Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စပိန်တင်းနစ်ချန်ပီယံ နာဒယ် ကစားသမားဘဝက အနားယူ
ဒေးဗစ်ဖလားပြိုင်ပွဲမှာ စပိန်အသင်း ရှုံးနိမ့်ပြီးနောက် စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ် ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။
ဂရင်းစလန်းပြိုင်ပွဲ ၂၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ နာဒယ်ဟာ ဒေးဗစ်ဖလားပြိုင်ပွဲဟာ သူ့ ကစားသမားဘဝတလျှောက် နောက်ဆုံးဖြစ်ကြောင်း ပြိုင်ပွဲမတိုင်မီကတည်းက ထုတ်ဖော် ကြေညာထားပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ နာဒယ်ဟာ ပြီးခဲ့တဲ့ပွဲမှာ နယ်သာလန် ကစားသမားကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ သူ့ကို နှစ်ဖက်ပရိသတ်တွေက အားပေးခဲ့တာ တွေ့ရပါတယ်။
“ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နှစ် ၂၀ အကြာမှာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတွေရခဲ့ပြီး သူတို့ကြောင့်ပဲ တင်းနစ်ကို ဆက်ကစားဖြစ်တာပါ။ ကျနော့် ခန္ဓာကိုယ်က ကစားဖို့ ထပ်မဖြစ်နိုင်လို့ ကျနော့်အနေနဲ့ တင်းနစ်ကို ဆက်ပြီး ကစားဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ဝါသနာဖြစ်တဲ့ တင်းနစ်ကို အချိန်အကြာကြီး ကစားနိုင်ခဲ့တာက ကျနော့်အတွက် ဂုဏ်ယူစရာ ကိစ္စတခုပါ” လို့ နာဒယ်က ပြောပါတယ်။
စပိန်နဲ့ နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒေးဗစ်ဖလားပြိုင်ပွဲကို ပရိသတ် ၁၁,၅၀၀ လာရောက်ကြည့်ရှု့ခဲ့ပြီး ပရိသတ်တွေက နာဒယ်ရဲ့နာမည်ကို သံပြိုင်ကြွေးကြော်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
နာဒယ်ဟာ တင်းနစ်သမိုင်းတလျှောက်မှာ ဂျိုကိုဗစ် ပြီးရင် ဂရင်းစလန်း အမျိုးသားတယောက်ချင်း ပြိုင်ပွဲမှာ အောင်မြင်မှုအရှိဆုံး ကစားသမား ဖြစ်ပါတယ်။
ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ၁၄ ကြိမ်နဲ့ စံချိန်တင် ဗိုလ်စွဲထားတဲ့ နာဒယ်ဟာ ပွဲပေါင်း ၁၁၆ ပွဲမှာ ၁၁၂ ပွဲ အနိုင်ရခဲ့သူဖြစ်ပါတယ်။
နာဒယ်ဟာ ယူအက်စ်အိုးပင်းမှာ ၄ ကြိမ် ဗိုလ်စွဲထားပြီး ဩစတြေးလျအိုးပင်းနဲ့ ဝင်ဘယ်ဒယ်မှာ ၂ ကြိမ်စီ ဗိုလ်စွဲနိုင်ခဲ့သူ ဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲမှာ တယောက်ချင်းနဲ့ နှစ်ယောက်တွဲပြိုင်ပွဲတို့မှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ နာဒယ်ဟာ ဒေးဗစ်ဖလားပြိုင်ပွဲမှာလည်း စပိန်အသင်းကို ဖလား ၄ ကြိမ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
DVB
Source : Reuters
မိုင်းဖုန်းဆရာတော်ကြီး ဘူတန်နိုင်ငံမှ တာချီလိတ်မြို့နယ်သို့ ပြန်လည်ကြွရောက်
နိုဝင်ဘာ ၂၁
မိုင်းဖုန်းဆရာတော်ဘုရားသည် တရုတ်ပြည်နယ် ဘူတန်နိုင်ငံသို့ ကြွရောက်ပြီး ၄ လကျော်ကြာ တရား ကျင့်ကြံပြီးနောက် ယမန်နေ့တွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စုရှိ မိုင်းဖုန်းကျောင်းသို့ ပြန်လည်ကြွချီလာကြောင်း သိရသည်။
