43 w - Translate

Nail designs ideas 🤩🤘

image
43 w - Translate

Nail designs ideas 🤩🤘

image
43 w - Translate

Nail designs ideas 🤩🤘

image
43 w - Translate

Nail designs ideas 🤩🤘

imageimage
+6

image

image

image

image
image
image
43 w - Translate

◼ စပိန်စူပါဖလားကို ၁၅ ကြိမ်မြောက် ဆွတ်ခူးတဲ့ ဘာစီလိုနာ

တနင်္ဂနွေနေ့က ဆော်ဒီအာရေးဗျနိုင်ငံ၊ ဂျဒ်ဒါမှာ ကျင်းပခဲ့တဲ့ စပိန်စူပါဖလား ကလက်စီကို ဗိုလ်လုပွဲမှာ ဘာစီလိုနာက ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို ၅-၂ နဲ့ဂိုးပြတ် အနိုင်ယူပြီး ဟန်ဆီဖလစ်ရဲ့ လက်ထက် ပထမဆုံး ဖလားကို ဆွတ်ခူးသွားပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ စပိန်စူပါဖလားကို စံချိန်တင် ၁၅ ကြိမ်မြောက် ဆွတ်ခူးခဲ့တာဖြစ်သလို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။

image
43 w - Translate

ကိုးလအတွင်း ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရရှိခဲ့

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပျားရည် မက်ထရစ် တန်ချိန် (၁၁၀၀)ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၇၀၄ သန်းကျော် ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျား မွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

ပျားရည်သည်မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ရှမ်းပြည်နယ်၊ပဲခူးတိုင်းမှ အများဆုံးထွက်ရှိကြောင်း၊ ပျားရည်ကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ အများဆုံးတင်ပို့ကြောင်း သိရသည်။

ပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသည်။

ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ‌ရော်ဘာပျားရည်၊ လိုက်ချီး ပျားရည်ဟူ၍ ထုတ်လုပ်ပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပ နိုင်ငံများသို့လည်း တင်ပို့ကြောင်း သိရသည်။

image