1 နှစ် - ဘာသာပြန်ပါ။

ဝင်ငွေရလဒ်ကောင်းရရှိနေတဲ့ Brad Pitt ရဲ့ F1 ရုပ်ရှင်

ဇွန် ၂၉၊ ၂၀၂၅။

ဒါရိုက်တာ Joseph Kosinski ရဲ့ ဖော်မြူလာဝမ်းရုပ်ရှင်ဖြစ်တဲ့ "F1" ဟာ ပြေးလမ်းပေါ် စပြေးနေပါပြီ။ Warner Bros ကနေ ဖြန့်ချိပေးပြီး Apple Original ထုတ်လုပ်ရေးရုပ်ရှင်ဟာ ကြာသပတေးည ပြသမှုမှာတင် အံ့ဩဖွယ်ကောင်းလောက်တဲ့ ဝင်ငွေ ကန်ဒေါ်လာ ၁၀ သန်း ရရှိခဲ့ပြီး ယခုရက်သတ္တပတ်အကုန်မှာတင် ကန်ဒေါ်လာ ၆၀ သန်း အထိရရှိဖို့ ဖြစ်နိုင်ခြေရှိကြောင်း ညွှန်းဆိုနေပါတယ်။

ဒီပမာဏဟာ Apple ရဲ့ ရုံတင်ရုပ်ရှင်တွေထဲမှာ ဝင်ငွေရလဒ် အကြီးဆုံး ပမာဏဖြစ်မယ့် အလားအလာရှိပြီး ပရိတ်သတ်တွေဟာ ပြိုင်ကားရုပ်ရှင်တွေကို စိတ်ဝင်စားသေးလားဆိုတဲ့ မေးခွန်းတွေကို ဖြေသွားနိုင်မယ့် အချက်ဖြစ်ပါတယ်။

Apple ရဲ့ အင်အားကြီး ငွေကြေးပံ့ပိုးမှုနဲ့အတူ "Top Gun: Maverick" ဒါရိုက်တာ Joseph Kosinski နဲ့ Brad Pitt တို့ ပူးပေါင်းဖန်တီးထားတဲ့ "F1" ဟာ စျေးကြီးတဲ့ အနှုန်းအထားတစ်ခုဖြစ်ပြီး Apple ဟာ F1 နဲ့ပတ်သက်ပြီး ကန်ဒေါ်လာ ၂၅၀-၃၀၀ သန်းအထိ အကုန်အကျခံထားကြောင်း သိရပါတယ်။

ဥရောပ အခြေစိုက် F1 ပြိုင်ပွဲကို အခြေခံထားတဲ့ F1 ရုပ်ရှင်မှာ Brad Pitt က အနားယူသွားတဲ့ ပြိုင်ကားသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး Damson Idris က နောက်ဆုံးပေါ် အံ့ဖွယ်ပြိုင်ကားသမားအဖြစ် ပါဝင်ထားတာဖြစ်ပြီး ဒီရုပ်ရှင်မှာ ပရိတ်သတ်တွေ တကယ်လိုချင်နေတဲ့ အရာတွေပါဝင်နေပါတယ်။ ဒါကလဲ F1 မှာ တကယ့်ကားတွေ၊ တကယ့်အန္တရာယ်များတဲ့ လှုပ်ရှားမှုတွေပါဝင်ထားပြီး စူပါဟီးရိုးတွေရဲ့ ပျင်းရိမှုတွေ မပါဝင်တဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ "Napoleon"၊ "Killers of the Flower Moon" စတဲ့ ဆုတွေအတွက် ရည်ရွယ်ထားတဲ့ ရုပ်ရှင်တွေကို ငွေကြေးအင်အားနဲ့ ပံ့ပိုးခဲ့တဲ့ Apple အတွက် "F1" ဟာ ပထမဆုံး စီးပွားရေးအောင်မြင်မှု ဖြစ်လာနိုင်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Oppenheimer မှာ လိုအပ်တဲ့အချက်တွေ မပါခဲ့ဘူးဆိုတဲ့ ဝေဖန်မှုတွေရှိနေ

