28 ပတ် - ဘာသာပြန်ပါ။

ကလေး/လူကြီး အကုန်ကြိုက်တဲ့ #တရုတ် စတိုင် #ခေါက်ဆွဲကြော် နည်းလေး Save😋
****************************
တရုတ်ခေါက်ဆွဲကြော်နည်းမေးထားတဲ့ သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုက်ပါတယ်။
တရုတ်ခေါက်ဆွဲကြော်နည်းကို နည်းအမျိုးမျိုးကြော်တဲ့ အထဲက အိစံရဲ့ကြော်နည်းကတော့ မြန်မာပြည်က ဆိုင်တွေလို အရသာအီအီလေးနဲ့စိုစိုလေးကြော်တဲ့နည်းပါ။ ခေါက်ဆွဲကြော်စိုစိုလေးဖြစ်ဖို့အတွက်ဆိုရင် ကြက်ပြုတ်ရည်လေးကို သုံးရင် ပိုအဆင်ပြေပါတယ်။ ကြက်ပြုတ်ရည် အလွယ်တကူမရှိလျှင် ရေကိုသုံးရင်လဲရပါတယ်။ တရုတ်ခေါက်ဆွဲကြော်လေးကြော်စားကြည့်ရအောင်နော်။
ပါ၀င်သောပစ္စည်းများ
၁။ ဂျုံခေါက်ဆွဲဖတ် - ၁ ပေါင် (သို့) ၂၅ ကျပ်သား
၂။ ၀ကျသား (သို့) ကြက်သား - ၁ ပေါင် (သို့) ၂၅ ကျပ်သား
၃။ ပါးပါးလှီးထားသော ဂေါ်ဖီထုပ် - တရုတ်ထမင်းစားပန်းကန်လုံး ၃ လုံးစာ
၄။ အချောင်းလိုက်လှီးထားသော မုန်လာဥနီ - အနည်းငယ်
၅။ ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း ၅ ဇွန်း
၆။ ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၉။ သကြား - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
၁၀။ ဆီ - ထမင်းစားဇွန်း ၉ ဇွန်း
၁၁။ ကြက်ပြုတ်ရည် (သို့) ရေ - ထမင်းစားဇွန်း ၈ ဇွန်း
၁၂။ ကြက်သွန်ဖြူ - ၅ မွှာ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ အသားကို အချောင်းလိုက်ကလေးတွေ လှီးပြီး ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အပျစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ၀ကျ၊ ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် နယ်ရ်ျ ခဏ နှပ်ထားပါ။ ကြက်သွန်ဖြူ ကိုတောက်တောက်ဆင်းထားပါ။
၂။ ခေါက်ဆွဲကို အစိုအသုံးပြုလျှင် ရေနွေးပွက်ပွက်ဆူတဲ့ထဲကို ချက်ချင်းထည့်ပြီး ဆယ်ပါ။ ပြီးလျှင် ရေအေးဖြင့် ပြန်ဆေးပြီး ရေစစ်ပါ။ ရေစစ်ထားတုံးမှာ ခေါက်ဆွဲကို ဆီ ထမင်းစားဇွန်း ၁ ဇွန်း ဖြင့် နယ်ရ်ျ ဖွထားပါ။
၃။ ရေစစ်ပြီးသော ခေါက်ဆွဲကို ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ ပဲငံပြာရည် အပျစ် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့်နယ်ထားပါ။
၄။ ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း ၈ ဇွန်းထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူကို ထည့်ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် အသားကို ထည့်ကြော်ပါ။ အသားများကျက်ပြီး အသားမှအရည်များမထွက်ခင် ခေါက်ဆွဲကိုထည့်ကြော်ပါ။ ကြက်ပြုတ်ရည် (သို့) ရေ ထမင်းစားဇါန်း ၄ ဇွန်းကိုထည့်ရ်ျ ကြော်ပါ။
၅။ ထို့နောက် ပါးပါးလှီးထားသော ဂေါ်ဖီထုပ်နှင့် မုန်လာဥနီကိုထည့်၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း နှင့် သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ရ်ျ ကြော်ပါ။
၆။ အသီးအနှံများနွမ်းလာလျှင် မီးဖိုပေါ်မှချခါနှီးတွင် ကျန်သော ကြက်ပြုတ်ရည် (သို့) ရေ ထမင်းစားဇွန်း ၄ ဇွန်းကို ထည့်၍သမအောင် မွှေပြီ းမီးဖိုပေါ်မှချပါ။
၇။ အရသာ ကောင်းကောင်း အနံ့မွှေးမွှေးနှင့် ခေါက်ဆွဲကြော် စိုစိုလေးကို သုံးဆောင်နိုင်ပါပြီ။

