24 w - Translate

တွေ့တာကြာပီနော်ခ😪😪😪
ဒီကနေ့ချော sharing လုပ်ပေးမဲ့ပစ္စည်းလေးကတော့ ပုံမာပြထားတဲ့ ELLE Lip repair serum လေးပါ ဘာလို့sharing လုပ်ပေးလဲဆိုတော့ကြိုက်လို့ပါ ဟီး😁😁
နှုတ်ခမ်းသားညိုလို့ ချောကတော့Lip serum or Lip balm ရွေးတဲ့အခါ အရောင်ပါတာပဲရွေးဖြစ်ပါတယ် အခုချောရွေးပီးသုံးနေတာက Lip serum လဲဖြစ်သလိုLip sleeping mask ဆိုလဲမမှားပါဖူး အရောင်ထွက်မှန်ကတော့ချောဆိုးပြထားတဲ့အတိုင်း တစ်ရောင်ထဲထွက်ပါတယ်နော် စစဆိုးချင်း နို့နှစ်လို့မျိုးကနေ Lips ပေါ်ရောက်ပီးစက္ကန့်ပိုင်းတွင်းပန်းစီရောင်ပြောင်းသွားစေပါတယ် ။ Texture ကတော့ အနှစ်typeကိုမှ ဆိုးပီးရင် တစ်ခြားGlossy တွေလို့Weight ရှိနေသလိုမခံစားရပဲ လုံးဝပေါ့ပါးပီး နှုတ်ခမ်းကိုဖူးပြည့်နေစေပါတယ် ။
ဗူးပုံကအတောင့်လေးဖြစ်ပီး ခေါင်းက tube type ဖြစ်လို့ လကါသည်းရှည်ထားတဲ့ကောင်မလေးတို့တွက် လက်နဲ့ကလော်ယူဆိုးနေစရာမလိုပဲ ညှစ်ပီးဆိုးလိုက်ရုံပါပဲချောကတော့ makeup မလိမ်းတဲ့နေ့တွေဆို skincare sunscreen လိမ်းပီး ELLE lip serum ကိုဆိုးပီး ဆိုင်ထိုင်ဖြစ်ပါတယ် ညဘက်ဆိုလဲ Skincare ပီးELLE ဆိုးတယ် မနက်မိုးလင်းရင် နှုတ်ခမ်းကဖူးပြည့်ပီး ပန်းရောင်စွဲလေးကျန်နေသေးပါတယ်
နှုတ်ခမ်းမဲ ညို /နှုတ်ခမ်းသားခြောက် ကွဲ အက်နေသူတွေကတော့ မဖြစ်မနေtryကြည့်သင့်ဆုံးပါ🚨
အနံ့ကတော့ ပြောပြမတတ်တဲ့အသီးအနှစ်နံ့လေးပါ ချောခေါ်မတတ်လို့ ကိုက်စားချင်စရာအနံ့ဆိုတော့သေချာဆုံးပဲ🥲ဗူးသေးပေမဲ့ အကြာကြီးအသုံးခံပါတယ်
သူငယ်ချင်းလေးတို့လဲ ဝယ်try ကြည့်ပါ ခေတ်မနောက်ကျပါစေနဲ့နော်😪😪
#chawdailyactivies
#ချစ်သောချော
#elleliprepairserum
#crd

image
image
image

New Animation Review

24 w

ဒီတစ်ခေါက် Anihuber တွေအတွက် review လုပ်ပေးချင်တဲ့ Animation Series လေးကတော့ Scissor Seven လို့ခေါ်တဲ့ တရုတ် Animation Series လေးပဲဖြစ်ပါတယ်။ လူအများအမြင်မှာ ပေါတောတောကြောင်တောင်တောင်နေတတ်တဲ့ Wu Liuqi ဆိုတဲ့ အနိမ့်စားဆံပင်ညှပ်ဆရာလေးတစ်ယောက်ကနေ သူ့ရဲ့ဖြစ်ချင်တဲ့အိမ်မက်တစ်ခုဖြစ်တဲ့ ကမ္ဘာ့နာမည်အကြီးဆုံး Assassin တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကြည့်ရမှာပါ။ သူ့ရဲ့အတိတ်မေ့နေခဲ့တဲ့ အတိတ်ကသူဘယ်သူလဲဆိုတာကိုရှာဖွေရင်း သူ့သူငယ်ချင်း Dai Bo နဲ့ ဘယ်လိုတွေဖြစ်မလဲ၊ သူကြိတ်ကြိုက်နေတဲ့ Assassin မလေးနဲ့ဘယ်လိုတွေနှစ်ပါးသွားမလဲဆိုတာကို ဟာသ၊ ဒရာမာ အရောလေးနဲ့ကြည့်ရမှာမလို့ ဘယ်လိုမှပျင်းသွားမှာမဟုတ်တဲ့ Series လေးပါ။
Netflix ကနေထုတ်ထားတာဖြစ်ပြီး Season 3 အခုအထိထွက်ရှိထားတဲ့အပြင် မကြာသေးခင်ကပဲ Season 4 ထွက်ထားတာမလို့ အကြိုက်ကြည့်နိုင်မှာဖြစ်ပါတယ်။
ဇာတ်လမ်းလေးကိုကြည့်ချင်တယ်ဆိုရင်တော့.....

