23 w - Translate

Incan-tation (2022)

2022 ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး ထိုင်ဝမ်သမိုင်းတလျှောက် ရုံဝင်ငွေအကောင်းဆုံး Horror ကားတစ်ကားအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားတဲ့ ထိတ်လန့်သည်းဖို Horror ကားတစ်ကားလည်းဖြစ်ပါတယ်။ လီရိုနန် ဟာ မိဘမဲ့ဂေဟာကိုပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒို ကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖိုအတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကို ခေါ်ထားခွင့်ရလိုက်ပါတယ်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရတာဖြစ်တဲ့အပြင် အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်အဖြစ် ရိုနန် ဟာ အုပ်ထိန်းခွင့်ပြန်ရဖိုကို စိုးရိမ်နေရပါတယ်။ စောင့်ကြည့်ကာလ ဖြစ်တာကြောင့် ပိုပြီးအဆင်ပြေအောင်နေပြရမှာဖြစ်ပေမဲ့ ဒိုဒို မှာ ထိတ်လန့်စရာဖြစ်ရပ်တွေ ကြုံနေရပါတယ်။ သူ့သမီးကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာတဲ့ ကျိန်စာတွေဖြစ်ပါတယ်။ အဲ့အရာကို သိရှိသူတိုင်းဟာ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရစမြဲဖြစ်တာကြောင့် ကျိန်စာဆိုးကနေ သမီးဖြစ်သူကို ကယ်တင်ဖို ရိုနန် တစ်ယောက် ကြိုးစားရင်း ဇာတ်လမ်းကောင်းကောင်းနဲ့ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေကို ကောင်းမွန်တဲ့ဖန်တီးမှုနဲ့အတူ ဇာတ်လမ်းကို ဆွဲခေါ်သွားတာဖြစ်လို သာမာန်သရဲကားတွေထက် သေချာပေါက်ပိုမဲ့တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။

image
23 w - Translate

မီမီ - အမှောင်ထုရဲ့ မင်းသားငယ် (၂၀၂၄)

IMDb - 6.1/10
Genre - Horror

ဒရာကူလာ ဆိုတဲ့ နာမည်နဲ့ ဗမ့်ပိုင်းယား ဒဏ္ဍာရီ ဇာတ်လမ်းတွေဟာ ရှေးယခင်ကတည်းက ယုံကြည်သူတွေရော မယုံကြည်သူတွေပါ ရှိခဲ့တဲ့ အကြောင်းတွေပါ။ ဒီဇာတ်ကားမှာတော့ ဆယ်ကျော်သက်လူငယ်နှစ်ဦးရဲ့ ရင်ခုန်သံစီးချက်တွေနဲ့အတူ ဒီဒဏ္ဍာရီ အကြောင်းကို ယှဉ်တွဲ တင်ဆက်ထားတာ ဖြစ်ပါတယ်။ အီတလီနိုင်ငံ နပိုလီမြိုလေးရဲ့ လမ်းသွယ်တစ်ခုထဲမှာ မိဘမဲ့ဆယ်ကျော်သက်ကောင်လေး မီမီ ဟာ ပီဇာမီးဖို အပူငွေ့တွေ ကြားထဲမှာ ဘဝကို ရုန်းကန်နေပါတယ်။ သူဟာ မွေးလာကတည်းက ခြေထောက်ပုံစံ မူမမှန်တာကြောင့် ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံ ဖယ်ကျဉ်ခံခဲ့ရတဲ့ ကောင်လေးဖြစ်ပါတယ်။ တစ်ညမှာ ကာမီလာ ဆိုတဲ့ ဆယ်ကျော်သက် အိမ်ပြေးကောင်မလေး တစ်ယောက်နဲ့ ဆုံတွေ့ချိန်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ကာမီလာ က သူ့ကိုယ်သူ မြိုစား ဒရာကူလာ ရဲ့ မျိုးဆက်လို ယုံကြည်ထားပြီး သူမရဲ့ နူးညံ့ပြီး လွတ်လပ်တဲ့ စိတ်ထားက မီမီ ကို အရူးအမူး စွဲလမ်းစေခဲ့ပါတယ်။ သူတိုနှစ်ဦးအတူ လူ့ပတ်ဝန်းကျင်ကို စွန့်ခွာပြီးတော့ လျှိဝှက်စွန့်စားမှုတွေ ပြည့်နေတဲ့ ခရီးရှည်ကို စတင်ဖို ဆုံးဖြတ်လိုက်တဲ့ အချိန်မှာတော့ ။