image

imageimage
28 ပတ် - ဘာသာပြန်ပါ။

ပုဇွန်ဆိတ်အစပ်ငံပြာရည်ကြော်
ပုဇွန်ဆိတ်လေးတွေ(ဆယ့်ငါးကျပ်သားလောက်ရှိ)ရေဆေးသန့်စင်ပြီ နှုပ်ခမ်းမွေးလေးတွေပါညှပ်ထား မညှပ်လည်းရပါတယ် 😁
ညှပ်လည်းပြီးအကြောတွေတတ်လို့😅
ကြက်သွန်နီ လေးလုံးလောက်ပါးပါးလှီး
ကြက်သွန်ဖြူဆယ်မွှာလောက်လည်းပါးပါးလှီးထားပါ
ပြီးရင်အိုးထဲဆီထည့်နနွင်းမုန့်လေးထည့် လှီးထားတဲ့ကြက်သွန်တွေထည့်ပြီးနွမ်းအောင်ကြော်ပေးပါ
ကြက်သွန်လေးတွေနွမ်းပြီးအရောင်ပြောင်းလာရင်အရောင်တင်မုန့်ထမင်းစားဇွန်းတဇွန်းစာလောက်ထည့်ပါ.ပြီးရင်ငရုပ်သီးအကြမ်းဖတ်ကိုယ်အစပ်စားနိုင်သလောက်ထည့်ကြော်ပါ ပြီးရင်ပုဇွန်တွေထည့်
အရသာအတွက်အချိုမုန့်လေးနည်းနည်းနဲ့ငံပြာရည်ကိုထည့်ကြော်ပါ
ခြောက်ခြောက်လေးဖြစ်အောင်ကြော်ပြီးရင် ပုဇွန်ဆိတ်အစပ် ငံပြာရည်ကြော်လေးရပါပြီရှင်

