ကြက်အသဲဆီပြန်ချက်နည်း

ကြက်အသဲများကိုဆားဆနွင်းငံပြာရည်နယ်ပြီး ရေအနည်းငယ်ဖြင့်ဆူအောင်တည်ထားပေးပါ။ ဆီသက်ရန် ကြက်သွန်ဖြူနီဂျင်းငရုတ်စိမ်းမှုန့်ဖြင့်အနံ့မွှေးလာသည်အထိဆီသက်ပါ။ ရပြီဆို ကြက်အသဲထည့် ခုနကပြုတ်ထားတဲ့အရည်ထည့် ငရုတ်သီးတွေညှပ်ထည့် ကြက်သားမှုန့် မဆလာ ထည့်ပါ ဆူရင်ပင်စိမ်းအုပ်ပါ။ စားလို့ရပါပြီ

ကြက်အသဲဆီပြန်

ကြက်အသဲများကိုဆားဆနွင်းငံပြာရည်နယ်ပြီး ရေအနည်းငယ်ဖြင့်ဆူအောင်တည်ထားပေးပါ။ ဆီသက်ရန် ကြက်သွန်ဖြူနီဂျင်းငရုတ်စိမ်းမှုန့်ဖြင့်အနံ့မွှေးလာသည်အထိဆီသက်ပါ။ ရပြီဆို ကြက်အသဲထည့် ခုနကပြုတ်ထားတဲ့အရည်ထည့် ငရုတ်သီးတွေညှပ်ထည့် ကြက်သားမှုန့် မဆလာ ထည့်ပါ ဆူရင်ပင်စိမ်းအုပ်ပါ။ စားလို့ရပါပြီ။

#creditorginanwriter

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၂-၁-၂၀၂၅)

တက်ဖို့လွယ်ပေမယ့် ကျဖို့ခက်ခဲနေဆဲ ယနေ့စက်သုံးဆီစျေးနှုန်း…

#fuel
#ဆီစျေး

image
1 y - Translate

ရုတ်တရက်လေဖြတ်လျှင် ချက်ချင်းအကောင်းပကတိဖြစ်အောင်ပြုစုကုသနည်း

ပြုစုကုသနည်းမှာသမားတော်ကြီးဣစ္ဆာသယ ဦးမောင်မောင်၏နည်းဖြစ်ပါသည်။
နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင် ဆောင်းပါးရှင်၊မြင့်မြတ်ထွန်းက စိတ်၀င်စား ဖွယ်ရေးသားထားပြီး မကြာမီကပင် လေဖြတ်သလိုဖြစ်၍ ပါးရွဲ့ခြေလက်လှုပ်မရသူမိတ်ဆွေတစ်ဦးအား သမားတော်ကြီး ညွန်ပြပါ နှိပ်ကွက်နေရာလေးများအားနှိပ်ပေးပါရန် အကြံပေးလေရာ(၃)ရက်အကြာတွင် အကောင်းပကတိဖြစ် ခဲ့သည်မို့ အဖြစ်များလှသော လေဖြတ်လေဖြန်းရောဂါ များကြုံခဲ့ဖြစ်ခဲ့ပါလျှင် အသုံးပြုနိုင်ပါရန် ထပ်ဆင့်မျှဝေလိုက်ပါသည်။
လေရောဂါသည်အသက်(၄၀)နှင့်(၆၀)ကြားအဖြစ်များပါသည်။ အအေးများရာက လေအထက်သို့ဆောင့်တက်၍ လေဖြတ်ပြီး ပါးရွဲ့၊ခြေထောက်ဆာ၊ခြေလက်တို့ လှုပ်မရအောင်ဖြစ်တတ်ပါသည်။
ရုတ်တရက်လေမိသူကို ယခုတင်ပြမည့်နှိပ်ကွက်လေးများဖြင့် နှိပ်ပေးပါမည်ဆိုလျှင် ပျောက်ကင်းသက်သာမှုကိုရရှိစေပြီး လွယ်ကူစွာရှင်းရှင်းပြတ်အောင် သက်သာပျောက်ကင်းစေပါသည်။

