Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ်(၂၇)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိ
နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးအား ငွေကျပ်(၂၇) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ နိုဝင်ဘာ ၅ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက်နံနက် ၅ နာရီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝဘက်မှ ကလေးဘက်သို့ စိန်လွင်မောင်းကာ ချစ်စန်းကို လိုက်လာသည့် FUSO ၁၂ ဘီးကားကိုရှာဖွေစစ်ဆေးရာ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ယင်း မူးယစ်ဆေးဝါးများအား မန္တလေးမြို့မှ ကလေးမြို့သို့တင်ပို့ရောင်းချခဲ့သည့် မြင့်နိုင်ဦး(ခ)မောင်စိုးနှင့် ဇော်ဝင်းထွန်း(ခ) နိုင်ဝင်းထွန်း(ခ)နားကားတို့အား မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ဘရန်မွန်း(ခ)ဇော်တန်နှင့် ရန်နိုင်တို့အား မဟာအောင်မြေမြို့နယ်တို့၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မူးယစ်ဆေးဝါးများအား ကလေးမြို့တွင် လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်သို့ တင်ပို့ရောင်းချသူများဖြစ်သည့် လားထန်ပွီးယယာ၊ သောက်နယ်လွယ်(ခ)ပုသောက်တို့အား နိုဝင်ဘာ ၅ ရက်တွင် ကလေးမြို့နှင့် မန္တလေးမြို့မှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများတင်ပို့ခဲ့သည့် ဝင်းဌေးအောင်အား ပြည်ကြီးတံခွန်မြို့နယ်၊ မူးယစ်ဆေးဝါးများအား လက်ခံသိုလှောင်ထားသည့် လှမိုး(ခ)ဆန်းလွင်အား ကလေးမြို့တွင် နိုဝင်ဘာ ၆ ရက်က မူးယစ်ဆေးဝါးများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ မူးယစ်ဆေးဝါးများအား မန္တလေးမြို့တွင်တစ်ဆင့်ပြန်လည်ရောင်းချသူ ရော်ကျိန်ရန်(ခ)အားဟွိုက်၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်းလက်ခံဆောင်ရွက်ပေးသူ မအားမိန်၊ လက်ခံသိုလှောင် ဖြန့်ဖြူးပို့ဆောင်ပေးသူ ရဲဇော်အောင်(ခ)အားဖတို့အား ချမ်းမြသာစည်မြို့နယ်တွင် ထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးအား ငွေကျပ်(၂၇ ဒသမ ၅)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်း ဖြူ(၁၅၀ ဒသမ ၀၃)ကီလို၊ စိတ်ကြွဆေးပြား(၅ ဒသမ ၅၁)သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ တန်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ယင်း မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို့ သယ်ဆောင်၍ကလေးမြို့တွင်သိုလှောင်ကာ မြန်မာ-အိန္ဒိယနယ်စပ်၌ တစ်ဘက်နိုင်ငံမှ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများနှင့် ချိတ်ဆက်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ၎င်းတို့အား ဥပဒေအရအမှုဖွင့်ပြီး ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit - MMG News Agency
