ရပ်ထားသော YBS ကို နောက်ကဝင်တိုက်သည့် တက္ကစီယာဥ် အရှိန်ဖြင့်ကားခေါင်းကျွံပြီး ယာဥ်မောင်းသတိလစ်၍ ကားခေါင်းအတွင်း ညပ်နေသဖြင့် အောက်စီဂျင်ပေးကယ်ထုတ်ခဲ့ရသော်လည်း စိုးရိမ်ဒဏ်ရာရ

ဇန်နဝါရီ ၂၂

ရပ်ထားသော YBS ကို နောက်ကဝင်တိုက်သည့် တက္ကစီယာဥ်မှာ အရှိန်ဖြင့် YBS ယာဥ်အောက် ကားခေါင်းကျွံပြီး ယာဥ်မောင်းမှာ သတိလစ်ကာ ကားခေါင်းအတွင်း ညပ်နေသဖြင့် အောက်စီဂျင်ပေးကယ်ထုတ်ခဲ့ရသော်လည်း စိုးရိမ်ဒဏ်ရာရသည့်ဖြစ်စဥ် အင်္ဂါနေ့ညနှောင်းပိုင်းအချိန်က ဖြစ်ပွားခဲ့သည်ဟု Yangon Rescue Organization (YRO) မှ သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ည ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်လမ်းပေါ်၊ နီလာရိုးမ စက်သုံးဆီဆိုင်ရှေ့တွင် တက္ကစီယာဥ်တစ်စီးသည် ရပ်ထားသော YBS (၁၈)ယာဥ်အား နောက်မှ တိုက်မိသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဥ်သို့ YRO ၏ မရမ်းကုန်းခရိုင်မှူး ဦးလှမြင့် ရောက်ရှိကြီးကြပ်ပြီး YRO အဖွဲ့ဝင်” ရတနာဖြိုး-ကူညီကယ်ဆယ်ရေးအသင်း၊ လှိုင်- လူမှုကူညီရေးအသင်း” မှ စေတနာ့ ဝန်ထမ်းများ သွားရောက်ကူညီခဲ့ကြသည်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်တွင် တက္ကစီယာဥ်မောင်းသည် ကားအတွင်း ညပ်နေခဲ့ပြီး အလွယ်တကူ ကယ်ထုတ်ရန် အခက်အခဲ ဖြစ်နေခဲ့သဖြင့် လူနာအသက်ဆုံးရှုံးမှုမရှိစေရန် အောက်စီဂျင်အကူအညီပေးခြင်းအား မရမ်းကုန်းခရိုင်မှူး ဦးလှမြင့် နှင့်” ရတနာဖြိုး” အသင်းမှ ဆောင်ရွက်ပြီး လူနာကယ်ထုတ်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ အကူအညီ တောင်းခံခဲ့သလို အခြား မိတ်ဖက် လူမှုကူညီရေးအသင်းများလည်း ရောက်ရှိ ကူညီခဲ့ကြသည်။

ဖြစ်စဥ်နေရာသို့ ည ၁၁ နာရီ ၁၀ မိနစ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့- အင်းစိန်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာပြီး တက္ကစီယာဥ်မောင်းအား ကယ်ဆယ်ထုတ်ယူခြင်း ပြုခဲ့ရာ ည ၁၁ နာရီ ၁၄ မိနစ်တွင် ယာဥ်မောင်းအား ထုတ်ယူ ကယ်ဆယ်နိုင်ခဲ့သော်လည်း ယာဥ်မောင်းသည် သတိမရဘဲ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် စိုးရိမ်ရယာဥ်မောင်းအား မြေပြင်ပြုစုမှု ပြုပေးပြီး ရန်ကုန်ဆေးရုံကြီးသို့ ” မြန်မာနိုင်ငံကြက်ခြေနီအသင်း (အင်းစိန်မြို့နယ်သူနာပြုတပ်ဖွဲ့) ” ၏ အရေးပေါ်လူနာတင်ယာဥ်ဖြင့် ပို့ဆောင် ကူညီပေးခဲ့ကြသည်ဟု သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image

