Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထိုင်းနိုင်ငံတွင် ခြေသည်းလက်သည်းအလှပြင်လုပ်ငန်းလုပ်ကိုင်နေသော မြန်မာအမျိုးသမီးလေးဦး ဖမ်းဆီးခံရ
နိုဝင်ဘာ ၃၀
ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် နိုဝင်ဘာ ၂၉ ရက်နေ့က Bang Rak အရပ်ဒေသရှိ ဈေးနားတဝိုက်ကို စီးနင်းရှာဖွေချိန်အတွင်း မြန်မာအမျိုးသမီးလေးဦးနှင့် လာအိုအမျိုးသမီးနှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုဖမ်းဆီးမှုကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက နိုင်ငံခြားသားများမလုပ်ရန် တားမြစ်ထားသောလုပ်ငန်းများလုပ်ကိုင်ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာအမျိုးသမီး လေးဦးနှင့် လာအိုအမျိုးသမီး နှစ်ဦးတို့သည် Bang Rak ဈေးနားတွင် ခြေသည်း၊ လက်သည်း အလှပြင် ဆိုင်ဖွင့်လှစ်ကာ လုပ်ငန်းများလုပ်ကိုင်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များသည် အဆိုပါအရပ်ဒေသတွင် ပြည်ပနိုင်ငံခြားသားများကို အလှပြင်ဆင်၊ ခြေသည်းလက်သည်း အလှပြင်သောလုပ်ငန်းများ မလုပ်ကိုင်ရန် တားမြစ်ထားကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည် ဖမ်းဆီးရမိခဲ့သော မြန်မာအမျိုးသမီး လေးဦးနှင့် လာအိုအမျိုးသမီး နှစ်ဦးတို့ကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး စွဲချက်တင်နိုင်ရန် ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများအား ထိုင်းနိုင်ငံတွင် မလုပ်ရန်တားမြစ်ထားသော လုပ်ငန်းများရှိနေပြီး အဆိုပါလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုလျှင် ဖမ်းဆီးအရေးယူခံရခြင်းများရှိနေကြောင်း ထိုင်းအခြေစိုက် Matichon သတင်းဌာနတွင် ဖော်ပြထားသည်။
ထိုင်းအစိုးရသည် လက်ရှိအချိန်တွင် ခွင့်မပြုထားသောအလုပ်များကို နိုင်ငံခြားသားများလုပ်ကိုင်ခြင်း၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်နေသူများကိုဖြိုခွင်းနိုင်ရန် အရှိန်မြင့်ကြိုးပမ်းခြင်းများ ရှိနေကြောင်း သိရသည်။
REf matichon
#centralnewsnaypyitaw
ဒီနေ့မှာတော့ Frontend နဲ့ Backend ချိတ်ဆက်တဲ့ နေရာမှာ အသုံးပြုတဲ့ Api အကြောင်းကို မျှဝေပေးသွားပါ့မယ်။
API (Application Programming Interface) က Developer တွေ၊ Website တွေ၊ App တွေကို သိမ်းထားတဲ့ Data, Feature, Service တွေကို တစ်ဦးနဲ့ တစ်ဦးချိတ်ဆက်ဖို့ တံခါးဖွင့်ထားပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် API ကို Website တွေရဲ့ Frontend နဲ့ Backend အကြားချိတ်ဆက်မှုတွေအတွက် အသုံးပြုပါတယ်။ နားလည်အောင် ဥပမာပြရရင် ကျနော်တို့ စားသောက်ဆိုင်တစ်ဆိုင်ကို သွားသလိုမျိုးပါ။ ကျနော်တို့ တို့က ကိုယ့်ကို ကို စားသုံးသူ customer လို့ သတ်မှတ်လိုက်ပါ ကျနော်တို့က တစ်ခုခုမှာစားချင်တယ်ဆိုရင် waiter တွေကနေတစ်ဆင့် ကျနော်တို့မှာချင်တာကို မှာစားရတာပါ။ ဒီကနေတစ်ဆင့် waiter တွေကနေ kitchen မှာရှိတဲ့ စားဖိုမှူးတွေဆီကို သွားမှာပေးရတာပါ။ ပြီးလို့ ကျနော်တို့ မှာထားတဲ့ အစားသောက်တေွရပြီဆိုမှ ခနက waiter တွေက kitchen က အစားအသောက်တွေကို ပြန်ယူလာပေးပြီး ကျနော်တို့ဆီကို လာချပေးမှာပါ။ API ကလဲ ဒီသဘောပါပဲ user တွေက တောင်းဆိုတဲ့ data တွေကို API လို့ခေါ်တဲ့ waiter ကနေတစ်ဆင့် server side ဆီကိုရောက်ပြီး Server ကနေ မှ ကျနော်တို့ လိုချင်တဲ့ data တွေိကို ခနက API or Waiter တွေကနေပြီတော့ user တွေဆီကိုပြန်ပြီးပို့ပေးတာပါ။ ကျနော် အောက်မှာလဲ ပုံလေးနဲ့ နားလည်လွယ်အောင် ပြပေးထားပါတယ်။ ဆိုတော့ နားလည်အောင်ပြောရရင် User ပိုင်း ( Front End ပိုင်း ) နဲ့ server ပိုင်း ( Back End ပိုင်း ) ကို ချိတ်ဆက်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလောက်ဆို API ကို နားလည်လောက်ပြီ ထင်ပါတယ်။ API မှာ အမျိုးစား ( ၃ ) မျိုးရှိပါတယ်။ ဘာတွေလဲဆိုရင်
Type of APIS
1. Private APIS
2. Public APIS
3. PARTNER APIS
ဆိုပြီးတော့ပါ၊
1. Private APIS
Private api ကို Internal Api လို့လဲ ခေါ်လို့ရပါတယ်။ Private Api ဆိုတာက Organization တစ်ခုအတွင်းမှာပဲ System တစ်ခုနဲ့ တစ်ခု Api နဲ့ ချိတ်ဆက်ပြီး သုံးတာမျိုးကို ဆိုလိုတာပါ။ Third-Party Developer တွေကိုတော့ သုံးစွဲခွင့်ပေးမှာ မဟုတ်ပါဘူး။
2. Public APIS
Public api ကို Open Api လို့လဲခေါ်လို့ရပါတယ်။ Public Api ဆိုတာက Organization တစ်ခုထဲတင်မဟုတ်ပဲ Third-party Developer များကိုပါ သုံးစွဲခွင့်ပေးထားတာမျိူးကိုဆိုလိုတာပါ။ Public Api ဆိုပေမဲ့ Free ပဲ မဟုတ်ပဲ အချို့ကတော့ Subscription-base တွေလဲ ရှိပါတယ်။
3. Partner Api
Partner Api ဆိုတာကတော့ partner companies နှစ်ခုအကြား Collaboration ရည်ရွယ်ချက်နဲ့ အသုံးပြုတာပါ။ ဒါကိုတော့ General Public နဲ့ Third-party Developer တွေကတော့ သုံးလို့ရမှာမဟုတ်ပါဘူး။ Api ကို Authentication Mechanisms နဲ့ သီးသန့် Control လုပ်ပြီး Partner companies များသာ သုံးလို့ရမာ ဖြစ်ပါတယ်။
ဆိုတော့ ဒီလောက်ဆို Api တွေရဲ့ အလုပ်လုပ်ပုံ နဲ့ အမျိုးအစားတွေကို နားလည်လောက်ပြီလို့ ထင်ပါတယ်။ နောက်နေ့တွေမှာလဲ Web Design and development နဲ့ ပတ်သတ်တဲ့ သင်ခန်းစာတွေကို လေ့လာချင်တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ Page လေးကို Like and follow လုပ်ထားဖို့တော့လိုမယ်နော်။
(၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအား သံဃာတော်(၂၆၄) ပါးဝင်ရောက်ဖြေဆိုတော်မူမည်
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပသည့် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအား သံဃာတော်(၂၆၄)ပါးဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအား သီးခြားစာ ချတန်းတွင် (၄၁)ပါး၊ သီးခြားစာသင်တန်းတွင် (၂၂၃)ပါး(စုစုပေါင်း ၂၆၄ ပါး)ဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်သည်။
(၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအား နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ရွှေတိဂုံစေတီတော်၌ ကျင်းပသွားမည်ဖြစ်သည်။
