40 ပတ် - ဘာသာပြန်ပါ။

Black Hole တွေဟာ စကြာဝဠာထဲက အရာအားလုံးကို ဆွဲယူဖမ်းဆုပ်နိုင်တဲ့ အဆုံးမဲ့တွင်းနက်ကြီးတွေလို့ ကျွန်တော်တို့ အများစု သိထားကြပါတယ်။ ဒါပေမဲ့
မကြာသေးခင်က (University of Sheffield) ရှက်ဖီးလ် တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုက ဒီအယူအဆကို လုံးဝပြောင်းလဲပစ်လိုက်ပါတယ်။
သူတို့ရဲ့ အဆိုအရ Black Hole တွေဟာ အာကာသနဲ့ အချိန်ရဲ့ အဆုံးသတ်မဟုတ်ဘဲ၊ တကယ်တော့ "White Hole" လို့ခေါ်တဲ့ စကြဝဠာဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီ White Hole တွေကတော့ Black Hole တွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ စွမ်းအင်တွေ၊ ဒြပ်ဝတ္ထုတွေနဲ့ အချိန်တွေကိုတောင် စကြာဝဠာထဲကို ပြန် လည်ထုတ်လွှတ်ပေးနိုင်စွမ်းရှိပါတယ်။
ဒီတွေ့ရှိမှုကို ကွမ်တမ် မက္ကင်းနစ်ရဲ့ အခြေခံသဘော တရားတွေနဲ့ ချိတ်ဆက်ပြီး ရှင်းပြထားပါတယ်။ သုတေသီတွေက Black Hole ရဲ့ အလယ်ဗဟိုမှာရှိတဲ့ "singularity" လို့ခေါ်တဲ့ အရာအားလုံးဟာ တစ်စုတစ် စည်းတည်း ဖြစ်သွားတဲ့ အမှတ်ဟာ ဘာမှမရှိတော့တဲ့ အဆုံးသတ်နေရာမဟုတ်ဘဲ၊ တကယ်တော့ အရာတစ်ခုခုအသစ်ဆီကို သွားရောက်နိုင်တဲ့ တံခါးပေါက်တစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလေ့လာမှုက စိတ်ဝင်စားစရာကောင်းတဲ့ အယူအဆအသစ်တစ်ခုကိုလည်း ထုတ်ဖော်ပြသထားပါတယ်။ အဲဒါကတော့ စကြာဝဠာကြီးရဲ့ တဖြည်းဖြည်းနဲ့ ပိုမိုကျယ်ပြန့်လာမှုကို ဖြစ်စေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တစ်ခုဖြစ်တဲ့ Dark Energy ကို အသုံးပြုပြီး အချိန်ကို တိုင်းတာနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
Physical Review Letters ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီသုတေသနမှာ သုတေသီတွေဟာ Black Hole ရဲ့ အူတိုင်မှာ ဖြစ်ပေါ်လာတဲ့ ကွမ်တမ်ရဲ့ အပြောင်းအလဲလေးတွေဟာ ရူပဗေဒရဲ့ နိယာမတွေ ပျက်စီးသွားနိုင်တဲ့ Classical Models တွေရဲ့ အားနည်းချက်ကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
သူတို့ဟာ planar black hole မော်ဒယ်ကို အသုံးပြုပြီး အာကာသနဲ့ အချိန်ဟာ ပြိုလဲပျက်စီးမသွားဘဲ ဘယ်လိုမျိုး ပြောင်းလဲသွားနိုင်တယ်ဆိုတာကို သရုပ်ပြနိုင်ခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကနေတဆင့် အချိန်ဟာ အသစ်တဖန် စတင်နိုင်တဲ့ White Hole ရဲ့ သီအိုရီအရ တည်ရှိနိုင် ခြေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အကယ်၍ ဒီလေ့လာမှုကို အမှန်တကယ် သက်သေပြနိုင်ခဲ့မယ်ဆိုရင်၊ ဒါဟာ ကာလရှည်ကြာစွာ ကွဲကွာနေခဲ့တဲ့ ကွမ်တမ် မက္ကင်းနစ်နဲ့ ဒြပ်ဆွဲအားတို့ရဲ့ ကြားက ကွာဟ ချက်တွေကို ပေါင်းကူးပေးနိုင်မယ့် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ။

