42 ပတ် - ဘာသာပြန်ပါ။

Take one for the team
Give and take ပဲနော် အလကားဘာမှမရဘူး သဘောပေါက်လား

42 ပတ် - ဘာသာပြန်ပါ။

တောင်တက်သမားတွေဟာ သူတို့ရဲ့ တောင်တက်ခရီး လမ်းခုလတ်မှာ ဘယ်လို အိပ်ကြတယ်ဆိုတာကို သင်တွေးနေတယ်ဆိုရင်တော့ ဒီပုံဟာ အဖြေပါပဲ။ တောင်တက်သမားတွေဟာ တောင်တက်ရင်း လမ်းခုလတ် တောင်နံရံအမြင့်မှာ ခုလို အိပ်စက်အနားယူကြတာပါ။
If you were wondering how cliff climbers sleep in the middle of their hikes, here's the answer. This couple sleeps in a sustained structure several dozens of meters in height.

image
42 ပတ် - ဘာသာပြန်ပါ။

ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်ရင်း မန်ယူ ရုန်းကန်ရဦးမယ်လို့ အာမိုရင်မ် ခန့်မှန်း
AFP
တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြအဖြစ် ပထမဆုံးပွဲစဉ်မှာ စိတ်ပျက်ဖွယ် စတင်ခဲ့ရပြီးနောက် ရူဘင် အာမိုရင်မ်က အခက်အခဲများနေတဲ့ ဒီကလပ်အသင်းဟာ "အချိန်အတော်ကြာ ရုန်းကန်ရဦးမယ်"လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။
စိတ်ပျက်နေတဲ့ ပရိသတ်တွေ ကြားချင်တဲ့စကား မဟုတ်ပေမဲ့ တဆင့်နိမ့် အစ်ဝစ်ချ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲက သက်သေပြနေပါတယ်။
အာမတ် ဒိုင်ယာလို တိုက်စစ်ဆင်ရာကနေ ဖြတ်တင်ပေးပို့မှုကို မာကပ်စ် ရပ်ရှ်ဖို့ဒ်က ပွဲချိန် ၂ မိနစ်မှာ အနီးကပ်ပိတ်သွင်းယူခဲ့တာကြောင့် ဧည့်သည်အသင်း အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်တို့ မကြာခင်မှာပဲ ကစားပုံကျဆင်းသွားခဲ့ပြီး တိုက်စစ်မှာ နှေးကွေးပြီး နောက်တန်းမှာ မသေချာမရေရာဖြစ်နေခဲ့ပါတယ်။ အဆင့် ၁၈ နေရာက အစ်ဝစ်ချ်အသင်းအတွက် အိုမာရီ ဟပ်ချင်ဆင်က ပထမပိုင်းမှာပဲ ထိုက်တန်တဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘယ်အသင်းကမှ အနိုင်ဂိုး ရှာမတွေ့ခဲ့ပါဘူး။
"ကျွန်တော်တို့ ကာလရှည်ကြာ ရုန်းကန်ရဦးမှာပါ၊ ပြီးတော့ ပွဲတွေ အနိုင်ရအောင် ကြိုးစားသွားမှာပါ" လို့ အမိုရင်မ်က ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ မျှော်လင့်ချက်တွေကို လျှော့ချရင်း ပြောကြားခဲ့ပါတယ်။
"ဒါက အချိန်ယူရမှာပါ၊ ဒါပေမယ့် ပွဲတွေအနိုင်ရဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ နိုင်ပွဲတွေလည်းရမယ်၊ ရှုံးပွဲတွေလည်းကြုံရမယ်။ အိုနာနာကြောင့်သာမဟုတ်ရင် ရှုံးပွဲတပွဲရဲ့အရသာကို အခုချိန်သဘောပေါက်နေကြလောက်ပြီ။"
"ကစားသမားတွေက လေ့ကျင့်ခန်းဆင်းဖို့ နှစ်ရက်ပဲ ရခဲ့တာကို နားလည်ပေးဖို့နဲ့ အများကြီး ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို စဉ်းစားပြီး လက်တွေ့ကျကျ ချဉ်းကပ်ဖို့ လိုပါတယ်။"
ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အပြီးမှာ ယူနိုက်တက်က အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး၊ ထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁၅ မှတ်၊ အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၆ မှတ် ကွာဟနေပါတယ်။
အာမိုရင်မ်ဟာ ထုတ်ပယ်ခံခဲ့ရတဲ့ အဲရစ် တန်ဟက်ဂ်ရဲ့ နေရာမှာ ဒီလအစောပိုင်းက မန်ချက်စတာကို ရောက်ရှိလာခဲ့ပြီး ဂုဏ်ပြုမှုတွေနဲ့အတူ ကြိုဆိုခံခဲ့ရပါတယ်။
သူဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ ပေါ်တူဂီအမှတ်ပေးဖလားနှစ်ကြိမ် ရယူပေးနိုင်ခဲ့လို့ ဥရောပမှာ လူငယ်နည်းပြတွေထဲက စိတ်လှုပ်ရှားစရာ အကောင်းဆုံးတဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
ယူနိုက်တက်ကို ပရီးမီးယားလိဂ်ဖလားအကြိမ် ၂၀ မြောက် ရယူပေးပြီးနောက် ၂၀၁၃ မှာ အနားယူသွားခဲ့တဲ့ အဲလက်စ် ဖာဂူဆန်နောက်ပိုင်း အာမိုရင်မ်ဟာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရတဲ့ ခြောက်ယောက်မြောက် နည်းပြဖြစ်ပါတယ်။
ဒါ့အပြင် အသက် ၃၉ နှစ် နည်းပြဟာ ၁၉၆၉ က မက်ဘပ်စ်ဘီရဲ့နောက် ဝီလ်ဖ် မက်ဂင်းနက်စ် နောက်ပိုင်း ယူနိုက်တက်ရဲ့ အငယ်ဆုံး နည်းပြဖြစ်ပါတယ်။
အာမိုရင်မ်အပေါ် အောင်မြင်မယ်လို့ မျှော်လင့်ထားကြပေမဲ့ Portman Road ကွင်းက ဆိုးရွားတဲ့ အခြေအနေထဲမှာ ယူနိုက်တက်ရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်က ပရီးမီးယားလိဂ်မှာ ထိပ်တန်းအဆင့်ကို ပြန်ရောက်အောင် သူ့ရဲ့ တာဝန်က ဘယ်လောက်ကြီးမားတယ်ဆိုတာ ပြသနေပါတယ်။
ထည့်သွင်းစဉ်းစားပေးရမှာကတော့ နိုင်ငံတကာကြားပွဲတွေအပြီးမှာ အာမိုရင်မ်အနေနဲ့ လူစာရင်းအစုံအလင်နဲ့ အလုပ်လုပ်ဖို့ ရက်အနည်းငယ်ပဲ ရခဲ့ပါတယ်။
တာဝန်တွေ စတင်ထမ်းဆောင်ချိန်မှာ အချိန်ပေးပြီး နားလည်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။
"အခုချိန်မှာ ဘာကိုမှ မျှော်လင့်ဖို့ ခက်ခဲပါတယ်" လို့ သူက ပြောပါတယ်။ "အံ့သြစရာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ပွဲထဲမှာ ဘာဖြစ်မယ်ဆိုတာကို ကြည့်ရမှာပါ။"
"အဲဒါကြောင့် ကျွန်တော် နည်းနည်း စိုးရိမ်မိပါတယ်၊ ဘာလို့လဲဆိုတော့ ပွဲအတွင်းမှာ ဘာဖြစ်မလဲဆိုတာ မသိနိုင်လို့ပါ။"
"အဲဒါကို ကျွန်တော် ခံစားမိပါတယ်။ သူတို့ ကြိုးစားနေကြတယ်၊ ကောင်လေးတွေက ပွဲအတွင်းမှာ အရမ်းတွေးနေခဲ့တယ်လို့ ကျွန်တော် ခံစားမိပါတယ်၊ အဲဒါက ပုံမှန်ပါပဲ။"
ယူနိုက်တက်ဟာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် နော်ဝေကလပ် ဘိုဒို/ဂလင့်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲက အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ ပထမဆုံးပွဲ ဖြစ်လာမှာပါ။
လာမယ့်လတွေမှာ ပြည်တွင်းနဲ့ ဥရောပပွဲတွေ အများအပြား ကစားရမှာဖြစ်တဲ့အတွက် ကစားသမားတွေကို လေ့ကျင့်ပေးဖို့ နည်းလမ်းရှာရမယ်လို့ အာမိုရင်မ်က ပြောပါတယ်။
"ဒီပွဲစဉ်ဇယားအရ အသင်းလူစာရင်းကို အလှည့်ကျအသုံးပြုဖို့ လိုပါတယ်"လို့ သူက ပြောပါတယ်။ "ဒါကြောင့် အသင်းကို တိုးတက်အောင်၊ ပွဲတွေအနိုင်ရအောင် လေ့ကျင့်ဖို့ အဲဒီနည်းလမ်းကို အသုံးပြုသွားမှာပါ။"
"အဲဒါက အဓိကအချက်ပါ။ အချိန်မရှိတဲ့အတွက် အချိန်ကို ရှာဖွေရမှာပါ။ ဒါက တခုတည်းသော နည်းလမ်းလို့ ကျွန်တော် ထင်ပါတယ်။"
ကစားသမားတွေအနေနဲ့ သူ့ရဲ့ ၃-၄-၃ ပုံစံရဲ့ သီးခြားတောင်းဆိုမှုတွေကို ကျင့်သားရဖို့ အချိန်ယူရမယ်ဆိုတာကို သူ ဝန်ခံခဲ့ပေမယ့် ရေရှည်အောင်မြင်မှုအတွက် အခုချိန်မှာ စွန့်စားရတာတွေ လုပ်ရမယ်လို့ ပြောပါတယ်။
"နောက်နှစ် ဒီအဆင့်မှာ ကျွန်တော်တို့ ဒီပြဿနာတွေနဲ့ပဲ ဆက်ရှိနေမှာပါ" လို့ အာမိုရင်မ်က ပြောပါတယ်။
"ဒါမှမဟုတ် အခုကနေ စလုပ်မယ်၊ နည်းနည်းတော့ risk ယူရမယ်၊ နည်းနည်း ရုန်းကန်ရမယ်၊ ပြီးရင် ကျွန်တော်တို့တွေ နောက်နှစ် ဒီအချိန်မှာ ပိုကောင်းလာမှာပါ။ ဒီတော့ နည်းနည်းတော့ risk ယူရမှာပါ။"
Photo: AFP
Mizzima

