29 ပတ် - ဘာသာပြန်ပါ။

Ganda nito Sayo 😍
Tattoo designs for women 😍

image
29 ပတ် - ဘာသာပြန်ပါ။

Ganda nito Sayo 😍
Tattoo designs for women 😍

image
29 ပတ် - ဘာသာပြန်ပါ။

Ganda nito Sayo 😍
Tattoo designs for women 😍

image
29 ပတ် - ဘာသာပြန်ပါ။

Ganda nito Sayo 😍
Tattoo designs for women 😍

image
29 ပတ် - ဘာသာပြန်ပါ။

Ganda nito Sayo 😍
Tattoo designs for women 😍

image
image
image
image
image
29 ပတ် - ဘာသာပြန်ပါ။

UFC ဖိုက်တာ ချင်းတိုင်းရင်းသားလေး Joshua Van နဲ့ ship ပေးခြင်းခံနေရတဲ့ သရုပ်ဆောင် မိုးဟေကို 😍👇
တကယ်​ဆို နေနဲ့လ ရွှေနဲ့ မြဘဲနော် Van ကတော့ ကြိုက်တယ်လို့ ဖွင့်ပြောပြီးသား

image
29 ပတ် - ဘာသာပြန်ပါ။

The War to End All Wars – The Movie (2024)
IMDb – 7/10
ပထမကမ္ဘာစစ်လို အသုံးအနှုန်းမပေါ်ခင်တုန်းက ၎င်းကိုမဟာစစ်ပွဲကြီး သိုမဟုတ် စစ်ပွဲအားလုံးကိုချုပ်ငြိမ်းစေမယ့်စစ်ပွဲလို ခေါ်ဆိုကြပါတယ်။ ၁၉၁၄ ခုနှစ်ကန ၁၉၁၈ ခုနှစ်အထိ စစ်သည်‌ပေါင်း ဆယ်သန်းလောက် သေကြေခဲ့ရပါတယ်။ ခေတ်မီလက်နက်ဆန်းတွေ၊ ဓာတုလက်နက်တွေ အစပြုသုံးစွဲခဲ့တာကြောင့် မကြုံစဖူး သေကြေဒဏ်ရာရတာတွေ များပြားခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ပထမကမ္ဘာစစ်ရဲ့အညတရဖြစ်ရပ်တွေကို Sabaton ဟဲဗီးမက်တယ်လ်အဖွဲရဲ့ ဆယ်ခုမြောက်အယ်ဘမ် “The War to End All Wars” ထဲက မက်တယ်လ်သီချင်း အပြင်းစားတွေနဲ့ ရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လ်ဂျီယမ်ဘုရင် ပထမမြောက် အဲလ်ဘတ်ရေးထားတဲ့ လက်ရေးစာရွက်လေးက စစ်မြေပြင်မှာ လွင့်ပျံသွားပြီး အခြားသောစစ်မြေပြင်တွေဆီ လည်ပတ်ချိတ်ဆက်သွားပြတာပါ။