ဆရာတော်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ မှတဆင့် ပြန်လည်းရောက်ရှိလာခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် တာချီလိတ်မြို့နယ်တွင် ရွှေတိဂုံဘုရား ကုန်းပေါ်တွင် တည်ထားကိုးကွယ်မည့် နဂါးနှစ်ကောင်ဆရာတော်၏ လွမ်းစေတီအား တည်ထားရန်အတွက် ပန္နက်ချ မဂ်လာအခမ်းအနားသို့ ကြွရောက်ခဲ့သည်။
#centralnewsnaypyitaw
21 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,400
USD Sell - MMK 4,500
EUR Buy - MMK 4,625
EUR Sell - MMK 4,740
SGD Buy - MMK 3,310
SGD Sell - MMK 3,380
THB Buy - MMK 126.58
THB Sell - MMK 129.87
JPY Buy - MMK 28.23
JPY Sell - MMK 28.96
MYR Buy - MMK 980
MYR Sell - MMK 1,005
CNY Buy - MMK 605
CNY Sell - MMK 621
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,835,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,200,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
Minecraft နဲ့ ဆင်တူတဲ့ ကမ္ဘာ့ပထမဆုံး AI Video Game
AI ကို စက်ရုပ်တွေ လမ်းတံတားတွေ သင်္ချာပုစ္ဆာတွေ စသဖြင့် နယ်ပယ်အသီးသီးမှာ အသုံးချနေတာ အချိန်တစ်ခုရှိလာပြီဆိုတော့ AI နဲ့ဖန်တီးထားတဲ့ ဂိမ်းတွေထွက်လာမှာလည်း ဒုနဲ့ဒေးပါပဲ။ ဟုတ်ပါတယ် အခုပြောပြပေးမှာကလည်း AI နဲ့ အစအဆုံးဖန်တီးထားတဲ့ AI Video Game ပါ။ အစ္စရေးမှာရှိတဲ့ Decart AI ကုမ္ပဏီတစ်ခုကနေ မိတ်ဆက်လာတာပါ။
ဒီ AI Video Game ကိုတော့ “Oasis” လို့ အမည်ပေးထားပြီး အခမဲ့ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ Oasis ဂိမ်းကတော့ Minecraft ကို အခြေခံထားပြီး AI နဲ့ပဲ အစအဆုံး 100% ဖန်းတီးထားတဲ့ ဂိမ်းပါ။ AI ရဲ့ လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ်တဲ့ပရောဂျက်လည်း ဖြစ်ပါတယ်။ Decart ဟာ ဒီပရောဂျက်အတွက် Hardware Startup ဖြစ်တဲ့ Etched နဲ့ပူးပေါင်းခဲ့တဲ့အပြင် ဒေါ်လာ ၂၁ သန်းအထိ ရင်းနှီးမြုပ်နှံမှုတွေ ရခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ Demo ကို ဆော့ကြည့်တဲ့အခါမှာတော့ ကြည်လင်ပြတ်သားမှု အားနည်းသေးတဲ့အပြင် တချို့ Feature တွေက ကောင်းကောင်းအလုပ်မလုပ်တာမျိုး ဆော့ရတာထစ်သယောင်ယောင်မျိုးတွေ ဖြစ်တယ်လို့ YouTuber အချို့က ဆိုပါတယ်။ ဒါ့အပြင် Oasis မှာဆိုရင် Player တွေဟာ ကိုယ်ကစားတဲ့ပေါ်မူတည်ပြီး ဂိမ်းရဲ့တုံ့ပြန်ချက်တွေကို မတူအောင်တွေ့မြင်ရမှာဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်လည်း ဂိမ်းကစားရတဲ့ပုံစံ မတူညီလောက်ပါဘူး။
Oasis ကိုတော့ အောက်တိုဘာလကုန် နိုဝင်ဘာအစလောက်မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး အခမဲ့ဆော့ကစားနိုင်ပါပြီ။ Minecraft ပုံစံနဲ့ ဆင်တူဆိုတော့ minecraft ဆော့ရတာကြိုက်တဲ့သူတွေ ဆော့လို့ကောင်းမယ့်ဂိမ်းပါပဲ။ ဆော့ပြီးတဲ့သူတွေရှိရင်လည်း ကောင်းမကောင်း comment လေးပြန်ပြောပေးသွားပါဦးခင်ဗျာ...
Akhayar Tech