Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၂၄ ရွှေဘောလုံးဆု ဘယ်သူရမယ်ဆိုတာထက် ၂၀၂၄ ရဲ့ အကောင်းဆုံးနည်းပြဆု ဘယ်သူရမယ်ုဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။ အကောင်းဆုံးလူငယ်ဆုကတော့ လာမိန်း ယာမဲလ် က လွဲပြီး အခြားသူဖြစ်နိုင်မယ်မထင်ပါဘူး ။ နည်းပြဆုမှာကတော့ စကာတင် ၆ ဦးစလုံးဟာ တကယ်ကောင်းမွန်တဲ့ မှတ်တမ်းတွေ ၊ အောင်မြင်မှုတွေ ရယူထားခဲ့ကြပါတယ် ။
ဂွာဒီယိုလာ က ၄ နှစ်ဆက် အမှတ်ပေးချန်ပီယံ
အန်ဆယ်လော့တီ က ရီးရဲအတွက် ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား
လူးဝစ် ဒီလာဖွန်တီ က ထိုက်တန်လှတဲ့ ယူရို ၂၀၂၄ ချန်ပီယံ
လီယွန်နယ် စကာလိုနီ က ၂ ထပ်ကွမ်း ကိုပါအမေရိကချန်ပီယံ
ဇာဘီ အလွန်ဆို က ရှုံးပွဲ မရှိ ဘွန်ဒစ်လီဂါ အမှတ်ပေး ချန်ပီယံ
ဂတ်စပါရီနီ က အသင်းကြီးတွေကို ကျော်ဖြတ်ရယူခဲ့တဲ့ ယူရိုပါလိဂ် တွေနဲ့ ကိုယ်စီ တင့်တယ်နေကြပါတယ် ။
ဘယ်တစ်ယောက်ကို ရွေးရမလဲဆိုတာ ဆုံးဖြတ်ရ ခက်အောင်ပါပဲ ။
ဘယ်သူ့ကို အကောင်းဆုံး နည်းပြအဖြစ် ရွေးချယ်ချင်သလဲဗျာ
ငါးသလောက်ပေါင်း
#ငါးသလောက်ပေါင်း
ငါးသလောက်ကို အကြေးထိုး ဆေးကြောသန့်စင်ပြီး တက်ကြောထုတ် ထားပါ။ တက်ကြောက ငါးသလောက်ကို ခေါင်းနဲ့ကိုယ် ဆက်တဲ့နေရာက တည့်တည့်လှီးချပါ။ အရေပြားအောက် အသားတွေဆုံတဲ့နေရာမှာ အဖြူရောင်လေး တွေ့ရပါမယ်။ လက်နဲ့အသာအယာစမ်းပြီး ဖြည်းဖြည်း ချင်း ဆွဲထုတ်ပါ။ နှစ်ဖက်လုံး မှာရှိပါတယ်။ အနေတော်ပိုင်းပြီး ဒါးရာပေးထားပါ။ ဆား၊ ဟင်းခတ်မှုန့် ၊နနွင်း ၊ငံပြာရည်၊ ရှာလကာရည် ၊ သကြား တို့နဲ့ အရသာဝင်အောင် နယ်ပြီး နာရီဝက် တစ်နာရီခန့် နှပ်ထားပါ။
