နိုဝင်ဘာ ၂၂ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
43 w - Translate

"စက်သုံးဆီ ခွဲတမ်းလုံးဝမပေးတော့မည့် ဒေသများထုတ်ပြန်"

လက်နက်ကိုင်အဖွဲအစည်းများဆီမရောက်ရှိစေရန် စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြိုနယ်များ စာရင်း ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနက ထိုသို အသိပေးလာခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာနှင့်မှ အဆိုပါ မြိုနယ်များသို စက်သုံးဆီများ သယ်ယူပိုဆောင်ခြင်း မပြုလုပ်ကြရန်၊ ပိတ်ပင်ထားသော နယ်မြေများမှ သက်ဆိုင်ရာစစ်တပ်နှင့်ရုံးဌာနများအတွက် စက်သုံးဆီများကို အထူးကိစ္စရပ်အဖြစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီ PO များ လုံး၀ ချထားပေးခြင်းမပြုရသည့် နေရာများတွင် ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြိုမှ လွဲ၍ မြိုနယ်များအားလုံးပါဝင်နေကြောင်း၊ လားရှိး၊ နောင်ချို အပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံး၊ ချင်းပြည်နယ်ရှိ မြိုနယ်များအားလုံး စက်သုံးဆီ PO လုံး၀ မပေးတော့ခြင်းဖြစ်သည်။

ပိတ်ပင်လိုက်သည့်မြိုနယ်များမှာ ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ နောင်ချို၊ လားရှိး၊ ခမ်းပက်၊ မိုင်းရယ်၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်(မကွေး)၊ မိုးကုတ်၊ မြင်းခြံတို ပါဝင်ကြောင်းလည်းသိရသည်။

" ဘာအကြောင်းနဲ့မှ အဲဒီဆီဆိုင်တွေကို ဆီ ထုတ်ပေးစရာမလိုတော့တဲ့သဘောပါပဲ။ ဘာအကြောင်းနဲ့မှ အဲဒီဘက်ကိုဆီသယ်လို မရပါဘူး" ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အထူးသဖြင့် စက်သုံးဆီ သယ်ဆောင်ရာတွင် တင်ပြခွင့်ပြုထားသည့် ခရီးဆုံးနေရာအထိ သယ်ယူမည့် စက်သုံးဆီပမာဏအတိအကျကို အလေအလွင့်မရှိဘဲ သယ်ယူရန်၊ ဆီသယ်ယူရာတွင်လည်း တင်ပြခွင့်ပြုထားသည့် ဆီဘောက်ဆာယာဉ်မှလွဲ၍ မည်သည့်အစားထိုးယာဉ်ကိုမှ အသုံးပြုခြင်းမပြုရန်၊ ရောင်းချရန် ခွင့်ပြုထားသည့် စက်သုံးဆီပမာဏအတိုင်း ရောင်းဝယ်ရန်၊ ဆီသိုလှောင်၍ ပြင်ပသို ထုတ်ရောင်းခြင်း လုံး၀(လုံး၀) မပြုလုပ်ရန် စည်းကမ်းချက်နှင့် ညွှန်ကြားချက်အသစ်များလည်း ထုတ်ပြန်ကြောင်း သိရသည်။

image
43 w - Translate

"အ​မေရိကန်သည်ဖက်ဆစ်နိုင်ငံဖြစ်လာပြီဟုအ​မေရိကန်ဂျာနယ်လစ်ကစွပ်စွဲ"

