Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီနေ့ ဒီအချိန် မနှစ်ကနဲ့ ဒီနှစ် ရွှေစျေး ဒေါ်လာစျေး ဘတ်စျေး ကွာခြားချက်
မနှစ်က 2024 ဇန်နဝါရီလ 12 ရက်နေ့စျေး
အမေရိကန်ဒေါ်လာ 3435 - 3465
စင်ကာပူဒေါ်လာ 2555 – 2615
ထိုင်းဘတ် 97.50 – 99.50
(၁၆) ပဲရည် မီးလင်း အခေါက်ရွှေ
3,750,000 ဝန်းကျင်
ယနေ့ 2025 ဇန်နဝါရီလ 12 ရက်နေ့စျေး
အမေရိကန်ဒေါ်လာ 4520 - 4600
စင်ကာပူဒေါ်လာ 3240 – 3300
ထိုင်းဘတ် 129.80 – 131.80
(၁၆) ပဲရည် မီးလင်း အခေါက်ရွှေ
6,240,000 ဝန်းကျင်
#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး
ကယ်လီဖိုးနီးယား တောမီးမှာ အိမ်တလုံးတည်း ကွက်ကျန်နေခဲ့ရတဲ့ အကြောင်းအရင်း
အမေရိကားမှာ နေသူတွေကတော့ သိတယ်။ အိမ်တွေက တနိုင်ငံလုံး သစ်သားတွေနဲ့ ဆောက်တာပါ။ များသောအားဖြင့် ကြိတ်သားကို အသုံးပြုပါတယ်။ ဆိုတော့ မီးလောင်လွယ်လွန်းတယ်။ မီးစလေးက ထိပြီးဆိုရင် လောင်ပြီ။ မိနစ်ပိုင်းအတွင်းမှာ ပြာကျသွားနိုင်တယ်။
ပုံပါ မလီဘူကမ်းခြေက အိမ်တလုံးဟာ အုတ်နဲ့ ကွန်ဂရစ်နဲ့ ဆောက်ထားလို့ မီးမလောင်ပဲ သူ့တလုံးထဲ ကွက်ကျန်ခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာက အုတ်နဲ့ ကွန်ဂရစ်နဲ့ အိမ်ဆောက်ခွင့်မပေးဘူး။ မြေငလျှင်လှုပ်ခဲ့လို့ အိမ်ပျက်စီးသွားရင် လူကို မြန်မြန်ကယ်နိုင်အောင်လို့ သစ်သားနဲ့ဘဲ အိမ်ဆောက်ရတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က တနှစ်မှာ အကြိမ် တစ်သောင်းခန့် မြေငလျင် လှုပ်ပါတယ်။ အုတ်နဲ့ ကွန်ဂရက်နဲ့ အိမ်ဆောက်မယ်ဆိုရင် ခွင့်ပြုချက်ရဖို့ ခက်ခဲပါတယ်။ ဗဟုသုတအနေနဲ့ တင်ပေးပါတယ် သတင်းထဲက ယူတာ မဟုတ်ပါဘူး။ ဒါက အမေရိကားမှာ နေသူတိုင်း သိထားတဲ့ အချက်ပါ။
စေတနာဖြင့် လေပြေ
#အမေရိက
#တောမီး
ဖိနပ်ကြောင့် မှတ်ချက်ပေးခံရတဲ့ ပြိုင်ပွဲဝင် လင်းပြည့်ဟိန်းကို ငွေကြေးထောက်ပံ့မှု မဟုတ်တဲ့ အနုပညာနဲ့ ဝန်းရံပေးခဲ့တဲ့ ပိုးမီ 👍
အဆိုတော် ပိုးမီက သူမလိုပဲ အနုပညာလောကကို ဝင်ရောက်လာဖို့ ကြိုးစားနေတဲ့ ပြိုင်ပွဲဝင်တစ်ဦးကို ငွေကြေးဆိုင်ရာမဟုတ်တဲ့ အနုပညာ အထောက်အပံ့နဲ့ ဝန်းရံပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင်ဖို့လာတာ လမ်းထိပ်ထွက် ၊ City Mart သွားတဲ့ ဖိနပ်နဲ့ ပြိုင်ပွဲကိုလာပြိုင်တယ်လို့ ဒိုင်ဖြစ်သူ ဇင်အောင်က ဝေဖန်မှတ်ချက်ပြုခဲ့တာပါ။ ဒါကြောင့် ဒီပြိုင်ပွဲဝင်လေးကို အဆိုတော်ပိုးမီက သူမကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ အလိုက်တသိ ဆိုတဲ့သီချင်းကို Cover Song အဖြစ် သီဆို အသံသွင်းပြီးတဲ့အထိ ဝန်းရံကူညီပေးခဲ့တာပါ။ ဒါကတော့ သူမရဲ့ ငွေကြေးဆိုင်ရာထောက်ပံ့မှုမျိုးမဟုတ်ဘဲ သူမအနေနဲ့ ကူညီဖေးမပေးခဲ့တာဖြစ်ပါတယ်။
#updatenews
#အာရုံကြောအားကောင်းစေမဲ့ အချက် (၅)ချက်
အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။
ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။
#အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ
(၁) အာဟာရတွေ ရွေးချယ်စားပါ။
အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင်
အစိမ်းရောင်ရှိတဲ့ အရွက်တွေ ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် ပင်စိမ်း နံနံ ဘူး ဖရုံ မြင်းခွာ ကိုက်လန် ကြက်ဟင်းခါး ပျဉ်တော်သိမ်း သင်ဘော ခွေးတောက် ကြက်ဟင်းခါးသီးအပေါ်ကအစိမ်း မှုံလာ တို့ပေါ့။
အသီးအနှံတွေ ဥပမာ ၊ ဆီးသီး၊ ဖရဲသီး၊ မင်းကွတ် ထန်န်းသီးနု အုန်းရေနုနု ကြက်မောက်သီး
ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။
