1 y - Translate

မိုင် ၄၀၀ မောင်းနှင်နိုင်တဲ့ နေရောင်ခြည် စွမ်းအင်သုံး ကား
=================================
လက်ရှိမှာ လျှပ်စစ်ကားများစွာ ထွက်ပေါ်နေပေမယ့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားက တော်တော် ရှားပါသေးတယ်။ အခုတော့ Consumer Electronics Show (CES) 2025 မှာ Aptera က နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားကို ပြသလိုက်ပါတယ်။
ကားမှာ 700W Solar Cells တပ်ဆင်ထားပြီး နေရောင်ခြည် စွမ်းအင်နဲ့ နေ့စဉ် မိုင် ၄၀ မောင်းနိုင်ပါတယ်။ အားအပြည့်သွင်းထားရင် မိုင် ၄၀၀ တောင် မောင်းနှင်နိုင်ပါတယ်။ အဲဒီအတွက် ခရီးဝေး သွားနိုင်သလို နေ့စဉ် ကားမောင်းဖို့အတွက် အဆင်ပြေပါတယ်။
ကားရဲ့ Aerodynamics ဒီဇိုင်းက တော်တော်မိုက်ပြီး လေခွင်းအား ကောင်းမွန်ပါတယ်။ ကားရဲ့ လေနဲ့ ပွတ်တိုက်မှု စံနှုန်းဟာ ၀.၁၃ ပဲ ရှိပြီး Tesla Model 3 ရဲ့ ၀.၂၃ ထက် ပိုနည်းပါတယ်။
Aptera က နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

image

ဘရိုက်တန်အသင်းနည်းပြ ဖာဘီယန်ဟေလ်ဇေလာလ်က ပြီးခဲ့တဲ့ညတုန်းကအဂ်လန်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်အိုးထရက်ဖို့ဒ်ကွင်းမှာမန်ယူအသင်းနဲ့ ၃-၁ နဲ့အနိုင်ရခဲ့ပြီးနောက်အသင်းသားတွေကိုထုတ်ဖော်ချီးကျူးပြောဆိုလိုက်ပါတယ်။

ဖာဘီယန် ဟေလ်ဇေလာလ်ကတော့ ဘရိုက်တန်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ပြီးနောက်မှာတော့ စကိုင်းစပေါ့သတင်းအင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။ငါတို့ကစားပုံအရမ်းကောင်းမွန်ခဲ့ပြီး ကောင်းကောင်းကစားနိုင်တဲ့ပုံစံကိုထိန်းထားနိုင်ခဲ့ပါတယ်။ငါတို့ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပြီး ပွဲချိန်ဒုတိယပိုင်းမှာတော့အခွင့်အရေးကောင်းတွေဖန်တီးထားနိုင်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။

ငါတို့အရမ်းဂုဏ်ယူပြီးဒီရာသီကာလမှာ မန်ယူအသင်းကို ၂ ကျော့စလုံးအနိုင်ရယူနိုင်ခဲ့တဲ့အတွက်အရမ်းပျော်ရွှင်ပါတယ်။ဒါပေမဲ့ ဒီပွဲစဉ်မှာတော့ ငါတို့အနေနဲ့ ရမှတ် ၃ မှတ်သာရယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ငါတို့အနေနဲ့ဆက်ကြိုးစားသွားရပါမယ်။

အိုးထရက်ဖို့ဒ်ကွင်းမှာ သမိုင်းကြောင်းကြီးကျယ်ခမ်းနားတဲ့အသင်းကိုအနိုင်ရယူနိုင်ခဲ့တာဟာ ထူးခြားတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ငါတို့အနေနဲ့ ပျော်ရွှင်ပေမဲ့ငါတို့တရက်ပြီးတရက်အလုပ်ကြိုးစားသွားရပါမယ်လို့ ဘရိုက်တန်အသင်းက မန်ယူအသင်းကိုအိမ်ကွင်းရောအဝေးကွင်းမှာပါအနိုင်ရယူခဲ့တာနဲ့ပတ်သက်ပြီး နည်းပြ ဖာဘီယန် ဟေလ်ဇေလာလ်ကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
1 y - Translate