image
23 w - Translate

ဘက်ကီ (202

နှစ်ရှည်ထောင်ကျနေတဲ့ အစွန်းရောက်လူမိုက်ကြီးလေးယောက်ရှိတယ်။ ဒီလူတွေက လူသတ်ဖိုဝန်မလေးသလို အတွေ့အကြုံပေါင်းများစွာရှိနေတဲ့သူတွေ။ တစ်နေတော့ သူတိုကို ထောင်ပြောင်းဖိုကြိုးစားချိန်မှာ လုံခြုံရေးတွေကိုသတ်ဖြတ်ပြီး လွတ်မြောက်သွားတယ်။ သူတိုလေးယောက်ဟာ ထောင်ကထွက်လာပြီးတဲ့နောက် ရည်ရွယ်ချက်ကြီးတစ်ခုလုပ်ဖိုရှိတယ်။ အဲ့ဒါက တောအုပ်တစ်ခုထဲက အိမ်မှာ အရေးပါတဲ့သော့တစ်ချောင်းကို ထောင်မကျခင်က ဝှက်ထားတဲ့ဟာကို သွားယူဖိုပါ။ ဒီအိမ်မှာလက်ရှိ မိသားစုတစ်စုနေထိုင်ပြီး အဲ့ဒီထဲမှာ ဘက်ကီ ဆိုတဲ့ချာတိတ်အရွယ်ကောင်မလေးလည်းရှိတယ်။ လူကြမ်းကြီးလေးယောက်နဲ့ ဒီမိသားစုနဲ့တွေ့ဆုံချိန် ဘက်ကီ တစ်ယောက်ပဲ သူ့မိသားစုကိုကယ်ဖိုအခွင့်အရေးရှိလာတဲ့အခါမှာတော့။