နှိပ်ကွက်(၁)

ခြေမျက်စိနှင့်နောက်တွင်ကပ်နေသော သွေးပြန်ကြောကိုခပ်နာနာလေးနှိပ်ပေးပါ။

နှိပ်ကွက်(၂)

ခြေဖဝါးအလယ်ဘေးသားကအကြောကို ကျေညက်အောင်နှိပ်ချေပေးပါ။

နှိပ်ကွက်(၃)

ဒူးဆစ်အောက်မှာရှိတဲ့ခြေတံကောက်ကြောကိုနှိပ်ချေပေးပါ။

နှိပ်ကွက်(၄)

ပေါင်တွင်းကြောကိုကြိတ်ချေပြီး နှိပ်ပေးပါ။

အဲ့လိုနှိပ်ကွက် လေးကွက်နဲ့ အချိန်မဆိုင်းပါဘဲ ဝိုင်း၀န်းနှိပ်ပေးလိုက်မယ်ဆိုရင် လေမိသူဟာ သတိလစ်မလိုဖြစ်နေရာက အာလေးလျှာလေး တာတွေလျော့ကျသွားပြီး မကြာခင်သတိလည်ကာ လူကောင်းလိုစကားပြန် ပြောနိုင်မှာဖြစ်ပါတယ်။

လိုအပ်သူများ စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ ။

image
Apu Lay shared a post  
1 y

1 y

English စာကို Native Speaker တွေနဲ့ အခမဲ့ လေ့လာလို့ အရမ်းကောင်းပြီး နာမည်ကြီး ဝက်ဆိုဒ် (၁၀)ခုကို ညွန်းပေးလိုက်ပါတယ်။ အခြေခံကနေ ကျွမ်းကျင် အဆင့်ထိလေ့လာလို့ရပါတယ်။ ကလေး၊လူကြီး၊ လူငယ်မရွေး လေ့လာလို့ရပါတယ်။
1. ESL Pod
- https://www.eslpod.com/
2. BBC Learning English
- https://www.bbc.co.uk/learningenglish
3. All Ears English
- https://www.allearsenglish.com/
4. The English We Speak
- https://www.bbc.co.uk/.../feat....ures/the-english-we-
5. Luke's English Podcast
- https://teacherluke.co.uk/
6. The English Made Simple Podcast
- https://www.englishmadesimple.net/
7. RealLife English
- https://reallifeglobal.com/podcasts/
8. Voice of America: Learning English
- https://learningenglish.voanews.com/
9. 6 Minute English
- https://www.bbc.co.uk/.../engl....ish/features/6-minut
10. The Fluent Show
- https://www.fluent.show/

#crd
#education

image

English စာကို Native Speaker တွေနဲ့ အခမဲ့ လေ့လာလို့ အရမ်းကောင်းပြီး နာမည်ကြီး ဝက်ဆိုဒ် (၁၀)ခုကို ညွန်းပေးလိုက်ပါတယ်။ အခြေခံကနေ ကျွမ်းကျင် အဆင့်ထိလေ့လာလို့ရပါတယ်။ ကလေး၊လူကြီး၊ လူငယ်မရွေး လေ့လာလို့ရပါတယ်။
1. ESL Pod
- https://www.eslpod.com/
2. BBC Learning English
- https://www.bbc.co.uk/learningenglish
3. All Ears English
- https://www.allearsenglish.com/
4. The English We Speak
- https://www.bbc.co.uk/.../feat....ures/the-english-we-
5. Luke's English Podcast
- https://teacherluke.co.uk/
6. The English Made Simple Podcast
- https://www.englishmadesimple.net/
7. RealLife English
- https://reallifeglobal.com/podcasts/
8. Voice of America: Learning English
- https://learningenglish.voanews.com/
9. 6 Minute English
- https://www.bbc.co.uk/.../engl....ish/features/6-minut
10. The Fluent Show
- https://www.fluent.show/