image
28 ပတ် - ဘာသာပြန်ပါ။

AI နဲ့ လိမ်မရတဲ့ ဇီဝမှတ်ပုံတင်ထုတ်မယ့် OpenAI CEO ရဲ့ နည်းပညာ
ဒီနှစ်ထဲ OpenAI CEO က တော်တော်ထူးခြားတဲ့ ပရောဂျက်တစ်ခု စတင်ခဲ့ပါတယ်။
အဲ့ဒါက Deepfake AI နည်းပညာသုံးပြီး အသံနဲ့ ရုပ်အတုလုပ်ပြီး လိမ်မရအောင် ဇီဝ ID စစ်တဲ့ နည်းပညာပါ။ မျက်စိကို စကင်နဲ့ blockchain သုံးပြီး တစ်ကမ္ဘာလုံးက လူတွေကို မှတ်ပုံတင်ရိုက်ပေးဖို့လို့ ပြောနိုင်ပါတယ်။ ဒီပရောဂျက်ကို World လို့ ခေါ်ပြီး ၂၀၁၉ ကတည်းက Worldcoin နာမည်နဲ့ ထောင်ခဲ့တာပါ။
သူ့အလုပ်လုပ်ပုံကို ပြောရမယ်ဆိုရင် ဇီဝ ID ထုတ်ချင်သူက Orb လို့ ခေါ်တဲ့ စက်လုံးပုံ Biometric Device မှာ မျက်လုံးမျက်နှာ စက္ကန့် ၃၀ ကြာ စကင်ဖတ်ရမှာပါ။ ပြီးရင် ကိုယ်က လူသားစစ်စစ်ဖြစ်ကြောင်း အတည်ပြုမယ့် IrisCode ထွက်လာပါမယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတွေတုန်းက World မှာ IrisCode ထုတ်ရင် World WLD token တွေ free ပေးခဲ့တာ ရှိပါတယ်။ အမေရိကန်မှာဆို Orb မျက်စိစကင်နဲ့ ဇီဝမှတ်ပုံတင်မယ့်နေရာ ၆ နေရာ ရှိသလို အခုလည်း ယူကေက လန်ဒန် ၊ မန်ချက်စတာ ၊ ဘာမင်ဂမ် ၊ ကာဒစ်ဖ် ၊ ဘဲလ်ဖတ်စ် နဲ့ ဂလက်စကိုလို မြို့ကြီးတွေလည်း ရောက်လာနေပါပြီ။
Orbs ရဲ့ နောက်ဆုံးဗားရှင်းက Nvidia ထုတ် Jetson processor နဲ့ လာပါတယ်။ ဒီနှစ်ကုန်လောက်ဆို အမေရိကန်မှာ Orb ပေါင်း ၇၅၀၀ တပ်ဆင်နိုင်ဖို့လည်း World က စီစဉ်ထားတာပါ။ အခုထိတော့ World မှာ မှတ်ပုံတင်အတည်ပြုထားသူ ၁၃ သန်း ရှိပါတယ်။
အော့တမန်ရဲ့ World က ဘာလို့ ထူးခြားတဲ့ပရောဂျက်လဲဆိုရင် Visa နဲ့ Match Group တို့လို ကမ္ဘာ့ထိပ်တန်း venture ကြီးတွေနဲ့ လက်တွဲထားလို့ပါ။ Visa ကလည်း World နဲ့ Iris scan လုပ်ထားတဲ့သူတွေအတွက် World Visa Card ဆိုပြီး ထုတ်တော့မှာ ဖြစ်သလို လက်တွဲဖော်ရှာပေးတဲ့ Match Group ကလည်း World ID ကို စမ်းသုံးနေပြီမလို့ပါ။
နောက်ဆို ကမ္ဘာ့မြို့ကြီးတွေက Shopping Mall ကြီးတွေ ၊ ATM တွေမှာ Orb စက်တွေ ထားလာနိုင်သလို အင်တာနက်ပလက်ဖောင်းတွေမှာလည်း World ID ကို ဒီဂျစ်တယ်ပတ်စပို့တစ်ခုလို အသုံးတွင်လာနိုင်ပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