image

မုန်လာဥဖြူသုပ်
#စာနည်းနည်းရှည်ပါမယ်။
နယူတန်ရဲ့ဆွဲငင်ခြင်းနိယာမအရေးကြီးသလိုဆယ်စက္ကန့်အတွင်းဖြစ်ပေါ်လာတဲ့ကျွန်တော်တို့ရဲ့အရသာခံစွမ်းအင်ကလဲအရေးပါ ပါတယ်။
ပထမဦးဆုံးမုန်လာဥဖြူသုပ်စတင်စားဖူးတာကတော့ကျွန်တော်တို့မြို့(မိုးကုတ်မြို့)ရဲ့ရပ်ကွက်တခု ဝါ အုပ်စုအဖွဲ့တခုဖြစ်တဲ့ပန်းသေးတန်းဆိုတဲ့ရပ်ကွက်မှာ ဒံပေါက်ထမင်းချက်တဲ့အခါတွဲဖက်အချဥ်အဖြစ်စားလေ့ရှိကြပါတယ်။ ဒံပေါက်ကိုကြက်သားနှင့်ချက်သည်ဖြစ်စေ၊အမဲသားနှင့်ချက်သည်ဖြစ်စေ ဒီမုန်လာဥသုပ်က မပါမဖြစ်ပါသလို တခြားဟင်းပွဲများနှင့်လဲတွဲဖက်လေ့ရှိကြပါတယ်။
ထိုအချိန်စစားဖူးကတည်းကဒီအသုပ်ထဲမှာဘာတွေပါတယ်၊ စားရတဲ့အရသာကဘယ်လို၊ ခံတွင်းထဲမှာ ဘယ်အရာနဲ့ဘယ်အရာပေါင်းစပ်မှုကဘယ်လိုဆိုတာကောင်းကောင်းကြီးမှတ်မိနေပါတယ်။ ထိုငယ်စဥ်အချိန်က မသုပ်တတ်သေးသလို ကျွန်တော်ကအစားအသောက်ဖန်တီးတဲ့ဝါသနာရှင်ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ထမနှဲစားရင် မြေပဲဆံဖယ်စားလေ့ရှိတဲ့ကျွန်တော်က ဒီမုန်လာဥသုပ်ထဲကမြေပဲနဲ့
မုန်လာဥမျှင်လေးတွေရဲ့ကြွပ်ရွမှုဟာဝါးနေစဥ်တပြိုင်နက်တည်းပေါင်းစပ်ပျော်ဝင်သွားတဲ့
ဖြစ်စဥ်ကိုအနှစ်သက်ဆုံးပါပဲ။
ဒါကြောင့်ဒီဟင်းပွဲဖန်တီးဖို့စီစဥ်တဲ့အခါ မုန်လာဥကိုဘယ်လိုခြစ်ထားလဲ၊ သူနဲ့အတူတပြိုင်တည်းပြိုကွဲသွားရမယ့်မြေပဲလှော်ကိုဘယ်အနေအထားထောင်းမလဲဆိုတာကဒီအသုပ်ရဲ့အရေးပါမှုပါပဲ။ ကျွန်တော်ကမုန်လာဥဖြူကို ယိုးဒယားသင်္ဘောသီးထောင်းအရွယ်လောက်ခြစ်မယ်ဆိုရင်စာဖတ်သူကမြေပဲကိုဘယ်လောက်ညှက်အောင်ထောင်းမယ်လို့စဥ်းစားနေလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။
မုန်လာဥကဝါးလို့ညှက်နေပြီ မြေပဲကအခုမှကိုက်ဝါးနေရတုန်းဆိုရင်တော့မဟုတ်သေးပါဘူး 😁