အစေ့အဆံတွေ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့ ပိန်းနည်းစေ့
#ပဲနီလေးနဲ့ ပဲအမျိုးမျိုး
အာလူး ပိန်းဥ ကဇွန်းဥ ပန်းဥ အာတလွှတ်ဥ
ဖရုံသီး ကျောက်ဖရုံ ကြောင်ရှာသီး ဒန်သလွန် ရုံးပတေ ဘူး ခါးရမ်း ခါးရမ်းကဆောသီး ပဲဆောင်းခါးသီး ကင်းပုံသီး မျောက်ငိုသီး တွေ စားပေးလို့ရပါတယ်။
Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ တို့ကိုလည်း စားပါ။
ဘာနေနေရေများများ ချက်စားပါ
ကလီဇာ ဆီကြော် ready made
နီတဲ့အသား ရှောင်ပါ
(၂)#အသက် ဝဝ ရှူပါ။
အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သင့်တော်တဲ့နေရာ တစ်ခု ရှာပြီး ထိုင်ပါ သို့မဟုတ် လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်တင်ထားပါ။
ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။
၃ စက္ကန့်လောက် အသက်အောင့်ထားပြီးမှ အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။
နောက်၅မိနစ်ကနေ ၁၀ မိနစ်လောက်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ဆက်လုပ်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် လုပ်နိုင်ပါတယ်။
(၃) #ခြေဗလာ နဲ့ လမ်းလျှောက်ကြည့်ပါ။
မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။
၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
(၄) #နေရောင်ခြည် နဲ့ ထိတွေ့ပါ။
ညှော်တေ ရှောင်ပါ ဘာတခုမှကောင်းကျိုးမရှိပါ
ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။
(၅) #စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။ ဒေါသကြောက်ရွှံမူ စိုးရိမ်မူ လျော့ချပါ
ဥပမာ
အလုပ်လုပ်တာ ခဏရပ်ပြီး အသက်ဝဝရှိုက်ရှူပါ။
ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။ ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။
ဒေါသ စိုးရိမ် ကြောက်ရွှံ တာတေ တနေရာထွက်သွားရှောင်နေပါ
#ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
#ကိုယ့်ကိုယ်ကိုချော့ပါ။
စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အလိုလိုက်ပြီး ချော့ပေးပါ။
ဘယ်အရာမှစိတ်တိုင်းကျဖြစ်မလာပါ လူတျိုငျး အကောင်းအဆိုးပါပဲ ကောင်းတာပဲတွေးပေးပါ မကောင်းတာကြုံခဲ့ရင်
ဝဠ်ကြွေးတခု ဆပ်ရတယ်လိုမြင်ပါ
အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။
“ကျနော် ဆဲလ်ဖို့ဒ်မှာ နောက်ဆုံး (၈) နှစ်ကြာ နေထိုင်ခဲ့တာပါ။ ဒီတော့ ကျနော့်အတွက်တော့ ဆဲလ်ဖို့ဒ်နဲ့ ရင်ဆိုင်ရတာက အိမ်နီးချင်းနဲ့ ရင်ဆိုင်ရတာမျိုးပါ” လို့ မနေ့က ကစားခဲ့တဲ့ ဆဲလ်ဖို့ဒ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
တကယ်တမ်း ပွဲကစားချိန်မှာတော့ နှစ်သင်းကြား ခြေစွမ်းပိုင်းက ကွာဟချက် ကြီးမားခဲ့ပြီး မန်စီးတီးက ဆဲလ်ဖို့ဒ်ကို (၈) ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ အိမ်နီးချင်းမို့ သက်သက်ညှာညှာ လုပ်ပေးလိုက်တယ်ဆိုပြီးတော့တောင် ပရိသတ်တွေက နောက်ပြောင်နေပါသေးတယ်။
#လယ်သမားဟင်း လို့လူသိများတဲ့ဟင်းလေးပါ။
ရေနွေးကိုတည်ပါ။
မျှင်ငပိအနည်းငယ်ထည့်ပါ။
ပုဇွန်အသေးတွေလည်းထည့်ပါ။
ပွက်ပွက်ဆူလာရင် မျှစ် ကောက်ရိုးမှို ကြွက်နားရွက်မှို ကြာရိုး ဆူးပုတ် စွယ်တော်ရွက်တို့ကိုထည့်ပါ။
ငရုတ်သီးစိမ်းထောင်း သို့ ညှပ်ထည့်ပါ။
ဆား အရသာမှုန့် အနည်းငယ်ထည့်ပါ။
ဟင်းအိုးဆူပြီး အနံမွှေးပြီဆိုမှ ရှမ်းနံနံ ပင်စိမ်း နှစ်သက်ရာထည့်ပြီး အရသာရှိသော တောစာ လယ်သမားဟင်းလေးစားလို့ရပါပြီ။ နှစ်သက်ရာအသီးရွက်ထည့်နနိုင်ပါတယ်။