YBS -၂၂ နဲ့ ဖယ်ရီကြိုပို့ယာဥ် တိုက်မိရာက မဆိုင်တဲ့ လမ်းဘေးထိုင်နေသူ သေဆုံးခဲ့ရရှာ

ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးနဲ့ ရိုးလေးကျေးရွာကြားမှာ YBS- ၂၂ ယာဉ်နဲ့ ဖယ်ရီပို့တဲ့ ဝန်ထမ်းကြိုပို့ယာဉ် မျက်နှာချင်းဆိုင်တိုက်မိရာက လမ်းဘေးမှာထိုင်နေတဲ့ လူငယ်အမျိုးသားတစ်ဦးက YBS- ၂၂ ယာဥ်က ထပ်ဆင့်တိုက်မိလို့ သေဆုံးခဲ့ရတဲ့ဖြစ်စဥ် ဒီမနက်မှာ ဖြစ်ပွားခဲ့တယ်လို့ ကူညီပေးတဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဖေဖော်ဝါရီလ ၄ ရက် မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး နံနက် ၈ နာရီ ၃၅ မိန်အချိန်ခန့်ကြမှ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဖြစ်စဉ်နေရာကို Family Driving Rescue အသင်းနဲ့ မနောဖြူစင်အသင်းတို့ သွားရောက်ကူညီပြီး သေဆုံးတဲ့ ရုပ်အလောင်းကို လှိုင်သာယာဆေးရုံဆီ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

“ဖယ်ရီကားကို YBS ယာဥ်က ဖြတ်တိုက်ပြီး လမ်းဘေးထိုင်နေတဲ့သူကို ထပ်တိုက်မိတာ။ အတိုက်ခံရတဲ့လူငယ်က အသက် အစိတ်၊ ၃၀ ကြားလောက်ပဲရှိဦးမယ်။ နေရာတင်ပွဲချင်းပြီးသေသွားတာ”လို့ ကူညီပေးရာမှာပါဝင်တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ကနဦးသိရသမျှ ရှင်းပြပါတယ်။

ကြိုပို့ယာဥ်နဲ့ YBS – ၂၂ ယာဥ်တို့ တိုက်မိမှုဖြစ်ပွားရာမှာ လမ်းဘေးထိုင်နေသူ လူငယ်က ဒဏ်ရာမပေါ်ဘဲ သေဆုံးခဲ့ရပေမဲ့ ယာဥ်ပေါ်ပါ လူအားလုံးက ဘေးကင်းခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်း သိရပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

မိန်းမပျက်
---------------
အရမ်းကြမ်းတဲ့ကားကြည့်ချင်သူတွေအတွက်
လွတ်လပ်မှုကိုလိုချင်နေတဲ့မိန်းကလေးတစ်ယောက်ဟာ
လွတ်လပ်မှုအတွက်နဲ့ နာမည်အပျက်ခံခဲ့ပါတယ် နောက်ပိုင်းမှာတော့ မိမိချစ်သူကိုဆုံးရှုးခဲ့ရတာကြောင့် နုနယ်တဲ့မိန်းကလေးတစ်ယောက်က ကြမ်းတမ်းပြီးအန္တရာယ်ရှိတဲ့မိန်းကလေးတစ်ယောက်အသွင်ကိုယူခဲ့ပါတော့တယ် သူမရဲ့အချစ်ကြီးမှုနဲ့လွတ်လပ်မှုကိုလိုချင်တာကြောင့် သူမကို ဒုက္ခပေးခဲ့တဲ့ရန်သူတွေကို ကလဲ့စားပြန်ချေတဲ့အခါမှာ ဘယ်လိုအရာတွေကြုံတွေ့ရမလဲဆိုတာ  ရှုစားနိုင်ပါပြီ

Thriller နဲ့ Romance အမျိုးအစားဖြစ်လို
18 နှစ်နှင့်အထက်လူကြီးများသာကြည့်ရှုရန်ပိုသင့်တော်ပါသည်

(Admin ရဲ့ မေတ္တာရှင်မြွေဖြူမလေး ထဲက အစ်ချားနဲ့ မြွေပျိုမယ်ရဲ့ချစ်သစ္စာထဲက ဂျေး တိုပါဝင်သရုပ်ဆောင်ထားပါသည်)

#crd
#storymode

image
1 y - Translate

Aries ♈️, Scorpio ♏️, Capricorn ♑️, Taurus ♉️, Leo ♌️, Sagittarius ♐️, Aquarius ♒️

ကို့ဘာသာနေလဲပြသနာအရှာခံရတဲ့အုပ်စု။ဟိုလူကလာရှာလိုက်ဒီလူကလာရှာ လိုက် ဘာတွေလဲဆိုပြသနာတွေ။ပြသနာကို ကိုယ်က မီးခွက်ထွန်းမရှာပဲ ပြသနာက မီးခွက်ကိုင်ပြီး ကို့ဆီလာရှာတာဗျား။

