40 w - Translate

📆တပတ်မှာ ၂ ရက် ကနေ ၄ ရက်ပဲလုပ်ပြီး ကြွက်သားတည်ဆောက်လို့ ရပါတယ်။
🕰️တခါ လုပ်ရင် နာရီနဲ့ ချီပြီး လုပ်စရာမလိုပါဘူး။
💪🏾ကြွက်သားအုပ်စုတခုအတွက် ခက်ခဲတဲ့အကျော့ ၃ ကျော့လောက်လုပ်ပေးရင်ကို လုံလောက်တဲ့ လှုံ့ဆော်မှုရစေပါပြီ။
🍗🍳ကိုယ့်ခန္ဓာရဲ့ ပေါင်အလေးချိန် ပမာဏထက်ပိုပြီး အသားဓါတ် စားစရာမလိုပါဘူး။
🤒နောက်ရက်မှာ နာကျင်နေတာက အရင်ရက်က လေ့ကျင့်ခန်း ထိရောက်တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။
🏋🏽အကျော့တိုင်း failure ထိလုပ်စရာမလိုပေမယ့် နောက်ထက် ၁ ကြိမ် သို့ ၂ ကြိမ်လောက်ပဲ မ ဖို့ အားကျန်တော့တဲ့ထိ လုပ်ပေးရင် ရပါတယ်။
🙅🏾Free Weights တွေက စက်တွေထက် ပိုမကောင်းပါဘူး။
“လုပ်ကို လုပ်ပေးရမယ်” ဆိုတဲ့ လေ့ကျင့်ခန်းဆိုပြီး မရှိပါဘူး။ 💯

မိုးရာသီ နှင့် ဘားအံ 📸🏞️
လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....
ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့
ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

#မြန်မာ့အလှ

image

မိုးရာသီ နှင့် ဘားအံ 📸🏞️
လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....
ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့
ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

#မြန်မာ့အလှ

image

မိုးရာသီ နှင့် ဘားအံ 📸🏞️
လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....
ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့
ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

#မြန်မာ့အလှ

image

မိုးရာသီ နှင့် ဘားအံ 📸🏞️
လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....
ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့
ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

#မြန်မာ့အလှ

image

မိုးရာသီ နှင့် ဘားအံ 📸🏞️
လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့....
ဒီမြို့လေးနဲ့ပတ်သတ်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ် ပြီးတော့အမြဲလွမ်းနေရတဲ့မြို့လေးပေါ့
ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကို သဘောကျတယ်