ပုဂံမှာ ချစ်ရသူလေး ရွှေမဘုံကို ခေါ်သွားပြီး ကြူးပြလိုက်တဲ့ အဆိုတော် G Fatt

ချစ်သူလေးကို 'သမုဒယနဲ့ချည်တဲ့ နွယ်' လို့ တင်စားလိုက်တာပါ။ ပရိသတ်တွေက တွဲနေကြတယ်ဆိုပြီး မှတ်ချက်အမျိုးမျိုးပေးကြပေမယ့် တရားဝင်အသိပေးထားခြင်း မရှိခဲ့ပါဘူး။ ဒီကနေ့မှာတော့ ချစ်သူလေးဟာ သူမဖြစ်ကြောင်း ပုဂံရောက်ပုံလေးနဲ့ တရားဝင်ချပြလာတာပါ။ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေဟာလည်း အွန်လိုင်းပေါ်မှာ မကြာခဏဆိုသလို တက်လာလေ့ရှိပါတယ်။

#celecele

image
1 y - Translate

The Nun (2018)

ကျွန်ုပ်တို၏ ဗုဒ္ဓဘာသာအယူအဆအရ ၎င်းတိုသည် ဘုန်းကြီးဖြစ်သည်။
အနောက်နိုင်ငံတွေမှာ ဘီလူးကြီးတွေ ရှိတယ်။၎င်းတိုကို The Demon Demons ဟုခေါ်သည်။Conjuring UniverseCrooked Man နှင့် The Nun သည် The Nun ၏နောက်တွင် ပြေးနေသည်ကို တွေ့ရပါမည်။မျက်နှာကြီးကြီးနှင့် အစွယ်ကြီးရှိသော သီလရှင်တစ်ပါးမျက်စိက လွတ်တာမဟုတ်ဘူး။အနောက်စိတ်ဝိညာဉ်လောကတွင် သီလရှင်ကို Valak ဟုခေါ်သည်။မကောင်းသောစာအုပ်များတွင် နတ်ဆိုးတစ်ကောင်လုပ်ရင်၊ယခု သူမကို The Nun (2018) တွင် သီလရှင်အဖြစ် မြင်တွေ့နိုင်ပြီဖြစ်သည်။ဇာတ်လမ်းတိုသည် ရိုမေးနီးယားမှဖြစ်သည်။Saint Khartoum လိုခေါ်တဲ့ ဘုရားကျောင်းမှာ သီလရှင်တစ်ပါးကို သတ်ဖို ကြံစည်ခဲ့တဲ့ သီလရှင်တစ်ပါးဤသည်မှာ ကက်သလစ်အသင်းတော်၏ ဌာနချုပ်ဖြစ်သည်။ဗာတီကန်စီးတီးရှိ ဘုန်းကြီးများသည် သီလရှင်အသစ်နှင့်ဓားပြတိုက်မှု သံသယနဲ့ ဘုန်းကြီးတစ်ပါးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ဒါပေမယ့် ရိုမေးနီးယားကို ရောက်တဲ့အခါမှာတော့ ဒီသာမန်သီလရှင် အသတ်ခံရမှုရဲ့ နောက်ကွယ်မှာ ရှိနေခဲ့ပါတယ်။
ဘာတွေဖြစ်နေလဲ သိပါရစေ
အစွယ်နှင့် အလွန်အစွမ်းထက်သော နတ်ဆိုးပါဝင်လာကြတယ်။

image

ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည်တမြမြနှင့် ဘိလိယက်ထိုးနေကြသည့် မြန်မာနိုင်ငံသားတစ်သိုက် ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၁

ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည်တမြမြနှင့် ဘိလိယက်ထိုးနေကြသည့် မြန်မာနိုင်ငံသားတစ်သိုက် ဇန်နဝါရီလ ၁၉ ရက်က အဖမ်းခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်၊ အမှတ် (၆)၊ အောင့်နွဲ့ကျေးရွာတွင် ဘိလိယက်ခုံဖြင့် တွဲပြီးဖွင့်ထားသည့် ဈေးဆိုင်တစ်ဆိုင်တွင် မြန်မာနိုင်ငံသားများက ဘိန်းစာရွက်ပြုတ်ရည် (ခရမ်ရွက်ဖျော်ရည်နှင့် ဆေးစိမ်ထားသော ဆေးများ)တမြမြနှင့် ဘိလိယက်ထိုးနေကြကြောင်း ထိုင်းနိုင်ငံသားများ၏ သတင်းပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စမွတ်ဆာခွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးချိန် ဘိန်းစာရွက်ပြုတ်ရည်တမြမြနှင့် ဘိလိယက်ထိုးနေကြသည့် မြန်မာနိုင်ငံသား (၃၀) ကျော်ကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းဆိုင်တွင် ဘိန်းစာရွက်ပြုတ်ရည်(ခရမ်ရွက်ဖျော်ရည်နှင့် ဆေးစိမ်ထားသော ဆေးရည်များ) ကို ခွင့်ပြုချက်မဲ့ လျှို့ဝှက် ရောင်းချခြင်းဖြစ်ကြောင်း၊ ယင်းဆိုင်တွင် မြန်မာနိုင်ငံသားများ တရုန်းရုန်း လာရောက်ကြလေ့ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ရှာဖွေရာတွင် ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသော ဘိန်းစာရွက်ပြုတ်ရည် (၄၂) လုံး၊ ချောင်းဆိုးပျောက် ဆေးရည် (၇) လုံး၊ ယာဒေါင်အရက် (၂၂၄) လုံးကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ခေတ်မီဆေးဝါးရောင်းချခွင့်လိုင်စင်နှင့် ယစ်မျိုးရောင်းချခွင့်လိုင်စင် မရှိသည့် ဈေးဆိုင်ပိုင်ရှင် ၆ ဦးနှင့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

imageimage
+6
1 y - Translate

#မင်းသားချောတိုက်ဂါးရဲ့အက်ရှင်ဇာတ်ကြမ်းကား
Hero-panti 2 (2022)#fblink❤
နံပါတ် ၁ ကတော့ ၂၀၁၄ ကထွက်ထားပြီး အချိတ်အဆက်မရှိလို့ ပြန်မကြည့်လည်းရပါတယ်
He-ro-pan-ti ကို မြန်မာလိုပြန်လိုက်ရင် ဟီးရိုးဝင်လုပ်တယ်ဆိုပါတော့....
ကားနာမည်အတိုင်းပဲ ဒီကားက တိုက်ဂါးရဲ့အက်ရှင်သက်သက်ကား...
ဇာတ်လမ်းကိုပြောရမယ်ဆိုရင်
အိနိဒယနိုင်ငံသားတွေဆီကနေ လုယက်ချင်နေတဲ့ လူတစ်ယောက်ရှိတယ်
ဟက်ကာတစ်ယောက်ဆိုပါတော့ လွန်စွာရက်စက်တဲ့ ဆိုက်ကိုမျက်လှည့်ဆရာတစ်ယောက်လည်းဖြစ်သေးတယ်
သူကနိုင်ငံသားတွေအခွန်ဆောင်ရမယ့်နေ့မှာ အားလုံးရဲ့အကောင့်ထဲကငွေတွေကို လှမ်းဟက်ပြီး အပိုင်စီးချင်နေတာပေါ့
မင်းသားက သူ့ထက်နှာတဖျားသာတဲ့ ဟက်ကာ...ဆိုတော့ ဒီအဖြစ်ကိုတားဆီးဖို့ ထောက်လှမ်းရေးက
မင်းသားကို သူ့အဖွဲ့ထဲဝင်ပြီး ဒေတာတွေ ပြန်ဟက်ခိုင်းတဲ့အခါ....
ဖြစ်လာမယ့်စွန့်စားခန်းတွေနဲ့ တိုက်ဂါးရဲ့အက်ရှင်တွေကို တဝကြီးကြည့်ရှုခံစားရမှာပါ
အော် မင်းသမီးကလည်း Stu-dent of t-h-e Ye-ar 2 ထဲက မင်းသမီးချောလေး တာရားဆိုတော့
သူမရဲ့ဝတ်စားဆင်ယင်ပုံအလန်းတွေကို အပိုထပ်ဆောင်းအနေနဲ့ မျက်စိပါအစာကြွေးနိုင်မှာပါ....