အစဉ်အတိုင်း စီစဉ်ချပြရရင် ၁) အီဇာမြစ်တိုက်ပွဲ (ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီ) ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂) ကိုလူဘာတာမြစ်တိုက်ပွဲ – သူရဲကောင်း မီလွန်ကာ ဆားဗစ်ခ်ျ (ဆားဘီးယားနဲ့ ဩစတို-ဟန်ဂေရီ) ၁၉၁၄ခုနှစ် နိုဝင်ဘာလ ၃) အနောက်ဖက်စစ်မျက်နှာပြင် ခရစ္စမတ်ယာယီစစ်ပြေငြိမ်းရေး – ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၄) ဂျာမန် မုန်တိုင်းအထူးတပ်ဖွဲ စစ်‌ဆင်ရေး – ၁၉၁၅ ခုနှစ် နွေဦးရာသီ ၅) ဂျဒ်လန် ရေတပ်တိုက်ပွဲ (ဗြိတိသျှနဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇွန်လ ၆) ဆွန်းမ် တိုက်ပွဲ – ဒုတိယဗိုလ်မှူးကြီး အေဒရီယန် ‌ဒီဝေါ့တ် (ဗြိတိန်+ပြင်သစ် နဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇူလိုင်လ ၇) အဖြူရောင်သောကြာ‌နေ့ဖြစ်စဉ် – ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ 😍 ဒွိင်ရန်တိုက်ပွဲ (ဘူလ်ဂေးရီးယားနဲ့ ဗြိတိန်) – ၁၉၁၇ ခုနှစ် နွေဦးကာလ ၉) ဟာလမ် ငရဲသားစစ်သည် ဟန်နရီဂျွန်ဆင်၏ သူရဲကောင်းဆန်သော တိုက်ပွဲဝင်မှု – ၁၉၁၈ ခုနှစ် မေလ သုံးသပ်ရရင် အန်နီမေးရှင်းတွေက အရမ်းမကောင်းပေမယ့် ကြည့်ပျော်ပါတယ်။ ဒါ့အပြင် ဟဲဗီးလ်မက်တယ်လ်ကြိုက်သူတွေအတွက်ကတော့ အတိုင်းထက်အလွန် ဖြစ်ပါလိမ့်မယ်။
Yarnhub Animation Studio က ထုတ်လုပ်ပြီး ဇာတ်ညွှန်း Pär Sundström နဲ့ David Webb ဖြစ်ကာ ဒါရိုက်တာကတော့ Vadim Viner ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။