#မြန်မာ့အလှ

image
image
image
image
40 w - Translate

CREATINE သို့မဟုတ် အားကစားလောကမှာ လူအများဆုံး နားလည်မှုလွဲနေတဲ့ ဖြည့်စွက်စာ
ခင်ဗျား ဒါတွေအားလုံးကို ကြားဖူးကောင်း ကြားဖူးလိမ့်မယ်...
"Creatine က ဗိုက်ပူစေတယ်"
"Creatine က ကျောက်ကပ်ကို ထိခိုက်စေတယ်"
"ဒါက Bodybuilders တွေအတွက်ပဲ"
ကြားဖူးတာတွေအားလုံး မှားပါတယ်။
✅ Creatine ဟာ သုတေသနအများဆုံးပြုလုပ်ထားပြီး အထိရောက်ဆုံး ဖြည့်စွက်စာတွေထဲက တစ်ခုဖြစ်ပေမယ့် လူအများစုကတော့ ဒါကို သတိမထားမိကြသေးပါဘူး။
ဒီ post မှာ Creatine က တကယ်တမ်းဘာတွေလုပ်ဆောင်ပေးလဲ၊ ဘာတွေမလုပ်ဆောင်ပေးလဲ၊ ပြီးတော့ မှန်ကန်စွာ ဘယ်လိုအသုံးပြုရမလဲဆိုတာတွေကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
What Creatine Actually Does
Creatine တကယ်တမ်း ဘာတွေလုပ်ဆောင်ပေးလဲ
* Increases strength and power output
ကြံ့ခိုင်မှုနဲ့ စွမ်းအင်ထုတ်လုပ်မှုကို တိုးမြှင့်ပေးတယ်။
* Supports muscle growth
ကြွက်သားကြီးထွားမှုကို အထောက်အပံ့ပေးတယ်။
* Helps with recovery
အားပြန်ဖြည့်ရာမှာ ကူညီပေးတယ်။
* Boosts training volume
လေ့ကျင့်ခန်းပမာဏကို မြှင့်တင်ပေးတယ်။
* Supports brain health (yup)
ဦးနှောက်ကျန်းမာရေးကို အထောက်အပံ့ပေးတယ်
What It Doesn't Do
သူက ဘာတွေမလုပ်ဆောင်ပေးလဲ (ဘာတွေမဟုတ်ဘူးလဲ)
* It's not a steroid
ဒါဟာ စတီးရွိုက် (steroid) မဟုတ်ဘူး။
* It doesn't work like pre-workout
Pre-workout လိုမျိုး အလုပ်မလုပ်ဘူး။
* It won't make you 'bloated' (that's water in your muscles)
ခင်ဗျားကို 'ဗိုက်ပူ' စေမှာမဟုတ်ဘူး (အဲ့ဒါက ခင်ဗျားရဲ့ ကြွက်သားတွေထဲမှာရှိတဲ့ ရေတွေပဲ)။
* It won't do anything if your diet & training suck.
ခင်ဗျားရဲ့ အစားအသောက်နဲ့ လေ့ကျင့်မှုတွေက မကောင်းဘူးဆိုရင် သူက ဘာမှလုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူး။
Best Way To Use It
အကောင်းဆုံး အသုံးပြုနည်း
* Daily Dose: 3-5g
နေ့စဉ်သောက်သုံးရန် ပမာဏ: ၃-၅ ဂရမ်
* Timing: Any time. Consistency > timing
သောက်သုံးချိန်: ဘယ်အချိန်မဆို။ အချိန်မှန်မှန်သောက်တာက အချိန်ကိုက်သောက်တာထက် ပိုအရေးကြီးတယ်။
* With: Plenty of water
ဘာနဲ့သောက်မလဲ: ရေများများနဲ့။
* Bonus: With carbs = better absorption
အပိုဆု: ကာဗိုဟိုက်ဒရိတ်နဲ့တွဲသောက်ရင် ပိုမိုစုပ်ယူမှုကောင်းတယ်။
Common Myths (Busted)
အဖြစ်များတဲ့ အယူအဆမှားများ (ချေဖျက်ထားသည်)
* ❌ "It's bad for your kidneys"
"ဒါက ခင်ဗျားရဲ့ ကျောက်ကပ်ကို ထိခိုက်စေတယ်" (ဆိုတာ မှားပါတယ်)
* ✅ Proven safe for healthy individuals
ကျန်းမာတဲ့သူတွေအတွက် ဘေးကင်းတယ်လို့ သက်သေပြပြီးသားပါ။
* ❌ "You'll lose gains when you stop"
"သောက်တာရပ်လိုက်ရင် ကြွက်သားတွေ ဆုံးရှုံးသွားလိမ့်မယ်" (ဆိုတာ မှားပါတယ်)
* ✅ You'll lose water, not muscle
ကြွက်သားတွေ ဆုံးရှုံးတာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲက ရေတွေပဲ ဆုံးရှုံးသွားမှာပါ။
ဒါဆိုသဘောပေါက်လောက်ပီထင်ပါတယ်။

နေထဲက ဟိုက်ဒရိုဂျင်ဟာ ဟီလီယံအဖြစ် ရောက်ရှိကူးပြောင်းပြီး နေအဖွဲ့အစည်းကလိုအပ်တဲ့ စွမ်းအင်ထုတ်ပေးနေတာကြောင့် နေဟာ တစက္ကန့်တိုင်းမှာ တန်ချိန် ၄သန်း ကျုံ့လျော့နေပါတယ်။