image
40 ပတ် - ဘာသာပြန်ပါ။

သိပ္ပံပညာရှင်များရဲ့ ရှာဖွေတွေ့ရှိချက်တစ်ခုဟာ ကမ္ဘာတစ်ဝန်းက လူသားတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒါကတော့ ပိုးဟပ်နို့ဟာ နွားနို့ထက် ပိုပြီး အာဟာရဓာတ် ကြွယ်ဝတယ်ဆိုတဲ့ အချက်ပါပဲ။ နားကြားမှားတယ်လို့ မထင်လိုက်ပါနဲ့။ တကယ်ကိုပဲ ပိုးဟပ်နို့ဟာ အလားအလာရှိတဲ့ အစားအစာအရင်းအမြစ်သစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီ "ပိုးဟပ်နို့" ဆိုတာဟာ (Diploptera punctata) လို့ခေါ်တဲ့ ပိုးဟပ်အမျိုးအစားကနေ ရရှိတာဖြစ်ပါတယ်။ တခြားပိုးဟပ်အမျိုးအစားတွေနဲ့ မတူတာကတော့ ဒီပိုးဟပ်တွေဟာ ဥမဥဘဲ သားကို တိုက်ရိုက်မွေးဖွားပါတယ်။ သူတို့ရဲ့ သားငယ်လေးတွေကို ကျွေးမွေးဖို့အတွက် နို့နဲ့တူတဲ့ အာဟာရအရည်တစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။
အံ့သြစရာကောင်းတာကတော့ ဒီအရည်ထဲမှာ ပရိုတင်းဓာတ်ရဲ့ ပုံဆောင်ခဲလေးတွေ ပါဝင်နေပြီး အဲဒီပုံဆောင်ခဲလေးတွေမှာ သမားရိုးကျ နို့ထွက်ပစ္စည်းတွေထက် အာဟာရဓာတ်တွေ ပိုမိုကြွယ်ဝစွာ ပါဝင်နေတာပါပဲ။
၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ဒီပရိုတင်းပုံဆောင်ခဲလေးတွေမှာ ကယ်လိုရီစွမ်းအင်ဟာ အရင်က အာဟာရအများဆုံးလို့ သတ်မှတ်ထားတဲ့ ကျွဲနို့ထက် သုံးဆကျော် ပိုများတာကို တွေ့ရှိခဲ့ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေ၊ အဆီဓာတ်တွေနဲ့ သကြားဓာတ်တွေလည်း ပါဝင်တာကြောင့် ပိုးဟပ်နို့ဟာ ပြည့်စုံတဲ့ အာဟာရဓာတ်အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ပြီး လူသားတွေအတွက် အားဖြည့်စာအဖြစ်လည်း စဉ်းစားနိုင်ပါတယ်။
ဒါပေမဲ့ ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝပေမယ့် လက်တွေ့မှာ အသုံးပြုဖို့အတွက်တော့ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ပိုးဟပ်အများအပြားကနေ နို့ကို ထုတ်ယူဖို့ဆိုတာ လက်တွေ့မကျတဲ့ လုပ်ငန်းတစ်ခုဖြစ်သလို ပိုးဟပ်နို့ကို လူသားတွေ စားသုံးဖို့အတွက် ဘေးကင်းမှုရှိမရှိဆိုတာကိုလည်း အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေဟာ ဇီဝအင်ဂျင်နီယာနည်းပညာတွေကို အသုံးပြုပြီး ဓာတ်ခွဲခန်းတွေထဲမှာ နို့ပရိုတင်းတွေကို ထုတ်လုပ်ဖို့ နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။ ကမ္ဘာ့လူဦးရေဟာ ရေရှည်တည်တံ့နိုင်ပြီး ထိရောက်တဲ့ အစားအစာအရင်းအမြစ်တွေကို ရှာဖွေနေချိန်မှာ ပိုးဟပ်နို့ဟာ စိတ်ဝင်စားစရာကောင်းသလို ထူးခြားတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ လမ်းကြောင်းသစ်တစ်ခုကို ဖွင့်ပေးနိုင်ပါတယ်။
ဒါကြောင့် ပိုးဟပ်နို့ဟာ လက်ရှိအချိန်မှာတော့ ထူးထူးဆန်းဆန်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်း အရာတစ်ခုဖြစ်ပေမယ့် အနာဂတ်မှာ လူသားတွေရဲ့ အစားအသောက်ပုံစံကို ပြောင်းလဲသွားစေနိုင်တဲ့ အလားအလာရှိတဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
#knowledgezone

image
40 ပတ် - ဘာသာပြန်ပါ။

၎င်းဟာ ပီရူးစစ်သည်တော်တစ်ဦး၏ နှစ် ၂ဝဝဝ သက်တမ်းရှိ ဦးခေါင်းခွံတစ်ခုဖြစ်ပြီး ဦးခေါင်းခွံအတွင်း၌ သတ္တုအပိုင်းအစ တစ်ချို့နှင့်အတူ တူးဖော်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန်ပြတိုက်က ပညာရှင်တွေကတော့ ဒါဟာ ရှေးအကျဆုံး အဆင့်မြင့်ခွဲစိတ်ကုသမှု တစ်ခုဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။

