40 w - Translate

ချစ်တယ်ဆိုတာ
ကာကွယ်စောင့်ရှောက်ပေးခြင်းပဲ ကလေးရဲ့
ဒါပဲလားဆိုရင်တော့
လူပုံအလယ် မျက်နှာမငယ်စေခြင်းနဲ့
အားငယ်သံသယရှိစရာ
မလိုတဲ့ စိတ်ချမှုတွေပေးပြီး
ကိုယ့်စိတ်ကို အမြဲ
နွေးထွေးလုံခြုံစေတာတွေလည်းပါတာပေါ့။

💭 || 6.9.2024

image
40 w - Translate

ကျောင်းဆရာမဘဝမှာ ၆၇ နှစ်တိုင်တိုင် ကျင်လည်ခဲ့တဲ့အပြင် သေတမ်းစာမှာ ပညာရေးအတွက် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့သူ

ကျောင်းဆရာမကြီးတစ်ဦးဟာ ၆၇ နှစ်တိုင်တိုင် ပညာသင်ကြားပေးခဲ့ပြီးနောက် ကွယ်လွန်သွားချိန်မှာ ပညာရေးအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်တဲ့ လီလီယံအော်လစ်ချ်ဟာ ဝါရှင်တန်ဒီစီ အပြင်ဘက်မှာရှိတဲ့ အော့စ်ဘွန်းအထက်တန်းကျောင်း၊ အော့စ်ဘွန်းပါ့ခ်အထက်တန်းကျောင်းတွေမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူပါ။

ကျောင်းသား/သူအများစုက မစ္စအိုလို့ ချစ်စနိုးခေါ်ကြတဲ့ အော်လစ်ချ်ဟာ အသက် ၈၉ နှစ်အရွယ်မှာ ကျောင်းဆရာမအဖြစ်ကနေ အငြိမ်းစားယူခဲ့ပြီး မတ်လ ၇ ရက်နေ့က အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။ အော်လစ်ချ်က သူ့ရဲ့ သေတမ်းစာမှာ ပရင့်စ်ဝီလျံကောင်တီကျောင်းတွေအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး သူ့ရဲ့ရက်ရောမှုက ကြားရသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

image
40 w - Translate

ရီးစား- စိတ်လျှော့ပါ ကိုယ် ဘေဘီနဲ့ ရန်မဖြစ်ချင်ပါဘူး
ငါ-

image
40 w - Translate

ကျွန်တော် my day တင်လိုက်တယ်
အတော်အတန်ကြာအောင်
my day ထဲ ဝင်ထွက်ခဏခဏ
လုပ်နေမိတယ် တချက်ပြုံးမသွားဘူး
ဒါပေမယ့် နောက်တစ်ကြိမ်ဝင်ကြည့်မိတော့
ကျွန်တော့် မျက်နှာကြီး ပြုံးဖီးသွားတယ်
ဒီလိုပါပဲ ကိုယ်သဘောကျတဲ့ သူရဲ့
react မြင်မှ My Day တင်တာ
ပြည့်စုံသွားပြီလို့ ခံစားရစေတာ ..✍ Stephen 1998

image
40 w - Translate

နည်းနည်း ပင်ပန်းတယ်လိူ့ ထင်တုန်းက
ပင်ပန်းလိုက်တာလို့ ထုတ်ပြောခဲ့ တယ်---"

အဲ့ထက် ပင်ပန်းလာတော့ တိတ်ဆိတ်သွားတယ်
ပင်ပန်းမှုတွေက လက်ခံနိုင်စွမ်းထက်
ကျော်သွားတဲ့ အခါကျ ရယ်ပဲရယ်နေလိုက်တော့တယ်---"

#crd
Stephen 1998

image
40 w - Translate

သူက ငါ့ကို သိပ်ချစ်တာဆိုပြီးပြောခဲ့ဖူးတဲ့ စကားလုံးတွေကို
ပြန်သတိရတယ်

ငါတို့ ဘယ်တော့မှ ဝေးမှာမဟုတ်ဘူးဆိုပြီး
ယုံကြည်ခဲ့မိတဲ့ အတိတ်တွေကိုပြန်လိုချင်မိတယ် ။

လက်တွေ အကြာကြီး တွဲခဲ့လို့လက်တွဲတွေ မြဲပြီ ထင်ခဲ့တာ

ဝေးမယ့် ဝေးတော့လည်း အကြောင်းပြချက်တွေတောင်
ရေရေရာရာ ရှိမနေဘူးပဲ ။

ရန်တွေ ဖြစ်ခဲ့ကြဖူးတယ် စိတ်တွေ ကောက်ခဲ့ကြဖူးတယ်
တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲကြမယ်ဆိုတဲ့ စကားတွေ
ပြောမထွက်ခဲ့ကြဘူး ...

