29 ပတ် - ဘာသာပြန်ပါ။

ခရမ်းသီးနှပ် ချက်နည်း😋😋
ခရမ်းသီးနှပ်ဆိုရင်အနှစ်လေးများများနဲ့ဆီပြန်နေမှ ခရမ်းသီးကိုနူးနေမှကြိုက်တယ်
ရေတွေနဲ့ကျန်နေရင်လုံးဝမကြိုက်ဘူး
ခရမ်းသီးကိုကိုယ်ကြိုက်သလိုလှီးပြီးဆားထည့်ထားတဲ့ရေထဲလှီးထည့်ပါ
ဆယ်မိနစ်လောက်နေရင်ရေဆေးချပြီးချက်မဲ့အိုးထဲထည့်ပါ
ကြက်သွန်နီ ကြီးကြီးလေးလုံးလောက်ကိုခပ်သေးသေးလေးတွေလှီးပါတယ်
လုံးချက်လေးချက်မှာဆိုတော့လှီးပြီးပဲထည့်ပါတယ်
ထောင်းလိုက်ရင်စိမ်းဆော်နံသလိုပါပဲ
ပြီးရင်ကြက်သွန်ဖြူနဲ့ပုဇွန်ခြောက်ငပိနည်းနည်း
အရောင်တင်မုန့် ကိုရောပြီးထောင်းပါ
ပြီးရင်ချက်မဲ့အိုးထဲရောထည့် နနွင်းလေးထည့်
အရသညအတွက်ကြက်သားမုန့်ဆား.ထည့်ပါ
ဆီကိုတော့နည်းနည်းပိုကဲထည့်ပါ.
ပြီးရင်အရသာတွေဝင်သွားအောင်နယ်ပေးပြီးဆုံဆေးရေလေးနည်းနည်းထည့်ပြီးအဖုံးလေးအုပ်ပြီးတည်ထားပါ
ရေကိုတခါတည်းအများကြီးမထည့်ပါဘူး
မီးနည်းနည်းနဲ့ပဲတည်ပါတယ်
ငရုပ်သီးစိမ်းနံ့ပျောက်လောက်မှအဖုံးလေးဖွင့်ပြီးအပေါ်အောက်လေးလှန်ပေးပါ
အဲ့လိုတည်နေရင်း နဲ့ခရမ်းသီးးမနူးသေးရင်ရေလေးနည်းနည်းထပ်ထည့်ပြီးဆီပြန်အောင်တည်ပါ
နောက်ဆုံးအရသာလေးမြည်းပြီးနံနံပင်လေးအုပ်ပြီးရပါပြီ

image
29 ပတ် - ဘာသာပြန်ပါ။

Former first lady Michelle Obama said she and her husband, Barack, respect their daughter Malia dropping her last name in professional projects — and praised how both of their daughters "want to be their own people."
https://abcnews.go.com/Politic....s/michelle-obama-mak