#crd
#education

image
1 y - Translate

ငါးသလောက်ပေါင်းနည်းပါရှင်
အရင်ဆုံးငါးသလောက်ကိုသန့်စင်ရေဆေးပြီးငါးတကောင်ကို၃ပိုင်း
ပိုင်းပြီးတပိုင်းချင်းစီကိုဓားနဲ့၂ချက်လောက်လှအောင်မွှန်းထားပါ
ငါးတကောင်ကိုရှောက်သီးပါးပါးတစိပ်ညှစ်ပါ။
ငါးသလောက်ပေါင်းရင်ဖြစ်တတ်တာကအရိုးနူးအောင်အချဉ်ထည့်
ရင်းလက်လွန်ပြီးငါးပေါင်းကချဉ်သွားတတ်တာပါပဲ
ဆား၊အရသာ၊သကြား၊ဆနွင်း၊ငံပြာရည်ကိုအရသာမှန်အောင်နှပ်ပါ
ဒါကြောင့်ငါးတကောင်အတွတ်ခန့်မှန်းလို့ရအောင်ရေးပေးတာပါ။
ငါးကိုအရသာနယ်ပြီးနာရီဝက်လောက်နှပ်ထားပါ။
စပါးလင်ကိုဖွာနေအောင်ထုပြီးပေါင်းမယ့်အိုးထဲအောက်ကခင်းပါ။
ကြံချောင်းတွေခုတ်ပြီးခင်းရင်လဲဟင်းအရသာအချိုလဲလေးသလို
အကပ်လဲသက်သာပါတယ်ရှင်
ပြီးရင်ငါးကိုသေချာစီထည့်ပြီးရေနွေးမြှုပ်ရုံထည့်ပြီးတည်ပါ။
ဆူလာရင်မီးကိုလျှော့ချပါရှင်
အရမ်းဆူရင်ငါးတွေကြေတတ်ပါတယ်
မီးအေးအေးနဲ့ငါးရေမြှုပ်ရုံတည်ပါ။.
ထည့်ထားတဲ့ရေတဝက်လောက်ကုန်ရင်ငါးမြှုပ်ရုံပြန်ဖြည့်တည်ပါငါးပေါင်းထားတဲ့အချိန်ငါးကိုဇွန်းနဲ့လုံးဝမမွှေပါဘူးရှင်
၄နာရီလောက်မီးအေးလေးနဲ့တည်ရင်အရိုးနူးပါတယ်
ရေစပ်စပ်ကျန်တဲ့အချိန်ကြက်သွန်နီဥသေးတွေအလုံးလိုက်ထည့်ပါ။
ဆီသပ်ပါမယ်
ဂျင်း၊ကြက်သွန်ဖြူ၊၊ငရုတ်သီးကိုရောထောင်းပါ။
ကြက်သွန်နီကိုအကွင်းလှီးထားပါ။
ဒယ်အိုးအပူပေးပြီးပူလာရင်ဆီလောင်းပါ။
ငရုတ်သီးထောင်းထားတာနဲ့ကြက်သွန်နီအကွင်းကိုထည့်ပြီးဆီသပ်ပါ
မွှေးပြီးအရောင်ပြောင်းလာရင်ငံပြာရည်ပေါက်ပါ။
ရေနွေးလောင်းပြီးအနှစ်ကိုအရသာသွင်းပါ။
အရသာကိုအနှစ်အတွတ်အရသာအတော်ပဲဖြစ်အောင်တခါတည်း
ထည့်ပါရှင်။
အနှစ်အရသာမှန်သွားမှရေစပ်စပ်ကျန်နေတဲ့ငါးထဲလောင်းထည့်ပါ။
မီးကိုလုံးဝလျှော့ချပြီးအဖုံးဖွင့်ပြီးရေခမ်းအောင်တည်ရင်ရပါပြီ။
အရေးကြီးတာကငါးထဲလဲအရသာအပိုအလိုမရှိအောင်ထည့်ပါ
အနှစ်ထဲလဲအရသာအပိုအလိုမရှိအောင်ထည့်ပါရှင်
အနှစ်နဲ့ငါးထဲထည့်ထားတဲ့အရသာကတွဲစားတဲ့အခါများနေတော့လဲ
ငံပြီးနည်းနေတော့လဲပေါ့ပျက်ပျက်ဖြစ်တတ်လို့ပါ။
အရသာရှိတဲ့ငါးသလောက်ပေါင်းလေးပေါင်းစားကြည့်ပါနော်
ပေါင်းအိုးနဲ့ဆိုရင်တော့ငါးကိုတစ်နာရီလောက်ပေါင်းပြီးအရိုးနူးမှ
မနှစ်ချက်ထားတာလောင်းရင်ရပါပြီ