ထိုသို့ စာလျှောက်မေးပွဲကျင်းပနေချိန်၌ ၂၀၂၄- ၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများဖြစ်သည့် ရွှေပြားသင်္ကန်းတော်များကပ်လှူပူဇော်ခြင်းအား ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်မှစတင်၍ သတ်မှတ်အစီအစဥ်များအတိုင်း ပြန်လည်ကပ်လှူပူဇော်သွားမည်ဖြစ်သည်။
သံဇကာကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်မည့် 3MA Amateur-6 ပြိုင်ပွဲ ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပမည်
သံဇကာကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်မည့် 3MA Amateur-6 ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ (၂၂ )ရက်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြိုနယ်အတွင်း ANS လက်ဝှေ့အား ကစားရုံအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအတွင်း Boxing တွဲဆိုင်း (၅) ဆိုင်း၊ Kick Boxing တွဲဆိုင်း (၆) ဆိုင်း နှင့် MMA တွဲဆိုင်း (၄) ဆိုင်း စုစုပေါင်း တွဲဆိုင်း (၁၅) တွဲ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။
ပွဲစဉ်အားလုံးအတွက် အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ ကစားနည်းတစ်မျိုးစီတိုင်းတွင် တစ်ဦးကိုသာရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
Boxing ကိုယ်စားပြု ကစားသမားများအနေဖြင့် ဗန်းမော်၊ ရန်ကုန်၊ နမ့်ဆမ်၊ စစ်ကိုင်း၊ မတ္တရာ၊ နမ့်ခမ်း၊ တမူး၊ ရမည်းသင်း၊ ညောင်ရွှေမြို့တို့မှ ပါဝင်မည်ဖြစ်ကာ Kick Boxing ကိုယ်စားပြုအနေဖြင့် ရန်ကုန်၊ သုံးခွ၊ မကွေး၊ ကြို့ပင်ကောက်၊ မြိုင်၊ မှော်ဘီ၊ ပဲခူး၊ စဉ့်ကူး၊ ကလေး၊ တောင်ကြီး၊ နယ်သာလန်နိုင်ငံ တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အလားတူ MMA ကိုယ်စားပြုအနေဖြင့် တောင်တွင်းကြီး၊ အရာတော်၊ ဓနုဖြူ၊ ရန်ကုန်၊ မအူပင်၊မိုးကောင်း၊ သာယာဝတီ၊ ပုသိမ်မြိူ့တို့မှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပွဲစဉ်အား SkyNet မှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
Kick Boxing ပွဲစဉ်အတွင်း အမျိုးသမီးတွဲဆိုင်းတစ်ဆိုင်းဖြစ်သည့် သက်ထားစံနှင့် မေဇွန်လှိုင်တို့ တွဲဆိုင်းလည်း ပါဝင်ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းတွင် ဂါလံ ၈၈၀၀ တင်ဆောင်လာသော ဆီဘောက်ဆာယာဥ် တိမ်းမှောက်
နိုဝင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်၊ ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းထောင့်တွင် နိုဝင်ဘာ ၂၉ ရက် ည ၉ နာရီ ၅၅ မိနစ်ခန့်က ပရီမီယံဒီဇယ် ဂါလံ ၈၈၀၀ တင်ဆောင်လာသော ဆီဘောက်ဆာယာဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သူများထံမှ သိရသည်။