Link - https://shorturl.at/9YtXl

ကြည့်ပြီးတဲ့သူတွေလဲ အောက်မှာ Series လေးအကြောင်းတစ်ခုခု မန့်သွားခဲ့ဦးနော်......

#anihub
#admin_hidan

image
24 w - Translate

ဒီတစ်ခေါက် Anihuber တွေအတွက် review လုပ်ပေးချင်တဲ့ Animation Series လေးကတော့ Scissor Seven လို့ခေါ်တဲ့ တရုတ် Animation Series လေးပဲဖြစ်ပါတယ်။ လူအများအမြင်မှာ ပေါတောတောကြောင်တောင်တောင်နေတတ်တဲ့ Wu Liuqi ဆိုတဲ့ အနိမ့်စားဆံပင်ညှပ်ဆရာလေးတစ်ယောက်ကနေ သူ့ရဲ့ဖြစ်ချင်တဲ့အိမ်မက်တစ်ခုဖြစ်တဲ့ ကမ္ဘာ့နာမည်အကြီးဆုံး Assassin တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကြည့်ရမှာပါ။ သူ့ရဲ့အတိတ်မေ့နေခဲ့တဲ့ အတိတ်ကသူဘယ်သူလဲဆိုတာကိုရှာဖွေရင်း သူ့သူငယ်ချင်း Dai Bo နဲ့ ဘယ်လိုတွေဖြစ်မလဲ၊ သူကြိတ်ကြိုက်နေတဲ့ Assassin မလေးနဲ့ဘယ်လိုတွေနှစ်ပါးသွားမလဲဆိုတာကို ဟာသ၊ ဒရာမာ အရောလေးနဲ့ကြည့်ရမှာမလို့ ဘယ်လိုမှပျင်းသွားမှာမဟုတ်တဲ့ Series လေးပါ။
Netflix ကနေထုတ်ထားတာဖြစ်ပြီး Season 3 အခုအထိထွက်ရှိထားတဲ့အပြင် မကြာသေးခင်ကပဲ Season 4 ထွက်ထားတာမလို့ အကြိုက်ကြည့်နိုင်မှာဖြစ်ပါတယ်။
ဇာတ်လမ်းလေးကိုကြည့်ချင်တယ်ဆိုရင်တော့.....

Link - https://shorturl.at/9YtXl

ကြည့်ပြီးတဲ့သူတွေလဲ အောက်မှာ Series လေးအကြောင်းတစ်ခုခု မန့်သွားခဲ့ဦးနော်......

#anihub
#admin_hidan

image
24 w - Translate

ခပ်တည်တည်ပဲ ဖြေပေးလိုက်တယ် 😌

image
24 w - Translate

~~ အမှတ်တရ ~~~ { ၁ }
#ဂျူး
~ အိပ်မက်ကလေး လှပခဲ့တဲ့အတွက် မောင့်ကို ကျွန်မအမြဲ ကျေးဇူးတင်နေတော့မှာပါ မောင် ~
ကျွန်မကြားနေကျ
စကားသံတစ်ခုဖြင့်
ကျွန်မကို ကြိုဆိုမည့်သူ မရှိပါ။
သော့ပိတ်ထားသော
တံခါးဘေးတွင်
ကျွန်မနာမည် ဆိုင်းဘုတ်ပြားတစ်ခုသာ
ရှိတော့သည်။
မိုးသက်လေဖြင့်
အနည်းငယ်
ချမ်းစိမ့်စိမ့်ဖြစ်သွား၍
လက်ပွေ့အိတ်ထဲမှ
သော့ကို ကပျာကသီ
ထုတ်ယူလိုက်သည်။
ဤသော့ကို ဖွင့်မည့်သူဟူ၍
ကျွန်မ တစ်ဦးတည်းသာ
ရှိတော့သည်။
* * *
အခန်း-၁
နွေးထွေးပျော်ရွှင်စွာ ကြိုဆိုမည့်သူမရှိသော ရထားဆင်းခရီးသည်တစ်ဦး၏ ဒုက္ခကို တတိယအကြိမ် ခံစားရသောအခါ ပထမဆုံး အကြိမ်လောက် စိတ်ဆင်းရဲမှု မပြင်းထန်တော့ပါ။
ဘူတာရုံ အဆောက်အအုံ၏ အပြင်ဘက်တွင် မိုးဖွဲဖွဲ ကျနေသောကြောင့် ဆင်၀င်နား ကပ်လျက်ရှိနေသော သုံးဘီးတစ်စီးကိုသာ အလွယ်တကူ ငှားလိုက်ရလေသည်။
နွေရာသီဖြစ်စေ၊ မိုးရာသီဖြစ်စေ လမ်းထွက်လျှင် ဘယ်တော့မှ ထီးမဆောင်းတတ်သော ကျွန်မကို ‘ဘယ်လို မိန်းကလေးလဲဟ’ ဟု မအံ့သြဘဲ ၊ အံ့သြပြမည့်သူလည်း အနီးတွင် မရှိပါ။
#ဆက်ရန်ရှိ

