ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
VITA MAX Futsal League 1 နှင့် League 2 ပြိုင်ပွဲ ပထမအကျော့ ကစားသမားများ အပြောင်းအရွှေ့စတင်ပြုလုပ်နိုင်ပြီဖြစ်ဟု MFF အသိပေး
2024 VITA MAX Futsal League 1 နှင့် League 2 ပြိုင်ပွဲ ၏ ပထမအကျော့ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ကို ယခု နိုဝင်ဘာ (၂၀) ရက်မှ ဒီဇင်ဘာ (၂၀)ရက်အထိ တစ်လအကြာ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီထံက သိရသည်။
ထို့ကြောင့် 20240VITA MAX Futsal League 1 နှင့် 2 ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပထမအကျော့အတွက် ကစားသမား အပြောင်းအရွှေ့များ စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် League 1 နှင့် League 2 အသင်းများအနေဖြင့် အသင်းမှတ်ပုံတင်ခြင်းနှင့် Deposit ပေးသွင်းခြင်းများကိုလည်း နိုဝင်ဘာ (၂၀)ရက်မှ (၃၀) ရက်အတွင်း ပြုလုပ်ရမည်ဖြစ်ပြီး ကစားသမားများနှင့် အသင်းအုပ်ချုပ်နည်းပြအဖွဲ့ဝင်များ စာရင်းပေးသွင်းခြင်းကို လာမည့် ဒီဇင်ဘာ (၁၆) ရက်မှ (၂၃)ရက်နောက်ဆုံးထား ပြုလုပ်ရမည် ဖြစ်သည်ဟု အသိပေးထားသည်။
VITA MAX Futsal League 1 ပြိုင်ပွဲတွင် အသင်းပေါင်း (၁၀) သင်းနှင့် VITA MAX Futsal League 2 ပြိုင်ပွဲတွင် အသင်းပေါင်း (၁၂) သင်းတို့ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
VITA MAX Futsal League 2 ပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များကို ဒီဇင်ဘာ (၂၈) ရက်တွင် လည်းကောင်း၊ VITA MAX Futsal League 1 ပြိုင်ပွဲ၏ ပထမအကျော့ပွဲစဉ်များ ကို ဒီဇင်ဘာ (၂၉) ရက်တွင် လည်းကောင်း စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားနေဟု စီမံဘဏ္ဍာဝန်ကြီးပြော
လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ်သက်ရောက်မှုကြီးမားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂ ၄) အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများအနေဖြင့် စားသောက်ကုန်အမျိုးမျိုးနှင့် စက်သုံးဆီ ဖြန့်ဖြူးမှုများကို မြေပြင်အခြေအနေအပေါ် ထိန်းကျောင်းဆောင်ရွက်သင့်သည့် အစီအမံများ အသေးစိတ်ညှိနှိုင်းဆွေးနွေးကြရန်နှင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကို အကျိုးအမြတ်အတွက် ဈေးကစားခြင်းများ မရှိစေရေး ကြပ်မတ်ထိန်းကျောင်းသွားရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ ပျက်စီးဆုံးရှုံးရခြင်းသည် ကုန်ဈေးနှုန်းတည်ငြိမ်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိလာမည်ဖြစ်သည့်အတွက် စပါးစိုက်ပျိုးမှု၊ ထွက်ရှိမှု၊ ပြည်တွင်းစားသုံးမှု၊ အရန်ဆန်နှင့် ပြည်ပတင်ပို့မှုများကို တွက်ချက်စီမံရန်လိုအပ်ပြီး အသား၊ ငါး၊ ဥဈေးနှုန်းများ တည်ငြိမ်ရေးအတွက် တိရစ္ဆာန်မျိုးသားပေါက်၊ အစာနှင့် ကာကွယ်ဆေးစသည့် မွေးမြူရေးဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောသည်။
ထို့ကြောင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေးသင့်သည့် ရေတို၊ ရေရှည်အစီအမံများကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂ ၃ ခုနှစ် ဩဂုတ် (၁၈) ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဥနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင်အထွက်မှန်ကန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ရေးလုပ်ငန်းများကို ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။