image
40 w - Translate - Facebook

သိပ္ပံပညာရှင်တွေပြောတဲ့ ကမ္ဘာကြီးရဲ့ ကံကြမ္မာ
================================
လူတွေဟာ မကောင်းတာတွေကို ကြိုတင်ကာကွယ်ဖို့ ဖြစ်စေ၊ ပိုကောင်းတာတွေ ဖြစ်လာဖို့ ကြိုတင်ပြင်ဆင်နိုင်အောင်ဖြစ်စေ နောင်တချိန် ကိုယ်ဘာဖြစ်မယ်ဆိုတာကို ကြိုသိချင်ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာလည်း လူသားတွေနေတဲ့ ကမ္ဘာကြီးနဲ့ ဒီစကြဝဠာကြီးရဲ့ အနာဂတ်ကို ကြိုတင်တွက်ချက်မှန်းဆထားချက်တွေ ရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ အာကာသကိုလေ့လာမှုတွေ၊ သီအိုရီတွေ၊ ခိုင်မာတဲ့ စာတမ်းတွေနဲ့ သက်သေပြထားချက်တွေအရ နောင်ကြုံရမယ့် ကြီးကြီးမားမား ဖြစ်စဉ်တွေကို မှတ်တမ်းတင်ထားချက်ပါ။
ကမ္ဘာ့ ဒုတိယအကြီးဆုံး Niagara ရေတံခွန်ဟာ နှစ်ပေါင်း ၂၇၀၀၀ အကြာမှာပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။
နှစ် ၇၅၀၀၀ ကနေ တသိန်း အတွင်း ဟာဝိုင်အီ ကျွန်းသစ် ရေအောက်ကနေ ပေါ်ပေါက်လာပြီး ပထဝီဆိုင်ရာ အပြောင်းအလဲ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
နှစ်ပေါင်း ငါးသိန်းအကြာမှာ ၁ ကီလိုမီတာ အကျယ်ရှိတဲ့ ဥက္ကာခဲဟာ
ကမ္ဘာမြေကို ဝင်တိုက်ပါလိမ့်မယ်။
နှစ် သန်းပေါင်း ၂၀၀ လောက်မှာ ကမ္ဘာလည်ပတ်နှုန်း နှေးလာတာကြောင့် တရက် ၂၅ နာရီ ဖြစ်သွားပါလိမ့်မယ် (အပြည့်အစုံကို ပို့စ် တခု သပ်သပ်တင်ပေးထားပါတယ်။ ဒီလင့်မှာ ဖတ်ပါ https://www.facebook.com/share..../p/16a73vvd4T/?mibex
နှစ် သန်း ၈၀၀ အကြာ နေရဲ့ အလွန်ပူပြင်းစွာ တောက်လောင်မှုဒဏ်ကြောင့် ကမ္ဘာပေါ်က လူအပါအဝင် ယူကာရားသက်ရှိတွေ ပျက်သုဉ်းသွားပါလိမ့်မယ်။ ဘက်တီးရီးယား တို့ရဲ့ ပရိုကားရားအုပ်စုပဲ ကျန်ပါမယ်။ (သက်ရှိအကြောင်း အပြည့်အစုံဖတ်ချင်ရင်၊ ဘယ်သက်ရှိကို ပြောတာလဲ သိချင်ရင် ပို့စ်တင်ပေးထားတာ ရှိပါတယ်။ ဒီမှာဖတ်ပါ https://www.facebook.com/share..../p/193VUB9XHi/?mibex
နှစ်ပေါင်း ၅ ဘီလီယံ အရောက်မှာ Milky way နဲ့ Andromeda ဂလက်ဆီ နှစ်ခုပေါင်းပြီး Milkdromeda Galaxy အဖြစ် ပေါ်ပေါက်လာပါမယ်။ (https://www.facebook.com/share..../p/16CymkBWLX/?mibex )
နှစ်ပေါင်း ၇ ဘီလီယံဆိုရင်တော့ နေရဲ့ Hydrogen လောင်စာ လုံးဝ ကုန်ဆုံးပြီး Red Giant တခုဖြစ်ပေါ်လာကာ ကမ္ဘာကိုပါ ဝါးမြိုနိုင်ချေ ရှိပါတယ် ။
နှစ်ပေါင်း ၁၀၀ ထရီလီယံ အရောက်မှာတော့ Galaxy တွေမှာ Gas တွေ ကုန်ဆုံးသွားတာကြောင့် ကြယ်အသစ်တွေ နောက်ထပ်မွေးဖွားနိုင်မှာ မဟုတ်တော့ပါဘူး။
နှစ်ပေါင်း ၁ နာနိုလီယံရောက်ပြီဆိုရင် super massive Black Holes ဆိုတဲ့ မဟာတွင်းနက်ကြီးတွေကလွဲရင် စကြဝဠာကြီးမှာ ဘာမှ မရှိတော့ပါဘူး။
ဒီလိုကနေ နောင် အချိန်အတိုင်းအတာတခု ရောက်ပြီဆိုရင် အထီးကျန် စကြဝဠာကြီး သေဆုံးပြီးတဲ့အခါ Big Bang မဟာပေါက်ကွဲမှုအဖြစ်နဲ့ နောင်တဖန် အစက ပြန်လည်မွေးဖွားလာမှာ ဖြစ်ပါတယ်။