image

The Best ဖီဖာအမျိုးသားဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်ဆီနှင့် ရိုနယ်ဒိုလ် ပါဝင်

နိုဝင်ဘာ ၃၀

၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် The Best ဖီဖာဘောလုံးဆုအတွက် ဆန်ခါတင်စာရင်းတွေ ထုတ်ပြန်ခဲ့တာမှာ အမျိုးသား ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ပါဝင် ခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင်နဲ့ အင်တာမိုင်ယာမီအသင်းအတွက် စွမ်းဆောင်ခဲ့တဲ့ အရာတွေကြောင့် အမျိုးသားအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းထဲမှာ ပါဝင်နေခဲ့တာပါ။

အမျိုးသားဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်ဆီ အပါအဝင် ကစားသမား ၁၁ ဦး ပါဝင်ခဲ့ပါတယ်။

သူတို့တွေကတော့ ကာဗာဂျဲလ်၊ ဟာလန်း၊ ဗယ်လ်ဗာဒီ၊ ဖလော်ရီယန်ဗစ်ဇ်၊ ဘယ်လင်ဂမ်၊ ဘတ်ပီ၊ ယာမဲလ်၊ ရိုဒရီ၊ တိုနီကရူးစ်နဲ့ ဗီနီစီးယက်စ်တို့ ဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုကလည်း The Best ဆုတစ်ခုဖြစ်တဲ့ အကောင်းဆုံး တိုက်စစ် ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ မက်ဆီနဲ့အတူ ပါဝင်နေခဲ့တာပါ။

The Best ဖီဖာဘောလုံးဆုအတွက် အမျိုးသမီးဆု၊ ဂိုးသမားဆု၊ နည်းပြဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုတွေ အတွက်လည်း ဆန်ခါတင် စာရင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

အကောင်းဆုံး သွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာ ယူနိုက်တက်အသင်း တောင်ပံကစားသမား ဂါနာချိုရဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ နောက်ပြောင်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုးလည်း ပါဝင်ခဲ့တာပါ။

အမျိုးသားနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီ၊ အာဂျင်တီးနား အသင်းနည်းပြ စကာလိုနီ၊ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေး၊ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာနဲ့ လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုတို့ ပါဝင်ခဲ့ပါတယ်။

အမျိုးသားဂိုးသမားဆုအတွက် ဆန်ခါတင် စာရင်းမှာတော့ လူနင်၊ ဒေးဗစ်ရာယာ၊ အီဒါဆန်၊ မာတီနက်ဇ်၊ ဒွန်နာရမ်မာ၊ မိုက်ဂ်နမ်နဲ့ အူနှိုင်းဆိုင်မွန်တို့ ပါဝင်နေခဲ့တာပါ။

The Best ဖီဖာဘောလုံးဆုပေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပုံ - ရော်နယ်ဒိုနဲ့ မက်ဆီကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းအသစ် ၁၅ စင်းဖြင့် စတင်ပြေးဆွဲ

နိုဝင်ဘာ ၃၀

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ် ၁၅ စင်းဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်ဘူတာကြီးတွင် နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ယနေ့ စတင်ပြေးဆွဲသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကို အသုံးပြုပြီး ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ အသုံးပြု ပြေးဆွဲနိုင်ရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်လည်း ရထားစီး ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးကို အဆင်ပြေစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန် SAC ဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image
Apu Lay shared a post  
24 w