ရည်းစားရဲ့ မိသားစုနဲ့သွားတွေ့မှ
သူအကိုက ငါ့Type ဖြစ်နေတာသိလိုက်ရ
Credit

image
1 နှစ် - ဘာသာပြန်ပါ။

ကချင်ပြည်နယ် ပူတာအိုက ရေခဲတောင်၊ နှင်းတောင်တန်းတွေဆီ ရောက်သွားသလို ခံစားရစေမယ့် “နှင်းပွင့်စေရာ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show အခမ်းအနား ကျင်းပ

ဇန်နဝါရီ ၂၂

မေခ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ကချင်ပြည်နယ် ပူတာအိုက အေးခဲနေတဲ့ ရေခဲတောင်၊ နှင်းတောင်တန်းတွေဆီရောက်သွားသလို ခံစားရစေမယ့် “နှင်းပွင့်စေရာ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့က ပူတာအို၊ ရေခဲတောင်မှာရိုက်မယ်လို့ စဉ်းစားလိုက်တယ်။ လီဆူလူမျိုးတွေ၊ ရဝမ်လူမျိုးတွေရဲ့နေရာဆိုတော့ သူတို့ရဲ့ ရိုးရာဓလေ့တွေ စိတ်နေစိတ်ထားတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပေါ်လွင်အောင် ရိုက်ကူးချင်တာမို့ ဇာတ်လမ်း ဇာတ်အိမ်ကို ဖန်တီးခဲ့တာပါ။ ဇာတ် ကားက လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်က ရိုက်ကူးခဲ့တဲ့ကားပါ။ ဒီကားမှာ ကိုမြင့်မြတ်တို့ သင်ဇာတို့နဲ့ တခြားအနုပညာရှင်တွေကလည်း အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့ ကားလေးပါ”လို့ ဇာတ်လမ်း၊ ဒါရိုက်တာ JZ ဒေါင်လွဏ်းက ပြောပါတယ်။

ဇာတ်ညွှန်း ဒီရေလှိုင်းနဲ့ မယ်ခိုင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ JZ ဒေါင်လွဏ်းတို့က ရေးသားပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်၊ JZ ဒေါင်လွဏ်း၊ ညိမ်းသော်၊ ယုန်လေး၊ သင်ဇာ၀င့်ကျော်၊ L ဘောက်နူး၊ K ညီ၊ အခြားသရုပ်ဆောင်‌တွေနဲ့အတူ ရ၀မ်၊ လီဆူး တိုင်းရင်းသားတွေပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

“နှင်းပွင့်စေရာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၃၁ ရက်မှာ မြန်မာပြည်အတွင်းရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

#celecele

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

Tulah (2023) 

ဗိုက်ကြီးနေတဲ့အမေဖြစ်သူရဲ့ နောက်ပိုင်းဇာတ်ကွက်မြှုပ်ထားပြီး ထူးခြားတဲ့အရာတွေကိုမြင်နေရတဲ့ ဂီလန်းတစ်ယောက်၊မွေးနေ့မှာပဲ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေစခန်းချခရီးလေးထွက်ပြီးမွေးနေ့ပွဲလေးကျင်းပကြမယ်လို စီစဉ်ထားတဲ့သူတိုသုံးယောက်ဆီကို ရောက်လာတဲ့ မကြိုဆိုချင်ဘဲ ကြိုဆိုလိုက်ရတဲ့နောက်ထပ် သူငယ်ချင်းနှစ်ယောက်။