ဇွန် ၂၉၊ ၂၀၂၅။

“Oppenheimer” ရုပ်ရှင်မှာ ဒါရိုက်တာ Christopher Nolan က ဂျပန်လူမျိုးတွေအပေါ် ဒီဗုံးရဲ့အကျိုးသက်ရောက်မှုတွေကို တိုက်ရိုက်မပြခဲ့တဲ့အကြောင်း သိထားပြီးဖြစ်မှာပါ။ ဒီရွေးချယ်မှုက နာမည်ကျော်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Spike Lee အပါအဝင် လူအချို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ Spike Lee ကတော့ Nolan အနေနဲ့ ဂျပန်လူမျိုးတွေအပေါ် ဗုံးရဲ့အကျိုးဆက်တွေကို ပြသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်

အဲဒီလိုဝေဖန်တဲ့အထဲမှာ ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ James Cameron လည်း အပါအဝင်ဖြစ်ပြီး Deadline နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာလည်း James Cameron က Oppenheimer အပေါ် Nolan ရဲ့ချဉ်းကပ်မှုကို ဝေဖန်ခဲ့ပါတယ်။

လက်ရှိမှာ ဟီရိုရှီးမားအကြောင်း ကိုယ်ပိုင်ရုပ်ရှင်တစ်ကားကို ဖန်တီးနေတဲ့ James Cameron က “Oppenheimer” ရဲ့ ဇာတ်လမ်းနဲ့ပတ်သက်ပြီး အဓိကဇာတ်လိုက်ရဲ့အမြင်ထဲကနေပဲ ကန့်သတ်ထားတဲ့ရွေးချယ်မှုဟာ မှားယွင်းတဲ့ခြေလှမ်းဖြစ်ပြီး ဗုံးရဲ့လက်တွေ့ကမ္ဘာပေါ်က အကျိုးဆက်တွေရဲ့ အပြည့်အဝအလေးချိန်ကို ရှောင်ရှားလိုက်တာလို့ ဆိုပါတယ်။

“ဟုတ်ပါတယ်၊ သူရှောင်သွားတဲ့အရာက စိတ်ဝင်စားစရာပါပဲ။ ကျွန်တော်က ရုပ်ရှင်ဖန်တီးမှုကို ကြိုက်နှစ်သက်ပေမယ့် ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ ရှောင်ဖယ်မှုတစ်ခုလို့ ခံစားမိပါတယ်။ ဘာလို့လဲဆိုတော့ Oppenheimer က အကျိုးသက်ရောက်မှုတွေကို မသိဘူးဆိုတာ မဟုတ်ဘူးလေ။ ဇာတ်ကားထဲမှာ သူ့ကို မီးလောင်နေတဲ့အလောင်းတွေကို တွေ့ရတဲ့ အခန်းတိုတစ်ခုပဲရှိပါတယ်။ တခြားရုပ်ရှင်ဖန်တီးသူရဲ့ ဇာတ်ကားကို ဝေဖန်ချင်တာမဟုတ်ပေမယ့် ဒီတစ်ခုကလွဲရင် သူ့ကို ဘယ်လိုစိတ်လှုပ်ရှားစေတယ်ဆိုတာကိုပဲ ဆက်ပြထားတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါဟာ အကြောင်းအရာကို ရှောင်နေတယ်လို့ ခံစားမိပါတယ်။ Studio ဒါမှမဟုတ် Chris က ဒါကို မကိုင်ချင်တဲ့ အထိမခံနိုင်တဲ့ကိစ္စလို့ ထင်မှတ်လို့လားဆိုတာ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီအထိမခံနိုင်တဲ့ကိစ္စကို တိုက်ရိုက်ဖြေရှင်းချင်ပါတယ်” လို့ Cameron က ပြောပါတယ်။