image
29 ပတ် - ဘာသာပြန်ပါ။

ကြက်သား ဆီချင်ခေါက်ဆွဲ ပြုလုပ်နည်း.......။
မနက်စာ လုပ်ပေးဖြစ်တာလေး လုပ်ရတာလည်းလွယ်ပြီး စားရတာလည်းကြိုက်တော့ ခဏခဏလုပ်ပေးဖြစ်တယ်....။😋
ပြုလုပ်နည်း........
ခေါက်ဆွဲတစည်း မပျော့မမာလေး ပြုတ်ထားပါ။
ကြက်သားရင်အုံသား သို့မဟုတ် ပေါင်သား 500g (သုံးဆယ်သားကျော်) ကို အရေခွံလေးဖယ်ထားပြီး ကြက်သားမှုန့် ထမင်းစားဇွန်း တဝက်လောက်ထည့်ပြီး ရေကိုကြက်သားမြုတ်အောင်ထည့်ပြီး နာရီဝက်လောက်ပြုတ်၊ ပြုတ်ပြီးရင်ပြန်ဆယ်ပြီး အတုံးလေးတွေ တုံးထားပါ။
ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာကို ဆီချက်ချက်ပါ။
နနွင်းမှုန့် မထည့်ရပါ။
ဆီချက်ချက်တဲ့အခါ ဖယ်ထားတဲ့ကြက်အရေခွံကို ကျွတ်အောင်ကြော်ပြီး ထွက်လာတဲ့ဆီနဲ့ချက်လည်း ရပါတယ်။ မစားရင်ရိုးရိုးဆီနဲ့ပဲချက်လို့ရပါတယ်နော်။
ပြီးရင် ကြက်သွန်မြိတ်ပါးပါးလှီးထားပါ။
သကြား ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း မရှိတရှိ
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၃ ဇွန်း
ဆီချက် ၃ ဇွန်း တို့ကိုထည့် ပြီးရင်အားလုံးရောသုပ်ပါ။
အရသာအပေါ့အငံကိုယ့်စိတ်ကြိုက်ထပ်မြည်းပြီး ငရုတ်ကောင်းမှုန့်လေးကြိုက်ရင် အပေါ်ကဖြူးစားပါ။
ဟင်းရည်အတွက် စောစောကပြုတ်ထားတဲ့ ကြက်ပြုတ်ရည်ကို ရေလေးနည်းနည်းထပ်ထည့် ကြက်သားမှုန့်လေးနဲ့ ပဲငံပြာရည်အကြည်လေး လိုသလောက်ထည့်ပြီး ဆူအောင်ပြန်တည်။
ငရုပ်ကောင်းမှုန့်လေးဖြူး၊ ကြက်သွန်မြိတ်လေးလှီးထည့်ပြီးဆို ဟင်းရည်လေး ရပါပြီး။
ခေါက်ဆွဲတစည်းဆို မိသားစုလေးယောက်လောက် မနက်စာအဝစားလို့ရတယ်။ အပြင်မှာဝယ်စားရတာထက် အကုန်အကျသက်သာပြီး ပိုပြီးစိတ်ချစွာ စားလို့ရပါတယ်ရှင့်.......။

image
29 ပတ် - ဘာသာပြန်ပါ။

ဆေးဖက်ဝင်ပီး စားလို့လဲကောင်းတဲ့ #မြင်းခွာရွက်သုပ် လေး သုပ်စားလို့ရအောင် Save😋😋
မြင်းခွာရွက်ကို တို.စရာ၊သုပ်စား၊ ပာင်းခါးချက်စားကြပါတယ်
ဘာပဲချက်ချက် နှစ်ယောက်စာပဲချက်ဖြစ်တာများပါတယ်..
တစ်ခါတစ်လေ မှသာ အခြားအခန်းကလူ
တွေ အတွက်ပါ 6 ယောက်စာချက်ဖြစ်ပါတယ်
မြင်းခွာရွက်သုပ်အတွက်
မြင်းခွာရွက် - 200 g
ကြက်သွန်နီ - တစ်လုံး ကို ပါးပါးလှီးပြီးရေဆေးထားပါ။
ခရမ်းချဉ်သီး - 1 လုံး ကိုလဲရေဆေးပြီး ပါးပါးလှီးထားပါ။
ဆား၊ အရသာမှုန်.၊ ငံပြာရည်၊ အနဲငယ်စီ
ကြက်သွန်ဖြူဆီချက်၊
ပုဇွန်ခြောက်ထောင်း - အနဲငယ်စီ၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း 2 ဇွန်း၊
နံနံပင် - 1 ပင် ရေဆေးပြီး ပါးပါးလှီးထားပါ..
ငရုပ်သီးစိမ်း -2 တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ
သံပုရာသီး- တစ်စိတ်၊
မြင်းခွာရွက်ကို ရေစင်စင်ဆေးပြီး နုတ်နုတ်လှီးထားကာ
ပါးပါးလှီးထားသောကြက်သွန်၊ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုပ်သီးစိမ်း ဆား၊ အရသာမှုန်. ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း ၊မြေပဲလှော်ထောင်း နှင့် သံပုရာသီးတစ်စိတ် ကိုညှစ်ထည်.ကာသမအောင်ဖွဖွနယ်ပြီး သုံးဆောင်နိုင်ပါပြီး

image

ဇွန်လ (၉) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image
29 ပတ် - ဘာသာပြန်ပါ။