image
29 ပတ် - ဘာသာပြန်ပါ။

Crunchyroll မှာ rating 800k ထိရတဲ့ ပထမဆုံး Anime ဖြစ်လာတဲ့ Solo Leveling

image
29 ပတ် - ဘာသာပြန်ပါ။

ဒေသအလိုက် နှမ်းလျင်မျိုးကွဲပေါင်းများစွာကို စိုက်ပျိုးလျက်ရှိသည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ဆီထွက်သီးနှံများတွင် စိုက်ဧရိယာအများဆုံးစိုက်ပျိုးသည်မှာ နှမ်းလျင်သီးနှံဖြစ်သည်။ နှမ်းလျင်ကို မိုး၊ ဆောင်း၊ နွေစိုက်ပျိုးလျက်ရှိသော်လည်း မိုးရာသီတွင် အဓိကစိုက်ပျိုးလျက်ရှိသည်။ ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုံးစနယ်မြေနှင့် မြေနီသဲဝန်းမြေတို့တွင် နှမ်းလျင်စိုက်ပျိုးဖြစ်ထွန်းသည်ကို သိရှိရပါသည်။
ဒေသအလိုက် နှမ်းလျင်မျိုးကွဲပေါင်းများစွာကို စိုက်ပျိုးလျက်ရှိသည်။ မိမိဒေသနှင့်ကိုက်ညီသော မျိုးကို စိုက်ပျိုးရန်လိုအပ်ပြီး မိုးခေါင်ဒဏ် အသင့်အတင့်ခံနိုင်ဖို့နှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်ဖို့သည် အဓိကဖြစ်သည်။ စိုက်ပျိုးရေးသုတေသနပြု ထုတ်ဝေထားသည့် မျိုးများအနက် နှမ်းနီ (၂၅/၁၆၀) မျိုးကို တောင်သူများ တစ်စိုက်မတ်မတ်ကြိုက်နှစ်သက်ကာ စိုက်ပျိုးလျက်ရှိသည်။ ဒေသအလိုက်အခေါ်အဝေါ် နာမည်အမျိုးမျိုး ကွဲပြားလျက်ရှိသော်လည်း ဈေးကွက်အပေါ်မူတည်ပြီး နှမ်းစေ့အရောင်ကိုမူတည်၍ ရွေးချယ်စိုက်ပျိုးလျက်ရှိသည်။ ယခုအခါမျိုးသစ်များကို စဉ်ဆက်မပြတ် ဖေါ်ထုတ်လျက်ရှိပြီး တောင်သူများ ကြိုက်နှစ်သက်ကာ စိုက်ပျိုးသင့်သည့် မျိုး(၄)မျိုးကို ဖေါ်ပြလိုပါသည်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
ဆင်းရတနာ-၃ : အသက်ရက် ၉၀ မှ ၉၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သောမျိုးဖြစ်သည်။ အပင်ပုံစံမှာ ကိုင်းဖြာသည်။ အစေ့အရောင်မှာ အနက်ရောင်ဖြစ်သည်။ ဈေးကွက်ကြိုက်နှစ်သက်ကြောင်း သိရ သည်။ ဆီထွက်ရာခိုင်နှုန်းမှာ ၄၅ မှ ၅၀ ရှိသည်။ အရည်အသွေးကောင်းသော မျိုးဖြစ်ပါသည်။
ဆင်းရတနာ-၄: အရည်အသွေးကောင်း နှမ်းဖြူမျိုးဖြစ်သည်။ အစေ့အရောင် ဆွတ်ဆွတ်ဖြူ၍ ပြည်ပဈေးကွက်ဝင်နှမ်းမျိုး ဖြစ်သည်။ အသက်ရက် ၈၀ မှ ၈၅ ရက်ရှိကာ အပင်ပုံစံမှာ တစ်ပင် တိုင်မျိုးဖြစ်သည်။ တစ်ဆစ်တွင် အသီးသုံးသီးသီးသည်။ ဆီထွက်ရာခိုင်နှုန်းမှာ ၄၅ မှ ၄၆ ဖြစ်ပါသည်။
ဆင်းရတနာ-၁၂: အရည်အသွေးကောင်းသော နှမ်းဖြူမျိုးတစ်မျိုးဖြစ်သည်။ အပင်ပုံစံမှာ တစ် ပင်တိုင်မျိုးဖြစ်သည်။ အသီးပုံသဏ္ဍာန်မှာ ရှစ်မြှောင့်သီး၊ သီးလုံးဖြစ်သည်။ တစ်ဆစ်တွင် သုံးသီး သီးသည်။ ဆီထွက်ရာခိုင်နှုန်းမှာ ၄၄ မှ ၄၆ ဖြစ်ပါသည်။
ဆင်းရတနာ-၁၄: အသက်ရက် ၈၀ မှ ၈၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်ပုံစံမှာ ကိုင်းဖြာ သောမျိုးဖြစ်သည်။ တစ်ဆစ်တွင် တစ်သီးသီးသည်။ ဆီထွက်ရာခိုင်နှုန်းမှာ ၄၀ မှ ၄၅ ဖြစ်ပါသည်။