ယနေ့ခေတ်လူသားတွေဟာ ပိုးစုန်းကြူးကို မြင်ဖူးခဲ့တဲ့ နောက်ဆုံးမျိုးဆက် ဖြစ်လာနိုင်ကြောင်း အရေးကြီး သတိပေးချက်တွေ ပေါ်လာပါပြီ။
ပိုးစုန်းကြူး မျိုးကွဲပေါင်း ရာနဲ့ချီဟာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်တဲ့။ သူတို့ အလင်းတန်းတွေကို ကြင်ဖော်ရှာတဲ့အခါ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အခါ၊ ရန်သူကို လှည့်စားတဲ့ အခါတွေမှာ သုံးကြရတာကြောင့် မြို့ပြဖွံ့ဖြိုးလာမှုနဲ့အတူ ပါလာတဲ့မီးအလင်းရောင်တွေဟာ သူတို့မျိုးပွါးဖို့ လိုအပ်တဲ့ အချက်ပြမှုတွေ၊ ခုခံကာကွယ်ရာမှာ သုံးရတာတွေကို ကောင်းကောင်းကြီး အနှောင့်ယှက်ပေးနေပါတယ်။
စိုက်ပျိုးရေးမှာ ပိုးသတ်ဆေး အသုံးပြုမှုများလာတာကြောင့်လည်း သူတို့ရဲ့ မြေဆီလွှာအဆီအနှစ်တွေကို ဖျက်ဆီးသလိုဖြစ်နေပြန်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုနဲ့အတူ အပူလှိုင်းတွေ၊ မြစ်ချောင်းအင်းအိုင် တိမ်ကောပြီးရေခမ်းခြောက်မှုတွေ၊ စိုစွတ်တဲ့တောတွေ ပျက်သုဉ်းလာခြင်းဟာလည်း သူတို့ဘဝကို ပိုခက်ခဲကြမ်းတမ်းစေပါတယ်။
ပိုးစုန်းကြူးလေးတွေသာ ပျောက်ကွယ်ခဲ့ရင် သိပ်မကြာခင် အလှည့်ကျမှာကတော့ ဖား၊ ငှက် နဲ့ ပျားလေးတွေပါ။ ပျားရဲ့ ဝတ်မှုန်ကူးခြင်းဟာ ကမ္ဘာ့လူသားတွေအတွက် ဘယ်လိုအကျိုးပြုနေလဲဆိုတာတော့ သိပြီးကြပြီ ထင်ပါတယ်။ သက်ရှိတွေရဲ့ ဂေဟစနစ်ကြီး မကြာခင် ပျက်စီးတော့မှာကို သင့်အနေနဲ့ တတ်နိုင်တဲ့ဘက်က ကြိုတင်ကာကွယ် နိုင်ပါသေးတယ်။
ညဘက် မီးထွန်းရင် အပြင်မီးတွေကို လင်းထိန်နေအောင် မထားတာ။ ဥပမာ - ခြံမီး၊ အိမ်ပြင်မီး၊ အပြင်လျှောက်လမ်းမီးတွေကို အမှိန်ပဲ အသုံးပြုတာ၊ ဓါတုပိုးသတ်ဆေးသုံးမယ့်နေရာမှာ သဘာဝမြေဩဇာကို လိုသလောက်ပဲ သုံးတာ၊ လူကို ဆိုးကျိုးမဖြစ်တဲ့ အပင် ပန်းမန်တွေ သဘာဝအလျောက် ပေါက်ရောက်တာမျိုးကို မဖျက်ဆီးတာ ၊ ခြံထဲ မြေပိုရှိရင် ပိုးသတ်ဆေး မသုံးပဲ အပင်စိုက်တာမျိုးတွေ လုပ်နိုင်ပါသေးတယ်။
ကျတော်တို့ဟာ ဘိုးဘေးတွေဆီက အမွေကို ဆက်ခံသုံးစွဲနေတာမဟုတ်ပဲ နောင်မျိုးဆက်ဆီက ငှါးယူသုံးစွဲနေကြတာပါတဲ့။ အနာဂတ် ကလေးတွေဟာလည်း ပိုးစုန်းကြူးဆိုတာကို မြင်ခွင့် ရသင့်ပါတယ်။ အဲ့လို မြင်ခွင့်ပေးဖို့ ဆုံးဖြတ်ချက်ကတော့ ကျတော်တို့မျိုးဆက်ရဲ့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။

image