Nolan ဘက်ကတော့ “Oppenheimer” မှာ ဂျပန်လူမျိုးတွေအပေါ် ဗုံးရဲ့အကြမ်းဖက်မှုတွေကို တိုက်ရိုက်မပြခဲ့တဲ့ သူ့ရဲ့ဖန်တီးမှုဆိုင်ရာ ရွေးချယ်မှုကို အမြဲတမ်းရပ်တည်ခဲ့ပါတယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ ဇာတ်လမ်းကို Oppenheimer ရဲ့ ကိုယ်ပိုင်အမြင်နဲ့ပဲ ပြောပြထားတာဖြစ်ပြီး အဲဒါကို လွှဲဖယ်ရင် ဇာတ်ကားရဲ့ စိတ်ခံစားမှုနဲ့ ဇာတ်လမ်းတည်ဆောက်မှု တည်ငြိမ်မှုကို ပျက်စီးစေမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဇာတ်ကားရဲ့ နောက်ပိုင်းမှာ တစ်ခြားဘယ်လိုရုပ်ပုံမဆို ပိုပြောနိုင်တဲ့ ထိတ်လန့်စရာအခန်းတစ်ခုရှိပါတယ်။ Cillian Murphy သရုပ်ဆောင်ထားတဲ့ Oppenheimer က ဆလိုက်ပရိုဂျက်တာရှေ့မှာ ထိုင်နေပြီး ဗုံးဖြစ်ပြီးနောက်ပိုင်း ဖျက်ဆီးခံရတဲ့ပုံရိပ်တွေကို ကြည့်ဖို့တောင် မခံနိုင်အောင် ဖြစ်နေပါတယ်။ သူ့ရဲ့တုံ့ပြန်မှုက တိတ်ဆိတ်ပြီး တုန်လှုပ်ချောက်ချားနေတဲ့အတွက် စိတ်ထိခိုက်စရာကောင်းပါတယ်။

Nolan က “Oppenheimer” မှာ အပြင်ပန်းအဆင်တွေကို စိတ်မဝင်စားခဲ့ပါဘူး။ ဒါဟာ စိတ်ထဲက ပူဆွေးမှု၊ အပြစ်ရှိမှုနဲ့ ဗုံးဖန်တီးမှုနဲ့အတူလိုက်ပါလာတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပျက်စီးမှုတွေအကြောင်း ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒါကို ဂုဏ်ပြုတဲ့အခန်းတစ်ခုတောင် မရှိပါဘူး။

လက်ရှိမှာတော့ James Cameron ဟာ “Ghosts of Hiroshima” ဆိုတဲ့ Hiroshima တိုက်ခိုက်မှုရဲ့ အသက်ရှင်ကျန်ရစ်သူ Tsutomo Yamaguchi ရဲ့ အတွေ့အကြုံအပေါ်မူတည်ထားတဲ့ ဗုံးရဲ့အကျိုးဆက်တွေကို ပြသမယ့်ရုပ်ရှင်ကိုဖန်တီးနေပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

The Corpse Washer (2024)

လီလာတိုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်၊လီလာကတော့ ဒီအလုပ်ကိုရွံရှာမုန်းတီးနေပြီး
သူ့အမေကလွဲပြီးအဲ့ဒီအလုပ်ကိုလုပ်မဲ့လူကမရှိပဲ သူ့အမေမရှိတော့ရင် ဒီအလုပ်ကို သူပဲဆက်ပြီးလုပ်ကိုင်သွားရတော့မှာကိုတွေးပြီးစိတ်ပူပန်နေခဲ့တာပေါ့။

စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲ သေ‌ဆုံးသွားတ မြိုထဲကလူရဲ့ပစ္စည်းတစ်ခုကို မီးမရှိဘဲသိမ်းထားခဲ့မိတယ်၊ ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီးအလောင်းပြင်ဖိုတာဝန်က သူမလက်ထဲရောက်လာချိန်မှာ

ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါအုန်း။

😍ကြည့်ရန်နှိပ်ပါ👇

t.me/zatcarmovie1/133

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
1 နှစ် - ဘာသာပြန်ပါ။

Waktu Maghrib (2023)

ဆယ်မန် အဒီ နဲ့ အာရူတိုတဲ့သူငယ်ချင်းသုံးယောက်နေတဲ့ရွာလေးမှာပေါ့။ အာရူက စာတော်တဲ့ကျောင်းသူဖြစ်ပေမယ့် ဆယ်မန်နဲ့အဒီကတော့ ကျောင်းနောက်ကျလိုဆရာမဆူတာအမြဲခံရတယ်တစ်နေ့ညဘက်ကြီးဆယ်မန်နဲ့အဒီစကားပြောရင်း ဆရာမသေသွားရင်ကောင်းမယ်လို ပြောလိုက်တဲ့စကားကဆုတောင်းသလိုဖြစ်သွားပြီး

