Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယနေ့စက်သုံးဆီစျေးနှုန်း (၉-၁-၂၀၂၅)
ဒီနေ့မှာလည်း အပြောင်းအလဲမရှိသေးတဲ့ စက်သုံးဆီစျေးနှုန်းများ
#fuel
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က
Diploma in English for Communication Skills (Online & Face to Face) သင်တန်းတက်ရောက်လူတွေကို ခေါ်ယူနေပါတယ်
#govjob

ဒန်ပေါက်
အလွယ်နည်းလေးဘဲသုံးပါမယ်
ကြက်သားကို ဆား ကြက်သားမှုန့် မဆာလာ
ဂျင်းအရည် အရောင်တင်မှုန့် ဒိန်ချဉ်နဲ့နယ်ပြီး
၃နာရီခန့်နှပ်ထားလိုက်ပါ
ရရင် စချက်ပါမယ်
ကြက်သွန်ဖြူထောင်းကိုဆီသပ်ပြီး
နှပ်ထားသောကြက်သား ရေ ထောပတ်ဆီ
နည်းနည်းထည့်ပြီး ကြက်သားကျက်တဲ့ထိချက်ထားပါ
ထမင်းကိုရေငဲ့ချက်မယ်နော်
ရေ ဆန် ဖာလာ ဇီယာ ကရဝေး သစ်ဂျပိုး လေညှင်း
ဆား သကြား ထည့်ပြီးချက်ပါ
မပျော့မမာအနေထားမှာ ထမင်းများကို
ဇကာဖြင့် အရည်စစ်ယူထားပါ
ချက်မယ့်အိုးထဲကို ကြက်သားထည့်ပါ
အပေါ်မှ ထမင်းထည့်ပါ
ပဲလုံး သီဟို စပျစ် ကြိုက်ရင်ထည့်ပါ
ကိုယ်ကတော့ မကြိုက်လို့မထည့်ပါဘူး
အပေါ်မှ Food colour Lemon
နည်းနည်း နဲ့ ထောပတ်ဆီဆမ်းပြီးထည့်ပါ
မီးအေးအေး နဲ့ နာရီဝက်ခန့်ချက်ရင်ရပါပြီ
ဒါကကိုယ်ချက်တဲ့နည်းပါ အဆင်ပြေကြပါစေရှင် ။
( ချက်နည်းကွဲလွဲမှုရှိနိုင်ပါတယ် နှစ်သက်ရာကိုသာအသုံးပြုကြပါရှင့် )
နစကဗဟိုအကြံပေးအဖွဲ့၀င် ဦးစိုင်းလုံးဆိုင်အား တာဝန်မှအနားယူခွင့်ပြု
နေပြည်တော်၊ ဇန်နဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့၀င် ဦးစိုင်းလံုးဆိုင်အား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ကြောညာထားသည်။
#centralnewsnaypyitaw
၂၀၂၅ မှာ အနိုင်ကို မရှာတွေ့သေးတဲ့ လီဗာပူး
မနေ့ညက ခါရာဘောင်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့မှာ လီဗာပူးအသင်းဟာ စပါးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ မန်ယူနိုက်တက် ကို ၂ ဂိုးစီ သရေကျခဲ့သလို အခုပွဲမှာလည်း ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၅ ထဲမှာ နိုင်ပွဲလုံး၀ မရရှိသေးဘူးလို့ ပြောလို့ရနေခဲ့ပါတယ် ။ ဒီရှုံးပွဲဟာ နော်တင်ဟမ် ဖောရက်စ် အသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း လီဗာပူးအတွက် အခုရာသီ ဒုတိယမြောက်ရှုံးပွဲလည်း ဖြစ်လာခဲ့ရပါတယ်
တယ်စလာကုမ္ပဏီနဲ့ စပေ့အိတ်ချ် ကုမ္ပဏီ ပိုင်ရှင်ဖြစ်တဲ့အမေရိကန်သန်းကြွယ်အီလွန်မတ်စ်ရဲ့အဖေဖြစ်သူက သူ့ရဲ့သားဖြစ်သူဟာ အဂ်လန်ပရီးမီးယားလိဂ်ကလပ်အသင်းကြီး လီဗာပူးလ်အသင်းကိုဝယ်ယူရေးအတွက်စိတ်ဝင်စားမှုပြသနေကြောင်းပြောဆိုခဲ့ပါတယ်။