image

He is gone to heaven

နင်မကြိုက်တဲ့သူနဲ့တွေ့ရင် ဘယ်လိုနေလဲ

42 ပတ် - ဘာသာပြန်ပါ။

Hyper နဲ့ mm buff ကိစ္စက ရူပ်ကုန်ပြီ
ဘယ်ကောင်တွေ ဂိမ်းကူးပေးလိုက်တာလဲကွာ

42 ပတ် - ဘာသာပြန်ပါ။

Sometimes, you just need to find a nice spot and appreciate life. 🍃💚

image
42 ပတ် - ဘာသာပြန်ပါ။

Moti လေးတဖြတ်
မိန်းမကို ဘယ်လောက်တောင်ကြောက်ရမလဲဆိုတာပါ ခန့်မှန်းလို့ရနေပါပြီ

42 ပတ် - ဘာသာပြန်ပါ။

ရပ်ကွက်ထဲမှာဇို:နော် ဒါပေမယ့် မင်းနဲ့တွေ့ရင်တော့ ကိုကြီးက ခရုboyလေး ပဲ...😁

image
42 ပတ် - ဘာသာပြန်ပါ။

ငါမရီချင်ဘူးကွာ
ဆိုက်ဂိတ်ကတော့ ထူးမခြားနားပါပဲ