ဆီဘောက်ဆာယာဥ်ကို အသက် ၃၂ နှစ်အရွယ် ယာဥ်မောင်းက သီလဝါမှ ကလောသို့ ပရီမီယံဒီဇယ် ပို့ဆောင်ရန်မောင်းနှင်လာပြီး လမ်းဘေးတွင် ခဏရပ်ထားစဥ် ရေမြောင်းနှုတ်ခမ်းပဲ့၍ မြောင်းဘေးသို့ ကျွံကျရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားကလည်း ဆီအပြည့်နဲ့ လမ်းသားပဲ့ပြီး ဘေးတစ်စောင်းမှောက်သွားတာ၊ လူထိခိုက်မှုတော့မရှိပါဘူး”ဟု သွားရောက်ကူညီခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဆီဘောက်ဆာယာဥ်တိမ်းမှောက်မှုကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းနှင့် ဆီဖလှယ်ပေးခြင်းလုပ်ငန်းများကို ၅ နာရီအကြာ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။
“မြောင်းဘေးကျနေတဲ့ ဆီဘောက်ဆာထဲက ဆီတွေကို တခြားဘောက်ဆာ ၂စီးနဲ့ ပြန်လှယ်ခဲ့ရသလို၊ ဘေးကိုကျနေတဲ့ ကားကိုလည်း ကရိန်းနဲ့ ပြန်ဆွဲထုတ်ရတယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး
ဘဲဥကလယ်ချက်နည်း
°°°°°°°°°°°°°°°°
ဒီဟင်းပွဲလေးက ရိုးရှင်းပါတယ်။
လွယ်လည်းလွယ်ပါတယ် ၊ ထမင်းလဲမြိန်ပါတယ်။
မူရင်းကြက်ကလယ်ချက်တွေမှာ မန်ကျည်းသီးအမှည့်မသုံးပါဘူး။ဒီမှာတော့ ဘဲဥချက်တာမို့ မန်ကျည်းမှည့်လေးအနည်းငယ်သုံးထားပါတယ်။ နောက်တစ်ခု က ဂေါ်ရန်ဂျီမဆလာပါ။
ဂေါ်ရန်ဂျီမဆလာမရရင် ရိုးရိုးဟင်းချက်မဆလာ(သို့)ကုလားလေးမဆလာနဲ့လဲ
ချက်နိူင်ပါတယ်။
ပါဝင်ပစ္စည်းများ
ဘဲဥ....................၅လုံး
ကြက်သွန်နီ..........၂လုံး
ကြက်သွန်ဖြူ......... ၅မွှာ
ငရုတ်သီးခွဲကြမ်း.... ၁ဇွန်းခွဲ
ငရုတ်လှော်မှုန့်........ဇွန်းဝက်
မဆလာ.............၂ ဇွန်း(လက်ဖက်စားဇွန်း)
မန်ကျည်းသီးမှည့်...ကွမ်းသီးလုံးခန့်
ပထမဆုံးဘဲဥကိုရေနွေးဆူဆူထဲ ထည့်ပြုတ်ပါမယ်။ ဘဲဥထည့်ပြီး ရေစဆူကာ(၇)မိနစ်ဆိုရင်ဘဲဥ လုံးဝကျက်ပါပြီ။
ဆယ်ထုတ်ပြီးရေအေးစိမ်ပါ။ ဘဲဥကိုအပူထဲကဆယ်ထုတ်ပြီးအေးလိုဇောနဲ့ရေခဲရေလိုမျိုးအရမ်းအေးတဲ့ရေမှာမစိမ်သင့်ပါ။ ဘဲဥတွေ
အခွံခွာမရအောင်ကပ်သွားတတ်တာကိုသတိပြုပါ။
ကြက်သွန်နီ ၊ ဖြူ ၊ ငရုတ်ခွဲကြမ်းမှုန့်တို့ကို
ဆား ၊ နနွင်း ၊ အရောင်တင်အနည်းငယ်တို့နှင့်အတူ ခပ်ကြမ်းကြမ်းထောင်းပါ။ညှက်စေးနေအောင်ထောင်းလဲရပေမယ့် ကျွန်တော်က
အနှစ်ခပ်ကြမ်းကြမ်းလေးလိုချင်တဲ့အတွက်ခပ်ကြမ်းကြမ်းလေးပဲထောင်းပါတယ်။
မန်ကျည်းမှည့်လေးကိုရေနွေးစိမ်ပြီးအနှစ်ကျဲကျဲရအောင်ဖျော်ပါ။
ဘဲဥတွေအေးပြီဆိုအခွံခွာ ထက်ခြမ်း ခြမ်းပါ။
အလုံးလိုက်ချက်ချင်ရင်တော့ ပတ်လည်ကို ဓားလေးနဲ့အနည်းငယ်မွှန်းပါ။
ဒယ်အိုးတစ်လုံးမှာဆီကိုအပူပေးပြီး ထောင်းထားသောအရောကိုဆီသပ်ပါ။
ကရဝေးရွက် ၂ ရွက်လောက်ကိုလဲ ထည့်ဆီစပ်ပါ။
မွှေးလာလျှင်ဂေါ်ရင်ဂျီမဆလာထည့်ပါ။မဆလာခပ်တဲ့အချိန်သတိထားစရာတစ်ခုရှိပါတယ်။ မဆလာဆိုတာဆီပူထဲကိုခပ် မှမွှေးပါတယ်။ ရေရှိနေတဲ့အချိန်မဆလာထည့်ရင်အနံ့မမွှေးပဲ ရေထဲကို အမှုန့်တွေဖြူ းသလိုပဲ
ဖြစ်တတ်ပါတယ်။
မဆလာထည့်ပြီးတာနဲ့ငရုတ်သီးလှော်မှုန့်လေးထည့်ပြီးမွှေပေးပါ။မန်ကျည်းမှည့်ရည်လေး
လောင်းထည့်ပါ။
ဆား ၊ ဟင်းခတ်မှုန့်ဖြင့်အရသာဖြည့်စွက်ပါ။
ဘဲဥတွေ ထည့်ပါ။ ဘဲဥ ထည့်ချိန်က စပြီးမီးရှိန်လျှော့ထားပြီး လိုအပ်မှ မွှေပေးရပါမယ်။
ဘဲဥ အနှစ်အကာ တွေ ထွက်သွားတတ်တာကိုဂရုပြုပါ။
ရေခမ်းဆီပြန်လာပြီဆိုရင်တော့ မီးဖိုပေါ်မှချပါ။
ရနံ့လဲမွှေး အမြင်လဲ လှပြီး အရသာရှိလှတဲ့
ဘဲဥ ကလယ်ချက်လေးရပါပြီ။