ရွှေဖရုံသီးနဲ့လုပ်တဲ့ #အော်‌ကွေ့ကြည်လုပ်နည်း
ပါဝင်ပစ္စည်း
-ရွှေဖရုံသီး
-ဆန်စိမ်းမှုန့် 150g
-ကော်မှုန့် 3ဇွန်း
ပုစွန်ခြောက်မှုန့် 2ဇွန်း
ဆား
သကြား
အရသာမှုန့်
-ပထမဆုံး ရွှေဖရုံသီးကိုနူးအိနေအောင်ပြုတ်ပြီး အနှစ်ရအောင် ကြိတ်စက်နဲ့ကြိတ်ပါကြိတ်စက်မရှိပါကလက်နဲ့ချေထားလည်းရပါတယ်
- ရွှေဖရုံသီးအနှစ်ရလာရင် ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပြီး နှံ့စပ်အောင်ရောမွှေပါ
-ရလာတဲ့မုန့်နှစ်တွေကိုဆီသုတ်ထားတဲ့ပေါင်းခံခွက်ထဲ ဇကာနဲ့စစ်ပြီးထည့်ပါ
-မိနစ်40လောက် ပေါင်းပေးပါ
-ရလာတဲ့ရွှေဖရုံသီးမုန့်ကိုအအေးခံပြီးမှမိမိနှစ်သက်တဲ့ပုံစံအတိုင်းဆီပူပူမှာထည့်ကြော်ပေးပါ
-ဒါဆိုရင်တော့အရမ်းစားကောင်းတဲ့ရွှေဖရုံသီးမုန့်ကြော်လေးရပါပြီ မိမိနှစ်သက်တဲ့အချဉ်ရည်လေးနဲ့တွဲစားလို့ရပါပြီ

image

ALIEN: EARTH Trailer (NEW, 2025)

29 ပတ် - ဘာသာပြန်ပါ။

ဝဋ်ကြွေးအသစ် မယူနဲ့❗
သူများကို ခြေကန်ထိုးလိုက်လို့
တဖက်သားက မှောက်ရက်လဲကျသွားတယ်
အရမ်း ဝမ်းမသာပါနဲ့။
မကြာခင် သင်ကိုယ်တိုင်
ကျောက်ခဲကို ခလုတ်တိုက်ပြီး
မှောက်ရက်လဲတော့မယ်။
သူများနေရာကို တွန်းဖယ်ပြီး
နေရာ ဝင်လုတယ်။
ဘဝင် မမြင့်ပါနဲ့
မထိုက်တန်ရင် ခဏအတွင်း
မင်းနေစရာဘုံ ပျောက်နိုင်တယ်။
သူများကို ဆွဲချပြီး
အမြင့်ကို ထပ်တက်တယ်။
ပီတိဖြစ်မနေပါနဲ့
သူ့လို မကျွမ်းကျင်ရင်
ပြုတ်ကျတတ်တယ်။
အတွေ့အကြုံဆိုတာ
ဘဝကပေးတဲ့ သင်ခန်းစာမို့
သူနဲ့ ကိုယ်
မတူညီနိုင်တာကို သတိရပါ။
အရည်အချင်းဆိုတာ
မွေးရာပါ အားသာချက်မို့
သူနဲ့ ကိုယ်
မတူညီနိုင်တာကို သတိရပါ။
ကံတရားရဲ့
အကျိုးပေးခြင်း မညီမျှတာကို
မကျေမနပ် မဖြစ်ပါနဲ့။
ကြိုးစားမှုခြင်း ကွာဟနေတာကို
သတိရပါ။
သူတစ်ပါးကို ထိခိုက်ပြီး
ကိုယ့်စိတ်ချမ်းသာမှုကို မလိုချင်ပါနဲ့။
ပြန်ပေးဆပ်ရတဲ့ အခါ
ကိုယ်ပြုထားတာထက်
အဆပေါင်းများစွာ ခံရမှာကို
သတိရပါ။
ကာယကံရှင်က ခွင့်လွှတ်ပေးလေ
ကံတရားက အညှိုးထားလေမို့
ကိုယ်နေ့စဉ်ပြုသမျှ အရာတွေဟာ
သူတစ်ပါးကို
မထိခိုက်အောင်
အတတ်နိုင်ဆုံး ဆင်ခြင် နေထိုင်ပါ။