#သတင်းဟင်းလေးအိုးကြီး
မင်းပြားမှာ လူ၂၀၀ ကျော် ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ငါးယောက်အထိ ရှိလာ
နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ကျေးရွာပေါင်း ၂၀ ကျော်က လူပေါင်း ရာနဲ့ချီ ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ငါးယောက်အထိ ရှိလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းပြားမြို့နယ်က ကျီးမချေ၊ ကျီးမကြီး၊ င/လင်ကြီး၊ နတ်ထောက်၊ ခွီးချီးမြောင်၊ ဇိုင်ချောင်း၊ ပန်းမြောင်း၊ ထိန်ပင်၊ ရွှီတောင်၊ အညှင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဒိုင်းသား၊ ဝါးတောင်၊ မြင်းကဆိပ်၊ ခွဆုံ စတဲ့ ကျေးရွာတွေအပြင် တခြားသော ကျေးရွာမှာ ငှက်ဖျားရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတာဖြစ်ပြီး ဆေးခန်းရှိပေမယ့် ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါး အလုံအလောက် မရှိတဲ့အတွက် ဆေးကုသဖို့ အခက်တွေ့တယ်လို့ သိရပါတယ်။
“ငှက်ဖျားဆေးကလည်း ပြတ်သလောက် ဖြစ်နေတာ။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ရော၊ ဆေးဝါးသယ်ယူခွင့် ပိတ်ထားတာကြောင့်ရော ဆေးတွေလည်း ရှားပါးနေပြီ။ ဘာရောဂါပဲဖြစ်ဖြစ် မရှိတဲ့ဆေးက များနေတယ်။ အဲဒီတော့ ရောဂါတခုဖြစ်ရင် သေဖို့ကများတယ်။ ဒီ နိုဝင်ဘာလထဲမှာပဲ ငှက်ဖျားကြောင့် သေတဲ့သူ ငါးယောက်လောက် ရှိနေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မင်းပြားက ဒေသခံအများစုဟာ တော၊ တောင်တွေကို အဓိကထား မှီခိုပြီး လုပ်ကိုင်စားသောက်နေရတာဖြစ်ကာ ခြင်ကိုက်ခံရတာကတဆင့် ငှက်ဖျားပိုး ကူးစက်ခံရတာဖြစ်သလို လူနေထူထပ်တာ၊ တနေရာနဲ့ တနေရာ စစ်ရှောင်ရင်း ရွှေ့ပြောင်းသွားလာရတဲ့သူ များတာတွေကြောင့် ရောဂါပိုမို အဖြစ်များလာတယ်လို့ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
“ဒီဒေသက အရင်ကတည်းက ငှက်ဖျားထူတဲ့ ဒေသလည်းဖြစ်တယ်။ အခုပိုဆိုးတာက တောတောင်တွေထဲကို ဖြတ်ရင်း စစ်ရှောင်လာရတဲ့သူတွေလည်း ရှိနေတယ် ဆိုတော့ ရောဂါဖြစ်တဲ့သူ ပိုများလာတယ်။ အရင် ဆေးရှိနေတုန်းကတော့ အဆင်ပြေတာပေါ့။ အခု ဆေးမရှိတော့ အခြေအနေတွေ ပိုဆိုးလာတယ်။ ပြီးတော့ ဒီအချိန်က ဆောင်းရာသီကာလလည်း ရောက်လာပြီဆိုတော့ ငှက်ဖျားက ပိုပြီးစိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ဆေးဝါးအဝင် ဖြတ်တောက်ခံထားရတော့ ကုသမှုအပိုင်းမှာ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ငှက်ဖျားက ရိုးရိုး ဆေးတလုံးသောက်ရုံနဲ့ ပျောက်တဲ့ရောဂါလည်း မဟုတ်ဘူးလေ။ ပြီးတော့ ဒီမှာက ခြင်ထောင် လုံလုံလောက်လောက်လည်း မရှိကြဘူး။ AA နဲ့ အရပ်ဖက် အဖွဲ့အစည်းတချို့က ထောက်ပံ့တာတွေ ရှိပေမယ့်လည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်” လို့ သူက ပြောပါတယ်။
