40 w - Translate

လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး
အထူးသဖြင့် ကိုယ့်ဘေးနားက
လူတွေရဲ့ တန်ဖိုးကိုပေါ့
ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို
ကြာလာတော့
သာမှန်ဖြစ်စဉ်တစ်ခုလို
အရေးမကြီးသလို
သဘောထားမိကြတယ်
ဒါဟာ
သူ့စေတနာကို စော်ကားခြင်း တစ်မျိုးပဲ
တန်ဖိုးကို နားမလည်ဘူး
ကိုယ်ရင်ဖွင့်တိုင်း
နားထောင်ပေးတဲ့ သူ့ရဲ့တန်ဖိုး
ကိုယ်ခက်ခဲတိုင်း ကူညီတတ်တဲ့ သူ့ရဲ့တန်ဖိုး
ဒါတွေကို
လစ်လျှူရှုမိတယ်
ဒါဟာ နီးကပ်လွန်းလို့ မမြင်တာ
လွယ်လွယ်ရနေလို့ ပေါသွားတာလို့ပဲ ထင်ပါတယ်
ဒါ့ကြောင့်နဲ့ပဲ လူတွေဟာ
ကိုယ့်အပေါ် နှစ်တွေများစွာတိုင်
ကောင်းပေးခဲ့သူကို ပစ်ပြီး …
မနေ့တနေ့ကမှ တွေ့တဲ့ လူတစ်ယောက်ဆီ
ပါသွားတတ်ကြတယ်
ကိုယ်တိုင်ကရော အဲ့သလို လူမျိုးဖြစ်နေမလား
ကိုယ်စာပို့တိုင်း Reply တန်းပြန်ပေးတာဟာ
သူ့အတွက် အရေးကြီးလို့ မဟုတ်ဘူး
ကိုယ့်အပေါ် အလေးထားတဲ့စိတ်ရှိလို့
တန်ဖိုးထားလို့ပဲ
ကိုယ်ချိန်းတဲ့အခါတိုင်း
အမြဲလာတွေ့ပေးတာဟာ
သူအမြဲအားနေလို့ မဟုတ်ဘူး
သူ့ရဲ့ လုပ်စရာတစ်ချို့ကို ဖျက်ထား
ခဲ့ရတာလဲ ဖြစ်မှာပဲ ။
ကိုယ်လိုအပ်တိုင်း အကူညီပေးတာဟာ
သူသိပ်အဆင်ပြေနေလို့ မဟုတ်ဘူး
ကိုယ့်ကို အဆင်ပြေစေချင်တာ
ကိုယ်ပြောသမျှတိုင်း နားထောင်ပေးတာဟာ
သူ့မှာပြောစရာ မရှိလို့ မဟုတ်ဘူး
ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို
သည်းခံပေးတာဟာ နုံအလို့ မဟုတ်ဘူး
ဆုံးရှုံးသွားမှ တန်ဖိုးနားလည်မဲ့သူ မဖြစ်စေနဲ့
ကိုယ်သိရှိနားလည်ချိန်ဆို သူတို့ဟာ
သင့်ဘေးနားမှာ
ရှိနေတော့မှာ မဟုတ်ဘူး
ကိုယ့်အတွက် အဖိုးတန်တဲ့ အရာတွေဟာ
ကိုယ့်ဘေးနားမှာပဲ ရှိနေတတ်ပါတယ်
ကိုယ့်အပေါ် ကောင်းပေးသူ
နွေးထွေးသူတွေကို
တန်ဖိုးထားဆက်ဆံပါ
ဒီလိုလူမျိုးဟာ
ဘဝမှာ များများစားစား မတွေ့ရတတ်ပါဘူး။
#စာတို

40 w - Translate

လူတချို့က ...
သန်မာလွန်းနေတာ မဟုတ်သလို
ဘာမှ မခံစားတတ်တဲ့အထိ
မာကျောလွန်းနေတာလည်း မဟုတ်ဘူး ။
ငို စရာ တွေအများကြီးထဲမှာ
ပြုံးခွင့်လေး ရှိတာလေးကို
ပိုတန်ဖိုးထားနေကြတာဖြစ်သလို
ပြိုလဲချင်စရာ
အကြောင်းပြချက်တွေ အများကြီးထဲကမှ
ပြိုလဲလို့ မရတဲ့
အရာလေးတစ်ခုကို ဖက်တွယ်ထားရင်းက
ဆက်ပြီး ရပ်နေကြရုံလောက်ပါပဲ ။
တကယ်တမ်းကျတော့ ...
ပြိုလဲခွင့်မရှိတဲ့ သူတွေဟာ
အမာကျောဆုံး မဟုတ်ဘူး ။
သူတို့မှာလည်း နာကျင်မှု ရှိတယ်
သူတို့မှာလည်း မျက်ရည်ရှိတယ်
ဒါပေမယ့် ...
ဒီအတိုင်းပဲ ရပ်နေကြတာ ...
ပြိုလဲစရာတွေကြားထဲက
မပြိုလဲအောင် ရပ်နေကြတာ ။
#စာတို

40 w - Translate

ညီထွဋ်ခေါင်ရဲ့ ချစ်မဝလေးက တကယ်ကို အလှလေးနော် 😍❤️
မိုးဟေကို နဲ့ ယှဉ်တာတောင် အလှလျော့မနေဘူးနော်

image
40 w - Translate

ကိုယ်အလိုကျတုန်းကလဲ
မေတ္တာမပျက်ခဲ့သလို
ကိုယ်အလိုမကျချိန်မှာလည်း
မေတ္တာမပျက်ခဲ့ပါဘူး။
လူပဲလေး မှန်တာရှိသလို
မှားတာလည်းရှိနေနိုင်တာပဲ။
အမှန်တွေကိုလက်သင့်ခံသလို
အမှားတွေကိုလည်းခွင့်လွှတ်နိုင်ပါတယ်။
လူတိုင်းအမှားမှမကင်းတာ
အရေးကြီးတာက အမှားကိုသင်္ခန်းစာယူဖို့ရယ်
ဒီအမှားမျိုးထပ်မဖြစ်အောင်ရှောင်ကြဥ်ဖို့ရယ်ပဲ။
အမှားကိုအမှားမှန်းသိပြီး
ရှောင်ကြဥ်နေထိုင်မယ်ဆိုရင်
တစ်နေ့ကျရင် အမှားတွေကင်းသွားပါလိမ့်မယ်။
အမှန်ကိုပြုပြင်နိုင်တဲ့သူအတွက်
အမှားကိုခွင့်လွတ်ပေးရတာဟာ
ကိုယ့်ကမ္ဘာနဲ့ကိုယ့်ပတ်ဝန်းကျင်ကို
အလှတွေဆင်လိုက်သလိုပါပဲ။
#စာတို

40 w - Translate

Tree 🌴🌊 tattoo designs 😍

image
40 w - Translate

Tree 🌴🌊 tattoo designs 😍

image
40 w - Translate

Tree 🌴🌊 tattoo designs 😍

image
40 w - Translate

Tree 🌴🌊 tattoo designs 😍

image
40 w - Translate

Tree 🌴🌊 tattoo designs 😍

image
40 w - Translate

Tree 🌴🌊 tattoo designs 😍

image