Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
The Monster Project 2017
အညွှန်း* 🔽🔽🔽
The Monster Project (2017)
ထိတ်လန့်စရာဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းက ၂၀၁၇ August 18 မှာထွက်ထားတာဖြစ်ပြီး Action/ Horror အမျိုးအစားပဲဖြစ်ပါတယ်။
မကောင်းဆိုးရွားတွေလိုဝတ်စားပြီး မကောင်းဆိုးဝါးအတုလုပ်ကာ ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ကာ ပိုက်ဆံရှာတတ်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ် …
တစ်နေ့တော့သူတိုနှစ်ယောက်ဟာ သူတိုဗီဒီယိုတွေကို လူတွေပိုကြည့်စေချင်တဲ့အတွက် viwers များများရဖိုရည်ရွယ်ချက်နဲ့ Documentary တစ်ခုရိုက်ဖို အကြံရကြပါတယ်…
သူတိုက Documentary ကို Monster Project လိုအမည်ပေးပြီး ရည်ရွယ်ချက်ကတော့ တကယ့်မကောင်းဆိုးဝါးတွေကို ဖိတ်ခေါ်ပြီး အင်တာဗျူးလုပ်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်…
ဒီလိုနဲ့သူတိုဟာ အမေရိကန်တစ်ဝိုက်က မကောင်းဆိုးဝါးတွေဆက်သွယ်နိုင်တယ်ဆိုပြီး အွန်လိုင်းမှာတင်လိုက်ပါတယ်…
မကြာခင်ပဲ သူတိုကိုယ်သူတို မကောင်းဆိုးဝါးတွေလိုပြောကြတဲ့ လူသုံးယောက်ဆက်သွယ်လာကြပါတယ်…
နောက်ထပ်ရောက်လာတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ သူငယ်ချင်းလေးယောက် အိမ်အိုကြီးတစ်လုံးကို ငှားရမ်းပြီး မကောင်းဆိုးဝါးသုံးကောင်နဲ့ အင်တာဗျူးရန်ဖန်တီးပါတော့တယ်၊ဖြစ်ချင်တော့ ရိုက်ကူးမယ့်ညဟာ လကြတ်တာနဲ့ တိုက်ဆိုင်နေပါတော့တယ်၊မကောင်းဆိုးဝါးတွေဟာ လူတွေလား မကောင်းဆိုးဝါးအစစ်တွေပဲလား၊လကြတ်ညမှာ ဘာတွေဆက်ဖြစ်လာဦးမလဲ ဆိုတာတွေကိုတော့။....
ထရန့်ဒ်အလက်ဇန်းဒါးအာနိုးဟာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဆင့်ဒုတိယအကျော့ပွဲစဉ်မှာတော့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့လီဗာပူးလ်အသင်းတို့ကစားမဲ့ပွဲစဉ်ကိုလွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။
ထရန့်ဒ်အလက်ဇန်းဒါးအာနိုးဟာ ဘုန်းမောက်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာပေါင်ခြံဒဏ်ရာရရှိခဲ့ပေမဲ့ ဒဏ်ရာပြသနာဟာအရမ်းမပြင်းထန်ခဲ့ဘဲ ရက်ပိုင်းလောက်သာအနားယူကုသရမှာဖြစ်ပါတယ်။
အာလ်နေးစလော့ဒ်အနေနဲ့ စပါးအသင်းနဲ့ကစားရမဲ့ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာအလက်ဇန်းဒါးအာနိုးကိုထည့်သွင်းကစားစေဖို့စွန့်စားစေမှာမဟုတ်ဘဲ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာကစားရမဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်ဖြစ်တဲ့ပလိုင်းမောက်အသင်းနဲ့ပွဲစဉ်ပါထည့်သွင်းကစားစေလိမ့်မှာမဟုင်္တပါဘူး။
ဒါပေမဲ့လည်း အဂ်လန်လက်ရွေးစင်နောက်ခံကစားသမားအနေနဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ဗုဒ္ဓဟူးနေ့မှာအဲဗာတန်အသင်းအိမ်ကွင်းမှာသွားရောက်ကစားရမဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက်ပြန်လည်ပါဝင်ကစားသွားနိုင်ဖို့အခွင့်အရေးရှိနေပါတယ်။
#ဘောလုံးသတင်းစုံ
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်
ဖေဖော်ဝါရီ ၆
ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ပြီး ယခု ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၆၈ သန်းအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စက်သုံးဆီဈေးနှုန်းမျာ ပြန်လည်မြင့်တက်လာခဲ့၍ တစ်လအတွင်း ဒီဇယ်ဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၂၅၀ မှ ၃၀၀ ဝန်းကျင်နှင့် ဓာတ်ဆီဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၅၀ ဝန်းကျင် မြင့်တက်လာမှုများရှိခဲ့သည်။
ယင်းကဲ့သို့ စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ဒေါ်လာသန်း ၂၀ ဖြင့် နှစ်ကြိမ်ရောင်းချပေးမှု စုစုပေါင်း ဒေါ်လာ ၄၅ ရောင်းချပေးခဲ့ပြီးနောက် ဇန်နဝါရီလကုန်ပိုင်းတွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ပြန်ကျဆင်းခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက် (ယမန်နေ့)တွင်လည်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာခဲ့၍ ယခု ၂၀၂၅ ခုနှစ် တစ်လကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသုံးကြိမ်ရောင်းချပေးမှု စုစုပေါင်းဒေါ်လာ ၆၈ အထိရှိလာခဲ့သည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဖေဖော်ဝါရီ ၃ ရက်တွင် တရုတ်ယွမ် ၅၀၀,၀၀၀၊ ဖေဖော်ဝါရီ ၄ ရက်တွင် တရုတ်ယွမ် ၁၀၆,၀၀၀ နီးပါး၊ ဖေဖော်ဝါရီ ၅ ရက်တွင် ဒေါ်လာ ၄၉၀,၀၀၀ နှင့် တရုတ်ယွမ် ၅၀၀,၀၀၀ ရောင်းချပေးထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနှင့် တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီဈေးကွက်အတွင်း ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃,၁၈၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၂၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၈၂၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၄၈၅ ကျပ် ဖြစ်ပေါ်လျက်ရှိပြီး ဇန်နဝါရီလကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ်ဈေးနှုန်း အနည်းငယ်ပြန်ကျခဲ့သော်လည်း ဓာတ်ဆီဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်။
Credit - MT News Agency
#centralnewsnaypyitaw