ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စာပေပညာရှင် မောင်ခင်မင် (ဓနုဖြူ) ၏ ဈာပန
ဇန်နဝါရီ ၃၁
မြန်မာစကားပြေ၊ ကဗျာစသည့်စာပေဆိုင်ရာ အကြောင်းအရာတို့ကို ရေးသားပြုစုခဲ့သူ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ ဈာပနအား ရန်ကုန်မြို့ရေဝေးသုဿာန်၌ ဇန်နဝါရီ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။
ဆရာကြီး၏ ဈာပနကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် တက်ရောက်ခဲ့သလို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့ကလည်း လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့သည်ကို တွေ့ရသည်။
မောင်ခင်မင်- ဓနုဖြူ (၈၆ နှစ်) သည် ဇန်နဝါရီ၂၈ ရက်က နှလုံးရောဂါဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်စုစုနွယ်နှင့် သမီး မသူသူနွယ်တို့ ကျန်ရစ်ခဲ့သည်။
အမည်ရင်း ဦးခင်အေးဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (အထွေထွေ ဂုဏ်ထူး)ရခဲ့ပြီးနောက် ပုသိမ်ကောလိပ်၌နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၆၉ ခုနှစ် မဟာဝိဇ္ဇာဘွဲ့ရခဲ့သလို ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့တွင် လှည့်လည် အမှုထမ်းခဲ့သည်။
မောင်ခင်မင် (ဓနုဖြူ) သည် စကားပြေ သဘောတရား၊ စကားပြေအတတ်ပညာ၊ စကားပြေအဖွဲ့ ပုံစံများနှင့် ဘာသာပြန်လေ့လာချက်၊ ရုံးသုံးမြန်မာစာ၊ ပြည်သူ့အတွက် မြန်မာစာ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ၊ မြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကားအမြင်၊ စာစီ စာကုံးသင်ကြားရေး၊ အခြေခံအထက်တန်းအဆင့် စကားပြေသင်ကြားရေး၊ ကဗျာသဘော ကဗျာလေ့လာနည်း၊ စကားသမုဒ္ဒရာ၊ စာသမုဒ္ဒရာ၊ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း စသည့် စာအုပ်ပေါင်းများစွာ ရေးသား ပြုစုခဲ့သည်။
ဓာတ်ပုံ-CJ
#သတင်းဟင်းလေးအိုးကြီး


+13
ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရားမဝင် မြန်မာ ၁၃၀ ကျော်ကို ဖမ်းဆီးပြီး နေရပ်သို့ ချက်ချင်းပြန်ပို့ရန် စီစဉ်နေ
ဇန်နဝါရီ ၃၁
ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်လာသည့် တရားမဝင် မြန်မာ ၁၃၀ ကျော်ကို ဖမ်းဆီးပြီး နေရပ်သို့ ချက်ချင်းပြန်ပို့ရန် စီစဉ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့နယ်၊ အမှတ် (၁)၊ ထာ့ခနွန် ကျေးရွာအနီးတွင် အဆိုပါ တရားမဝင် မြန်မာများအား မော်တော်ယာဉ်ငါးစီးဖြင့် တင်ဆောင်လာစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသော မြန်မာများမှာ အမျိုးသား ၇၀ ဦး ၊ အမျိုးသမီး ၄၀ ဦးဖြစ်ပြီး ၎င်းတို့ကို မော်တော်ယာဉ်ဖြင့် တင်လာသော ထိုင်းနိုင်ငံသား ကားသမား ၅ ဦးနှင့် မြန်မာအလုပ်သမားအချို့ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ထောင်ဖာဖှုန်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက်စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မကြာမီ နေရပ်ပြန်ပို့ရန် စီစဉ်နေကြောင်းလည်း အဆိုပါ သတင်းများအရ သိရသည်။
ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ရန် တစ်ဦးလျှင် ပွဲစားခ ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ ထိ ပေးချေခဲ့ရကြောင်းလည်း ဝန်ခံထွက်ဆိုကြကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် ည ၁၀ နာရီခန့်က ပြောင်းဆံအိတ်များတင်ဆောင်လာသော မော်တော်ယာဉ် (တွဲကား) ပေါ် ပုန်းအောင်းလိုက်ပါလာသော မြန်မာနိုင်ငံသား ၂၆ ဦးကို တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဂိတ်တွင် အဖမ်းဆီးခံရသူများမှာ ကရင် ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်ဘက်ကို တရားမဝင်လမ်းက ဝင်ရောက်လာသူများ ဖြစ်ပြီး မဲဆောက်မြို့ကတစ်ဆင့် ဘန်ကောက်မြို့ကို သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင်ဖမ်းဆီးရမိသူများအား ထောင်ဖာဖှုန်ရဲစခန်းနှင့် မဲဆောက်ရဲစခန်းတို့တွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်ကာ မကြာမီ နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်၍ ပြန်ပို့မည် ဖြစ်ကြောင်းလည်း သိရသည်။
#centralnewsnaypyitaw



LIS.....AA (2019)
ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်
အမျိုးသမီး တစ်ဦးကသူမရဲ့ မိခင်ကိုsurpriseဖြစ်သွား
စေဖို့ ဆုံးဖြတ်ခဲ့ပြီး မွေးရပ်မြေက အိမ်ကြီးကို
တိတ်တဆိတ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
သို့ပေမယ့် သူတို့အိမ်ကို ရောက်ရှိပြီးတဲ့ နောက်မှာ
အရင်ကဖြစ်ပျက်ခဲ့တဲ့ အတိတ်ဆိုးတွေကို
သိခဲ့ရပြီး ခြောက်လှန့်မှုတွေနဲ့ သတ်ဖြတ်မှုတွေကြား
ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရမှာပါဗျ။
#crd
#storymode
အစာစားပြီး ချက်ချင်းအိပ်ခြင်းဟာ အန္တရာယ်ရှိပါတယ်
ကျန်းမာစွာ နေထိုင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားသုံးဖို့အရေးကြီးပါတယ်။ ဒါပေမယ့် သူကြိုးစားသလောက်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အများဆုံး အဆုံးစွန် ပမာဏအထိ ရရှိမှာ မဟုတ်ပါဘူး။
ဒါဟာသင်နေ့စဉ်လုပ်နေတဲ့ အလုပ်တွေက အစာချေဖျက်ခြင်းကို အကျိုးသက်ရောက်မှုရှိနေလို့ ဖြစ်နိုင်ပါတယ်။ အမှား တစ်ခုကတော့ သင်စားပြီးပြီးချင်း လဲလျောင်းတာပါပဲ။
အစာစားပြီးလဲလျောင်းခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါသလား။
ဟုတ်ပါတယ်။ သင်စားလိုက်တဲ့အစာတွေကို သင်မတ်မတ်ထိုင်နေမှသာ ကောင်းစွာခြေဖျက်နိုင်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေတဲ့အတွက် အစားစားပြီး အနည်းဆုံးနှစ်နာရီကြာမှ လဲလျောင်းသင့်ပါတယ်။ အစာစားပြီးပြီးချင်း လဲလျောင်းခြင်းအကျင့်ဟာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
အက်ဆစ် အထက်ပြန်ဆန်တက်ခြင်း