မကောင်းဆိုးဝါးဝိဥာဥ်ကရွာထဲဝင်မွှေပါတော့တယ်။လူတွေကိုလိုက်ပူးကလေးတွေကိုလိုက်သတ်နေတဲ့ဝိဥာဉ်ကိုသူတိုဘယ်လိုပြန်ခုခံမလဲဒီကားထဲမှာကြည့်ရမှာပါ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/MM_SUB2/562

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
1 နှစ် - ဘာသာပြန်ပါ။

Netflix ကနေ Troll 2 ထပ်ထွက်ပါမယ်။ လာမယ့် December 1 ရက်နေ့မှာပြသမှာဖြစ်ပြီး အရင်ကားရဲ့ အဆက်ဖြစ်ပါမယ်။
ဒါ့အပြင် Trailer ထဲမှာကြည့်ရသလောက်ဆိုရင် နောက်ထပ် Troll တစ်ကောင်ပါ ပါလာဦးမှာဆိုတော့ စုစုပေါင်း နှစ်ကောင်တွေ့ကြဦးမှာပါ။

image
1 နှစ် - ဘာသာပြန်ပါ။

Squid Game Season 3 စဆုံးရပါပီ

➪➪➪➪➪➪➪➪➪➪➪➪➪➪

😍ကြည့်ရန်နှိပ်ပါ👇

t.me/zatcarmmsub/38

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Squid Game Season 3 ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ Netflix ကနေ ကမ္ဘာတစ်ဝှမ်းလုံးကို ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ဒါဟာ ဒီစီးရီးရဲ့ နောက်ဆုံး Season ဖြစ်တယ်လိုလည်း သိရပါတယ်။
Season 3 မှာ Gi-hun (Player 456) ဟာ Game ကို အပြီးတိုင် ရပ်တန့်ဖို ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။ Front Man ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေ၊ သူ ဘယ်လို Front Man ဖြစ်လာခဲ့လဲဆိုတာတွေကိုလည်း ဖော်ထုတ်ပြသမယ်လို ခန့်မှန်းရပါတယ်။
ဒီ Season က အရင် Season တွေထက် အပိုင်းအရေအတွက် နည်းပြီး ၆ ပိုင်းသာ ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီး ပြင်းထန်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့
ပရိသတ်တွေကတော့ Gi-hun ဟာ Game ကို တကယ်ရပ်တန့်နိုင်မလား၊ ဒါမှမဟုတ် သူကိုယ်တိုင် စနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားမလားဆိုတာကို စောင့်ကြည့်နေကြပါတယ်။ ဒါဟာ နောက်ဆုံး Season ဖြစ်တဲ့အတွက်၊ ဒီစီးရီးရဲ့ ပဟေဠိတွေကို အဆုံးသတ်ဖြေရှင်းပေးသွားလိမ့်မယ်လို မျှော်လင့်ရပါတယ်။
Squid Game Season 3 ဟာ ဒီစီးရီးကို အောင်မြင်မှုအဆုံးသတ်နဲ့ ပြီးဆုံးစေဖို ကြိုးပမ်းတဲ့ Season ဖြစ်လာပါလိမ့်မယ်။ အရင် Season တွေရဲ့ အနှစ်သာရကို ထိန်းသိမ်းရင်း၊ ပိုမိုရှုပ်ထွေးတဲ့ ဇာတ်လမ်းနဲ့ စိတ်လှုပ်ရှားစရာ Game အသစ်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ်လို ယူဆရပါတယ်။ Gi-hun ရဲ့ ခရီးလမ်းဆုံးက ဘယ်လိုဖြစ်မလဲဆိုတာကတော့ ပရိသတ်တွေအတွက် အဓိက စိတ်ဝင်စားစရာ အချက် ဖြစ်နေမှာပါ။