၄ လက်မ display နဲ့ ယွမ် ၆၀၀ တန် တရုတ်ဖုန်း
ဒီဖုန်းမျိုးက ဈေးကွက်ထဲမှာ နှစ်မျိုးမရှိနိုင်တဲ့ အသေးဆုံးဖုန်းမျိုးပါ။
၆.၃ လက်မဆိုဒ်ကို Compact ဖုန်းဆိုပြီး ခေါ်နေကြချိန်မှာ တရုတ်ကုမ္ပဏီ Bluefox က ၄ လက်မ display သုံး ကမ္ဘာ့အသေးဆုံးအန်းဒရိုက်ဖုန်းကို ထုတ်သွားတာပါ။ Screen ကြီးမှ လူကြိုက်များတဲ့ခေတ်မှာ စမတ်ဖုန်းခေတ်ဦးတုန်းကလို ၄ လက်မဖုန်း ထုတ်ရဲတာ ချီးကျူးရပါလိမ့်မယ်။
Bluefox NX1 က iPhone 5 နဲ့ screen size တူပေမယ့် bezel ပိုပါးလို့ iPhone 5 ထက် ပိုသေးပါတယ်။ ကြည့်လိုက်ရင် ကလေးကစားစရာဖုန်းလေးလို ထင်ရပေမယ့် သုံးထားတာက 3000mAh ဘက်ထရီပါ။ ဘက်ထရီကြီးလို့ ဖုန်းကလည်း ပုံမှန်ဖုန်းတွေထက် တစ်ဝက်လောက် ထူပါလိမ့်မယ်။
ရှေ့ကင်မရာဒီဇိုင်းကတော့ နောက်ဆုံးပေါ် iPhone တစ်လုံးအတိုင်းပါပဲ။ Bluefox NX1 က iPhone 14 Pro လိုမျိုး Dynamic Island စတိုင် ရှေ့ကင်မရာ module သုံးပြီး 5MP Selfie နဲ့လာပါတယ်။ ကျောဘက်မှာ mid-range ဖုန်းတွေမှာ သုံးဖူးတဲ့ 21MP Sony IMX230 sensor သုံးပါတယ်။
Fancy ဘတ်ဂျက်ဖုန်းဖြစ်တဲ့အတိုင်း SoC ကို ၂၀၁၉ ထုတ် MediaTek Helio G81 သုံးပေမယ့် RAM/storage ကို 8GB/128GB ဗားရှင်းအထိ ထွက်ပါတယ်။ microSD card သုံးပြီးလည်း storage ထပ်မြှင့်လို့ရပါမယ်။ နောက်ထူးခြားချက်က Bluefox NX1 က နောက်ဆုံးပေါ် Android 15 နဲ့ လာတာပါ။ updates ဘယ်နှစ်ခု ရမလဲတော့ မသိပါဘူး။
တရုတ်မှာ Bluefox NX1 အနိမ့်ဆုံးဗားရှင်း RAM 4GB/64GB storage ကို ၅၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲကျော်) နဲ့ 8/128GB အမြင့်ဗားရှင်းကို ၇၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၈ သောင်းဝန်းကျင်) ဈေးနဲ့ ရောင်းနေပြီး global ဗားရှင်းက ဇွန်လနှောင်းပိုင်းမှာ ထွက်ဖို့ ရှိပါတယ်။

image

အရွယ်ကောင်းမှာ လေလွင့်မနေပါနဲ့ ။ အသက် ၂ဝ ဝန်းကျင်ဟာ ကိုယ် ဖြစ်ချင်တဲ့ ဘဝကို ကိုယ်တိုင် ကြိုးစားယူဖို့ အရွယ်ရောက်ပြီး လုံလုံလောက်လောက် သန်မာနုပျိုလာကြပြီ ။ ကိုယ်ပိုင်ဝင်ငွေရှာရမယ့်အချိန် ရင့်ကျက်ဖို့
စပြီးသင်ယူရသလို ၊ လူတွေအကြောင်း ၊ အချစ်အကြောင်း စပြီး နားလည်လာမယ့်အချိန်ပါပဲ ။
ဒီအသက်အရွယ်ထဲမှာ Challenge တွေ အရမ်းများတယ်။ အသက်မွေးဝမ်းကြောင်းပြုဖို့ ပညာရပ်တွေ လေ့လာရမယ် ။ Life goal တစ်ခု ချရတော့မယ် ။ အဲ့ဒီလမ်းပေါ်ရောက်နိုင်အောင် ကြိုးစားရမယ် ။ ဒီအချိန်မှာ ကျရှုံးနိုင်တယ် ။ လမ်းပျောက်နိုင်တယ် ။ စိတ်ဓာတ်ကျနိုင်တယ် ။ ဒါက အဆင်ပြေပါတယ် ။ လူတိုင်းဖြစ်ဖူးကြတဲ့ ကိစ္စပါပဲ ။ ကိုယ်တိုင်က လက်မလျော့လိုက်ဖို့ပဲ အရေးကြီးပါတယ် ။ ဒီအရွယ်မှာ ပျော်စရာတွေဟာ အရမ်းများတယ် ။
ပေါ့ပေါ့နေ ပေါ့ပေါ့စားမယ်လို့ တွေးထားရင်တော့ ဒီအရွယ်ဟာ သိပ်ပျော်စရာကောင်းတာပေါ့ ။ အချစ်နဲ့တွေ့မယ် ။ အသစ်ဆန်းတွေကို ကိုယ်တိုင်စမ်းသပ် ကြည့်ချင်သလို
မကောင်းတဲ့အရာတွေဟာ ကိုယ့်ကို လက်တည့်လာစမ်း ကြလိမ့်မယ် ။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကို Control မလုပ်နိုင်ပဲ တဒင်္ဂပျော်ရွှင်မှုတွေထဲ ခုန်ချမိလိုက်ရင်တော့ ဘဝဟာ တော်တော်လေး ပျက်စီးသွားလိမ့်မယ် ။ အရွယ်ကောင်းမှာ လေလွင့်နေခဲ့မိတဲ့ အချိန်တွေက တကယ်ကို နောင်တရစရာကောင်းပါတယ် ။ ဒါကြောင့် အရွယ်ကောင်းမှာ လေမလွင့်မိပါစေနဲ့ ။