ဘယ်နေနေကိုမလွတ်တဲ့ zodiac တွေ ဖြစ်ပါတယ်။သို့ပေမဲ့ပြသနာရှာအတိုက်ခိုက်ခံရလေ အောင်မြင်လေ ဖြစ်ကြတဲ့ဇာတာရှင် တွေပါ။လုပ်သမျှတိုင်းခက်ခဲပေမဲ့လဲ ပိုပြီး သူများထက်အသာစီးရတတ်တယ်။အာ့တော့နင်တို့တိုက်ခိုက်လဲ we are not fu* ing care🤌

#lunatarot

image

မပျော်တော့ဘူး 😑

#funny

image

Part-6
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
*သာခါနဂရက= မြို့ကြီးရဲ့ အခက်အလက်နဲ့ တူတဲ့ မြို့လေး”ဆိုပြီး သုံးမျိုး ရှိတယ်။ အဲဒီထဲက ‘ဥဇ္ဇင်္ဂလနဂရက’ကို ‘ဥ’အက္ခရာဖြုတ်ပြီး ‘ဇင်္ဂလနဂရက= ဇင်္ဂလယ်'လို့ သုံးလိုက်တာ၊ မြေပြင်မညီမညွတ်တဲ့ အပူပိုင်းမြို့ ခေါင်ခေါင်လေးလို ဆိုလိုက်တာပေါ့”ဆိုတော့ ဆရာနိုးက-
“အဲဒါပြောတာပဲဗျ၊ အင်္ဂလိပ်စာရယ်လို့မဟုတ်ဘူး၊ အစဉ်အလာကြီးမားတဲ့ ဘာသာစကားတစ်ခုခုကို တတ်အောင်လည်းသင်၊ ဖတ်လည်းဖတ်၊ မှတ်လည်း မှတ်မှ ပြဿနာတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်တယ်ဆိုတာ”လို့ မှတ်ချက် ချပြီး ထောက်ခံပါတယ်။ သိတဲ့အတိုင်း မျက်နှာကတော့ ကျောက်ဆောင်လို မာမာတင်းတင်းပေါ့။ (နောက်တော့ အဲဒီ ‘ဂျင်ဂလယ်’ဆိုတဲ့ ပြင်ဆင်ချက်ကို ဖြုတ်လိုက်တယ်တဲ့)
အဲဒီနေ့က ပခုက္ကူဇာတိသား ပင်စင်စားဆရာကြီးတစ်ဦးလည်း ပါတယ်။ ဆရာကြီးက-
“ဦးဇင်းကတော့ “ဘုန်းကြီးလူထွက်ဇာတ်အုပ်ပဲ”လို့ မှတ်ချက်ပြုပါတယ်။ “ဘယ်လိုတုံးဒကာကြီးရ၊ လင်းပါဦး”ဆိုတော့-

#ဆက်ရန်ရှိ

1 y - Translate

ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ ဆရာမ The Teacher 2 ရုပ်ရှင်ဇာတ်ကားကြီး Premiere Show အခမ်းအနားကျင်းပ

ဖေဖော်ဝါရီ ၅

ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “ဆရာမ The Teacher 2” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“မြယာက ပထမရိုက်ခဲ့တဲ့ The Teacher 1 ထက် 2 က ပိုကြောက်ဖို့ကောင်းတယ်။ အထက ၆ မင်းခေါင် ကျောင်းမှာ ဖြစ်နေကြတဲ့ ပြဿနာရဲ့ အဖြေကို သူတို့ ဘယ်လို ဆက်ပြီးရှာကြမလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ်တိုင်ကလည်း စပ်စုတဲ့ ဆရာမတစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ဒီဇာတ်ကားကို သရဲကားဆိုတာထက် စုံထောက်ကားတစ်ကားလို့ ကြည့်ရှုရမယ့်လို့ ပြောလို့ရပါတယ်”လို့ သရုပ်ဆောင်မြယာက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ၊ ဇာတ်ညွှန်း ဒါရိုက်တာ ညိုမင်းလွင်က သရုပ်ဆောင်တွေဖြစ်တဲ့ မြယာ၊ မြတ်၊ ဝင်းလဲ့ရွှေရည်၊ လင်းထည်ဝါ၊ သန်းဓနစိုး၊ ဂျွန်နိုင်းအောင်၊ ပိုင်သစ်၊ မိုးယံ၊ နှင်းဝတ်ရည် ၊ အိမ်ဂျူရီမွန်၊ မှုနံ့သာ စတဲ့ သူတွေနဲ့ ရိုက်ကူး ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

အဖြူအစိမ်းဝတ် “ဆရာမ The Teacher 2″ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။

#celecele

imageimage
+7

ဖေဖော်ဝါရီ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဖေဖော်ဝါရီ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ဗုဒ္ဓဟူးနေ့မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

imageimage

စွမ်းအင်ဝန်ကြီးဌာနက လစ်လပ်ရာထူး
(၉၀) နေရာ အလုပ်ခေါ်စာ

#govjob

image
image
image
image