အခုနောက်ပိုင်းကျွန်တော်ကဟင်းပွဲတခုဖန်တီးတဲ့အခါတိုင်း ရက်စီပီအပြည့်အစုံချမပေးတော့ပါဘူး၊စာဖတ်သူကို တွေးရမယ့်အတွေးတစလေး ဖွင့်ဟပေးထားရတာကို ပိုနှစ်သက်လာပါတယ်( ဝါ) ရက်စီပီအပြည့်အစုံချပြရင်လုံးစုံခိုးချတာကြောင့်လဲပါ ပါတယ်။ ဒါကြောင့် ကျွန်တော့်ချက်နည်းအာဘော်ကိုဘယ်လောက်ထိစိတ်ဝင်တစားရှိပြီးဘယ်လောက်အားတက်သရောလိုက်ချက်ကြည့်ကြသလဲဆိုတာလေးကိုလဲ ကျွန်တော်ကစိတ်ဝင်တစားစောင့်ကြည့်လေ့ရှိပါတယ်။
အသုပ်တို့ရဲ့ထုံးစံအတိုင်းသုပ်ရတာအင်မတန်မြန်ပါတယ်။ အဓိကဖြစ်တဲ့ ကြက်သွန်ဖြူ+နှမ်းဆီချက်၊မြေပဲထောင်း၊ပုစွန်ခြောက်မှုန့်ကောင်းကောင်းလေး၊နှမ်းမဲလေးတွေလဲလှော်ပြီးအအေးခံထားရပါမယ်။
မုန်လာဥကို ခြစ်တံအလတ် နှင့် ယိုးဒယားသင်္ဘောသီးထောင်းအမျှင်များကဲ့သို့ရအောင်ခြစ်ပါ။ ဆားအနည်းငယ်ထည့်ပြီးသမအောင်မွှေထားလိုက်ပါ။ငရုတ်သီးစိမ်း၊နံနံပင်ပါးပါးလှီးထားပါ။
မုန်လာဥအနံ့ပြင်းပြင်းနဲ့အခိုးတွေထွက်သွားအောင်လက်နှင့်ဖိနယ်ပြီး ရေသုံးထပ်လောက်ဆေး၊ရေစစ်ထားပါ။သုပ်တော့မယ်ဆိုရင်ရေကိုစင်နေအောင်ညှစ်ပေးပါ။
သုပ်မယ့်ဇလုံထဲမှာ မုန်လာဥထည့် ၊ နှမ်းမဲလှော်၊ပုစွန်ခြောက်မှုန့်၊ နှမ်း+ကြက်သွန်ဖြူဆီချက်၊အရသာမှုန့်၊ငရုတ်သီးစိမ်း၊နံနံပင်၊နှမ်းဆီပါရုံ၊ သံပုရာရည်ညှစ်ပြီးခပ်ဖွဖွလေးနယ်ပေးပါ။
ဆားနှင့်နယ်ပြီးဆေးထားတဲ့အတွက်အငံဓာတ်ကျန်နေတာမို့ ဆားကိုလိုအပ်မှထည့်ဖြည့်ပေးပါ။
အသုပ်ကခပ်မွမွလေးဖြစ်နေရပါမယ်။ ဥပမာအနေနဲ့​မြင်အောင်ပြောရရင်သကြားမုန့်ဖက်ထုပ်ထဲဌပနာထည့်မယ့် အုန်းသီးအစာ လိုလေးဖြစ်နေရပါမယ်။ သံပုရာရည်နဲ့ဆီချက်ကြောင့်အရည်ဖြူလေးထွက်ရုံလောက်လေးပါ။အရည်တွေထွက်တာများနေရင်၊အသုပ်ကပုံ့အိအိနဲ့ပျော့နေပြီ၊ထိုင်နေပြီဆိုရင်တော့ ပါဝင်ပစ္စည်းမမှားပဲချက်ပြုတ်နည်းလမ်းမှာလိုအပ်ချက်ရှိနေပြီလို့သိထားရပါမယ်။
ဒီမုန်လာဥသုပ်စားပေးခြင်းကကျန်းမာရေးအတွက်အလွန်အကျိုးပြုပါတယ်။ အစာခြေလမ်းကြောင်းရှင်းလင်းပေးခြင်း၊အူမကြီးကင်ဆာ၊ကျောက်တည်နိုင်မှုတို့ကိုချေဖျက်နိုင်စွမ်းရှိတာမို့မကြာခဏစားသုံးပေးသင့်ပါတယ်။