24 w

Facebook, YouTube, IG စသော Social Medias မှာ ဝင်ငွေရှာချင်ပြီး Marketing. content creation video၊ Basic Blogging ပိုင်းကိုလည်း အခမဲ့လေ့လာလို့ရပြီး Certificate လည်းရရှိတဲ့ free courses တွေကိုတက်ကြည့်လိုက်ပါ။
ChatGPT for YouTube Video Creation Course
Lessons: 1 hours
Link: https://www.simplilearn.com/fr....ee-chatgpt-for-youtu
Introduction to Blogging Basics Course
Lessons: 2 hours of
Link: https://www.simplilearn.com/fr....ee-blogging-basics-o
YouTube and Video Marketing
Lessons: 4 hours
Link: https://www.simplilearn.com/fr....ee-youtube-and-video
Facebook Marketing & Advertising
Lessons: 5 hours
Link: https://www.simplilearn.com/fr....ee-facebook-marketin
Instagram Marketing Basics
Lessons: 2 hours
Link: https://www.simplilearn.com/le....arn-instagram-market
Content Marketing
Lessons: 4 hours
Link: https://www.simplilearn.com/fr....ee-content-marketing
ဘယ်သူတွေတက်သင့်လဲဆိုရင်တော့
• Content Ideation
• Audience Research
• SEO and Keyword Optimization
• Video Editing Assistance
• Content Organization
• Analytics and Performance Tracking
• Content Creators
• Social Media Promotions

#crd

image

Facebook, YouTube, IG စသော Social Medias မှာ ဝင်ငွေရှာချင်ပြီး Marketing. content creation video၊ Basic Blogging ပိုင်းကိုလည်း အခမဲ့လေ့လာလို့ရပြီး Certificate လည်းရရှိတဲ့ free courses တွေကိုတက်ကြည့်လိုက်ပါ။
ChatGPT for YouTube Video Creation Course
Lessons: 1 hours
Link: https://www.simplilearn.com/fr....ee-chatgpt-for-youtu
Introduction to Blogging Basics Course
Lessons: 2 hours of
Link: https://www.simplilearn.com/fr....ee-blogging-basics-o
YouTube and Video Marketing
Lessons: 4 hours
Link: https://www.simplilearn.com/fr....ee-youtube-and-video
Facebook Marketing & Advertising
Lessons: 5 hours
Link: https://www.simplilearn.com/fr....ee-facebook-marketin
Instagram Marketing Basics
Lessons: 2 hours
Link: https://www.simplilearn.com/le....arn-instagram-market
Content Marketing
Lessons: 4 hours
Link: https://www.simplilearn.com/fr....ee-content-marketing
ဘယ်သူတွေတက်သင့်လဲဆိုရင်တော့
• Content Ideation
• Audience Research
• SEO and Keyword Optimization
• Video Editing Assistance
• Content Organization
• Analytics and Performance Tracking
• Content Creators
• Social Media Promotions