image

" ငါနားလည်တဲ့ အချစ်ဆိုတာ ချစ်နေရုံသက်သက်ပဲ ၊
ငါ့အနားကို ဆွဲခေါ်လိုက်တာဟာ သူ့ဘ၀ တစ်ခုလုံးကို
နာကျင်စေမယ်ဆိုရင် ချစ်နေရုံ ချစ်နေရတဲ့လမ်းကိုပဲ
ငါ ရွေးမယ် နင် သိလား ၊ အဲဒီလိုဆုံးဖြတ်ဖို့ ဘယ်လောက်
သတ္တိ‌မွေးရတယ်ဆိုတာရော နင်သိလား "
“ သူ့အရိပ် ကိုယ့်အရိပ် အပြန်အလှန် ငေးရင်းနဲ့ပဲ
သူ့အရိပ် ကိုယ့်အရိပ် မမြင်ကြရတော့တာ ..... ”
#အခါတစ်ပါး #စံပယ်ဖြူနု

image

စွန့်ခွာသွားခြင်းမခံရအောင်
ကိုယ်က နာကျင်ခြင်းတွေကို ခံစားနေမယ်ဆိုရင်
ပျော်ရွှင်ခြင်းတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ် ။
ကိုယ်က ပူလောင်စေတဲ့ အရာတွေကို တွေးနေမယ်ဆိုရင် အေးချမ်းခြင်းတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ် ။
ကိုယ်က မကောင်းတဲ့ အရာတွေကို ပြုလုပ်နေမယ်ဆိုရင် ကောင်းတဲ့ အရာတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ် ။
ကိုယ်က တန်ဖိုးရှိတဲ့ အရာတွေကို
ဖြစ်သလိုထားလိုက်မယ်ဆိုရင်
တန်ဖိုးရှိတဲ့ အရာတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ်။
တစ်ခါတလေမှာ ကိုယ့်ကို စွန့်ခွာသွားကြတာ
သူတစ်ပါးကြောင့်ထက် မိမိကြောင့် ဖြစ်နေတတ်တယ် ။
ဒါကြောင့် ပျော်ရွှင်ခြင်းတွေ အေးချမ်းခြင်းတွေ
ကောင်းတဲ့ အရာတွေ တန်ဖိုးရှိတဲ့ အရာတွေ
စွန့်ခွာသွားခြင်းမခံရအောင်
အတတ်နိုင်ဆုံး စိတ်ကို
သတိလေးနဲ့ ထိန်းချုပ်ပြီး ထားပါ ။

image
28 ပတ် - ဘာသာပြန်ပါ။

#knowledge #ဗဟုသုတ

image