ဝန်ကြီးဌာနများ ယခုဘဏ္ဍာနှစ် သုံးစွဲရမည့် အသုံးစရိတ်များ ထပ်မံလျှော့ချကာ ပိုလျှံငွေများကို ရာဂီမုန်တိုင်း နောက်ဆက်တွဲလုပ်ငန်းတွင် အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်သွားမည်ဟု SAC ဒုဥက္ကဋ္ဌက မှာကြား

◾️ ယခုပြုပြင်ပြီး ခန့်မှန်းခြေ၏ ရငွေပိုင်းတွင် ကျပ်ဘီလျံ ၄,၀၀၀ ကျော် တိုးမြှင့်ရရှိအောင် လျာထား

နိုဝင်ဘာ ၂၁

ဝန်ကြီးဌာနများအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း သုံးစွဲရမည့်စရိတ်များအပေါ် စိစစ်ပြီး အသုံးစရိတ်များ ထပ်မံလျှော့ချကာ ပိုလျှံငွေများကို ရာဂီမုန်တိုင်း နောက်ဆက်တွဲ လုပ်ငန်းများတွင် အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ယခင်နှစ်တွင် ဝန်ကြီးဌာနများက မသုံးနိုင်သည့်ပိုလျှံငွေများ ပြန်လည်အပ်နှံသည်ကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ကျန်ရှိသည့် ဘဏ္ဍာနှစ်လေးလနှင့် ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင် သုံးစွဲရမည့်အသုံးစရိတ်နှင့် လုပ်ငန်းပြီးစီးမှုအပေါ် စိစစ်ဆွေးနွေးပေးရန်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ စိစစ်ရာမှ အသုံးစရိတ်များ ထပ်မံလျော့ချနိုင်မည်ဖြစ်ပြီး ရရှိလာသည့်ပိုလျှံငွေများကို ရာဂီမုန်တိုင်း နောက်ဆက်တွဲ လုပ်ငန်းများတွင် အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်နိုင်မည်ဖြစ်ကာ နိုင်ငံတော်ဝန်ကြီးချုပ် သတ်မှတ်ထားသည့် မတ်လ ၁၅ ရက် မတိုင်မီပြီးစီးအောင် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကလည်း မလိုအပ်သည့် အသုံးစရိတ်များ မသုံးစွဲမိစေရေး စိစစ်ရန်လိုပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေနှင့် ပြုပြင်ပြီးခန့်မှန်းခြေကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက မူလခန့်မှန်းခြေ ရငွေပိုင်းတွင် ကျပ်ဘီလျံ ၃၁,၀၀၀ ကျော်ဖြစ်ပြီး သုံးငွေပိုင်းတွင် ကျပ်ဘီလျံ ၃၉,၀၀၀ ကျော်ဖြစ်ကြောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေကို ကြည့်မည်ဆိုပါက ရငွေပိုင်းတွင် ကျပ်ဘီလျံ ၃၅,၀၀၀ ကျော်ဖြစ်ပြီး သုံးငွေပိုင်းတွင် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ယခုတွက်ချက်ပြီးသည့် GDP မှာ ကျပ်ဘီလျံ ၁၅၅,၅၄၃ ဒသမ ၅၃၄ ဖြစ်သည့်အတွက် မူလခန့်မှန်းခြေတွင် လိုငွေ၏ GDP အချိုးအရ ၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ၏ GDP နှင့် လိုငွေအချိုးမှာ ၃ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Credit - Mynmar News Network

#သတင်းဟင်းလေးအိုးကြီး

image

အရက်သမားဋီကာ (၁၀)

imageimage
+4

ဖီအိုရင်တီးနားရဲ့ တစ်လတာ အကောင်းဆုံးကစားသမားဆု ဒီဂီယာရရှိ

နိုဝင်ဘာ ၂၁

ယူနိုက်တက်အသင်း ဂိုးသမားဟောင်း ဒီဂီယာဟာ ဖီအိုရင်တီးနားအသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ကို ပြသနေတာကြောင့် ကလပ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် တစ်နှစ်ကြာ အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ ဒီဂီယာဟာ ပြီးခဲ့တဲ့ နွေရာသီ က ဖီအိုရင်တီးနားအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ဒီဂီယာဟာ ပွဲတွေနဲ့ ဝေးကွာနေခဲ့ပေမယ့် ဖီအိုရင်တီးနားအသင်းအတွက် ပါဝင်ကစားချိန်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် ကလပ်အသင်းရဲ့ အောက်တိုဘာအတွက် တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဖီအိုရင်တီးနားအသင်းဟာ အောက်တိုဘာထဲမှာ ကစားခဲ့တဲ့ စီးရီးအေပွဲစဉ် ၄ ပွဲစလုံး အနိုင်ရခဲ့ပြီး ဒီဂီယာဟာ ဒီပွဲတွေမှာ ပင်နယ်တီ ၂ လုံးကာကွယ်ခဲ့သလို ၂ ပွဲပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တာပါ။