ဒေသခံတွေဟာ ခြင်ထောင်မလုံလောက်ခြင်း၊ ဆေးဝါးရှာမရခြင်း၊ ငွေကြေးအဆင်မပြေခြင်းတို့ကြောင့် ပိုမို ဒုက္ခရောက်နေကြရပြီး ငှက်ဖျားရောဂါနဲ့ ပတ်သက်လို့ ကျန်းမာရေးအသိ အားနည်းချက်ကြောင့် ရောဂါကူးစက်မှုနှုန်း မြန်ဆန်နေတယ်လို့ သူက ပြောပါတယ်။
“တောတောင်တွေထဲ အလုပ် လုပ်ပြီးပြန်လာပြီးတာနဲ့ အိမ်ရောက်ရင် ဖျားကြပြီ။ ဒီရောဂါကလည်း တအိမ်မှာ တယောက်ဖြစ်ရင် တအိမ်လုံး ကူးတာလေ။ ပြီးတော့ ဒီအရပ်ဒေသက ခြင်လည်းတအားပေါတယ်။ ရေဘေးဖြစ်ထားတော့ ပိုဆိုးတယ်။ ခြင်ဆေးဖျန်းနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ခက်တာက ကုန်လမ်း၊ ရေလမ်း၊ ဆေးဝါး အကုန်ပိတ်ထားတော့ အလွယ်တကူ ဘာမှမရတာခက်တယ်။ ဈေးတွေကလည်း အစစအရာရာ ဈေးတက်နေတော့ တချို့ဆိုရင် ပိုက်ဆံမရှိလို့ ဆေးမသောက်နိုင်ကြဘူး” လို့ သူက ပြောပါတယ်။
ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရခြင်းမှ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်များခြင်း၊ အော့အန်ခြင်း စတဲ့ လက္ခဏာတွေ ပြတတ်ကာ အချိန်မီ ဆေးကုသမှုမခံယူပါက အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မင်းပြားမြို့နယ်ကို အာရက္ခတပ်တော် (AA) က အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိ AA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ ဆေးဝါးပြတ်လပ်မှုတွေ ရှိနေတဲ့အပြင် ဆေးရုံ၊ ဆေးခန်းတွေလည်း ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသလို အရည်အသွေးပြည့်ဝတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေလည်း နည်းပါးနေတယ်လို့ သိရပါတယ်။
Photo:CJ
#centralnewsnaypyitaw
#ဆူးလေ
#rgyichannel #crd_to_owner_with_respect #knowledgesharing #myanmar #အမေ့ခံအတိတ် #ရန်ကုန် #ဆူးလေ
ဒေါင်းကလေးငယ်တွေကို သူမရဲ့ နှုတ်ခမ်းနီကြော်ငြာမှာ မော်ဒယ်အဖြစ်ရိုက်ကူးခဲ့တဲ့ မေပန်းချီ 🥰🥰🥰
သရုပ်ဆောင် မေပန်းချီဟာ MPC ဆိုတဲ့ သူမနာမည်အတိုကောက်နဲ့ မိန်းကလေး အသုံးအဆောင်ပစ္စည်းဖြစ်တဲ့ နှုတ်ခမ်းနီကို ထုတ်ခဲ့တာပါ။ သူမရဲ့ Lipstick ကြော်ငြာကိုတော့ တချိန်က နာမည်ကျော် မင်းသမီး ၅ လက်နဲ့ရိုက်ကူးခဲ့တဲ့အပြင် ဇာတ်ပို့မင်းသမီး ၅ လက်နဲ့ပါ ထပ်မံရိုက်ကူးခဲ့တာပါ။ အခုတခေါက်မှာတော့ Down Syndrome မိန်းကလေးငယ်တွေကို မော်ဒယ်ထားပြီး ထပ်မံရိုက်ကူးခဲ့ပါသေးတယ်။ မွေးဖွားလာပုံချင်းတွေမတူကြပေမယ့် မိန်းကလေးတိုင်း လှခွင့်ရှိတယ်ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ သူမရဲ့ နှုတ်ခမ်းနီကြော်ငြာကို ရိုက်ကူးခဲ့မှုဟာ ပရိသတ်တွေရဲ့ အားပေးချီးကျူးမှုတွေပါ ရရှိနေတာပါ။