image

အစားတော့ လျှော့စားနေပါလျက် ဝိတ်က ကျ မလာဘူး ဆိုတဲ့သူတွေအတွက်…

40 ပတ် - ဘာသာပြန်ပါ။

ဘယ်အရာကိုမှ အလကားမလိုချင်ခဲ့ပါ
ဘယ်အရာမှလည်း အလကားမရခဲ့ပါ။

တစ်ခုခု လိုချင်ရင် ကိုယ်တိုင်ကြိုးစား
ပင်ပန်းခံပြီးမှ လိုချင်တာ ရလာတဲ့ ဘဝမို

ဘယ်သူ့ဆီကမှ အလကားဆိုတာမျိုးကို
မမျှော်လင့်ခဲ့မိတာပါ။

image
40 ပတ် - ဘာသာပြန်ပါ။

သူမရှိလိုမဖြစ်တာတော့ မဟုတ်ပါဘူး
ဒါပေမဲ့ သူရှိနေရင် ပိုပျော်တယ်။

သူမပါလည်း သွားရမဲ့လမ်းပါပဲ
ဒါပေမဲ့ သူလိုက်လာတဲ့အခါ ပိုလုံခြုံတယ်။

ဒီတိုင်းလည်း ဘဝက ပုံမှန်ပါပဲ
ဒါပေမဲ့ သူရှိရင် သိပ်ကောင်းမှာပဲဆိုပြီး
လိုအပ်နေတဲ့ စိတ်ကလေးတော့ရှိတယ်။

•အောင်သူမိုး•

image
40 ပတ် - ဘာသာပြန်ပါ။

လူတွေ သင့်ကို ကြိုက်လာဖိုလည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို လေးစားဖိုလည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ချစ်လာဖိုလည်း
မကြိုးစားပါနဲ့ ။

လူတွေသင့်ကို အထင်ကြီးလာဖိုလည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ကြွေလာဖိုလဲ
မကြိုးစားပါနဲ့ ။

မနက်မိုးလင်းလို သင်နိုးထတဲ့အခါ
သင့်ကိုယ်သင် လေးစားနေဖို ကြိုးစားပါ ။

နေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာ
သင့်ကိုယ်သင် ချစ်နိုင်ဖို ကြိုးစားပါ ။

မှန်ထဲ ကြည့်တဲ့အခါမှာ
သင့်ကိုယ်သင် အထင်ကြီးဖို ကြိုးစားပါ ။

ညအိပ်ဖို ခေါင်းချတဲ့အခါမှာ
သင့်ကိုယ်သင် တန်ဖိုးထားနိုင်ဖို ကြိုးစားပါ ။

သင့်ရဲ့နောက်ဆုံးအချိန်မှာ
သင့်ကိုယ်သင် ကြွေနိုင်ဖို ကြိုးစားပါ ။

image
40 ပတ် - ဘာသာပြန်ပါ။

အဆင်ပြေလားလို့တောင်
တစ်ခါမှ
မေးဖော်မရတဲ့သူတွေအတွက်
ကိုယ့်ဘက်က အမြဲအသင့်ရှိနေပေးခဲ့တာကို
နောင်တ,လို့တော့ ခေါင်းစဥ်မတတ်တော့ဘူး။

ပေးဆပ်မှုတိုင်းအတွက်
ဘာတစ်ခုမှ ပြန်မရရင်တောင်မှ
သင်ခန်းစာတော့ အလိုလိုရပြီးသားပါ။

ကိုယ်အဆင်မပြေတာကလွဲလို့
အားလုံးကို အဆင်ပြေစေချင်ခဲ့တာ။

ကိုယ်မပျော်တာကလွဲလို့
အားလုံးကို ပျော်ရွှင်စေချင်ခဲ့တာပါ။

အရာရာ
အလျှော့ပေးလွန်းလို့ ထင်ပါရဲ့
လူတကာက အမြဲ အနိုင်လိုချင်နေကြတာ။

အမုန်းမပေးချင်ဘူး။
ဒါ့ကြောင့်....
ပေးလက်စနဲ့....အရှုံးပေးထားတာ။

ထီးလေးတစ်ချောင်းဟာ
လူတစ်ယောက်ကို အရိပ်ပေးဖို့အတွက်
သူကိုယ်တိုင် နေပူဒဏ်ကို အရင်ခံရတယ်။

ဖိနပ်လေးတစ်ရံဟာ
လူတစ်ယောက်ကို သန့်ရှင်းစေဖို့အတွက်
သူကိုယ်တိုင် အညစ်အကျေး အပေခံရတယ်။

ရွှေငါးလေးတွေဟာ
လူတွေ အလှကြည့်ဖို့အတွက်
မှန်လှောင်အိမ်ထဲမှာ မွန်းကျပ်စွာ နေပေးရတယ်။