ဒီလိုနဲ့ သူတိုငါးယောက်စတင်ခဲ့တဲ့ မွေးနေ့ပွဲခရီးစဉ်လေးမှာ ရေတံခွန်သွားဖိုတောင်ဖြတ်လမ်း‌တစ်လျှောက်က မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေ ဒီပုံရိပ်တွေနဲ့မသိခြင်းများစွာက ဘယ်ကနေများ စတင်လာခဲ့တာလဲ နောက်ပိုင်းမှာရောဘယ်လိုစိတ်လှုပ်ရှားစရာတွေကို ဆက်တွေ့ရမလဲ။

ကဲကဲ ဒါတွေကို သိချင်လာပြီဆိုရင်တော့ ကြောက်စိတ်ပြေအောင်ချစ်ရသူရဲ့လက်ကိုကိုင်ထားပြီး ကြည့်ရှုလိုက်ကြပါစို။

image
1 နှစ် - ဘာသာပြန်ပါ။

အနှစ်နှစ်အလလအပင်ပန်းခံပြီးမှ ချစ်စရာကောင်းတဲ့ တိုက်ခန်းလေးတစ်ခန်းကို ပိုင်ဆိုင်ရလိုက်တဲ့ မေနွယ်ထွန်း

သူမအတွက်တော့ မျက်ရည်ကျရလောက်အောင် ပျော်ခဲ့တယ်လို့ဆိုပါတယ်။ သူများတွေအတွက်တော့ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် သူကတော့ အနှစ်နှစ်အလလကြိုးစားပြီး သမာအာဇီဝကျကျ ရှာဖွေထားတဲ့ ငွေကြေးနဲ့ ဝယ်ယူခဲ့ရတာကြောင့် ကျေနပ်မိတယ်လို့ ပြောပါတယ်။ သူမအတွက်တော့ နှစ်သစ်မှာ လာဘ်ကောင်းတဲ့ အိမ်လေးတစ်ခုဖြစ်မယ်လို့ ယုံကြည်စွာဆုတောင်းလိုက်ပါသေးတယ်။

#celecele

image

အဂ်လန်ပရီးမီးယားလိဂ်ကလပ်အသင်းကြီးချဲလ်ဆီးအသင်းဟာ ထရေဗိုချာလိုဘာကို ခရစ်တယ်ပဲလေ့စ်အသင်းဆီအငှားချထားရာကနေပြန်လည်ခေါ်ယူခဲ့ပြီးနောက် အဆိုပါကစားသမားကိုရောင်းစျေးပေါင်သန်း ၄၀ အထိသတ်မှတ်ခဲ့ပါတယ်။

ချာလိုဘာဟာ ပြီးခဲ့တဲ့နွေရာသီကာလမှာခရစ်တယ်ပဲလေ့စ်အသင်းဆီ ချဲလ်ဆီးအသင်းကနေ တရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့ ပြန်လည်ခေါ်ယူနိုင်တဲ့အချက်အလက်ပါရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ခြင်္သေ့ပြာအသင်းအနေနဲ့ နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ဝက်စလေဖိုဖာနဲ့ ဘာဒီယာချီလ်တို့ဟာဒဏ်ရာပြသနာကြုံတွေ့နေရတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့အသင်းဆီပြန်လည်ခေါ်ယူတဲ့အချက်ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ခရစ်တယ်ပဲလေ့စ်အသင်းကနေပြန်လည်ခေါ်ယူလိုက်တဲ့ အဂ်လန်နောက်ခံကစားသမားချာလိုဘာအတွက်ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ သတ်မှတ်ထားခဲ့ပြီး ခြင်္သေ့ပြာအသင်းအနေနဲ့ အဆိုပါကစားသမားကိုရောင်းချရာကနေ ငွေကြေးပမာဏဒီထက်မကပိုရဖို့မျှော်လင့်နေတာဖြစ်တယ်လို့ The Sun သတင်းက ဖွင့်ဟခဲ့ပါတယ်။

တကယ်လို့ဘယ်အသင်းမဆို ချာလိုဘာအတွက်ချဲလ်ဆီးအသင်းသတ်မှတ်ထားတဲ့ ပမာဏကိုပေးချေဖို့အဆင်သင့်ဖြစ်မယ်ဆိုရင်တော့ အဆိုပါကစားသမားကိုခြင်္သေ့ပြာအသင်းကနေခေါ်ယူဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

