28 w - Translate

အလေးမခြင်းကြောင့် ထိခိုက်ဒဏ်ရာရနိုင်ခြေက အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ကျန်းမာရေး အန္တရာယ်တွေနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး။
ကျွန်တော်ကတော့ တခါတလေ အခန့်မသင့်လို့ ပခုံးနဲ့ ကျောအနည်းငယ် နာကျင်တာမျိုးကို သည်းခံပြီး အောက်ပါအန္တရာယ်တွေကို လျှော့ချမှာဖြစ်ပါတယ်–
- နှလုံးသွေးကြောဆိုင်ရာ ရောဂါများ
- ဆီးချိုရောဂါ
-အရိုးပါး/ကြွက်သားဆုံးရှုံးခြင်း
-အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးနိုင်ခြေ
ဝိတ်မခြင်းက နုပျိုခြင်းရဲ့ စမ်းရေတွင်းပါပဲ။
ဒီတော့ ဝိတ်မပါ။💪

28 w - Translate

စားတဲ့အစားအသောက်ရဲ့ ၉၀% မှာ
-ငါး
- ကြက်ဥ
-အသီးအနှံ
-အမဲသား
- ကြက်သား
-ဘရိုကိုလီ
-အာလူး
- ထောပတ်သီး
- ဂရိဒိန်ချဉ်
ဒါတွေသာပါခဲ့မယ်ဆိုရင် ကြွက်သားတည်ဆောက်နိုင်ပြီး အဆီကျကာ စွမ်းအင် ၁၀ ဆ ပိုမိုရရှိပါလိမ့်မယ်။ရွေးစားပါ(ဒီစာကြောင်း
မရှင်းရင် ပြန်ဖတ်ပါ😜)

28 w - Translate

သွေးဆုံးချိန်နှင့် အရိုးကျန်းမာရေး
(အရေးပါသောကာကွယ်မှု)
အရိုးကျန်းမာရေးက လူတွေရဲ့ အလုံးစုံကျန်းမာရေးမှာ အရမ်းအရေးကြီးတဲ့အပိုင်းဖြစ်ပေမဲ့ လူအများစု သတိမမူမိကြပေ။အထူးသဖြင့်
အမျိုးသမီးကြီးတွေ-
-သွေးဆုံးပြီးနောက် ၅ နှစ်မှ ရ နှစ်အတွင်း အမျိုးသမီးများသည် ၎င်းတို့၏ အရိုးသိပ်သည်းဆ၏ ၂၀% အထိ ဆုံးရှုံးနိုင်ခြေရှိသည်။ ဤအချိန်သည် အရိုးပွရောဂါဖြစ်နိုင်ခြေ အမြင့်ဆုံးကာလဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် အရိုးပွရောဂါကြောင့် အရိုးကျိုးမှုပေါင်း ၁.၅ သန်းခန့် ဖြစ်ပေါ်နေပြီး ၎င်းသည် လူနေမှုဘဝအရည်အသွေးကို များစွာထိခိုက်စေပါသည်။
ဒါပေမဲ့ သတင်းကောင်းကတော့ အရိုးပွရောဂါကြောင့် ဖြစ်ပွားသော အရိုးကျိုးမှုများ၏ ၈၀% ခန့်ကို သင့်လျော်သော ခွန်အားသုံးလေ့ကျင့်ခန်း (Strength Training) ဖြင့် ကာကွယ်နိုင်ခြင်းဖြစ်သည်။
ဘာကြောင့် ခွန်အားသုံးလေ့ကျင့်ခန်းတွေ အရေးပါတာလဲ?
သွေးဆုံးပြီးချိန်သည် အရိုးကျန်းမာရေးကို ထိန်းသိမ်းရန်အတွက် အလွန်အရေးကြီးသောအချိန်ဖြစ်သည်။ American Journal of Physical Medicine & Rehabilitation ၏ သုတေသနများက ပစ်မှတ်ထားသော ခွန်အားလေ့ကျင့်ခန်းသည် အရိုးသိပ်သည်းဆ ကျဆင်းမှုကို ရပ်တန့်စေရုံသာမက အချို့ကိစ္စများတွင် အရိုးပွခြင်းကိုပင် ပြန်လည်ကောင်းမွန်စေကြောင်း ဖော်ပြထားသည်။ ထို့အပြင်၊ မှန်ကန်သော ခုခံအားလေ့ကျင့်ခန်းများသည် လဲကျခြင်းအန္တရာယ်ကို လျှော့ချပေးပြီး အဆစ်အရည်ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းဖြင့် အဆစ်များ၏ လုပ်ငန်းဆောင်တာများကို တိုးတက်ကောင်းမွန်စေသည်။
အရိုးကျန်းမာရေးသည် လူတိုင်းအတွက် အရေးကြီးပြီး အထူးသဖြင့် သွေးဆုံးပြီး အမျိုးသမီးများအတွက် ပိုမိုအရေးကြီးပါသည်။ ခွန်အားသုံးလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခြင်းဖြင့် အရိုးများကို သန်မာစေပြီး အရိုးကျိုးနိုင်ခြေကို လျှော့ချကာ ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ချစ်လို့ပြောမယ် ဝိတ်မကြပါခင်ဗျာ 🙏
လေးစားလျက်-

