21 w - Translate

Calcium က ဘယ်မှာ အများဆုံး တွေ့ရလဲ။
Calcium အများဆုံး တွေ့ရတဲ့နေရာကတော့ အရိုးနဲ့ သွားတွေ ပါပဲ။ လူ့ခန္ဓာကိုယ်ထဲက Calcium ၉၉% လောက်ဟာ အရိုးနဲ့ သွားတွေကို သန်မာစေဖို့နဲ့ ပုံသဏ္ဍာန်ကို ထိန်းသိမ်းပေးဖို့အတွက် ရှိနေတာပါ။
ကျန်တဲ့ Calcium တွေက ဘယ်မှာလဲ၊ ဘာလုပ်ပေးလဲ။ 🤔
ကျန်တဲ့ ၁% လောက်သော Calcium ကတော့...
-သွေး (Blood)
- ကြွက်သား (Muscles)
- အာရုံကြောဆဲလ် (Nerve cells)
စတဲ့နေရာတွေမှာ တွေ့ရပြီး ဒီအနည်းငယ်သော Calcium ကလည်း အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးပါတယ်။
-Muscle contraction (ကြွက်သားတွေ ကျုံ့တာ၊ ဆန့်တာ)
- Nerve transmission (အာရုံကြောတွေ သတင်းပို့တာ)
- Blood clotting (သွေးခဲတာ)
- Heart function (နှလုံးခုန်တာ)
စတာတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
Calcium ဓာတ် အများဆုံးပါတဲ့ အစားအစာတွေကတော့ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဆာဒင်းငါး၊ ဆော်လမွန်ငါး၊ ဘိန်းစေ့၊ နှမ်း၊ ချီယာစေ့၊ ဗာဒံစေ့၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲနို့နဲ့ Calcium ဖြည့်ထားတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ Calcium ကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်ဖို့ ဗီတာမင် D လည်း လိုအပ်ပါတယ်။