#crd

image
1 y - Translate

#မင်းသားချောတိုက်ဂါးရဲ့အက်ရှင်ဇာတ်ကြမ်းကား
Hero-panti 2 (2022)#fblink❤
နံပါတ် ၁ ကတော့ ၂၀၁၄ ကထွက်ထားပြီး အချိတ်အဆက်မရှိလို့ ပြန်မကြည့်လည်းရပါတယ်
He-ro-pan-ti ကို မြန်မာလိုပြန်လိုက်ရင် ဟီးရိုးဝင်လုပ်တယ်ဆိုပါတော့....
ကားနာမည်အတိုင်းပဲ ဒီကားက တိုက်ဂါးရဲ့အက်ရှင်သက်သက်ကား...
ဇာတ်လမ်းကိုပြောရမယ်ဆိုရင်
အိနိဒယနိုင်ငံသားတွေဆီကနေ လုယက်ချင်နေတဲ့ လူတစ်ယောက်ရှိတယ်
ဟက်ကာတစ်ယောက်ဆိုပါတော့ လွန်စွာရက်စက်တဲ့ ဆိုက်ကိုမျက်လှည့်ဆရာတစ်ယောက်လည်းဖြစ်သေးတယ်
သူကနိုင်ငံသားတွေအခွန်ဆောင်ရမယ့်နေ့မှာ အားလုံးရဲ့အကောင့်ထဲကငွေတွေကို လှမ်းဟက်ပြီး အပိုင်စီးချင်နေတာပေါ့
မင်းသားက သူ့ထက်နှာတဖျားသာတဲ့ ဟက်ကာ...ဆိုတော့ ဒီအဖြစ်ကိုတားဆီးဖို့ ထောက်လှမ်းရေးက
မင်းသားကို သူ့အဖွဲ့ထဲဝင်ပြီး ဒေတာတွေ ပြန်ဟက်ခိုင်းတဲ့အခါ....
ဖြစ်လာမယ့်စွန့်စားခန်းတွေနဲ့ တိုက်ဂါးရဲ့အက်ရှင်တွေကို တဝကြီးကြည့်ရှုခံစားရမှာပါ
အော် မင်းသမီးကလည်း Stu-dent of t-h-e Ye-ar 2 ထဲက မင်းသမီးချောလေး တာရားဆိုတော့
သူမရဲ့ဝတ်စားဆင်ယင်ပုံအလန်းတွေကို အပိုထပ်ဆောင်းအနေနဲ့ မျက်စိပါအစာကြွေးနိုင်မှာပါ....

#crd

image

"မအေးဖြူကိုကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ
နာကြည်းစွာ ခံစားရသည်။
ကျွန်တော့်ကိုကျွန်တော် စက်ဆုပ်ရွံ့မုန်းမိသည်။
ဖြစ်ရပ်အားလုံး၏ တရားခံမှာ ကျွန်တော်..
ကျွန်တော့်ကြောင့် သားကြီးသေခဲ့ရပြီ။
ကျွန်တော့်ကြောင့် မအေးဖြူရူးသွားပြီ။
ကျွန်တော့်ကြောင့် လူများစွာ ဝမ်းနည်း
ကြေကွဲခဲ့ရပြီ။
ကျွန်တော်လူမိုက် ကျွန်တော်သစ္စာမဲ့သူ။လူယုတ်မာ။
#ကျွန်တော်အမုန်းဆုံးကျွန်တော်
လယ်တွင်းသားစောချစ်

ရေးတိုက်ပွဲကြောင့် ကျေးရွာပေါင်း ငါးရွာထက်မနည်း ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရ

ဇန်နဝါရီ ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီး တိုက်ပွဲကြောင့် ကျေးရွာပေါင်း ငါးရွာထက်မနည်း ရွာလုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျုံလောင်းရွာဟောင်းအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး နစကတပ်က နယ်မြေရှင်းလင်းရေး လုပ်လာတဲ့အတွက် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတို့ကြောင့် ကျုံလောင်း၊ ကျောက်မိကျောင်း၊ ဝယ်ပေါင်၊ ဝယ်ဇင်၊ ကျောင်းရွာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“စစ်ရှောင်အရေအတွက်က ခန့်မှန်းခြေ ထောင်ကျော်လောက်တော့ ရှိမယ်။ အတိအကျတော့ မသိရဘူး။ ရှောင်တာကတော့ ရေးမြို့ပေါ်နဲ့ ဓမ္မပါလကျေးရွာဘက်ကို ရှောင်ကြတာ။ ကျန်ခဲ့တဲ့ ရွာခံတွေကလည်း အပြင်မထွက်ရဲကြဘူး။ ကတုတ်ကျင်းထဲ ပုန်းနေကြရတယ်။ တိုက်ပွဲအတွင်းမှာ လူသေဆုံး၊ ဒဏ်ရာရတာတွေလည်း ရှိတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ရေးမြို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို နစကဘက်က ဖြတ်တောက်ထားတာကြောင့် စစ်ဘေးရှောင်နဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါအပြင် လက်ရှိမှာ တိုက်ပွဲကြောင့် ကျုံလောင်း၊ ကျောက်မိကျောင်း ကျေးရွာတွေရှိ အခြေခံပညာ မူလတန်းကျောင်း နှစ်ကျောင်းနဲ့ ဝယ်ဇင်း၊ ဓမ္မပါလ၊ ဝယ်ပေါင်ကျေးရွာတွေရှိ မွန်အမျိုးသား မူလတန်းကျောင်း သုံးကျောင်းတို့ကို ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး ပိတ်ထားရတယ်လို့ သိရပါတယ်။