ဒီဂီယာဟာ သူ့ရဲ့လက်စွမ်းတွေနဲ့ ဖီအိုရင်တီးနားအသင်းကို ဒီရာသီ အီတလီစီးရီးအေပြိုင်ပွဲမှာ အဆင့် ၃ ရောက်ရှိ အောင် ပို့ဆောင်ပေးထားတာဖြစ်ပါတယ်။

ဖီအိုရင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၁ နေရာက နာပိုလီအသင်းနဲ့ ၁ မှတ်သာကွာဟတာကြောင့် ထိပ်ဆုံးနေရာကို ရောက်ရှိနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဖီအိုရင်တီးနားအသင်းဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေတဲ့ ဒီဂီယာကို နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားနေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။

စာချုပ်သက်တမ်းတိုးခဲ့ရင် ဒီဂီယာဟာ ဖီအိုရင်တီးနားအသင်းမှာ အခုရရှိနေတဲ့ လုပ်ခလစာထက် ၂ ဆတိုး လာမယ်လို့လည်း သိရပါတယ်။

ဒီဂီယာဟာ နိုဝင်ဘာ ၁၀ ရက်က ဖီအိုရင်တီးနားအသင်းက ဗီရိုနာအသင်းကို အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့တာပါ။

စီးရီးအေနောက်ဆုံး ၆ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ ဖီအိုရင်တီးနားအသင်းဟာ ဒီတစ်ပတ် လိဂ်ပွဲစဉ်အဖြစ် ကိုမိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal

ပုံ - ဒီဂီယာကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်ရှာဖွေသူ မြန်မာ ၉ ဦးကို မူးယစ်ဆေးနဲ့အတူ ဖမ်းမိ

နိုဝင်ဘာ ၂၁

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ ဖုဖရမြို့နယ်အတွင်း တရားမဝင် ခိုးဝင်အလုပ်လာရှာတဲ့ မြန်မာ ၉ ဦးကို မူးယစ်ဆေးတွေနဲ့အတူ မနေ့ကမနက်ပိုင်းမှာ ဖမ်းဆီးမိခဲ့တယ်လို့ ကနဦး သိရပါတယ်။

ခိုးဝင် မြန်မာလုပ်သားတွေကို ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၂၀) မနက် ၄ နာရီအချိန်က ဖမ်းဆီးရခဲ့တာဖြစ်ပြီး ဖမ်းမိသူတွေထဲမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ ကလေးငယ် ၂ ပါဝင်တယ်လို့ လည်း သိရပါတယ်။

ဖမ်းမိတရားခံ ၉ ဦးအနက် အမျိုးသားတစ်ဦးရဲ့ လက်ထဲမှာ စိတ်ကြွမူးယစ်ဆေး မက်သာဖက်တမင်းဆေးပြား ၁၄ ပြားကို စက္ကူနဲ့ထုပ်လျက်သား ဖမ်းမိခဲ့တယ်လို့လည်း ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod က ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ခိုးဝင်မြန်မာ ၉ ဦးကို တရားမဝင် ဝင်ရောက်မှု၊ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်ဖို့ကြိုးပမ်းမှု၊ မူးယစ်ဆေးတွေ့ရှိမှု စတာတွေနဲ့ အမှုဖွင့်ထားတယ်လို့လည်း ကနဦး သိရပါတယ်။

Ref, Khaosod

Credit - MT News

#သတဟင်းလေးအိုးကြီး

image
image
image
43 w - Translate

ဘာပဲ ဖြစ်ဖြစ်
ရှုံးတာက ရှုံးတာပါပဲ ကိုလှဖေရာ

ကျုပ်တို့လို မျက်နှာမွဲတွေ
အကြောင်းပြချက်ပေးလည်း
ဆင်ခြေလို့ပဲ ပြောကြမှာမလား

ဘာပဲ ဖြစ်ဖြစ်
ရှုံးတာက ရှုံးတာပါပဲ
#ဏေဠေး

image
43 w - Translate

ကိုယ့်ရဲ့ Partner က
" ရှေ့သွားတိုင်း နောက်ဖြောင့်ရတယ် ။ နောက်ကွယ်မှာလဲ စိတ်ချရတယ် " ဆိုတဲ့ စိတ်လုံခြုံမှုမျိုးကို အပြည့်အဝပေးနိုင်တာကလေ ဘာနဲ့မှလဲလို့မရဘူးနော် ။
တကယ်ပါ ပစ္စည်းဥစ္စာတွေလဲ မမက်မောဘူး ၊ သံသယကင်းကင်းနဲ့ ချစ်ရရင်ပဲ လုံလောက်ပြီ ။

🌼💛
#crd

image
43 w - Translate

တဂယ်ပါ မူတူး play တာရှယ်ခံနေကြရတာ တို့ player လေးတွေပါ😞

#shine
#mlbb

image

နိုဝင်ဘာ ၂၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
43 w - Translate

၁၇နှစ်နဲ့ အမျို:သာ: ထားခဲ့တဲ့ ကိုယ်ဝန်ဆောင် Single mom လေးကို သွားရောက် လှူဒါန်းခဲ့တဲ့ ကိုထွန်းမင်း ❤️

image

နိုဝင်ဘာ ၂၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image