အ​​မေရိကန်ဂျာနယ်လစ် တပ်ကာကာလ်ဆင် ကအ​မေရိကန်သည်သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင်ဖက်ဆစ်နိုင်ငံဖြစ်လာ​ကြောင်း၊​ဒေါ်နယ်ထရမ့်သမ္မတရာထူးလက်မခံမီရုရှားနှင့်နျူကလီးယားစစ်ဖြစ်ပွားရန်လုပ်​ဆောင်​နေ​ကြောင်း၊အ​မေရိကန်တာ​ဝေးပစ်ဒုံးကျည်များဖြင့်ရုရှား​မြေကိုပစ်ခတ်ရန်အစိုးရသက်တမ်းကုန်ကာနီးတွင်မှယူကရိန်းကိုခွင့်ပြုလိုက်ခြင်းသည်သူ့ဘဝတ​လျောက်တခါမှမမြင်ဘူး​သောမိစ္ဆာလုပ်ရပ်ဖြစ်​ကြောင်း​ပြောကြားလိုက်သည်။

NOM

image
43 w - Translate

"Elon Musk သည် သြစတြေးလျ၏ ကလေးများအတွက် ဆိုရှယ်မီဒီယာကို ပိတ်ပင်ထားမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။"

ဆိုရှယ်မီဒီယာပလပ်ဖောင်း X ၏ပိုင်ရှင် အမေရိကန် ဘီလီယံနာ Elon Musk သည် ဩစတြေးလျ၏ အသက် 16 နှစ်အောက် ကလေးများအတွက် ဆိုရှယ်မီဒီယာကို ပိတ်ပင်ရန်အဆိုပြုထားသည့် ဥပဒေနှင့် ယင်းကို စနစ်တကျ ချိုးဖောက်မှုများအတွက် ကုမ္ပဏီများကို သြစတြေးလျဒေါ်လာ 49.5 သန်း (ဒေါ်လာ 32 သန်း) အထိ ဒဏ်ရိုက်နိုင်သည်ကို ဝေဖန်ခဲ့သည်။

သြစတြေးလျ၏ ဗဟိုလက်ဝဲအစိုးရသည် ကြာသပတေးနေ့တွင် ပါလီမန်တွင် အဆိုပါဥပဒေကြမ်းကို တင်သွင်းခဲ့သည်။ ၎င်းသည် ဆိုရှယ်မီဒီယာအသက်အရွယ် ဖြတ်တောက်မှုကို ကျင့်သုံးရန် အသက်-စိစစ်ရေးစနစ်၊ ယနေ့အထိ မည်သည့်နိုင်ငံမှ ချမှတ်ထားသည့် အပြင်းထန်ဆုံး ထိန်းချုပ်မှုအချို့ကို ကြိုးပမ်းချမှတ်ရန် စီစဉ်နေသည်။

image
43 w - Translate

This is my favourite hobby. 😴😁💗

image
43 w - Translate

အပြင်သွားလို့ ဆိုင်ကယ်စီးတဲ့အချိန်တိုင်း
နောက်ကနေ လက်ကမြင်းတဲ့ကောင်မလေး 👀❤️

image
43 w - Translate

🖤💯

image
43 w - Translate

ဒီလောက်ကောင်းပေးခဲ့တာတောင် ငါ့အပေါ်ဘာလို့လုပ်ရက်ကြရတာလဲဆိုတဲ့စိတ်နဲ့ သိပြီးသားအဖြေတစ်ခုကို စိတ်အပင်ပန်းခံတွေးပြီး ဝမ်းနည်းမနေချင်တော့ဘူး။

"အရာရာဟာ ငါဖြစ်နေလို့ ငါ့မို့လို့" လုပ်ရက်ကြတာလို့တွေးပြီးပဲ ပြုံးနေလိုက်တော့တယ် ။

🌻🤍
#linh

image
43 w - Translate

မင်းက ရာသီဥတုပဲ
ကိုယ်က ခံနိုင်ရည်မရှိဘူး
အဲဒီတော့ ဖျားတယ် နာတယ် ခေါင်းကိုက်တယ် သတိရတယ်။

|| ဒီအိမ့်လှိုင်း

image
43 w - Translate

ဘယ်သူ့ကိုမှ အရှုံးမပေးခင်မှာ ငါကြိုးစားတယ် ပြီးတော့ ငါမကြိုးစားနိုင်တော့တဲ့အထိ ငါကြိုးစားတယ်။

image