image
29 ပတ် - ဘာသာပြန်ပါ။

"#သင်္ဘောပွင့်ကိုသုပ်စားလိုက်ပါ\"
စျေးထဲမှာ တစ်ခါတလေ"သင်္ဘောပွင့်"လေးတွေ
ရောင်းနေတာလည်းတွေ့ရပါတယ်။သင်္ဘောပွင့်
တွေကိုသုပ်စားတာကောင်းပါတယ်။ဆေးဘက်
လည်းဝင်ပါတယ်။
သင်္ဘောပွင့်ကိုဘယ်လိုသုပ်စားကြလည်းဆိုတော့
အခါးဓါတ်လျော့သွားအောင်ရေနွေးနဲ့တစ်ရည်ဆူ
အောင်ပြုတ်ရပါတယ်။ပြုတ်ပြီးတဲ့သင်္ဘောပွင့်ကို
ငပိဆားlကြက်သွန်ထည့်lသံပုရာရည်ရွှဲရွှဲဆမ်းပြီး
ငရုတ်သီးအစိမ်းနဲ့သုပ်စားကြပါတယ်။
#ဘာအတွက်ကောင်းလည်း
**********************
1ဆီးချိုသမားအတွက်အကောင်းဆုံးဓါတ်စာပါ။
2လေဖြတ်လေဖြန်းတာကာကွယ်ပေးပါတယ်။
အဲဒီဝေဒနာရှင်တွေမကြာမကြာစားသင့်ပါတယ်။
3နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။
4ကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။
5ကိုလက်စထရောကျစေပြီးကိုယ်အလေးချိန်ကျ စေပါတယ်။
6နှုတ်ကိုလည်းမြိန်စေပါတယ်။
7ခန္ဓာကိုယ်အတွင်းအပြင်ရောင်ရမ်းတာမှန်သမျှ လျော့ကျစေပါတယ်။။
မှတ်ချက်။ ချင်းနှင့်မတည့်သည်ကိုသတိပြုပါ။

image
29 ပတ် - ဘာသာပြန်ပါ။

တန်ဖိုးမထားတဲ့ရပ်၀န်းကို စွန့်ခွာပါ✌
_________________
တခါတလေ,ကိုယ့်အတွက်
ကျားကုတ်ကျားခဲ ကြိုးစားမှုကို
တချို့လူတွေက ဟာသလုပ်တတ်ကြတယ်။
တခါတလေ ကိုယ့်အတွက်
နဖူးကချွေး ခြေမကျမတတ်
ရိုးသားစွာအပင်ပန်းခံထားခြင်းကို
တချို့လူတွေကအဆင့်မတူသလိုချိုးနှိမ်
တတ်ကြတယ်။
တခါတလေ ကိုယ့်အတွက်
အမှန်တရားကို ဆုပ်ကိုင်ထားခြင်းကို
တချို့လူတွေက....ရွံ့မုန်းတတ်ကြတယ်။
တခါတလေ ကိုယ့်အတွက်
ရင်ထဲကနေ တန်ဖိုးမဖြတ်နိုင်တဲ့အရာကို
အချို့လူတွေက...အထင်သေးတတ်ကြတယ်။
ဘ၀ပေးအခြေအနေအရ
တန်ဖိုးထားပုံခြင်း မတူတာက
နားလည်ပေးလို့ရပေမယ့်....
တန်ဖိုးထားပုံခြင်းမတူတာကို
တဆင့်နိမ့်သလို ဆက်ဆံတတ်တဲ့....
အခွံသာရှိပြီး အဆံမရှိတဲ့ရပ်၀န်းမျိုး
ကိုယ့်ဆိုရင် တန်ဖိုးမထားတတ်တဲ့ရပ်၀န်းမျိုးကို
ပြတ်သားစွာ
စွန့်ခွာလိုက်ခြင်းက
ကိုယ့်အသက်ရှုသံ ပိုတန်ဖိုးရှိတာ
ခံစားမိလာပါလိမ့်မယ်
အဲဒါကြောင့်.....
ကိုယ့်ဆိုရင် တန်ဖိုးမရှိဘူးလို့
သတ်မှတ်ထားတဲ့
ရပ်၀န်းကို ရဲရဲသာ စွန့်ခွာလိုက်ပါ။

image