Slow cooker တို့ pressure cooker တို့ဆို မကပ်တဲ့အတွက် အောက်ခြေက ဘာမှ မခင်းလဲရပါတယ်။ ရိုးရိုးအိုးနဲ့ပေါင်းရင် အောက်ခြေက ကြံ သို့မဟုတ် စပါးလင် ခင်းပါ။ အောက်ဆုံးက ငါးခေါင်းတွေအရင်စီထည့် ပြီးမှ အမြှီးပိုင်း နောက်ဆုံး ကိုယ်ထည်ထည့်ပါ။ ဆီကို ငါးမြုပ်ရုံ ထည့်ပါ။ pressure cooker နဲ့ဆို ၁နာရီ ဆို အရိုးပါနူးပါပြီ။ slow cookerနဲ့ဆိုရင် ကျွန်မကတော့ ညအိပ်ခါနီး ပုံမှန်ခလုတ်နဲ့တည်ထား မနက်ဆို အရိုးပါနူးအိနေပြီပေါ့။
ရိုးရိုး အိုးနဲ့ဆိုရင်တော့ ရေပါထည့်ပြီး မီးမှန်မှန်နဲ့ ၂နာရီ ခန့်၊ မီးအေးအေးနဲ့ ၃နာရီခန့် ပေါင်းရပါတယ်။
ပြီးမှ ကြက်သွန်နီ ခရမ်းချဉ်သီး ကို အနှစ်သက်သက် ချက်ပြီး ငါးသလောက်ကို လိုသလောက်ပဲ ပြန်ထည့်ချက်ပါတယ်။ ပေါင်းထားတဲ့ငါးသလောက်ကို မကုန်ရင် ရေခဲသေတ္တာ ထဲထည့် သိမ်းထားပြီး လိုမှ အနှစ်နဲ့ပြန်ရောချက်လို့ရပါတယ်။
ကားကြီးတွေက နောက်မှာ
Mansfield bar ဆိုတာ ကားတိုင်း မဖြစ်မနေ တပ်ခိုင်းသင့်ပါသည်။
Mansfield bar တပ်ဆင်ထားခြင်းဖြင့်
နောက်မှ ကားလေးများဝင်ရောက်တိုက်မိသည့်အခါ ကားအောက်သို့ ကျွံမဝင်စေရန် တားဆီးပေးပါသည်။
ကားလေးများကို လေအိပ်ပွင့်အောင် ပါပြုလုပ်ပေးပါသည်။
ကားတော်တော်များများရဲ့ လေအိပ် sensor က ရှေ့ ဘန်ဘာမှာ တပ်ထားပြီး impact ကို sense လုပ်တာပါ အဲ့ ဘားတန်းလေးကို အရင်တိုက်မိမှ လေအိပ်ပွင့်မှာပါ ။
ယခုအခါ ကားကြီးတော်တော်များများတွင် ယခုလို တန်းမပါတာမျိုးတွေ များပြားသောကြောင့် ယာဉ်တိုက်မှုဖြစ်သည့်အခါ မဖြစ်သင့်သော အသက်ဆုံးရှုံးမှုတွေများစွာ ဖြစ်ပေါ်နေပါသဖြင့်
ကညနတွင် မော်တော်ယာဉ်သက်တမ်းတိုးသည့် အခါ Mansfield bar မပါလျှင် ယာဉ်စစ်မအောင် သက်တမ်းမတိုးပေးခြင်းကို မဖြစ်မနေပြုလုပ်ဆောင်ရွက်သင့်ကြောင့် အကြံပြုတင်ပြအပ်ပါသည်။
Crd..#တိုက်ကြေကား admin
“ဒိုင်နိုဆောတွေကို အမြစ်ဖြုတ်ခဲ့တဲ့ ဂြိုဟ်သိမ်ကို လူသားတွေ ရင်ဆိုင်နိုင်စွမ်းရှိသလား… ?”