မိုးနှမ်းလျင်သီးနှံကို မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုုးရန်ဖြစ်ပြီး တစ်ဧကလျှင် မျိုးစေ့ ၁ ဒသမ ၅ ပြည်မှ ၂ ပြည်နှုန်း အသုံးပြုရန်ဖြစ်သည်။ မျိုးစေ့မှာ သန့်စင်မှု ၉၅ ရာခိုင်နှုန်းရှိသင့်ပြီး အပင်ပေါက် ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသင့်သည်။ မြေဆောင်ရောဂါများကိုကာကွယ်ရန် မျိုးစေ့ကို မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။
တစ်ဧကလျှင် ယူရီးယား ၁၁၂ပေါင်၊ တီစူပါ ၅၆ပေါင် နှင့် ပိုတက် ၂၈ ပေါင် ကို မြေခံအဖြစ် မြေပြုပြင်ချိန်တွင် ထည့်ပေးသင့်သည်။ ရွက်ဖျန်းမြေသြဇာကို အပင်သားခွဲပြီးချိန်မှ တစ်ပတ်ခြားတစ်ကြိမ် ပန်းပွင့်ချိန်ထိ ဖျန်းပေးသင့်သည်။ အကယ်၍ ကွန်ပေါင်းဓာတ်မြေသြဇာကို သုံးစွဲမည်ဆိုပါက နိုက်ထရိုဂျင်၊ ဖေါ့စ်ဖါးရပ်နှင့် ပိုတက်ပါဝင်မှု အချိုးအစားကိုက်ညီမှုအရ သုံးစွဲရန်ဖြစ်ပါသည်။
စိုက်ပျိုးရာတွင် တပင်တိုင်မျိုးများအတွက် တန်းကြား၊ ပင်ကြားမှာ ၁၂ လက်မနှင့် ၄ လက်မ ဖြစ်ပြီး၊ ကိုင်းဖြာမျိုးများအတွက် တန်းကြား၊ ပင်ကြား ၁၅ လက်မနှင့် ၄ လက်မအကွာ ထားရှိစိုက်ပျိုး သင့်ပါသည်။ အပင်ပေါက်ပြီး ၁၄ ရက်သား၊ အရွက် ၆ ရွက် ထွက်ချိန်တွင် အတန်းအတွင်းမှာရှိသော အပင်များကို တစ်ပင်နှင့် တစ်ပင် ၄ လက်မခန့် အကွာအဝေးထားပြီး တစ်ကျင်းလျှင် ၁ ပင်သာချန် သားခွဲရမှာဖြစ်ပါသည်။
အပင်သက်တမ်းတစ်လအတွင်း ပေါင်းမြက်ကင်းစင်နေဖို့လိုသည်။ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းစသည့် သင့်တော်ရာနည်းလမ်းဖြင့် နှိမ်နင်းရန်ဖြစ်သည်။ အပင်သက်တမ်း တစ်လျှောက်လုံးတွင် စုပ်စားပိုးနှင့် ရွက်လိပ်ပိုးရန်ကို ကာကွယ်ရန်ဖြစ်သည်။ ရိတ်သိမ်းပြီး ချွေလှေ့သန့်စင်ခြင်းမပြုမီ အစေ့စုပ်စားပိုးများကို ကာကွယ်ရန် လိုပါသည်။
နှမ်းသီးနှံစိုက်ပျိုးရာတွင် နှမ်းသီးနှံအထွက်နှုန်းနှင့် အထွက်မိတ်ဖက် (Yield and yield components of sesamum) များ ကောင်းရန်လိုအပ်သည်။
မိတ်ဖက်များမှာ-
၁။ ယူနစ်ဧရိယာတစ်ခုအတွင်းရှိ အပင်ဦးရေ
၂။ တစ်ပင်ရှိ အောင်သီးအရေအတွက်
၃။ တစ်သီးရှိ အောင်စေ့အရေအတွက်
၄။ အစေ့(၁၀၀၀)အလေးချိန် တို့ဖြစ်သည်။
တစ်ဧကရိတ်သိမ်းအပင်(၁)သိန်း၊ တစ်ပင်အောင်သီး(၃၀)ရှိက အထွက်တင်း(၂၀)ဟု သုတေသနပြုတွက်ချက်ထားသည်။ အထွက်နှုန်းမိတ်ဖက်ကောင်းမှ အထွက်ကောင်းမည်ဖြစ်ရာ အထွက်နှုန်းမိတ်ဖက်(၄)ချက်လုံးကောင်းရေးအတွက် နှမ်းသီးနှံစိုက်ပျိုးရာတွင် အသုံးပြုသည့်မျိုး၊ မျိုး၏အပင် ပေါက်ရာနှုန်း၊ စိုက်ချိန်၊ စိုက်စနစ်၊ မြေသြဇာအသုံးပြုမှု၊ ပေါင်းမြက်၊ ရောဂါ၊ ပိုးမွှားကာကွယ်နှိမ်နင်းရေး၊ ရိတ်သိမ်းချိန်၊ ရိတ်သိမ်းချိန်လွန်နည်းစနစ်စသည် ပြည့်စုံမှန်ကန်ရန် လိုအပ်ပါသည်။