image

မျက်ဝန်းညိုတွေကို ငေးခွင့်ရဖို့
လက်ဖမိုးလေးကို နမ်းခွင့်ရဖို့
နဖူးပြင်မှာစိုနေတဲ့ ချွေးစလေးတွေကို
သုတ်ပေးဖို့
အပူပင်သောကတွေကို မျှဝေခံစားပေးနိုင်ဖို့
ဘယ်ငရဲကိုမဆို မျက်နှာလွဲပြီး
ငယ်
ခြေလှမ်းစာလောက် လှမ်းခဲ့လို့ ရဦးမလား အစ်ကို
#မယ်ညို
စာရယ်ကဗျာရယ်

1 y - Translate

ဂန္တဝင်ဘောလုံးနည်းပြတွေဖြစ်ကြတဲ့ လူးဝစ်အင်းနရစ်၊ မော်ရင်ဟိုနဲ့ ပတ်ဂွါဒီယိုလာတို့ဆိုတာက ဘယ်လိုမျိုးနည်းပြတွေလဲဆိုရင်

🇪🇸 အင်းနရစ်က ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာအသင်းအတွက် တစ်ရာသီတွင်း ဖလား၃လုံး အောင်မြင်မှုမျိုးကို ရယူပေးနိုင်ခဲ့တဲ့နည်းပြ

🇵🇹 မော်ရင်ဟိုကလည်း ၂၀၁၀ ခုနှစ်မှာ အင်တာမီလန်အသင်းအတွက် တစ်ရာသီတွင်း ဖလား၃လုံး အောင်မြင်မှုကို ရယူပေးနိုင်ခဲ့တဲနည်းပြ

🇪🇸 ပတ်ဂွာဒီယိုလာကလည်း - ၂၀၀၉ ခုနှစ်မှာ ဘာစီလိုနာ၊ ၂၀၂၃ ခုနစ်မှာ မန်စီးတီးအသင်းတို့နဲ့ တရာသီတွင်း ဖလား၃လုံး အောင်မြင်မှုကို ရယူနိုင်ခဲ့ကြတယ့် နည်းပြတွေပါ။

သူတို့ ၃ဦးလုံး တစ်ချိန်က ဘာစီလိုနာအသင်းမှာ အတူရှိခဲ့ဖူးတယ်..⭐👏

image
1 y - Translate

ထရမ့်ပ်ကျမ်းကျိန်ပြီးနာရီပိုင်းအတွင်းပူတင်နှင့်ရှီ အွန်လိုင်းမှဆွေးနွေး

အမေရိကန်၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အင်္ဂါနေ့(ဇန်နဝါရီလ ၂၁) က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗီဒီယိုမှတဆင့် ဆက်သွယ်စကားပြောခဲ့ပြီး ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်စေရေး အဆိုပြုခဲ့သည်။

ပူတင်သည် ရှီကို လက်ပြကာ သူ၏ ချစ်မိတ်ဆွေအဖြစ် နှုတ်ခွန်းဆက်ပြီး ရုရှား-တရုတ် ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ရေးဆိုင်ရာ အစီအစဉ်သစ်များကို အကြမ်းဖျဉ်းပြောကြားလိုကြောင်း ပြောခဲ့သည်။

ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် ဗီဒီယိုဖိုင်ကို ခရမ်လင်က ထုတ်ပြန်ပေးခဲ့သည်။