―――――――
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ မီလီယံလောက်က ကမ္ဘာ့မြောက်ဘက်ခြမ်းတစ်နေရာရဲ့ ကောင်းကင်မှာ ရုတ်တရက် အလင်းတွေ ဖြာထွက်ခဲ့ပြီး နေတစ်စင်း ထွက်ပေါ်လာသလိုမျိုး ကောင်းကင်တစ်ခုလုံး လင်းလက်သွားကာ နာရီပိုင်းအတွင်းမှာပဲ ကမ္ဘာဟာ အမှောင်ကျသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သက်ရှိသတ္တဝါတွေ သေကြေခဲ့ကြပြီး ဒိုင်နိုဆောတွေအပါအဝင် အခြားသော သက်ရှိမျိုးစိတ်တွေလဲ တဖြည်းဖြည်း မျိုးသုဉ်းပျောက်ကွယ် သွားခဲ့ကြပါတယ်။
အဖြစ်အပျက်ကို ဘူမိဗေဒအချိန်ဇယားမှာ "သက်ရှိပျက်ကပ်" Cretaceous-Paleogene (K-Pg) လို့ အမည်ပေးထားပါတယ်။ ဖြစ်စဉ်ဟာ ဂြိုဟ်သိမ်တစ်ခု ကမ္ဘာကိုဝင်တိုက်ရာက စတင်ခဲ့တာပါ။ အချင်း ၆ မိုင် ရှိပြီး တစ်စက္ကန့်ကို ၂၀ ကီလိုမီတာနှုန်းနဲ့ ခရီးနှင်နေခဲ့တဲ့ ဂြိုလ်သိမ်ရဲ့ ကမ္ဘာကို ဝင်တိုက်လိုက်တဲ့အခါ ထွက်လာတဲ့ ပြင်းအားက လက်ရှိခေတ် အဏုမြူဗုံးပေါင်း ဘီလီယံချီ တစ်ပြိုင်တည်း ပေါက်ကွဲတာနဲ့ ညီမျှပါတယ်။ အဲဒီနောက်မှာ ဆက်လက်ထွက်ပေါ်လာတဲ့ တုန်ခါလှိုင်းတွေက ကမ္ဘာ့လေထုတစ်ခုလုံးကို ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းသွားစေပြီး ရလဒ်အနေနဲ့ ကမ္ဘာပေါ်ကို နေရောင်ခြည် မကျရောက်တော့သလို အပင်တွေဟာလဲ အစာချက်နိုင်စွမ်း မရှိတော့တာမို့ အစာကွင်းဆက်တွေ ယိုယွင်းပျက်စီးလာပါတော့တယ်။ ဒီဖြစ်ရပ်ကြောင့် သက်ရှိမျိုးစိတ်အားလုံးရဲ့ လေးပုံသုံးပုံလောက်ဟာ မျိုးသုဉ်းပျောက်ကွယ်သွားပြီး တွားသွားသတ္တဝါခေတ် (Reptile) လဲ ကုန်ဆုံးသွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီအဖြစ်အပျက်ကြီးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ မျိုးစိတ်ပေါင်း ၂၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ငှက်တွေ၊ မြွေတွေ၊ ဖားတွေနဲ့ လိပ်တွေအပြင် ငါးမျိုးစိတ်တွေ ပါဝင်ခဲ့ပါတယ်။ အစောပိုင်း ကာလတွေကတည်းက ရှင်သန်နေခဲ့တဲ့ ဒီတိရစ္ဆာန်ငယ်လေးတွေဟာ အစာကွင်းဆက်အရ လူသားတွေရဲ့ အောက်မှာ ကျရောက်နေပေမဲ့ ဒီနေ့ဒီချိန်အထိ ကမ္ဘာပေါ်မှာ ရှင်သန်ကျက်စားနေကြတုန်းပါ။ ဒါဆိုရင် အသိဉာဏ်မြင့်မားတဲ့ လူသားတွေအနေနဲ့ ဒီလိုအဖြစ်မျိုး ကြုံလာခဲ့ရင် မျိုးသုဉ်းမဲ့ဘေးကနေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အင်္ဂလန်နိုင်ငံ၊ ဘရစ်စတိုတက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ ဒိုင်နိုဆောခေတ်က ကျန်ရစ်နေခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲမှာ အချင်းပါ နို့တိုက်သတ္တဝါတွေ (Placental Mammals) ရဲ့ ရုပ်ကြွင်းတွေ ပါဝင်နေကြောင်း သိရပါတယ်။ ရုပ်ကြွင်းခန့်မှန်းချက်တွေအရ ဒီအုပ်စုမှာ လူအပါအဝင် ဝံမျိုးစိတ်တွေ၊ ခွေးတွေ၊ ယုန်တွေ ပါဝင်နေသလို သူတို့ဟာ ပျက်ကပ်မတိုင်ခင်ကတည်းက ပေါ်ပေါက်ခဲ့ပြီး ဒိုင်နိုဆောတွေနဲ့ အချိန်အတော်အကြာ ယှဉ်တွဲနေထိုင်ခဲ့ပြီး နောက်ပိုင်း ဒိုင်နိုဆောတွေ မျိုးသုဉ်းသွားတဲ့အခါမှာလဲ ဒီမျိုးစိတ်တွေဟာ ရှင်ကျန်နေခဲ့ပြီး ဆက်လက်ဆင့်ကဲ ပြောင်းလဲနေခဲ့တယ်လို့ ကောက်ချက်ချကြပါတယ်။
လူသားတွေဟာ သိပ္ပံနဲ့ နည်းပညာကို အကျိုးရှိရှိ အသုံးပြုနိုင်တာကြောင့် ဘေးအန္တရာယ်တွေကို အထိအခိုက် အပျက်အစီး နည်းနည်းနဲ့ ရင်ဆိုင်ကျော်လွှားနိုင်စွမ်း ရှိကြပါတယ်။ တိုးတက်လာတဲ့ သိပ္ပံပညာကြောင့်သာ ဂြိုဟ်တုတွေကို တီထွင်လာနိုင်တာက အာကာသထောက်လှမ်းရေးအတွက် အထောက်အကူ ဖြစ်လာခဲ့တာပါ။ နာဆာရဲ့ WISE (Wide-field Infrared Survey Explorer ) ဂြိုဟ်တုဟာဆိုရင်လဲ ကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲကို ဝင်ရောက်လာနိုင်တဲ့ ဂြိုဟ်သိမ်တွေ၊ ကမ္ဘာကို ဝင်တိုက်နိုင်ခြေရှိတဲ့ ဥက္ကာပျံတွေကို ကြိုတင်ထောက်လှမ်းထားနိုင်တဲ့အတွက် လူသားတွေအနေနဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှာပဲ ဖြစ်ပါတယ်။
အချုပ်အနေနဲ့ ပြောရရင် ပျက်ကပ်ကို ဖြစ်စေခဲ့တဲ့ အချင်း ၆ မိုင်ရှိတဲ့ ဂြိုဟ်သိမ် ဒါမှမဟုတ် အဲဒီထက် အရွယ်အစား ပိုသေးတဲ့ ဂြိုဟ်သိမ်တွေ၊ ဥက္ကာပျံတွေ ကမ္ဘာကို ဝင်တိုက်ခဲ့ရင် ဘီလီယံနဲ့ချီတဲ့ အသက်တွေ ဆုံးရှုံးရမှာဆိုပေမဲ့ လူသားတွေအနေနဲ့ မျိုးသုဉ်းသွားနိုင်ခြေဟာ အတော်လေးကို နည်းပါးပါတယ်။ ဒီတော့ နောင်အနာဂတ်မှာ ဂျူပီတာဂြိုဟ်ရဲ့ ဆွဲအားကြောင့် ဂြိုဟ်သိမ်တွေ၊ ဥက္ကာပျံတွေ ကမ္ဘာကို ဦးတည်လာခဲ့ရင် လူသားမျိုးစိတ်အတွက် ရှင်သန်ဖို့ အာမခံချက် မရှိခဲ့ရင်တောင် မျှော်လင့်ချက်ကတော့ ရှိနေပါလိမ့်မယ်။
Reference:
Menon, A. (2024, June 17). Could humans survive the asteroid impact that wiped out the dinosaurs? ScienceABC.
Written by - Luc
Fact-checked by - Mon Myat Kyaw
Copy-edited by - Aki
Final-edited by - Nyan Win Htet
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