အီလွန်မတ်စ်ရဲ့အဖေဖြစ်သူက သူ့ရဲ့သားဖြစ်သူဟာ ပရီးမီးယားလိဂ်နာမည်ကြီးကလပ်လီဗာပူးလ်ကလပ်အသင်းကိုဝယ်ယူဖို့စိတ်ဝင်စားမှုရှိနေကြောင်းဖွင့်ဟခဲ့တယ်လို့ The Mirror သတင်းကဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်း လီဗာပူးလ်အသင်းရဲ့ပိုင်ရှင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ FSG ဖန်ဝေးအားကစားအုပ်စုအနေနဲ့ ကလပ်အသင်းကိုဘယ်လိုပုံစံမှရောင်းချဖို့အစီအစဉ်မရှိဘဲ အီလွန်မတ်စ်အနေနဲ့လည်း အမှန်တကယ်ကမ်းလှမ်းမှုတွေလုပ်ဆောင်ဖို့ ချိတ်ဆက်လာတာမျိုးမရှိသေးတာဖြစ်ပါတယ်။
ဒီမတိုင်ခင်မှာတော့ FSG အနေနဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Dynasty Equity ကို ၂၀၂၃ ခုနှစ်မှာရှယ်ယာအစုငယ်ရောင်းချခဲ့ပေမဲ့ ကုမ္ပဏီဥက္ကဌ မိုက်ခ်ဂေါ်လ်ဒွန်က FSG ရဲ့ရေရှည်အာရုံစိုက်မှုဟာ လီဗာပူးလ်အသင်းအပေါ်မှာသာရှိပြီး အရင်အတိုင်းမာကျောမှုရှိနေဆဲဖြစ်တယ်လို့အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံမွှုပျနှံမှုအဖှဲ့ FSG ဖန်ဝေးအားကစားအုပ်စုအနေနဲ့ ကလပ်အသင်းကိုဘယ်လိုပုံစံမှရောင်းချဖို့အစီအစဉ်မရှိဘဲ အီလွန်မတ်စ်အနေနဲ့လည်း အမှန်တကယ်ကမ်းလှမ်းမှုတွေလုပ်ဆောင်ဖို့ ချိတ်ဆက်လာတာမျိုးမရှိသေးတာဖြစ်ပါတယ်။
ဒီမတိုင်ခင်မှာတော့ FSG အနေနဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Dynasty Equity ကို ၂၀၂၃ ခုနှစ်မှာရှယ်ယာအစုငယ်ရောင်းချခဲ့ပေမဲ့ ကုမ္ပဏီဥက္ကဌ မိုက်ခ်ဂေါ်လ်ဒွန်က FSG ရဲ့ရေရှည်အာရုံစိုက်မှုဟာ လီဗာပူးလ်အသင်းအပေါ်မှာသာရှိပြီး အရင်အတိုင်းမာကျောမှုရှိနေဆဲဖြစ်တယ်လို့အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
ယခုနှစ် ဇန်နဝါရီလမှစ၍ အခြေခံပညာကျောင်းများအားလုံးတွင် တီဘီရောဂါအထူးစစ်ဆေးမှုများ စတင်လုပ်ဆောင်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၄ -၂၅ ပညာသင်နှစ် ဇန်နဝါရီလအတွင်းမှစ၍ အခြေခံပညာကျောင်းများအားလုံးရှိ ကျောင်းသားကျောင်းသူများတီဘီရောဂါပိုး ရှိ/မရှိအထူးကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့နှစ်အတွင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနက အသဲရောင်စီပိုးရှိသူများအတွက် နိုင်ငံတော်စရိတ်ဖြင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျောင်းသူ/ကျောင်းသားများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့- မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် အထွေထွေရောဂါများအတွက်လည်း ရွေလျား ဓာတ်မှန်ရိုက်စက်ဖြ င့် လှည့်လည်ကုသခြင်းများလုပ်ဆောင်ခဲ့သည်။
လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ပေတုန်တန် ညွှန်ကြား
ဘန်ကောက်၊ ဇန်နဝါရီ ၉
ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လေထုအတွင်းရှိ PM2.5 ညစ်ညမ်းပစ္စည်းများကို ပြီးခဲ့သည့် နှစ်ကထက် ပိုမို နည်းပါးစေရန် လုပ်ဆောင်ရေးအတွက် ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