သင့်ရဲ့ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ အစာပြွန်မှာ ထိုင်နေမှသာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွင်းမှာ ရှိတဲ့ အစာတွေကို အပေါ်ကိုပြန်တက်စေတဲ့ အဆို့ရှင် တစ်ခု ပါဝင်ပါတယ်။ အစာအပြည့်စားပြီး လဲလျောင်းနေခဲ့မယ်ဆိုရင် ၎င်းအဆို့ရှင်ဟာ အစာတွေကို အောက်ပိုင်းမှာ ထားပေးဖို့ အခက်အခဲတွေ့ပါလိမ့်မယ်။ ဒါဟာ သင့်အစာအိမ်ထဲက ပါဝင် ပစ္စည်းတွေကို ပိုမိုစေပြီး အက်ဆစ် နောက်ပြန်စီးဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
ရင်ပူခြင်း
သင့်အစာအိမ်မှာ အက်ဆစ်များရင် ရင်ပူခြင်း ဖြစ်စေနိုင်ပါတယ်။ အက်ဆစ်တွေဟာ သင့်အစာအိမ်မှတစ်ဆင့် လည်ချောင်းထဲကို တက်သွားပြီး ပူလောင်ခြင်းကို ရင်ဘတ် (သို့) လည်ချောင်းထဲမှာ ဖြစ်ပေါ်စေပါတယ်။ ဒါဟာ အများအားဖြင့် လေတက်ခြင်းနဲ့ တွဲတတ်ပါတယ်။
ကိုယ်အလေးချိန်တိုးခြင်း
ညအခါ အစာစားနောက်ကျပြီး တန်းအိပ်ရာဝင်ခြင်းကြောင့် အခြား ပြဿနာ တစ်ခုဖြစ်ပွားနိုင်ပါသေးတယ်။ ညဘက်မှာ အစာစား နောက်ကျခြင်းဟာ ပင်ပန်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်မှုယိုယွင်းခြင်းနဲ့ အားလျော့တဲ့စိတ်စွမ်းအင်ရှိခြင်း အပါအဝင် အခြား အန္တရာယ်တွေ အများကြီး ဖြစ်ပေါ်နိုင်စေပါတယ်။ သင်ညမိုးချုပ်မှာ ဗိုက်ဆာတဲ့အခါ အသီးအရွက်စားခြင်းဟာ ရေခဲမုန့်စားခြင်း (သို့) ကျန်နေတဲ့ ပီဇာတွေကို အကုန်စားလိုက်ခြင်းလိုမျိုးတော့ နှစ်သက်စရာ ကောင်းမှာ မဟုတ်ပါဘူး။ သင်မအိပ်ခင် ကျန်းမာရေးနဲ့ မညီတဲ့ ဆုံးဖြတ်ချက်တွေချခြင်းအားဖြင့် သင့်မှာ ပိုနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစရာ အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး။
လေဖြတ်ခြင်း
အစာစားပြီး တန်းအိပ်ခြင်းဟာ သင့်ကို လေဖြတ်ဖို့ အခွင့်အလမ်း ပိုများလာစေပါလိမ့်မယ်။ University of Ioannina, Greece မှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုရဲ့ တွေ့ရှိချက်တွေအရ အစာစားပြီး တန်းအိပ်တဲ့ အကျင့်ဟာ လေဖြတ်မှုနှုန်းကို ပိုမို မြင့်တက်စေပါတယ်လို့ ဆိုပါတယ်။ ကျန်းမာတဲ့ လူအယောက်ငါးရာ ပါဝင်တဲ့ လေ့လာမှုတစ်ခုမှာ အစာစားခြင်းနဲ့ အိပ်ခြင်းကြား အချိန်အကြာမြင့်ဆုံး ရှိသူတွေဟာ လေဖြတ်ဖို့အခွင့်အရေး အနည်းဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။
ဖြစ်နိုင်တဲ့ သီအိုရီတွေ အများအပြား ရှိကြပေမယ့် သူတို့မှာ အက်ဆစ်အပေါ် ပြန်တက်ခြင်းဟာ လေဖြတ်ခြင်းနဲ့ ဆက်နွယ်နေတဲ့ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ နောက် သီအိုရီ တစ်ခုကတော့ အစာခြေခြင်းနဲ့သူ့ရဲ့ သွေးဖိအား၊ သွေးတွင်း သကြား ပမာဏနဲ့ ကိုလက်စတရော ဓါတ်တွေအပေါ် အကျိုးသက်ရောက်မှုဟာ လေဖြတ်မှုပိုမို ဖြစ်ပေါ်စေပါတယ်။ ဒီအချက်ကို အတည်ပြုဖို့ အခြားလေ့လာမှုတွေ အများအပြား လိုအပ်ပါသေးတယ်။
အစာစားပြီးချိန် တခြားဘာတွေ ရှောင်ကြဉ်ရမလဲ။