ကိုယ့်အဖြစ်က
ထီးလေးတစ်ချောင်းလို
ဖိနပ်လေးတစ်ရံလို
မှန်လှောင်အိမ်ထဲက ရွှေငါးလေးလို
ကိုယ့်အဖြစ်က... အဲ့လိုမျိုး။

တတ်နိုင်သလောက် ပေးဆပ်လိုက်မယ်
အမြဲတမ်းတော့
တာဝန်မယူနိုင်တော့ဘူး။

တဖက်လူကိုကြည့်ပြီး
တန်ရာတန်ရာပဲ ဆက်ဆံတော့မယ်
ဟန်ဆောင်ပြီးတော့ မပြုံးပြတော့ဘူး။

အဝေးကြီးကို လှမ်းမငေးတော့ဘူး
ကိုယ့်ဘဝနဲ့ မအပ်စပ်တဲ့
မျှော်လင့်ချက်တွေက
ကလေးတစ်ယောက်ရဲ့ စုဗူးလိုပဲ
အချိန်မတန်ခင် ခွဲရတာ များတယ်။

ကိုယ်သိလိုက်ပါပြီ
နောက်ဆိုရင် ကိုယ့်နေ့ရက်တွေက
ဖတ်လက်စ စာအုပ်တွေနဲ့ပဲ နေပျော်ပါတယ်။

ဝေဒနာ ရှိတိုင်းလည်း မကုစားချင်တော့ပါဘူး
တစ်ချို့ဒဏ်ရာတွေက
ရင့်ကျက်ဖို့အတွက် လိုအပ်တယ်လေ။

အမှန်ပြောရရင်
ဘယ်သူ့ကိုမှ စိတ်မနာရက်ဘူး
စေတနာတွေ ရေစီးကမ်းပြိုခဲ့ဘူးတဲ့
ကိုယ့် မေတ္တာတွေကိုပဲ ပြန်အားနာတယ်။

image
40 ပတ် - ဘာသာပြန်ပါ။

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့
တစ်ယောက်ထဲလဲ နေတတ်အောင်နေပါ…

မင်း စိတ်ညစ်နေလား_?
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ။
ဘဝအတွက် လေ့လာသင်ယူပါ စာများများဖတ်ပါ
သူများကို သွားပြောတာထက် အများကြီးသာတယ်။

မင်း ဝမ်းနည်းနေလား_?
ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။
ဘယ်သူ့မှ ပြောမနေနဲ့ ပိုးပြီးမျက်ရည်ကျအောင်
လုပ်မဲ့သူပဲရှိတယ်။ငိုစရာရှိတာ ကိုယ့်ဟာကို
ငိုချလိုက် ပြီးရင် တည်ငြိမ်လာလိမ့်မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?
သီချင်းလေးဘာလေး နားထောင် စိတ်ပြေလက်ပျောက်
ဖြစ်အောင်နေပါ။ သူများကို သွားပြောရင်
မွန်းကြပ်တာကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။

မင်း စိတ်ဓာတ်ကျနေလား_?
ဘာအားငယ်စရာရှိလဲ စိတ်ဓာတ်ကျတာ မင်းအပြစ်
မဟုတ်ဘူး လူတိုင်းကျတတ်တာပဲ ကိုယ်တိုင် ပြန်ပီး
ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့
ကိုယ့်ကိုကိုယ် အားကိုးစမ်းပါ။

လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး
ကိုယ့်အားကိုကိုး ကိုယ့်သမိုင်းကိုယ်ရေးပါ။
မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက်
ကူညီမဲ့လူ ရှားတယ်။

မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ ဒုက္ခပေးမနေနဲ့
မင်းကိုယ်မင်းပဲ အပြည့်အဝ ပြန်ပီးကူညီလိုက်ပါ။

image
40 ပတ် - ဘာသာပြန်ပါ။

Relationship ပဲဖြစ်ဖြစ်
Friendship ပဲဖြစ်ဖြစ်
Level မတူရင် ဘယ်ဆက်ဆံရေးမှ
ကြာရှည်မခံဘူးဆိုတာ နောက်နေတာမဟုတ်ဘူးနော်
Brain Level,thinking level နဲ့
Behavior levelတို့ပေါ့
ပညာတတ်တာ မတတ်တာချည်းကိုပဲ ပြောတာမဟုတ်၊
ကိုယ်တွေးသလို သူပြန်တွေးပေးမလား၊
သူပြောလိုက်တဲ့စကား သူရော ပြန်အပြောခံနိုင်လား၊
ကိုယ်ချင်းစာစိတ်နဲ့ သည်းခံစိတ်ကရော
ဘယ်levelရှိမလဲ အဲလိုတွေပေါ့

image