ခရစ်တယ်ပဲလေ့စ်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းသတ်မှတ်ထားတဲ့ပမာဏကိုရာနှုန်းပြည့်ပေးချေနိုင်ဖို့မရှိဘဲ အဆိုပါကစားသမားအတွက်လည်း တပတ်လုပ်ခလစာပေါင် ၇ သန်းနီးပါးပေးချေဖို့လည်းမရှိတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

တရုတ်က ၂၀၂၄ ခုနှစ်အတွင်း မြို့ပြအလုပ်အကိုင် ၁၂ သန်းကျော် ဖန်တီးခဲ့

ဘေကျင်း၊ ဇန်နဝါရီ ၂၂

တရုတ်သည် ၂၀၂၄ ခုနှစ်အတွင်း မြို့ပြအလုပ်အကိုင်သစ် စုစုပေါင်း ၁၂ ဒသမ ၅၆ သန်း ဖန်တီးပေးခဲ့ကြောင်း Global Times မှ ဖော်ပြခဲ့သည်။

ထိုပမာဏသည် တစ်နှစ်တာအတွင်း မြို့ပြအလုပ်အကိုင်သစ်ပေါင်း ၁၂ သန်း ဖန်တီးရန် ရည်မှန်းထားသည့် အစိုးရ၏ လျာထားချက်ကို ကျော်လွန်သွားခြင်း ဖြစ်သည်ဟုလည်း လူသားရင်းမြစ်နှင့် လူမှုလုံခြုံရေးဝန်ကြီး ဌာန၏ အချက်အလက်များကို ကိုးကားပြီး ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း မြို့ပြတွင် နေထိုင်သူများအကြား အလုပ်လက်မဲ့နှုန်း ၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ထိုနှုန်းထား သည် ၂၀၂၃ ခုနှစ်ကထက် ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရားဝင် အချက်အလက်များတွင် ဖော်ပြ ထားသည်။

အဓိက စက်မှုလုပ်ငန်းများ၊ မြို့ပြနှင့် ကျေးလက်ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင်ရရှိရေး၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးသည့် အစီအစဉ်များကို အကောင်အထည် ဖော်သွားမည် ဖြစ် သလို အကြီးစား ပရောဂျက်များတွင် အလုပ်အကိုင်များ ရရှိစေမည့် ယန္တရားတစ်ခုကို ထူထောင်သွားမည်ဟု လူသားရင်းမြစ်နှင့် လူမှုလုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မတူကွဲပြားသည့် လုပ်သားအင်အားစုများကို မြှင့်တင်ရန် ဘွဲ့ရပညာတတ်များ၏ အလုပ်အကိုင် ရရှိမှုကို မှတ်တမ်း တင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေး၊ လူမှုလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့ နယ်ပယ်များတွင် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်တွင် ၂၀၂၅ ခုနှစ်အတွင်း ဘွဲ့ရကျောင်းသား အရေအတွက် များပြားလာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ပြီးခဲ့သည့်နှစ်ကထက် ဘွဲ့ရပညာတတ်လူငယ် ၄၃၀,၀၀၀ ခန့် မြင့်တက်လာဖွယ် ရှိမှုနှင့်အတူ တရုတ်တွင် ဘွဲ့ရပညာတတ် လူငယ်အရေအတွက် ၁၂ ဒသမ ၂၂ သန်း ရှိလာလိမ့်မည်ဟု တရားဝင် မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

Source: Global Times

ပုံ - တရုတ်လူငယ်တွေ အလုပ်အကိုင်ရှာဖွေနေကြစဉ်

#centralnewsnaypyitaw

image

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမယ့် ဖေဖော်ဝါရီလအတွင်းရိုက်ကူးရေးလုပ်ငန်းတွေ ခေတ္တဆိုင်းငံ့ပေးဖို့လို