image

#ငါးရံ့နှင့်မရမ်းသီးဆားစိမ်ကလယ်ချက်
ဒီနေ့တော့ မွန်ပြည်နယ်ဖက်ကချက်လေ့ရှိတဲ့
ကလယ်ချက်ပုံစံလေးကိုမွန်အငွေ့အသက်တွေပိုလွှမ်းထုံသွားအောင် မရမ်းသီးနုနုဆားရည်စိမ်လေးထည့်ချက်ထားတော့ မဆလာနံ့သင်းသင်း
ချိုချဥ်ပြုံးအရသာလေးနဲ့စားမြိန်ခံတွင်းတွေ့စေမယ့်ငါးဟင်းတခွက်ပါပဲ။
မရမ်းသီးဆားရည်စိမ်ဆိုတာ အချဥ်ပေါင်းလိုစားတဲ့ခံတွင်းလိုက်စာမဟုတ်ပဲ ဟင်းချက်တဲ့အခါထည့်ချက်ဖို့ဆားရည်နဲ့ချည်းသီးသန့်စိမ်ထားတဲ့ဆားရည်စိမ်သာဖြစ်ပါတယ်။
ဒီဟင်းလေးချက်မယ်ဆိုအထက်မှာဖော်ပြထားတဲ့မရမ်းသီးဆားရည်စိမ်လေးရှိရပါမယ်။
ကျွန်တော်က အရင်နှစ်ကစိမ်ထားတဲ့လက်ကျန်လေးရှိလို့ထည့်ချက်ပါတယ်။မရှိဘူးဆိုလဲခုလိုမရမ်းသီးပေါချိန်မို့အစိမ်းကိုထက်ခြမ်းခွဲပြီးဆားနဲ့နှပ်ထားကာ ချက်တဲ့အချိန်မှရေဆေးပြီးထည့်ချက်လို့ရပါတယ်။
ချက်မယ်ဆိုရင် ငါးရံ့ကွင်းလေးတွေကိုရေဆေးပြီး၊ဆားခပ်များများ၊အရသာမှုန့်နဲ့နယ်ထားပါ။
ကြက်သွန်နီ ၁ခြမ်း၊ ကြက်သွန်ဖြူအမွှာကြီး၅ မွှာလောက်ကိုဂေါ်ရန်ဂျီမဆလာ၊ ဇီယာစေ့၊ငရုတ်စိမ်းမှုန့်၊ငရုတ်သီးခွဲခြမ်းမှုန့်၊နနွင်းမှုန့်တို့နဲ့ညှက်စေးနေအောင်ထောင်းပါ။ ကျွန်တော်ကပိုမွှေးအောင်ငရုတ်လှော်မှုန့်လေးအနည်းငယ်ပါထည့်ထောင်းပါတယ်။
ထိုထောင်းထားသောအနှစ်ကိုဆီသပ်ပြီးမွှေးလာပြီဆိုခရမ်းချဥ်သီးသေးသေးတလုံးနုပ်နုပ်စဥ်းထည့်ပြီး အနှစ်ကျ ၊ဆီပြန်နေအောင်ချက်ပါ။
အနှစ်ကျပြီဆိုမှ ငါးရံ့တွေကိုရေပြန်ဆေးပြီးထည့်ပါ။ ဆုံကျင်းရည်လေးအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။
ဆီပြန်လာပြီဆိုမှ မရမ်းသီးဆားစိမ်လေး ၅-၆လုံးထည့်ပါတယ်၊ ရေနွေးလေးအနည်းငယ်ဖြည့်ပြီးနောက်တကြိမ်ရေခမ်း၊ဆီပြန်လာပြီဆိုနံနံပင်လေးအုပ်ပေးရုံပါပဲ။

image

ငါးငံပြာရည် ကြက်သား ပြုတ်နည်း...... ။
လုပ်ရတာ လွယ်ကူပြီး ကြက်ပြုတ်ရည်ထဲ ကွေ့တီယိုစင်းထည့်စားရင်တောင် အရသာအရမ်းရှိတယ်......။ 😋
လုပ်နည်းကတော့........
အိုးထဲမှာ ရေထည့်ပြီး ပဲငံပြာရည်အနောက် ထည့်ပါ။ ကြက်သွန်ဖြူ ၅-၆ မြွှာလောက် ထောင်းထည့်ပါ။
နံနံပင်အမြစ်ကို ထည့်ပါ။
ခရုဆီထည့်ပါ။
ငါးငံပြာရည်အစစ် ၃ ဇွန်းထည့်ပါ။
အရသာမှုန့် (အချိုမှုန့်) နည်းနည်းထည့်ပါ။
သကြား ၃ ဇွန်းထည့်ပါ။
ပြီးရင် ရေဆူလာတဲ့အထိ စောင့်ပြီး ဆေးထားတဲ့ ကြက်သားကို ထည့်ပြုတ်ပါ။ လိုသလို အရသာမြည်းကြည့်ပြီး ကြက်သားနူးတဲ့အထိ စောင့်ပါ။ ဒါဆို စားကောင်းတဲ့ ကြက်သား ငါးငံပြာရည်ပြုတ် ရပါပြီး........။
ကြက်ပြုတ်နှင့်တွဲစားရန် အချဥ်ရည်ကို သီးသန့်လုပ်ပြီး ပြင်ဆင်နိုင်ပါတယ်နော်.......။😍
အဆင်ပြေကြပါစေ.......။

