ့အနားမှာ ရှိနေပေးနိုင်တဲ့
"ဥယျာဉ်မှူး"ကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့ရင်တောင်
ခပ်လှမ်းလှမ်းက "နေရောင်ခြည်"လေးတော့
ဖြစ်ချင်ပါသေးတယ် ။
နောက်ဆုံး.....
"ကိုယ့်အတွက် ဘာဆိုဘာမှ မရှိခဲ့ရင်တောင်
ချစ်ခဲ့တယ်ဆိုတာလေးကိုတော့ ယုံကြည်စေချင်တယ်" ။

image
1 နှစ် - ဘာသာပြန်ပါ။

အဟောင်းထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Matt Damon နဲ့ Drew Barrymore တို့လို နာမည်ကြီးတွေ အသံသရုပ်ဆောင်ထားတဲ့ Animation ဇာတ်ကားကောင်းတစ်ခုပေါ့။


Titan A.E. (200

ဂလက်ဆီ တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒရက်ဂ်ျ ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခု ရှိပါတယ်။ 3028 ခုနှစ်မှာတော့ ကမ္ဘာမြေမှာ အရမ်းကို စွမ်းအားကြီးတဲ့ တိုက်တန် ပရောဂျက်တစ်ခုကို လူသားမျိုးနွယ်တွေ ပြင်ဆင်ထားခဲ့ပါတယ်။ ဒရက်ဂ်ျတွေဟာ ဒီတိုက်တန်ပရောဂျက်ကို တားဆီးဖို့အတွက် လူသားမျိုးနွယ်ကို မျိုးသုဉ်းဖျက်ဆီးပြီး ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့ပါတယ်။ တိုက်တန်ပရောဂျက်ရဲ့ အဓိက ခေါင်းဆောင် ဆမ်ဟာ လူမမယ်‌သားလေး ကေးလ်ကိုတော့ လွတ်မြောက်ရေးယာဉ်ထဲ ထည့်ပေးလိုက်ပြီး သူကတော့ ဒရက်ဂ်ျတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်ရေးက ကေးလ်တစ်ယောက် သူ့အဖေဝှက်ထားခဲ့တဲ့ တိုက်တန်ကို ပြန်ရှာတွေ့တဲ့အပေါ် မူတည်နေတဲ့အခါမှာတော့ ကေးလ်ဟာ တိုက်တန်ရှာဖွေရေးစွန့်စားခန်းခရီးကို စတင်ရပါတော့တယ်။

ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ

https://t.me/+nqhhs6tGKeRjZjA1

ဇာတ်ကားကြည့်ရန်နှိပ်ပါ

https://t.me/c/2088510221/1397

image
1 နှစ် - ဘာသာပြန်ပါ။

Death Whisperer (2023)

ရွာငယ်လေးတစ်ရွာမှာ အမျိုးသမီးငယ်လေးတိုင်း ထူးဆန်းကြောက်လန့်ဖွယ်ကောင်းစွာနဲ့ သေဆုံးကုန်ကြတယ်၊နတ်ဆိုးလိုလို အောက်လမ်းလိုလို နဲ့ပေါ့၊တစ်နေ့ ဒီရွာလေးထဲမှာ နေထိုင်တဲ့မိသားစုထဲက သမီးလေး၃ယောက် ကျောင်းအပြန်နောက်ကျရင်း ကျောချမ်းစရာသစ်ပင်ကြီးအောက်မှာ ထူးဆန်းတဲ့မိန်းမကြီးတစ်ယောက်ကို မြင်မိရာကနေ ကံကြမ္မာဆိုး ဝင်ဖို့ ဖြစ်လာတော့တယ်။အသဲတထိတ်ထိတ်နဲ့အရမ်းကြောက်ဖို့ကောင်းတဲ့ 𝐇𝐨𝐫𝐫𝐨𝐫 𝐌𝐨𝐯𝐢𝐞 လေးမို့ အားလုံးသဘောကျမယ်လို့ မျှော်လင့်ပါတယ်ဗျ။

ကြည့်ရန်နှိပ်ပါ

t.me/movieforhorror/713

Main channel

t.me/addlist/43SAvNGGjGExNWVl

image
1 နှစ် - ဘာသာပြန်ပါ။

法兰县 (ဖလမ်းခရိုင်)

image
1 နှစ် - ဘာသာပြန်ပါ။

法兰县 (ဖလမ်းခရိုင်)

image
1 နှစ် - ဘာသာပြန်ပါ။

法兰县 (ဖလမ်းခရိုင်)

image
1 နှစ် - ဘာသာပြန်ပါ။

法兰县 (ဖလမ်းခရိုင်)

image
1 နှစ် - ဘာသာပြန်ပါ။

法兰县 (ဖလမ်းခရိုင်)

image