အစာစားပြီး လဲလျောင်းခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေပါတယ်။ ဒါပေမယ့် စားသောက်ပြီး တခြားရှောင်ကြဉ်ရန် အချက်တွေလဲ ရှိပါသေးတယ်။
ဆက်တွဲဖော်ပြရန်ကျန်ရှိသေးပါသည်။
#ကျန်းမာရေးဗဟုသုတ
ကိုယ့်ကို ကူညီခဲ့ဖူးတဲ့သူတွေကို
ကျေးဇူးမကန်းပါနဲ့
===================
ကိုယ့်အပေါ်ကျေးဇူးရှိခဲ့ဖူးတယ်ဆိုရင်
အဲဒီကျေးဇူးကို သံသရာအထိ
ယူဆောင်မသွားဘဲ ဒီဘဝတင်
ဆပ်နိုင်အောင် ကြိုးစားဖို့လိုအပ်တယ်။
=====================
ကျေးဇူးပြန်မဆပ်နိုင်ရင်တောင်မှ
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို
ပြောသင့်ပါတယ်။ ဘာလို့လည်းဆိုတော့
ကိုယ်ဒုက္ခရောက်နေတဲ့အချိန်
ကိုယ်အခက်အခဲဖြစ်နေတဲ့အချိန်
ကိုယ်လဲပြိုကျတဲ့အချိန်
တစ်ဖက်လူက စေတနာသန့်သန့်နဲ့
ကူညီပေးတဲ့ ဆွဲထူပေးခဲ့တဲ့
လက်တစ်စုံ ဖြစ်နေလို့ပါ
အဲ့ကြောင့်ကျေးဇူးတင်ပါတယ်လို့
ပြောဖို့ဝန်မလေးပါနဲ့။
#မေဇင်ဖွေး
#စာပေချစ်သူ
#crd
ဂျပန်တစ်မြို့လုံးရဲ့ ရှုခင်းတွေကို helicopter နဲ့ပတ်ကြည့်ခဲ့တဲ့ အေးဝတ်ရည်သောင်း 🚁
သရုပ်ဆောင်အေးဝတ်ရည်သောင်းက ရေခဲတောင်တွေနဲ့ ချမ်းအေးနေတဲ့ ဂျပန်ကို အလည်အပတ်သွားခဲ့တာပါ။ နှင်းကျနေပြီဖြစ်တဲ့ ဂျပန်မှာ နာမည်ကြီး ဖူဂျီတောင်ဆီပါ သွားလည်ပတ်ခဲ့တာပါ။ သူမဟာ ၂၀၂၅ ရဲ့နှစ်သစ်အစမှာပဲ ဂျပန်တစ်မြို့လုံးရဲ့ ရှုခင်းကို ပတ်ကြည့်နိုင်တဲ့ Helicopter ကိုစီးတဲ့ အတွေ့အကြုံလေးရယူခဲ့တာပါ။ အေးဝတ်ရည်သောင်းဟာ ဂျပန်ကပြန်ရောက်ပြီးချိန်မှာပဲ Success Burma Gems ဆိုတဲ့ ကျောက်မြတ်ရတနာဆိုင်ကို ဘန်ကောက်မှာဖွင့်လှစ်ခဲ့တာပါ။
#crd
#celenews
Purito Seoul Wonder Releaf Centella Daily Sun Lotion🌟
Purito က sunscreen 2ခုလုံးကတော့ ထိမိနေရောပဲ။ ဒါပေမဲ့ 2ခုယှဉ်လိုက်ရင် Nyi ဒီအစိမ်းလေးကို ပိုသဘောကျမိတယ်။ ဘာလို့လဲဆိုရင် လိမ်းရတာ အရမ်း soothing ဖြစ်ပြီး calming effect သေချာပေးနိုင်လို့ပဲ။
သူက fully Chemical sunscreen အမျိုးအစားပါ။ New generation Chemical UV filters တချို့ရယ် Cica (3%), Niacinamide, Hyaluronic acid 8မျိုး, Glycerin, Licorice, Allantoin, Panthenol, Adenosine အစရှိတဲ့ skin loving ingredients တွေ အများကြီးပါဝင်တယ်။ Fragrance & Essential oil free ဒါပေမဲ့ Alcohol တော့ အနည်းငယ်ပါဝင်ပါတယ်။ Cica (3%) က သူများအမြင်မှာ နည်းသလိုထင်ရပေမယ့် sunscreen တခုမှာဆို အတော်လေးများတဲ့ concentration ပါနော်။
နောက်ထပ် သူ့ရဲ့ key features တွေဆိုရင် skin repair အတွက် ထိရောက်ပြီး အတွေ့ရနည်းတဲ့ Brown Algae extract ပါတယ်။ UV test အနေနဲ့ Korea နဲ့ Italy 2 နိုင်ငံမှာ SPF ပြည့်မှီကြောင်း စစ်ဆေးထောက်ခံချက် ရရှိထားပါတယ်။ Hypoallergenic test complete ဖြစ်ထားတဲ့အပြင် Anti-pollution effect သူ့မှာပါဝင်လို့ မြန်မာပြည်လို ဖုန်ထူတဲ့နိုင်ငံမျိုးနဲ့ အထူးကိုက်ညီတယ်ပေါ့နော်။ နောက်ပြီး ဆန်းဆန်းပြားပြားအနေနဲ့ Fine dust adhesion prevention test ဆိုတဲ့ မျက်နှာပေါ်မှာ ဖုန်မှုန့်လေးတွေ မကပ်ညှိအောင်လဲ စစ်ဆေးထားတာ တွေ့ရပါတယ်။