image
1 နှစ် - ဘာသာပြန်ပါ။

မနက်ဖြန် Digital နဲ့ VOD အကြည်ထွက်လာမှာဖြစ်တဲ့ Ballerina Movie

image
1 နှစ် - ဘာသာပြန်ပါ။

Jurassic World Rebirth က Rotten Tomatoes အမှတ်မှာတော့ အခြေနေတော်တော်လေးဆိုးနေပါတယ်။
Rating စနစ်မှာလည်း ရလဒ်ဆိုးတွေထွက်နေပြီး သွားကြည့်သူတွေအနေနဲ့ ရိုးအီနေတဲ့ ရုပ်ရှင်မျိုးသာဖြစ်နေတယ်လို့ မှတ်ချက်တွေရထားပါတယ်။
ဒီရုပ်ရှင်ကို ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားပြီး မူရင်း “Jurassic Park” ဇာတ်ညွှန်းရေးသူ David Koepp က ရေးထားတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဇာတ်ကောင်အသစ်တွေနဲ့ ဆေးကုမ္ပဏီတစ်ခုအတွက် Ile Saint-Hubert ဆိုတဲ့ ကျွန်းကို စွန့်စားသွားရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
အဲဒီကျွန်းက တစ်ချိန်က InGen ကုမ္ပဏီက သုတေသနလုပ်ငန်းတွေလုပ်ခဲ့တဲ့ နေရာဖြစ်ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာကြာလာတဲ့အခါ မျိုးဗီဇပြောင်းထားတဲ့ ဒိုင်နိုဆောတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ ဒီရုပ်ရှင်မှာ Scarlett Johansson၊ Mahershala Ali၊ Jonathan Bailey၊ Rupert Friend၊ Manuel Garcia-Rulfo၊ Luna Blaise၊ Ed Skrein တို့လို နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။
လက်ရှိမှာတော့ နိုင်ငံတကာမှာ ရုံတင်နေပြီဖြစ်ပြီး မကြာခင် ရုံဝင်ငွေပိုင်းတွေလည်းထွက်လာတော့မှာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ကပ်ဆိုးဖြစ်စေမယ့် မှော်ကြာပန်းကို ရှာနေတဲ့ တူရဲ့အစီအစဉ်ကိုတားရမယ့် ဦးလေး 😳😳

New Gods Yang Jian 2022

➪➪➪➪➪➪➪➪➪➪➪➪➪➪

“ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တိုရဲ့ တိုက်ပွဲအပြီး
နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ
စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့
ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ
းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့
အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်
တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့
ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို ဖောက်သည်တစ်ယောက်ထံကနေပြီး
ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ
အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း
မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့
လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး
မိခင်ဖြစ်သူကိုကယ်တင်ဖို စိတ်ပိုင်းဖြတ်ထားသူလေးပါ
ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်
အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့
ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -”

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/179

image
1 နှစ် - ဘာသာပြန်ပါ။

ကေပ်ပေါ့အိုင်ဒေါ ကာတွန်းကားအသစ် 😍😍

➪➪➪➪➪➪➪➪➪➪➪➪➪➪

နာမည်ကြီး Kpop Girl Group “Huntrix” ရဲ့ အဖွဲဝင် ၃ ယောက်ဖြစ်တဲ့ Rumi, Mira နဲ့
Zoey တိုဟာ သဘာဝလွန်ဖြစ်တည်မှုတွေဆီကနေ သူတိုရဲ့ ပရိသတ်တွေကို ကာကွယ်ဖိုအတွက်
မကောင်းဆိုးဝါးမုဆိုးတွေအဖြစ် လျှိဝှက်စွာ ဘဝနှစ်မျိုးကို နေထိုင်နေကြသူတွေပါ..တစ်ဖက်မှာလည်း Huntrix အဖွဲရဲ့ ပြိုင်ဘက် Group .. The Saja Boys ရဲ့ အဖွဲဝင်တွေက
မကောင်းဆိုးဝါးတွေဖြစ်နေတဲ့အခါ ..Rumi, Mira နဲ့ Zoey တို ၃ ယောက် မကောင်းဆိုးဝါးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ ..အဲဒါအပြင် ဘယ်လိုလှည့်ကွက်တွေပါနေဦးမလဲဆိုတာကို သီချင်းတွေနဲ့ ရှယ်ကြမ်းထားတဲ့
ကားလေးမိုလို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ...

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/177

image