21 ပတ် - ဘာသာပြန်ပါ။

ခန္ဓာကိုယ်မှာ သတ္တုဓာတ် (minerals)တွေ ချို့တဲ့နေပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြမလဲ?
1. ကယ်လ်ဆီယမ် (Calcium) ချို့တဲ့ရင်...
အရေပြား ခြောက်ပြီး ယားမယ်
မောပန်းလွယ်မယ်
ကြွက်သားတွေ တောင့်တင်း ကိုက်ခဲမယ် (Muscle spasm)
လက်သည်း၊ ခြေသည်းတွေ ပြောင်းလဲမယ်
လက်၊ ခြေထောက်နဲ့ ပါးစပ်တစ်ဝိုက် ထုံကျင်မယ် (Numbness)
2. ဇင့် (Zinc) ချို့တဲ့ရင်...
အနံ့နဲ့ အရသာ ခံစားမှု လျော့နည်းမယ် (Loss of taste and smell sensation)
ဆံပင်ကျွတ်မယ် (Hair loss)
စားချင်စိတ် နည်းမယ် (Low appetite)
3. မဂ္ဂနီဆီယမ် (Magnesium) ချို့တဲ့ရင်...
စားချင်စိတ် နည်းမယ် (Low appetite)
မောပန်းပြီး အားနည်းမယ် (Fatigue and weakness)
ပျို့အန်မယ် (Nausea and vomiting)
ကြွက်သားတွေ တောင့်တင်း ကိုက်ခဲမယ် (Muscle spasm)
အိပ်ငိုက်မယ် (Drowsiness)
ရင်တုန်မယ် (Heart palpitations)
တုန်ယင်မယ် (Shiver)
4. ပိုတက်ဆီယမ် (Potassium) ချို့တဲ့ရင်...
ကြွက်သားတွေ တောင့်တင်း ကိုက်ခဲမယ် (Muscle spasm)
ဝမ်းချုပ်မယ် (Constipation)
ရင်တုန်မယ် (Heart palpitations)
ဆီးခဏခဏသွားမယ် (Frequent urination)
ထုံကျင်ကျင်ဖြစ်မယ် (Tingling sensation and numbness)
ဒီလက္ခဏာတွေ သင့်မှာရှိနေပြီဆိုရင် သတ္တုဓာတ်ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ သေချာသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မမေ့နဲ့နော်။ သင့်ကျန်းမာရေးက အရေးကြီးဆုံးပါပဲ!
ကျန်းမာကြပါစေ။