#crd_photo
ဆီမီးအလှူ = ဒီပဒါန
ဘုရားကျောင်းကန်၊စေတီပုထိုးတွေနဲ့အတူ မိမိနေအိမ်ရှိ မြတ်စွာဘုရားကို ဆီမီးအလှူကပ်လှုပူဇော်လေ့ရှိကြတာဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတစ်ခုလို ဖြစ်လို့နေတာ သိရှိပြီးဖြစ်ကြပါတယ်။
အခုလိုသီတင်းကျွတ်ရာသီနဲ့ တန်ဆောင်တိုင်လို အခါသမယကို ရောက်ရှိကြပြီဆိုရင်လဲ ထိုနည်းတူစွာ မိမိတို့ အိမ်၊လမ်းနဲ့ ဘုရားစင်မှာ မီးတိုင်များစွာပူဇော်ကြတာကိုလဲ တွေ့မြင်ကြရမှာပါ။
ဆီမီးအလှူကို ပါဠိလို ဒီပဒါနလို့ ခေါ်ဆိုပြီး ဒီပဆိုတာဆီမီး ဖြစ်ကာ ဒါနဆိုတာကို အလှူရယ်လို့ မှတ်သားရပါတယ်။
ဒါကြောင့် မြတ်စွာဘုရားကို ဆီမီးကပ်လှူတဲ့ အခါ ဖြစ်ပေါ်တဲ့ သဒ္ဒါစိတ်နဲ့ အတူ ရရှိလာရမယ့် အကျိုးကျေးဇူးတွေကိုလဲ သိရှိဖို့အတွက်ပြောပြပေးချင်ပါတယ် ခင်ဗျ။
သိတ္တောကုတံ - မိမိနေတဲ့နေရာက အမြဲရှင်းလင်းသန့်စင်နေမယ်။
အမှောင်ထဲမှာဘယ်တော့မှမနေရဘူး။လောက အမိုက်မှောင်မကျရောက်စေဘူး။
သိတ္တောသေလံ- တောင်နံရံကြီးခြားနေလဲ တခြားတစ်ဖက်မှာ ဘာရှိတယ်ဆိုတာမြင်နိုင်တဲ့စွမ်းအားရရှိစေနိုင်ပါတယ်။
ဝိသုတတရားနာဟောမိ-ရောဂါကင်းစင်နေတဲ့ မျက်လုံးမျက်ဖန်ရှိမယ်။မျက်စိမှုန်တာမရှိ အရှင်းတောက်ပနေမယ်။
ရသ သစ္စဇာတမဟာ- ဂုဏ်သတင်းတောက်ပကျော်ဇောစေမယ်။
သဒ္ဓါပညာဝတီဆေးဝ-ဖြစ်လေရာဘဝသဒ္ဓါတရားကောင်းမယ်၊အသိပညာထက်မြက်နေမယ်ရယ်လို့ မြတ်စွာဘုရားရဲ့ တရားတော်လာများအရ သိရှိရပါတယ်။
စာဖတ်သူတို့အနေနဲ့လဲ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကိုလဲ သိရှိနားလည် နှလုံးသွင်းနိုင်တဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်များဖြစ်ကြကာ နိဗ္ဗာန်မင်္ဂဖိုလ်ကို အရောက်လှမ်းနိုင်ကြပါစေကြောင်း ...
#ဓမ္မဒါန
#frankiestories
အကျိုးဆက်
မိမိပြုလုပ်ခဲ့တဲ့ မကောင်းမှုအကျိုးဆက်တွေကပြုလုပ်တဲ့အချိန်မှာ အကြောင်းမဖြစ်ပေါ်သေးပေမယ့် နေ့ချင်းညချင်းဆိုသလို မိမိကိုယ်တိုင်နဲ့ မိသားစုအပေါ်မှာ အကျိုးဆက်ဖြစ်ပေါ်စေနိုင်တဲ့အပြင် အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အထိ (ဥပမာ-၁လ၊တစ်နှစ်)ကြာပြီးသည်အထိပြုလုပ်ခဲ့တဲ့ မကောင်းမှုရဲ့အကျိုးဆက်တွေ ခံစားရနိုင်ပါတယ်။
မကောင်းမှုဆိုတာအများကြီးရှိပေမယ့် လူအများဂရုမမူလိုက်ပဲအသုံးပြုမိသွားတဲ့ မကောင်းမှုအကျိုးတရားတွေရှိနေပါတယ်။
ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်း။
ဖောက်လွဲဖောက်ပြန်လုပ်ခြင်း။
စိတ်အလိုလိုက်မိရာက မှားယွင်းသောဆုံးဖြတ်ချက်ချမိခြင်း။
သူတပါးဥစ္စာ၊ငွေကြေးကို လွယ်လွယ်ရ၊လွယ်လွယ်သုံးခြင်း စတဲ့ အခြေခံအကြောင်းအခြင်းအရာများစွာတို့ရှိနေပါတယ်။
"အကျိုးကြောင့် ..အကြောင်း"ဖြစ်တယ်တဲ့..