Texture က gel essence လို့ ပြောလို့ရတယ်။ လိမ်းရတာ အေးအေးလူလူ ပေါ့ပေါ့ပါးပါးနဲ့ refresh ဖြစ်တယ်။ သူ့မှာ အနံ့တော့မပါဝင်ပါဘူး။ အသားထဲကို စိမ့်ဝင်တာမြန်သလို စေးကပ်တာမျိုးလဲ မရှိဘူး။ လိမ်းထားရင် အဆီမပြန် အသားလဲမခြောက်တဲ့ natural finish မျိုး ပေးပါတယ်။ လိမ်းပြီးသွားရင် skin က smooth ဖြစ်နေလို့ makeup ဘာညာ လိုက်လိမ်းလို့ အဆင်ပြေပါလိမ့်မယ်။ Nyi ကတော့ အဓိက soothing & calming ဖြစ်လို့ သဘောကျပါတယ်။
မျက်နှာက sensitive ဖြစ်လို့ ရဲလို့ နီလို့ အဖုထွက်လို့ဆိုရင် ဒီ Purito Seoul centella sunscreen လေး သုံးကြည့်နော်။ UV protection မြင့်ပြီး acne trigger မလုပ်လို့ အရမ်းကြိုက်ပါလိမ့်မယ်ဗျ။ အပြင်တွေ ခဏခဏသွားရတဲ့သူ၊ အလုပ်ကြောင့် နေပူထဲထွက်ရတဲ့သူတွေနဲ့လဲ အထူးသင့်တော်ပါတယ်ခင်ဗျာ။
#crd
#skincarereview
ထိုင်းနိုင်ငံသားတွေအပါအဝင် ဓါးစာခံရှစ်ယောက်ကို ဟားမတ်စ်အဖွဲ့ ပြန်လွှတ်ပေး
တဲလ်အဗစ်၊ ဇန်နဝါရီ ၃၁
အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး တစိတ်တပိုင်းအဖြစ် ဟားမတ်စ်တို့ဟာ ဖမ်းဆီးထားတဲ့ ဓါးစာခံ ရှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ အစ္စရေးနိုင်ငံသားသုံးယောက်နဲ့ ထိုင်းနိုင်ငံသားငါးယောက်တို့ ပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဟာ တသက်တကျွန်းပြစ်ဒဏ်ကျသူ ၃၂ ယောက်၊ အရွယ်မရောက်သေးသူ ၃၀ အပါအဝင် ပါလက်စတိုင်းအကျဉ်းသား ၁၀၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဇန်နဝါရီ ၁၉ ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်ဝင်ပြီးနောက်ပိုင်း ဟားမတ်စ်တို့ဟာ ဓါးစာခံ ၁၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ၈၂ ယောက်ကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ နောက်ထပ် အစ္စရေးအမျိုးသားသုံးယောက်အပါအဝင် ဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာဖို့ မကြာခင်ရက်ပိုင်းမှာ ရှိနေပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမ ၄၂ ရက်မှာ အစ္စရေးဓါးစားခံ ၃၃ ယောက် ပြန်လွှတ်ပေးဖို့ သဘောတူချက်မှာ ပါဝင်ပါတယ်။ အပစ်ရပ်ဒုတိယအဆင့်ကို လာမယ့်သီတင်းပတ်မှာ စတင်နိုင်တယ်လို့ အစ္စရေး တာဝန်ရှိသူတယောက်ကပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက်ပိုင်း ဂါဇာကမ်းမြှောင်ဒေသရှိ ဒေသခံ သုံးသိန်းခုနှစ်သောင်းကျော်ဟာ နေရပ်ကို ပြန်သွားကြပြီဖြစ်ကြောင်း အစ္စရေးက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဖေဖော်ဝါရီ ၂ ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။
Ref:AFP
Photo:AFP
#သတင်းဟင်းလေးအိုးကြီး