23 w - Translate

#ပြည်တွင်းသတင်း
◼ အောင်မြေသာစံမြို့နယ်၌ ငလျင်ဒဏ်သင့်အဆောက်အဦအားဖြိုချရာမှ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၌ ယနေ့(မေလ ၃၁ ရက်)ညနေပိုင်းတွင် ငလျင်ဒဏ်သင့်အဆောက်အဦအား ဖြိုချ‌နေစဉ် လူထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ (မေ ၃၁ ရက်)ညနေ ၅နာရီ ၅၈မိနစ်တွင်အောင်မြေသာစံမြို့နယ်၊ လမ်း(၆၀)၊ (၂၅x၂၆) လမ်းကြား၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ထားသည့် RC လေးထပ်အဆောက်အဦအား လူအားဖြင့်ဖြိုချ‌စဉ် အဆောက်အဦပြိုကျခဲ့ပြီး အလုပ်သမားများပိမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့အနက် အဆောက်အဦပိမိ၍ အမျိုးသားတစ်ဦး သေဆုံးကာ ကျန်အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း၊အဆိုပါ ထိခိုက်သေဆုံးသူများအား ညနေ ၆ နာရီ ၂၀ မိနစ်တွင် ထုတ်ယူနိုင်ခဲ့ပြီး အဖြူရောင်နှင်းဆီလူမှုကူညီရေးအသင်းမှ မန္တလေး၊အ‌‌ထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (မေ ၂၈ ရက်)နံနက် ၁၀ နာရီတွင်လည်း မဟာအောင်မြေမြို့နယ်၊၈၄လမ်း၊ ၃၉လမ်း x ၄၀ လမ်း ကြားရှိ ငလျင်ဒဏ်ကြောင့်ပြိုကျထားသည့် လေးထပ်အဆောက်အဦ ထပ်မံပြိုကျခဲ့ခြင်းကြောင့်အမျိုးသားတစ်ဦး၏ ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သီရိမာလာ (အရှေ့)အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD

image

◼ လေရှီး-ထမံသီလမ်းပိုင်းမြေပြိုနေ၍ယာယီပိတ်
ယခုရက်ပိုင်းအတွင်းမိုးသည်ထန်းစွာရွားသွန်ခြင်းကြောင့် စစ်ကိုင်းတိုင်းရှိ လေရှီး-ထမံသီလမ်းပိုင်း တချို့၌ မြေပြိုမှုများဖြစ်ပွားနေသောကြောင့် မော်တော်ယာဉ်ဖြတ်သန်းမောင်းနှင်ခြင်းများ ယာယီပိတ်ထားကြောင်း ဒေသခံယာဉ်မောင်းများထံမှသိရသည်။
ပြီးခဲ့သည့်မေလ ၂‌၀ ရက်မှစတင်ပြီး လေရှီး-ထမံသီလမ်းတွင် သစ်ပင်ကြီးများလဲကျခြင်း၊ မြေပြိုခြင်း များဖြစ်ပေါ်နေကြောင်းသိရသည်။
"မိုးကအဆက်မပြတ်ရွာနေတာ။ မေ ၃၀ ရက်ညနေပိုင်းမှာတော့ လေရှီးမြို့အမှုထမ်းရပ်ကွက်မြေပြို တယ်။ မိုးအဆက်မပြတ်ရွာတာကြောင့် ကားလမ်းတွေပျက်စီးပြီး၊ အချို့လမ်းပိုင်းတွေမှာ ကားသွား လာရေးတွေခက်ခဲနေတယ်။ ဒါကြောင့်ကားသွားလာမှုတွေကိုယာယီပိတ်လိုက်တာပါ" ဟု ဒေသခံ ယာဉ်မောင်းသူတစ်ဦးကပြောသည်။
လေရှီးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃,၈၀၀ မှပေ ၄,၂၀၀ ခန့်အထိ မြင့်သည့် တောင်ကုန်းမြေမျက်နှာသွင်ပြင်အနေအထားရှိပြီး လတ်တလောမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှုများဖြစ်ပေါ်နေကြောင်းသိရသည်။
သတင်း - ပိုင်လေး