ဒါပေမယ့်

တကယ် သွေးအေးသွားတဲ့အခါကျပြန်တော့လည်း
ဖုန်းတွေ ဆက်နေပါရဲ့နဲ့ စာတွေ ပို့နေပါရဲ့နဲ့
တစ်ဖက်က ပြန်ပြောစရာ စကားလုံးမရှိတော့လောက်အောင်
ရှားပါးနေလိုက်တာ

အဆင်ပြေသွားမှာပါ
တချိန်ကျ အရင်လို ပြန် ဖြစ်သွားမှာပါဆိုတဲ့
မျှော်လင့်ချက်လေးနဲ့ ရပ်စောင့်နေတဲ့ ကိုယ့်မှာ
အချိန်တွေ တဖြေးဖြေးကြာလာတာနဲ့အမျှ
တဖြေးဖြေး ပိုဝေးတဲ့ နေရာမှာပဲ ကျန်နေခဲ့ရတယ် ။

ငါတို့ ချစ်ခဲ့ကြတုန်းကဘာလို့ဆိုတဲ့ အကြောင်းပြချက်တွေ
မင်း မေးခဲ့ဖူးသလို

ငါတို့ ဝေးခဲ့ရခြင်းကကော ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ဖို့ သင့်တာပေါ့ ။

#2001
//crd
#foryoupageシforyou
#pyfツ
#crd

image
40 w - Translate

ကျွန်တော် ...
လုံလုံလောက်လောက် ချစ်ခဲ့ပြီးသွားပြီထင်တယ်
တစ်နေ့ နီးကို နီးစပ်ရမယ်ဆိုပြီး
အများကြီးလဲ ကြိုးစားခဲ့ပြီးပြီထင်တယ်
အတင်းကြီး လိုက်ကပ်တွယ်ပြီး
ချစ်နေရတာ ပင်ပန်းပြီ
အများကြီးထိန်းချုပ်ပြီး
အားလုံးရဲ့အဝေးမှာ နေရတာ ပင်ပန်းပြီ
နီးဖို့ကြိုးစားရင်း တဖြေးဖြေးဝေးလာခြင်းတွေမှာ
ပင်ပန်းနေပြီ
ကျွန်တော် ...
ခင်ဗျားကိုပဲ ဆက်ပြီးချစ်မှာပါ
ဒါပေမယ့်
ခဏနားပါရစေလေနော်
မင်းပျော်ပါစေဆိုပြီး
ကိုယ်မပြုံးဖြစ်တဲ့ရက်တွေ ခဏရပ်ချင်ပြီ
မင်းအဆင်ပြေရဲ့လားတွေးပြီး
ကိုယ် အဆင်မပြေရတဲ့ရက်တွေ လွန်ချင်ပြီ
မင်းကို သိပ်ချစ်တယ်လို့တွေးပြီး
ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေတာတွေအတွက်
ပြန်အမှတ်ရချင်ပြီ ။
အများကြီး လိမ်မာခဲ့ပြီးသွားပြီမဟုတ်လား
ခဏလောက်
ဆိုးခွင့်တွေ ရှိရင်
ဆိုးလို့ရချင်မိတယ်
အများကြီး ဂရုစိုက်ပြီးသွားပြီမလား
ခဏလောက်
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ချင်နေမိတယ်
အများကြီး ချစ်ပေးခဲ့ပြီမဟုတ်လား
ခဏလောက်
ကျွန်တော့်ကိုယ် ကျွန်တော်
ပြန်ချစ်ကြည့်ချင်တယ်

#ပြည့်စုံလျှံ
(ရင်နှင့်ရင်း၍ရေးသည်)

image
40 w - Translate

#talks

"ပေါ်တူဂီနဲ့အတူ ယူရိုချန်ပီယံဖလားရတာက ကမ္ဘာ့ဖလားရတာနဲ့ တန်းတူပါပဲ။ ကျွန်တော်က ပေါ်တူဂီ အတွက် ဆုဖလားနှစ်လုံးရထားပြီးပါပြီ။ အဲဒါ ကျွန်တော် တကယ်လိုချင်တဲ့ ဆုဖလားတွေပါ။ အဲဒီ (၂၀၂၆ ကမ္ဘာ့ဖလား) အတွက် စိတ်အားထက်သန်မှုမရှိပါဘူး။ ကျွန်တော်က ဘောလုံးကို ပျော်ရွှင်စွာကစားနိုင်ဖို့နဲ့ မှတ်တမ်းတွေ ရယူနိုင်ဖို့ပဲ စိတ်အားထက်သန်ပါတယ်။ ကျွန်တော်က မှတ်တမ်းတွေနောက်လိုက်နေတာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော့်နောက်ကို လိုက်နေကြတာပါ"

- စီရော်နယ်လ်ဒို (၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်မှန်းထားခြင်းရှိမရှိ မေးမြန်းမှုအပေါ် ဖြေကြားခြင်း)

image
40 w - Translate

မင်းက သိပ်ချူချာတာ စိတ်ပူတာပေါ့ ။

ဘာပဲဖြစ်ဖြစ် နေကောင်းအောင်ပဲ နေပါကွာ ... တစ်ခုခုဆို မင်းက မြိုသိပ်ထားတတ်တယ် ပြီးတော့ ပေတေပြီးနေတတ်တယ် ။ ဘာမှ မဖြစ်ပါဘူးဆိုတဲ့စကားကို အကြိမ်ကြိမ်ပြောပြီး ဖြစ်ပျက်သမျှကို အေးဆေးပါဆိုတဲ့ ပုံစံမျိုးနဲ့ ဖြတ်သန်းနေပေမယ့် တကယ့်တမ်းကျတော့ အဆင်ပြေတာမှ မဟုတ်ပဲလေ ။

မင်းက အပူကြောက်တယ်.. ပြီးတော့ အေးတာ ကြိုက်တယ်လို့ပြောသလောက်လဲ အရမ်းအေးရင် ပြန်နွေးဖို့ခက်တာ ။ လက်ဖျားလေးတွေ ခြေချောင်းလေးတွေဆို တစ်နေ့လုံး အေးနေတတ်တာလေ ။ အဲ့တော့ နေပူကြီးထဲလဲ မသွားတဲ့ အအေးအေးတဲ့အခါလဲ ပေတေပြီး မနေနဲ့ပေါ့ ။

နောက်တစ်ခုရှိသေးတယ် ... မိုးတွေရွာရင် ပိုလို့တောင် စိတ်ပူသေးတယ် ။ မိုးရေဆော့ရတာ သဘောကျသလောက် ရေစင်အောင် မသုတ်တတ်ဘူး ။ ခေါင်းများနဲနဲစိုရင် ဟပ်ချိုးဆိုတဲ့ ဇာတ်လမ်းက စပြီ ။ ချောင်းတွေဆိုးရင် တော်ရုံတန်ရုံနဲ့ မပျောက်ဘူးဆိုတာမှန်းသိရဲ့နဲ့ တစ်ခါတစ်လေကျ မင်းက အရမ်းကလေးဆန်တာ ။ လက်ဖက်တွေစားမရတဲ့ရက်ဆို ခေါင်းက အရမ်းလျှော်ချင်သေးတာလေ။ အဲ့လိုတွေ မလုပ်ပါနဲ့။

ခေါင်းလျှော်တဲ့ရက်တွေဆို ခေါင်းခြောက်အောင် သုတ်ဖို့ အတန်တန်မှာရတယ် ။ တစ်ခါတစ်လေ ခေါင်းမခြောက်ပဲ အိပ်က ပျော်သွားတတ်သေးတာ ။ ပြီးရင် ဖျားရင် ကလေးလေးတစ်ယောက်လိုပဲ မင်းက ဂျီကျတတ်သေးတာ မဟုတ်လား ။ ပြီးရင် ဘယ်သူမှ ငါ့ကို ဂရုမစိုက်ဘူးဆိုတဲ့ စကားတွေ တဖွဖွ ရွတ်တတ်သေးတာ ။ မဖြစ်စေချင်ဘူး ကလေးရဲ့ ... တစ်ခုခု ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရတာလေ ။ အစား၀င်ခံချင်ပါတယ်ဆိုတဲ့ စိတ်ကူးတွေပဲရှိခဲ့တာ တကယ့်လက်တွေ့တွေမှာကျ အဲ့လိုမှ မရပဲဟာ ။

အစားအသောက်မမှန်ရင် ဗိုက်နာတတ်မှန်းသိရဲ့နဲ့ ... ဒီဟင်းမကြိုက်တာနဲ့ မစားတော့ဘူး ။ အစပ်တွေ အများကြီးစားရင် ဗိုက်အောင့်တတ်မှန်းသိရဲ့နဲ့ ဒါပဲရှိတာကိုးနဲ့ ရောချတတ်သေးတာ ။ မင်းကလေ စားရမှာ သဘောကျသလောက် လုပ်ရမှာတော့ နည်းနည်းပျင်းတယ် ဆိုပါတော့ ။ ရောဂါတစ်ခုကို အစမပြုစေချင်ရုံပါ ။ တစ်ခါတစ်လေ ကိုယ်အလုပ်များ များနေရင် တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်လိုက်ရမှ မဟုတ်လား ။ ပြီးရင် ကိုယ်မှ ဂရုမစိုက်တာဆိုတဲ့ စကားနဲ့ ရန်ရှာဦးမယ် ။

မင်းက ချူချာတယ်လေ ... တစ်ခုခုဆို ဖြစ်လွယ်တယ် ပြီးတော့ ပျောက်ဖို့ ခဲယဥ်းတယ် ။ မင်းအနားမှာ မင်းကို ဂရုစိုက်တဲ့ လူတွေ အများကြီးလဲ ရှိနေတာလဲ မဟုတ်ပဲနဲ့ ဖြစ်လာရင် မြိုသိပ်ထားမယ် ပေတေပြီး နေလိုက်မယ်ဆိုပြီး အမြဲတမ်း ခေါင်းမာမနေပါနဲ့တော့ ... တစ်ခုခုဆို မင်းက ချူချာတယ်လေ အဲ့တော့ စိတ်ပူရတာပေါ့ ။

မဖြစ်အောင်နေပါ ကလေးရယ် ... ဖြစ်လာတဲ့အခါလဲ ဆေးတွေသောက်ဖို့ မကြောက်နဲ့ ... သောက်ပြီးပြီး သောက်ပြီးပြီးနဲ့ ဆေးတွေ ဖွက်ထားမျိုးမလုပ်နဲ့ ခေါင်းမမာနဲ့ ဘာမှမဖြစ်ပါဘူးဆိုတဲ့ စကားတွေ ခဏခဏ မသုံးနဲ့တော့ ... နေကောင်းကျန်းမာအောင်ပဲ နေပါ ။

-ကျေးကို
#january_x

image
40 w - Translate

တစ်နေ့ထက်တစ်နေ့ တိတ်ဆိတ်လာတယ်
လူတွေကို မေ့တတ်လာတယ်
ဘဝမှာ ကိုယ်နဲ့မထိုက်တန်တဲ့
အရာတွေ များလာတယ်။

ပြောစရာ စကားတွေ မဲ့လာတယ်
ခေါ်စရာအသံတွေ နည်းလာတယ်
ကိုယ့်ကို နားလည်နိုင်တဲ့သူတွေ ရှားလာတယ်။

လူ့ဘဝဆိုတာ
ငယ်ငယ်က ပွဲတော်ထဲမှာ လျှောက်လည်ရင်း
ကိုယ်လိုချင်တာတွေကို ငေးရုံပဲငေးပြီး
အမှောင်ထုထဲ
ခေါင်းငိုက်စိုက်ချ တိတ်တိတ်လေး
ပြန်ရသလိုလား...။

#2001
//crd

image