ဇန်နဝါရီ ၂၂

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာကျင်းပမယ့်ရက်အချို့မှာ ရိုက်ကူးရေး လုပ်ငန်းတွေ ခေတ္တဆိုင်းငံ့ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က အရင်နှစ် အကယ်ဒမီပေးပွဲကာလတွေမှာလည်း အခုလိုပဲ သတ်မှတ်ချက်လေးထုတ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီနှစ်လည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာ ကျင်းပပြုလုပ်မှာမို့လို့ ဒီပွဲကာလမှာ အနုပညာရှင်တွေ အကယ်ဒမီပေးပွဲတက်ရောက်နိုင်ဖို့ ဖေဖော်ဝါရီလအထိ ရိုက်ကူးရေးလုပ်ငန်းတွေ ခေတ္တဆိုင်းငံ့ပေးဖို့ ခုလိုစာထုတ်ဖြစ်တာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူကပြောပါတယ်။

အဆိုပါ အကယ်ဒမီပေးပွဲကျင်းပမယ့် ကာလဖြစ်တဲ့ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁ဝ ရက်နေ့အထိ ရိုက်ကူးရေးလုပ်ငန်းများ ခေတ္တဆိုင်းငံ့ပေးဖို့ ရုပ်ရှင်လောကသား အနုပညာရှင်၊ အတတ်ပညာရှင်တွေကို မေတ္တာရပ်ခံ အသိပေးကြေညာပေးခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲပေးပွဲ Nomination စာရင်းဝင် ဇာတ်ကား ၁၈ ကားကို ဒုတိယအကြိမ်ကြည့်ရှုစစ်ဆေးပြီးစီးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

ဟုတ်သေးပါဘူးဟ 🙄

image
1 နှစ် - ဘာသာပြန်ပါ။

- rice = ထမင်း
- curry = ဟင်း
- coconut rice = အုန်းထမင်း
- buttered rice = ထောပတ်ထမင်း
- pilau rice (Biryani) = ဒန်ပေါက်ထမင်း
- pea rice = ပဲထမင်း
- breakfast = နံနက်စာ
- lunch = နေ့လည်စာ
- dinner = ညနေစာ
- supper = ညလယ်စာ
- pot luck = ကြုံရာဟင်း
- pork curry = ဝက်သားဟင်း
- chicken curry = ကြက်သားဟင်း
- beef = အမဲသား
- mutton = ဆိတ်သား
- stewed meat = အမဲသားနှပ်
- fish curry = ငါးဟင်း
- fried fish = ငါးကြော်
- fried prawn = ပုဇွန်ကြော်
- steak = အသားကြော်
- beef-cutlet = အမဲသားစင်းကော
- mutton-cutlet = ဆိတ်သာစင်းကော
- fried meat ball = အသားလုံးကြော်
- meat roll = အသားလိပ်
- fried dried fish = ငါးခြောက်ကြော်
- fried vegetables = ဟင်းသီးဟင်းရွက်ကြော်
- vegetable curry = ဟင်းသီးဟင်းရွက်ဟင်း
- salad = ဟင်းရွက်သုတ်
- soup = စွပ်ပြုတ်ဟင်းချို
- salted fish = ငါးပိကောင်
- pounded chilly = ငရုတ်သီးထောင်း
-boiled fish paste = ငါးပိရည်ကျို
- fried ngapi = ငါးပိကြော်
- fish sauce = ငံပြာရည်
- spices = ဟင်းခတ်အမွှေးအကြိုင်
-
curry powder = မဆလာ
- steamed glutinous rice = ကောက်ညှင်းပေါင်း
- steamed pea = ပဲပြုတ်
- gourd-fritters = ဘူးသီးကြော်
- pickled tea leaves salad = လက်ဖက်သုပ်
- pickle mango = သရက်သီးသနပ်
Ref ; active english ✅
#englisheverywhere
#vocabulary
#food