image

ငါးသလောက်ပေါင်းအလွယ်ကူဆုံးနည်း

ငါးသလောက် တစ်ကောင်ကို အကြေးထိုး,
အူဖောက် သန့်စင်ပီး

ဆား,သကြား,အရသာမှုန့် နနွင်း,ရှောက်သီးတို့ဖြင့်နယ်၍ နာရီဝက်ခန့် နှပ်ထားပေးပါ။

ခရမ်းချဉ်သီး နှစ်ခြမ်းခြမ်းထားပါ။

ကြက်သွန်နီ နှစ်ခြမ်းခြမ်းထားပါ။

ကြက်သွန်ဖြူမွှာလေးများ မထူမပါး လှီးထားပါ။

ငါးသလောက် ပေါင်းပါတော့မယ်။

***

အိုးထဲဆီထည့်၍ ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပီးရင် အပူပေးပီး မီးခဏပိတ်ပါ။

နှစ်ခြမ်းခြမ်းထားတဲ့ ကြက်သွန်နီ ခရမ်းချဉ်သီးကို အောက်မှခံပြီး ခင်းပါမယ်။

ပီးရင် နှပ်ထားတဲ့ ငါးသလောက်များ တင်ပါမယ်။

ရေနွေးပူပူကို ငါးသလောက်မြုပ်အောင် ထည့်ပါမယ်။

မီးအားမပြင်းစေပဲ တည်ထားပါမယ်။ ရေခန်းရင် နောက်တစ်ရည် ထပ်ထည့်ရပါမယ်။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပါမယ်။

ရေခန်းခါနီး, အိုးချခါနီး ၁၅ မိနစ် အလိုမှာ ကြက်သွန်ဖြူခွဲခြမ်းလေးများ ထည့်ပေးပါ။

ဆီပျံလာရင် ငါးသလောက်ပေါင်းရပါပီ။

image

အကယ် ၍ သင်ဟာ SeVen နဲ့ Zodiac Killer တို့လို ဘာသာရေးဆိုင်ရာ လူသတ်မှုရုပ်ရှင် တွေကို ကြိုက်ရင် True Detective Season 1 ကိုကြည့်ကိုကြည့်သင့်ပါတယ်။


Season 1 တစ်ခုလုံးကို Matthew McConaughey ( Rustin Cohle ) ရဲ့ လေယူလေသိမ်း ၊ အတွေးအခေါ် ၊ ကိုယ်ဟန်လှုပ်ရှားမှု တွေကပဲ Carry သွားတာပါ။

စုံထောက်စီးရီးစစ်စစ် ဖြစ်တဲ့အတွက် အမှုအသွားအလာ ၊ သဲလွန်စရှာဖွေတာတွေကို အဓိကထားရိုက်ကူးပြထားတာကြောင့် တိုက်တာခိုက်တာ ၊ ကြမ်းမှရမ်းမှကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး ။

image

တစ်ကားလုံးရဲ့ အဓိကက Key ဟာ Murph ရဲ့နာရီဖြစ်ပါတယ် ။ Cooper ဟာ Quantum Data တွေကို Murphရဲ့လက်ပတ်နာရီဆီသို့ Morse ကုဒ်နဲ့ပို့ခဲ့တာပါ။
Quantum Data တွေကတော့ အလင်းရဲ့အချိန်နဲ့သွားရင် (သို့မဟုတ်) Black Hole အနားကဖြတ်သွားရင် ၊ Black Hole အနားမှာရှိနေရင် Time Dilation ဟာပြောင်းလဲသွားမှာပါ။

image

Man will be man.

image