#crd

image
Khine Su Zin shared a post  
24 w

24 w

ဆားဝက်ခြံအတွက် အထိရောက်ဆုံး skincare များ🔱
Skin concern တွေထဲမှာ ဖြေရှင်းရအခက်ဆုံးက ဆားဝက်ခြံလို့ပြောရင် ဘယ်သူမှငြင်းမယ်မထင်ဘူးနော်။ အဆီဖုဝက်ခြံထက်တောင် ပိုခေါင်းမာပြီး မျက်နှာပေါ်က ရှင်းထုတ်ရခက်ပါတယ်။ တချို့တွေက ဆားဝက်ခြံကို ညှစ်ထုတ်လိုက်ရင်ပျောက်ပြီလို့ အမှတ်မှားတတ်ပေမဲ့ တကယ်တမ်း ပိုဆိုးအောင်လုပ်သလိုဖြစ်သွားတာပါနော်။ ချွေးပေါက်တွေကျယ်ပြီးကျန်ရစ်ပြီး နောက်တကြိမ်ဆားဝက်ခြံဖြစ်ဖို့ လွယ်ကူသွားတဲ့အပြင် ဆားဝက်ခြံညှစ်ထားတဲ့နှာခေါင်းကို ကြည့်လိုက်ရင်လဲ ပွယောင်းယောင်းနီစပ်စပ်နဲ့ ဆားဝက်ခြံရှိတာထက်ကို ပိုရုပ်ဆိုးပါတယ်။ ဒါကြောင့် ဆားဝက်ခြံကိုမညှစ်ဖို့ ကပ်ခွါတွေမသုံးဖို့ Nyi အမြဲမှာတယ်ပေါ့နော်။ ဒီနေ့တော့ ဆားဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက် သုံးဖူးတဲ့ထဲမှာ blackheads အတွက် အထိမိဆုံး skincare လေးတွေ ရေးပေးလိုက်ပါတယ်ခင်ဗျာ။
~ B:Lab Squalene Reset Pore Deep Cleansing Oil
Full review လာဖို့ရှိပါတယ်။ Nyi ဒါ ကောင်းလွန်းတဲ့ cleansing oil လေးတခုကို အမြည်းကျွေးခြင်းပါ။ သုံးဖူးသမျှထဲ texture lightweight အဖြစ်ဆုံးဖြစ်ပြီး သူ lightweight ဖြစ်တာက pleasant ဖြစ်တဲ့ပုံစံမလို့ Nyi ညတိုင်းသုံးဖြစ်နေပါတယ်။ တချို့ညတွေ သုံးနေရင်း ဆားဝက်ခြံလေးတချို့ ပြုတ်ထွက်လာတာခံစားမိလို့ ဒီနေ့ list ထဲထည့်လိုက်ပါတယ်ခင်ဗျာ။ Full review ဖတ်တဲ့အခါ အပြန်အလှန်ဆွေးနွေးချင်ရင်တော့ ခုကတည်းက လိုက်သုံးကြည့်ထားပါနော်။
~ KAINE Rosemary Relief Gel Cleanser
ဆားဝက်ခြံက တော်ရုံသက်သာတဲ့အမျိုးမဟုတ်လို့ Nyi လက်လွယ်စပယ်မပြောဖူးပါဘူး။ Beauty Content Creator သက်တမ်းတလျှောက် ဆားဝက်ခြံသက်သာတဲ့ မျက်နှာသစ်ဆိုလို့ ဒီတခုသာ ကြုံဖူးပါသေးတယ်။ သူ့မှာပါတဲ့ BHA 0.45% က အရမ်းအလုပ်ဖြစ်တယ်လို့ ပြောပါရစေ။ Rosemary အနံ့လေးသင်းနေတာလဲ သဘောကျတယ်။ အမြုပ်ထွက်အားကောင်းပြီး သုံးတဲ့တလျှောက်လုံး နှာခေါင်းလေးကိုင်ကြည့်ရင် ချောနေတာ အကြိုက်ဆုံးပဲ။
~ Isntree Chestnut BHA 2% Clear Liquid
Isntree ရဲ့ 2% BHA liquidက သူများတွေရဲ့ 1% BHA toner ထက်ကို နူးညံ့တယ်။ ဒါပေမဲ့ နာမည်မှာ blackheads မပါသော်ငြား ဆားဝက်ခြံကိုတော့ အတော်နိုင်ပါတယ်။ ဆားဝက်ခြံက ခေါင်းအမာဆုံးအမျိုးဆိုတော့ ဒီလို product မျိုးကို တခြားနေရာထက် နှာခေါင်းကိုအကြိမ်ရေပိုသုံးပေးရတယ်။ Gentle ဖြစ်တဲ့ exfoliating option တခုပါ။ ဆားဝက်ခြံ ဝက်ခြံအဆီဖုနဲ့ ချွေးပေါက်အတွက်ဆိုရင် ဒါလေး try ကြည့်သင့်ပါတယ်။
~ Numbuzin No.1 Blackhead soakOFF Cleaner
ဒီ product လေးက အကိုတယောက်လက်ဆောင်ပို့ပေးလို့ သုံးဖူးတာပေါ့နော်။ Discontinued သွားပြီလားတော့မသိဘူး၊ info သိပ်မတွေ့ရတော့ဘူး။ ဒါပေမဲ့ blackheads အတွက် အရမ်းကိုမှထိရောက်တဲ့ hidden gem လေးတခုပဲ။ သူ့မှာ ပြင်းတဲ့ပါဝင်ပစ္စည်းတွေ တခုမှမပါဘူး။ Botanical extracts တွေပဲ။ တခါသုံးပြီးသွားတိုင်း နှာခေါင်းကချက်ချင်းကို smooth ဖြစ်သွားတာ လုံးဝမျက်လှည့်ပြသလိုပါဆို။ ဝယ်လို့ရသေးရင် သေချာပေါက်သုံးကြည့်နော်။
ဒါကတော့ ဆားဝက်ခြံအတွက် Nyi သုံးဖူးသမျှ effective အဖြစ်ဆုံး products လေးတွေပါ။ တခြားထဲကဆိုရင် Clay mask, Peeling gel လေးတွေသုံးလို့လဲ သက်သာနိုင်ပါတယ်နော်။ ဖတ်ရတာအကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ဗျ။ နောက်ရက်ပြန်တွေ့ပါမယ်ခင်ဗျာ💙🤗
#reviewbynyi
#crd

image