image

ဒီမိုကရက်တစ်တွေကို ငွေကြေးထောက်ပံ့ရင် အကျိုးဆက်မကောင်းဘူးလို့ အီလွန်မာ့ခ်ကို ဒေါ်နယ်ထရန့် သတိပေး
ဝါရှင်တန်၊ ဇွန်-၉-၂၀၂၅
မျိုးဆက်(VOM)
လာမယ့်နှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းတွေကို ငွေကြေးထောက်ပံ့မယ်ဆိုရင် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အီလွန်မာ့ခ်ကို ဒေါ်နယ်ထရန့်က သတိပေးလိုက်ပါတယ်။
အခွန်ဖြတ်တောက်ခြင်းအပါအဝင် ရီပတ်ဘလီကန်ဦးဆောင်တဲ့ အသုံးစရိတ် ဥပဒေကြမ်းအပေါ် ဝေဖန်မှုကြောင့် ထရန့်နဲ့ အီလွန်မာ့ခ်တို့အကြား ဆက်ဆံရေး ဆိုးရွားနေပါတယ်။ အီလွန်မာ့ခ်ဟာ အမေရိကန်အစိုးရဌာနများ စွမ်းဆောင်ရည်ဌာနကို ဦးဆောင်ခဲ့ပြီး ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ရာထူးနေနုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
အီလွန်မာ့ခ်နဲ့ ဆက်ဆံရေး အဆုံးသတ်သွားပြီလို့လည်း ထရန့်ကပြောပါတယ်။ အီလွန်မာ့ခ်ဟာ သမ္မတရုံးကို မလေးမစားလုပ်တယ်လို့လည်း သူကဆိုပါတယ်။ ထရန့်ဟာ အီလွန်မာ့ခ်ဆီက ဝယ်ထားတဲ့ တက်စ်လာကားကိုတောင် ပြန်ရောင်းဖို့ စဉ်းစားနေတယ်လို့ အစိုးရအရာရှိအချို့က ပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေမှာ ဒေါ်နယ်ထရန့်နဲ့ ရီပတ်ဘလီကန်တွေကို ဒေါ်လာသန်းရာနဲ့ချီအကုန်ခံကာ မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။ သူမပါရင် ဒေါ်နယ်ထရန့် ရွေးကောက်ပွဲ မနိုင်ဘူးလို့ အီလွန်မာ့ခ်က ဆိုထားပြီး ထရန့်က ကျေးဇူးကန်းတယ်လို့ ပြောပါတယ်။
ဒေါ်နယ်ထရန့်ကလည်း အီလွန်မာ့ခ်ဟာ အစိုးရစာချုပ်တွေနဲ့ ထောက်ပံ့ကြေးတွေ ရရှိနေပြီး ဒါတွေကို ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားကာ သူ့ကို စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ အီလွန်မာ့ခ်ကလည်း အမေရိကန်မှာ ပြည်သူတွေထောက်ခံတဲ့ ပါတီတရပ်ထောင်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ ထရန့်နဲ့ အခြား ရီပတ်ဘလီကန်တွေကို ထောက်ပံ့ဖို့ ဒေါ်လာသန်း ၃၀၀ အသုံးပြုခဲ့ပြီး ဒီကျေးဇူးတရားတွေကို မေ့တယ်လို့ အီလွန်မာ့ခ်က ဝေဖန်ပါတယ်။ ဒါအပြင် ထရန့်ရဲ့ အခွန်စည်းကြပ်မှုတွေဟာ အမေရိကန်ကို ယခုနှစ်နှောင်းပိုင်းမှာ စီးပွားရေးကျဆင်းမှု ချောက်ထဲကို တွန်းပို့နေတယ်လို့ ဆိုပါတယ်။
Ref:NHK

image