လေထုအတွင်းရှိ PM2.5 ညစ်ညမ်း ပစ္စည်းများဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ သွေးကြောများထဲအထိ ဝင်ရောက်နိုင် သည့် အမှုန်အမွှားများဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ပေတုန်တန်သည် ဇန်နဝါရီ ၇ ရက်က အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် အစိုးရအိမ်တော်၌ ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲမှာ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအဖွဲ့အနေဖြင့် PM2.5 အမှုန်အမွှားများ ပြဿနာကို အာရုံစိုက် ဖြေရှင်းနေကြောင်း၊ ဂြိုဟ်တုဓာတ်ပုံများအရ ထိုင်းနိုင်ငံ၏ ပြည်နယ်အချို့တွင် အမှုအမွှားများ ထူထပ်သိပ်သည်းမှု မြင့်တက်နေသည်ကို မြင်တွေ့ရကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် စိုက်ခင်းများ မီးရှို့ရှင်းလင်းသည့် ကြံစိုက်တောင်သူများ အနေဖြင့် လေထု သန့်စင်ရေး စီမံချက်များတွင် ပူးပေါင်းပါဝင်ကြရန်လည်း ပေတုန်တန်က တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့်နှစ်က လေထုညစ်ညမ်းမှု၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ခင်းများ မီးရှို့ရှင်းလင်းမှုမှ ထွက်လာသည့် မီးခိုး များကြောင့်ဖြစ်သည်။
ယခုနှစ်တွင်မူ စိုက်ခင်းမီးရှို့မှုများကို လျှော့ချနေသည့် စိုက်ပျိုးရေးဝန်ကြီးဌာနက ဦးဆောင်သော အစီအစဉ်များ တွင် တောင်သူများက ပူးပေါင်းပါဝင်ခဲ့သဖြင့် လေထုညစ်ညမ်းမှုသည် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအကြား ကျဆင်းခဲ့သည်။
အစိုးရအဖွဲ့ အနေဖြင့် ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို ထိန်းချုပ်ရန်လည်း ညွှန်ကြားခံထားရပြီး သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနက အိတ်ဇောပိုက်များမှ မီးခိုးများ အများအပြား ထွက်တတ်သည့် မော်တော်ယာဉ် အကြီးစားများကို အနီးကပ် စောင့်ကြည့်ပြီး စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်လျက်ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည်လည်း ဘေးအန္တရာယ် တားဆီးရေးနှင့် လျှော့ချရေးဌာန (DDPM)၊ ပြည်နယ် အုပ်ချုပ်ရေးမှူးများ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များနှင့်ပူးပေါင်းပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ပေတုန်တန်က ညွှန်ကြားခဲ့သည်။
ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဘန်ကောက်မြို့တော်တွင် လေထုညစ်ညမ်းမှုအဆင့် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးအတွက် အနီရောင်အဆင့် စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိခဲ့သည်။
Source: ဘန်ကောက်ပို့စ်
ပုံ - ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး