1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

imageimage
+5

သိဖို့

image
1 y - Translate

Oh My School! (2023)

IMDb - 6.9/10
Genre - Fantasy, Comedy

သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကိုနှစ်သက်တဲ့သူတွေအတွက် ကာတွန်းကားကောင်းလေး ကြည်ရှုလိုရပါပြီ….ကျောင်းမှာ အဆိုးဆုံးအတန်းလိုနာမည်ကြီးတဲ့အတန်းက အဆိုးဆုံးကျောင်းသားလေးဝမ်ချန်… အမြဲတမ်း
ကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး….ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီး ထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကိုအရမ်းလိုချင်လိုကြိုးစားနေသူဆရာမတစ်ယောက်…ဆိုးသွမ်းတဲ့ ဝမ်ချန်တိုအဖွဲနဲ့ ဆရာမရှီးကတော့ အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။တစ်နေ့ သူတိုနှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်….ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ…ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား…ခန္ဓာကိုယ်လဲသွားလိုဖြစ်လာတဲ့ပြသာနာတွေကိုရောဘယ်လိုရင်ဆိုင်မလဲ…ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား
ကြည့်ရှု့ရမှာဖြစ်ပါတယ်

image

လီဂါနက်စ်ကို အနိုင်ရတဲ့ပွဲမှာ ရီးရယ်လ်လူငယ်တွေကို အန်ဆယ်လော့တီ ချီးကျူး

ဖေဖော်ဝါရီ ၆

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လီဂါနက်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲကိုခြားနားမှုဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ လူငယ်ကစားသမားတွေကို ချီးကျူးမှု ပြုလုပ်ခဲ့ ပါတယ်။

အန်ဆယ်လော့တီက “ဒီပွဲမှာ လူငယ်ကစားသမားတွေ လုပ်နိုင်ခဲ့တဲ့အရာကို ကျနော်တို့အလွန် ကျေနပ်ရမှာ ဖြစ်သလို သူတို့ကို ဆက်ပြီးအားကိုးနေရမှာပါ။ သူတို့ဟာ အတွေ့အကြုံနည်းပေမယ့် အခြေခံအားဖြင့် သူတို့ကို လိုအပ်ပါတယ်။ ကျနော်ဟာ အသင်းတစ်သင်းကို ပေါင်းစည်းတဲ့အချိန်မှာ ပွဲကိုအနိုင်ရဖို့ကြိုးစားတဲ့အတွက် လူငယ်အကယ်ဒမီကိုမိနစ်ပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ဒဏ်ရာနဲ့အခြားအချက်တွေကြောင့် သူတို့အခွင့်အရေးရခဲ့ပြီး သူတို့ကလည်း အလွန်ကောင်းမွန်ခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ အသလက်တီကို၊မန်စီးတီးအသင်းတို့နဲ့ အရေးကြီးပွဲတွေကစားဖို့ရှိတဲ့အတွက် လီဂါနက်စ် အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားအများအပြားကို အနားပေးခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အသက် ၂၁ အရွယ်ရှိ အဆန်စီယို၊၂၀ နှစ်အရွယ်ရှိ ရာမွန်၊၁၉ နှစ်အရွယ်ရှိ ဂူလာနဲ့ ၁၈ နှစ်အရွယ်ရှိ အန်းဒရစ်တို့ကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းအသုံးပြုခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အန်းဒရစ်၊မိုဒရစ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လီဂါနက်စ်အသင်းအတွက် ခရုဇ်က ချေပဂိုးတွေပြန်သွင်းယူနိုင်ခဲ့ပါတယ်။

ရီးရယ်လ်အသင်းအတွက် အနိုင်ဂိုးကို လူစားလဲဝင်ရောက်လာတဲ့ အသက် ၂၀ နှစ်အရွယ်ရှိ အကယ်ဒမီတိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာက မိနစ် ၉၀ ပြည့်ပြီးနာကျင်အချိန်ပိုမှာ သွင်းယူခဲ့တာပါ။

အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ လီဂါနက်စ်အသင်းကို အနိုင်ရပြီး ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရယ်လ် အသင်းဟာ လက်ရှိအချိန်မှာ ရူဒီဂါ၊အလာဘာတို့ရဲ့ ဒဏ်ရာတွေကြောင့် ခံစစ်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး လာမယ့်ပွဲတွေမှာ လူငယ်ကစားသမားအချို့ကို ခံစစ်မှာဆက်ပြီး အသုံးပြုသွားရမှာပါ။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လီဂါနက်စ်အသင်းနဲ့ပွဲမှာ အဓိက ကစားသမားတွေကို ချန်လှပ်ထား ခဲ့တာကြောင့် သူတို့ဟာ လာမယ့်ပွဲမှာ အဆင်သင့်ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့် ၁ နေရာနဲ့ ၂ နေရာမှာရပ်တည်နေတဲ့ သူတို့နှစ်သင်းရဲ့အကြားမှာ ရမှတ် ၁ မှတ်သာကွာဟတာဖြစ်ပါတယ်။

Source:ChannelNewsAsia

#ဘောလုံးသတင်းစုံ

image

ခြံအမှတ်(၅၄)ကို ဝယ်ယူမည့်သူမရှိ လေလံပွဲမအောင်မြင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅

ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ်(၅၄)ကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တတိယအကြိမ်မြောက် လေလံတင်ရောင်းချခဲ့ရာ လေလံပွဲအောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။

ယခုတတိယအကြိမ်မြောက်‌ ကြမ်းခင်းလေလံဈေးကို ၂၉၇ ဘီလီယံဖြင့်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်ကို နှစ်ကြိမ်တိတိလေလံတင်ရောင်းချသော်လည်း ဝယ်ယူမည့်သူမရှိခဲ့ခြင်းကြောင့် ဈေးထပ်မံလျှော့ချ၍ လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

"ဘယ်သူကဝယ်မှာလဲ။ နောက်တစ်ကြိမ် လေလံဈေးထပ်လျှော့ပြီးရောင်းရင်လည်း ပျက်မှာပဲ" ဟု လေလံပွဲသို့ ရောက်ရှိလာသည့် ရှေ့နေတစ်ဦးက ပြောသည်။

ပထမအကြိမ်လေလံပွဲတွင် ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့် လေလံတင်ခဲ့ပြီး၊ ဒုတိ ယတစ်ကြိမ်တွင် ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်းတိတိ)ဖြင့် ထပ်မံလေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image