'READY OR NOT: HERE I COME’ မှာတွေ့ရမယ့် Samara Weaving နဲ့ Kathryn Newton

image

Jordan Peele ရဲ့ အကောင်းဆုံးလက်ရာ | Get Out (2017)
Key & Peele ဟာသအစီအစဥ်ကို မြန်မာတော်တော်များများက စာတန်းထိုးနဲ့ရော၊ ဒါမှမဟုတ် Instagram reels နဲ့ Facebook Reels တွေမှာ အနည်းနဲ့အများ ကြည့်ဖူးကြမယ်နဲ့တူပါတယ်။ အဲဒီထဲက Peele ဆိုတဲ့ Jordan Peele ကတော့ ဒီဘက်ခေတ်ရဲ့ horror ရုပ်ရှင်လောကမှာ တော်တော်နာမည်ကြီးတဲ့ horror ဒါရိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်နေပါတယ်။
Us, Get Out, Nope အဲဒီ horror ရုပ်ရှင်တွေက Jordan Peele ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ခဲ့တဲ့ရုပ်ရှင်၊ Aquaman မင်းသား Yahya Abdul Mateen II ရဲ့ Candyman ကိုကျတော့ Jordan Peele က ဇာတ်လမ်းပဲရေးခဲ့တယ်။ Jordan Peele ကိုင်တွယ်ခဲ့တဲ့ horror ရုပ်ရှင်တွေက ဆန်းသစ်တဲ့ horror ရုပ်ရှင်တွေထဲမှာပါသလို ရိုးရှင်းတဲ့ဇာတ်ကွက်နဲ့ ပရိသတ်ကို ကျောထဲစိမ့်သွားအောင်အထိ ခြောက်လှန့်နိုင်တဲ့ပြကွက်တွေပါတယ်လို့လဲ ပြောလို့ရတယ်။
အခုဒီထဲမှာတော့ Jordan Peele ရဲ့ Get Out ကို ပိုပြီးတော့ သဘောကျမိတာပေါ့။ လူ့အသိုင်းအဝိုင်းမှာရှိနေတဲ့ လူမျိုးရေး၊ အသားအရောင်ခွဲခြားမှု၊ ကျားမခွဲခြားမှု အဲဒီဟာတွေကိုသုံးပြီးတော့ horror ရုပ်ရှင်တစ်ကားကို ဖန်တီးပြခဲ့တယ်။ ဇာတ်လမ်းက လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတွဲကြတယ်၊ ကောင်မလေးက သူ့အိမ်ကို ကောင်လေးကိုအလည်ခေါ်သွားတယ်၊ အဲမှာ ကောင်မလေးရဲ့အိမ်က တော်တော်ကိုလျှို့ဝှက်ဆန်းကြယ်ဆန်ပြီး ကြောက်စရာတွေလုပ်တတ်တဲ့ မိသားစုတွေဖြစ်နေတာပဲ။
Get Out က လူ့အသိုင်းအဝိုင်းကြားက နှစ်ပေါင်းများစွာရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကိုအခြေတည်ပြီးမှ horror vibe ကို တည်ဆောက်ထားတယ်။ အရမ်းမြန်ဆန်တဲ့ horror ဇာတ်ကွက်မျိုးမဟုတ်ပဲ တဖြေးဖြေးနဲ့ ကျောချမ်းလာအောင်၊ ခြောက်ခြားလာအောင် ဆွဲခေါ်ထားပြီး climax မှာ အကုန်ဖြည်ချလိုက်တာပေါ့။
Get Out မှာ တကယ်သုံးခဲ့တဲ့ဇာတ်သိမ်းနဲ့ မသုံးဖြစ်ခဲ့တဲ့ alternate ending တစ်ခုရှိတယ်။ (YouTube မှာ ရှာကြည့်) တကယ်ဆိုရင် အဲဒီ ending က Get Out ရဲ့ tone စစ်စစ်နဲ့ ကိုက်ညီတယ်လို့မြင်မိတာပဲ။
အချိန်ပေးပြီးကြည့်ရတာတန်တဲ့ horror thriller ပါပဲ။ (ခွက်ကို ဇွန်းနဲ့မွှေရတာတောင် ခပ်လန့်လန့်ပေါ့)

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image

သီအိုရီသပ်သပ်ပဲမလို့အဟုတ်ကြီးမထင်ကြပါနဲ့။

image
image
image
image