အကြောင်းမဖြစ်ချင်ရင် အကျိုးကို မဖော်ဆောင်သင့်ပါဘူး..
ဒါကြောင့် မိမိက မည်သည့်အခြေခံ မကောင်းမှုကို မဆို ပြုလုပ်မယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်ကို တွေးတောဆင်ခြင်ကာ မကောင်းမှုဖြစ်စေမယ့် အရာကို စိုးစဉ်းမျှအတွေးမချော်စေပဲ ကျင့်သုံးနေထိုင်သင့်ပါတယ်။
13.11.2024
#myspaceadmin
#frankiestories
အိန်ဂျယ်ဂိုးမက်စ်ကို ပြန်လည်ခေါ်ယူဖို့ ယူနိုက်တက်စိတ်ဝင်စား
နိုဝင်ဘာ ၂၂
ယူနိုက်တက်အသင်းဟာ အကယ်ဒမီထွက် ကြယ်ပွင့် အိန်ဂျယ်ဂိုးမက်စ်ကို လာမယ့်နွေရာသီမှာ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းကို အသက် ၆ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တဲ့ အိန်ဂျယ်ဂိုးမက်စ်ဟာ ၂၀၁၇ ခုနှစ်၊ မေလက ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းကြီးအတွက် ပွဲဦးထွက် ပါဝင်ခွင့်ရရှိခဲ့တာပါ။
ဒါပေမယ့် အိန်ဂျယ်ဂိုးမက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲသာ ပါဝင်ကစားခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နွေရာသီမှာ ထွက်ခွာခဲ့တာပါ။
အိန်ဂျယ်ဂိုးမက်စ်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာအပြီးမှာ ပြင်သစ်လီဂူး-၁ ကလပ် လိုင်လီအသင်းထံ ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ အိန်ဂျယ်ဂိုးမက်စ်ဟာ လိုင်လီအသင်းမှာ ခြေစွမ်းကောင်းတွေပြသ နေတာကြောင့် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရတာပါ။
အိန်ဂျယ်ဂိုးမက်စ်နဲ့ လိုင်လီအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပြီး အခုအချိန်ထိ စာချုပ်သစ် အတွက် သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။
ဒါကြောင့် ယူနိုက်တက်အသင်းဟာ အိန်ဂျယ်ဂိုးမက်စ်ကို လာမယ့်နွေရာသီမှာ အလွတ်နဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြထားတာပါ။
ယူနိုက်တက်အသင်းနည်းပြသစ် အာမိုရင်ဟာ အိန်ဂျယ်ဂိုးမက်စ်ရဲ့ ခြေစွမ်းကို နှစ်သက်တဲ့သူဖြစ်တာကြောင့် အသင်းတာဝန်ရှိသူတွေက အိန်ဂျယ်ဂိုးမက်စ်ဟာ ပေါ်တူဂီလူမျိုးနည်းပြရဲ့ အစီအစဉ်မှာ အဓိကကျတဲ့သူ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
လိုင်လီအသင်းဟာ အိန်ဂျယ်ဂိုးမက်စ်ကို အလွတ်နဲ့ဆုံးရှုးနိုင်မယ့် အခြေအနေကို လက်ခံထားတာကြောင့် ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကလပ်အသင်းတွေနဲ့ စကားပြောပြီး အကြိုစာချုပ် ချုပ်ဆိုလိုရမှာပါ။
စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ကလည်း အိန်ဂျယ်ဂိုးမက်စ်ကို စိတ်ဝင်စားကြောင်းပြသထားပေမယ့် သူကတော့ ယူနိုက်တက်အသင်းဟာ သူ့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်းနေရာယူထားကြောင်းနဲ့ ဒါက သူ့ရဲ့အိမ်ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