“တိုက်ပွဲက ဇန်နဝါရီ ၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၁၀ ရက်ကျော်လောက် ဖြစ်ခဲ့တာ။ အခုကတော့ တိုက်ပွဲငြိမ်နေတယ်လို့ ပြောလို့ရပေမယ့် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတော့ ဘယ်သူမှ အပြင်ကို သွားသွားလာလာ မလုပ်ရဲကြဘူး။ ဘာအလုပ်မှလည်း မလုပ်နိုင်ကြတော့ဘူး။ ကလေးတွေလည်း ကျောင်းမတက်ရဲကြတော့ဘူး။ ဆရာ၊ ဆရာမတွေလည်း ကျောင်းမလာရဲကြတော့ဘူးလေ။ အဲဒါကြောင့် ကျောင်းတွေလည်း ပိတ်ထားရတယ်။ နောက်ပိုင်း တိုက်ပွဲပိုပြီး ပြင်းထန်လာမှာကိုလည်း အားလုံးက စိုးရိမ်နေကြတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဒေသတွင်း လက်နက်ကိုင်တပ်‌တွေက ဝယ်ပေါင် - ကျုံလောင်းလမ်းပိုင်းကို ပိတ်ဆို့ကာ ထိန်းချုပ်ထားသလို နစကဘက်ကလည်း စစ်အင်အား ဖြည့်တင်းခြင်းတွေ လုပ်ဆောင်နေတာကြောင့် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

မုန့်လက်နှိပ်
***********
ကြိုက်နှစ်သက်ရာ ပဲကို သုံးလို့ရပါတယ်ဗျ

ပြုလုပ်နည်း
***********
ပထမဆုံး ပဲလွန်းကို တစ်ညရေစိမ်ပြီး နူးအောင်ပြုတ်ထားပါ။(ရေစိမ်ဖို့မေ့ရင်တော့ pressure cooker လေးနဲ့ ပြုတ်ပေးနော်)

မုန့်သားအတွက် -ကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၈ ဇွန်း
-ဆန်မှုန့် ၃ ဇွန်း
-ဆား အနည်းငယ်
-ရေနွေး ၂၈ ဇွန်း။ တို့လိုပါတယ်

ရေနွေးကို ဖြည်းဖြည်းချင်းထည့်ပြီး မုန့်သားပေါက်အောက် နယ်ပေးပါ။ ပြီးရင် ၁၀ မိနစ်နှပ်ပါ

မုန့်နှပ်ထားတုန်း ထန်းလျက်ရည်ကျိုပါမယ်။ ထန်းလျက်ခဲ ၆ ခဲလောက်ကို ရေတစ်ဝက်မြုပ်ရုံလောက် ထည့်ပြီး ကျိုပါ။ နည်းနည်းပစ်တဲ့အခါ မီးပိတ်ပြီး ဇကာစစ်လိုက်ရင်ရပါပြီ။

မကပ်အိုးမှာ ဆီနည်းနည်းသုတ်ပြီး အပူပေးထားပါ

မုန့်သားကို ကြိုက်ရာအရွယ်ယူပြီး လက်ဖဝါးပေါ်မှာ နည်းနည်းပြားပါ ။
ပြီးမှ အိုးပေါ်တင် ပဲလွန်းပြုတ် ကြိုက်သလောက်ထည့်ပြီး မုန့်လက်နှိပ်ဆိုတဲ့အတိုင်း လက်ဖဝါးနဲ့ ဖိချပေးပါ။
April ကတော့ ဇွန်းနဲ့ပဲဖိပါတယ်🤪

အောက်မုန့်သားကျက်ရင် တစ်ဖက်လှန်ပေးပါနော်

အခုဆို မုန့်လက်နှိပ်လေး ရပါပြီ😋

image