“ နိုင်ငံ့အကျိုးစီးပွားအတွက် ကျယ်ပြန့်တဲ့ ဘုံတူညိချက်တွေ၊ အင်အားကြီးနိုင်ငံတွေအကြား ဘယ်လိုဆက်ဆံရေးမျိုး ရှိသင့်တယ်ဆိုတဲ့ အမြင်တွေ ပေါင်းစည်းမှုအပေါ် အခြေခံတဲ့ မော်စကိုနဲ့ ပေကျင်းအကြား ဆက်ဆံရေးမှာ မိတ်ဆွေတစ်သဘောတည်းပါပဲ” ဟု ပူတင်က ရှီကို ပြောဆိုခဲ့သည်။

မိမိတို့သည် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှု၊ ပံ့ပိုး ကူညီမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးရှိမှု တို့အပေါ် အခြေခံ၍ မိမိတို့၏ ဆက်ဆံရေးကို တည်ဆောက်ကြောင်း၊ အဆိုပါ ဆက်ဆံမှုများသည် ပြည်တွင်းနိုင်ငံရေး အကြောင်းအရာများ၊ လက်ရှိ ကမ္ဘာ့အခြေအနေများနှင့် ချိတ်ဆက်ခြင်းမရှိသော ကိုယ်ပိုင်အားထုတ်မှုဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

နေတိုးအထောက်အပံ့ရ ယူကရိန်းနှင့် စစ်ဆင်နွှဲနေသော ရုရှားနှင့် ၎င်း၏ ကြီးထွားလာသော စစ်ရေး၊ စီးပွားရေးအင်အားကို အမေရိက,က တန်ပြန်ရန် ကြိုးပမ်းမှုကို ကြုံနေရသော တရုတ်တို့သည် ပထဝီနိုင်ငံရေး အခြေအနေ ပိုမိုတူညီလာခဲ့သည်။

image
1 y - Translate

မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိရေး တကျော့ပြန် ကြိုးပမ်း

မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ) နှင့် စီးပွားရေးဆက်ဆံမှု ကို ခိုင်မာစေရန်အတွက် မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်(MEUFTA)အတွက် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်သွားမည်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်ရုံးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယင်းသဘောတူညီချက်သည် အရေးပါသော ကဏ္ဍများအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို အားကောင်း ခိုင်မာစေပြီး မလေးရှားနိုင်ငံ၏ စီးပွားရေးကဏ္ဍများစွာတွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာမည်ဟု မျှော်လင့်ထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ဇန်နဝါရီ ၁၉-၂၀ ရက် ဘယ်ဂျီယံနိုင်ငံ အလုပ်သဘောခရီးစဉ်အတွင်း ပူးတွဲ ကြေငြာချက်တွင် ဖော်ပြထား သည်။

လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်များ၊ စားအုန်းဆီနှင့် ယင်း၏ ဆက်စပ်ပစ္စည်းများအပြင် အလင်းနှင့် သိပ္ပံဆိုင်ရာ ကိရိယာများကဲ့သို့သော ကဏ္ဍများမှ ပို့ကုန်များကို အီးယူဈေးကွက်နှင့် အခြားဈေးကွက်များသို့ တိုးမြှင့်တင်ပို့ရန် အသင့်ရှိနေသည်ဟု ကြေငြာချက်တွင် ဖေါ်ပြ ထားသည်။

ထို့အပြင် MEUFTA သည် အစိမ်းရောင်စွမ်းအင်နှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုကဲ့သို့သော ခေတ်မီနည်းပညာကဏ္ဍများတွင် အီးယူ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြင့်လာစေရန် အထောက်အကူဖြစ်လိမ့်မည်ဟုလည်း ဖော်ပြခဲ့သည်။

မလေးရှားနှင့် အီးယူအတွက် နှစ်ဖက်စလုံးအကျိုးရှိစေသော အခြေအနေကို အာမခံချက်ပေးကာ သက်ဆိုင်သူအားလုံးအတွက် ထင်သာမြင်သာသော အကျိုးခံစားခွင့်များ ပေးဆောင်သည့် မျှတပြည့်စုံသော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မလေးရှားအစိုးရက ကတိကဝတ်ပြုထားသည်ဟုလည်း ကြေငြာချက်တွင် ဖေါ်ပြထားသည်။

image