အိန်ဂျယ်ဂိုးမက်စ်ဟာ လိုင်လီအသင်းအတွက် ၁၂၉ ပွဲ ကစားထားပြီး ၉ ဂိုးသွင်းယူကာ ၂၀၂၁ ခုနှစ်က ပြင်သစ်ဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Sourceailymail
ပုံ - အိန်ဂျယ်ဂိုးမက်စ်ကို တွေ့ရစဥ်
Credit - Myanmar Sport Report
#သတင်းဟင်းလေးအိုးကြီး
ရီးရဲလ်မှာမပျော်တဲ့ အာဒါဂူလာကို အာဆင်နယ်ချဉ်းကပ်
နိုဝင်ဘာ ၂၂
အာဆင်နယ်အသင်းဟာ ရီးရဲလ်အသင်းမှာ မပျော်ရွှင်ဘူးဖြစ်နေတဲ့ ကွင်းလယ်လူ အာဒါဂူလာကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ အာဒါဂူလာဟာ ပြီးခဲ့တဲ့နှစ်က ဖီနာဘာချီအသင်းကနေ ယူရိုသန်း ၂၀ နဲ့ ရီးရယ်လ် အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့တာပါ။
အာဒါဂူလာဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ တူရကီအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒီရာသီ ရီးရယ်လ် အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
အာဒါဂူလာဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပေမယ့် ပွဲအများစုက လူစားဝင် အဖြစ်သာ ပါဝင်ခဲ့ရတာပါ။
အဲဒါကြောင့် အာဒါဂူလာဟာ လက်ရှိ အခြေအနေတွေအပေါ် ပျော်ရွှင်မှုမရှိဘဲ ရီးရယ်လ်အသင်းမှာ ပွဲကစား ချိန်ပိုပြီး ရရှိချင်နေတာဖြစ်ပါတယ်။
ဒီအချိန်မှာ အာဆင်နယ်အသင်းဟာ အာဒါဂူလာရဲ့ အခြေအနေကို စောင့်ကြည့်ပြီး သူ့ရဲ့ကိုယ်စားလှယ်တွေထံ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အာဒါဂူလာကို ရီးရယ်လ်အသင်းမှာ ကစားခဲ့ချိန်က ပွဲကစားဖို့ရုန်းကန်ခဲ့ရတဲ့ အသင်း ခေါင်းဆောင် အိုဒီဂတ်နဲ့ တူညီတဲ့ ဖြစ်ရပ်အဖြစ် မြင်နေတာဖြစ်ပါတယ်။
အိုဒီဂတ်ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီက ရီးရယ်လ်အသင်းကနေ အာဆင်နယ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အာဒါဂူလာဟာ ပွဲကစားချိန် မိနစ်နည်းပါးနေပေမယ့် ကောင်းမွန် စွာ လုပ်ဆောင်နေသလို ပွဲကစားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင်မှာ ပြောခဲ့ပါတယ်။
အာဒါဂူလာအပြင် ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်လည်း ပွဲကစားခွင့် နည်းပါးနေတဲ့အပေါ် စိတ်ပျက်နေတာပါ။
ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် လီဂါနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဒါဂူလာ အနေနဲ့ ပွဲကစားချိန်မိနစ် ဘယ်လောက်ရရှိမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: metro
ပုံ - အာဒါဂူလာကို တွေ့ရစဥ်
#centralnewsnaypyitaw