image

#နိုင်ငံတကာသတင်း
◼ နယ်သာလန်စက်မှုလုပ်ငန်းများအပေါ် တရုတ်သူလျှိုလုပ်မှု ပြင်းထန်လာကြောင်း ကာကွယ်ရေးဝန်ကြီးပြော
နယ်သာလန်အပေါ် လျှို့ဝှက်ထောက်လှမ်းရန် တရုတ်၏ ကြိုးပမ်းမှုများ ပိုမိုပြင်းထန်လာကြောင်း နှင့် အဓိကအားဖြင့်တစ်ပိုင်းလျှပ်ကူးလုပ်ငန်းကို ပစ်မှတ်ထားနေကြောင်း နယ်သာလန်ကာကွယ်‌ရေးဝန်ကြီး ရူဘင်ဘရီကယ်မန်းစ် က ယမန်နေ့တွင် ပြောကြားသည်။
“ကျွန်တော်တို့က နည်းပညာအရရှေ့ရောက်နေတဲ့ဲ့ဒါမှမဟုတ်လည်း အဆင့်မြင့်နေတဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကဉာဏပစ္စည်းကိုရရှိဖို့ဆိုတာတရုတ်တို့အတွက်စိတ်ဝင်စားစရာကောင်းတာပေါ့။” ဟု စင်ကာပူတွင် ကျင်းပနေသော ရှန်ဂရီလာ ဖိုရမ် လုံခြုံရေးအစည်းအဝေးပြင်ပ တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် နယ်သာလန် ကာကွယ်ရေးဝန်ကြီးက ပြောသည်။
တရုတ်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များအား အင်အားတောင့်တင်းရန်လာစေရေး ကြိုးပမ်းရာတွင် တရုတ် သူလျှိုများကနယ်သာလန်တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်း၊အာကာသနှင့်ရေကြောင်းဆိုင်ရာစက်မှုလုပ်ငန်းများအားပစ် မှတ်ထားနေကြကြောင်း ပြီးခဲ့သည့် ဧပြီလက ထုတ်ပြန်ခဲ့သော နှစ်စဉ် အစီရင်ခံစာတွင် နယ်သာလန်စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ က ပြောကြားသည်။
သူလျှိုလုပ်ခြင်းရပ်တန့်သွားပြီလားဟု မေးမြန်းခံရချိန်တွင် “ ဒါ ဆက်ပြီးဖြစ်နေပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးထောက်လှမ်းရေးအစီရင်ခံစာမှာ အကြီးမားဆုံး ဆိုက်ဘာခြိမ်းခြောက်မှုက တရုတ်ဆီက လာတယ်လို့ ထောက်လှမ်းရေး အဖွဲ့ က ပြောထားပြီး တကယ်တမ်းလည်း ကျွန်တော်တို့နဲ့ပတ်သက်တဲ့ ဆိုက်ဘာ လှုပ်ရှားမှုတွေက တရုတ်ဆီက လာတာကို မြင်တွေ့နေရပါတယ်။ပြီးခဲ့တဲ့ နှစ်ကလည်း ဒီအတိုင်းပဲ၊ အခုလည်း ဒီတိုင်းပဲ၊ ဆိုတော့ ပိုပြီးပြင်းထန်လာတာကိုပဲ တွေ့ရပါတယ်” ဟု နယ်သာလန်ကာကွယ်‌‌ရေးဝန်ကြီး ဘရီကယ်မန်းစ် က ပြောသည်။
ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ခြင်းမတုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ဆိုက်ဘာသူလျှိုလုပ်သည်ဆိုသော စွပ်စွဲချက်များကို တရုတ်က ပုံမှန်ငြင်းဆိုလေ့ရှိကာ ၎င်းတို့အနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုပုံစံမျိုးစုံကို ဆန့်ကျင်ကြောင်း ပြောကြားလေ့ရှိသည်။
တရုတ်အစိုးရထောက်ခံသော ဆိုက်ဘာသူလျှိုများက ၂၀၂၃ ခုနှစ်တွင် နယ်သာလန် စစ်ရေးကွန်ပျူတာကွန်ရက်ထဲသို့ ဝင်ရောက်ခဲ့ကြကြောင်း ပြောကြားပြီး တရုတ်ကို ဆိုက်ဘာသူလျှိုလုပ်မှုဖြင့် နယ်သာလန် ထောက်လှမ်း‌‌ရေး အေဂျင်စီများက လူသိရှင်ကြား ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ကြသည်။
တရုတ်က ၎င်းတို့၏ စီးပွားရေးအနေအထားကို ပထဝီဝင်နိုင်ငံရေးအတွက် အသုံးချခြင်းသာမကာ မိမိတို့အား ဖိအားပေးရေးအတွက်ပါ အသုံးချနေသဖြင့် နယ်သာလန်အတွက် လုံခြုံရေးကိစ္စက ပို၍အရေးပါလာကြောင်းလည်း ဘရီကယ်မန်းစ် က ဆက်လက်ပြောသည်။
ယင်းအတွက် နယ်သာလန်သာမက ဥရောပသမဂ္ဂတစ်ခုလုံးအနေနဲ့ပါ အရေးကြီးသော ကုန်ကြမ်းပစ္စည်းများအတွက် တရုတ်အပေါ်မှီခိုနေကြရမှုများကို လျှော့ချသွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

#နိုင်ငံတကာသတင်း
◼ အမေရိကန်က အီရန်ထံ နျူကလီးယားသဘောတူညီချက်အဆိုပြုချက်ပေးပို့
တီဟီရန်နှင့်ဝါရှင်တန်ကြား နျူကလီးယားသဘောတူညီချက်ရယူရေးအတွက် အဆိုပြုချက် တစ်ရပ်ကို အမေရိကန်က အီရန်ထံပေးပို့လိုက်ကြောင်း အိမ်ဖြူတော်ကယမန်နေ့တွင် အတည်ပြုပြောကြားသည်။
အိုမန်နိုင်ငံခြားရေး ဝန်ကြီး ဘာဒါအယ်လ်ဆေဒီ က အီရန်မြို့တော်သို့ ခေတ္တလာရောက်၍ အမေရိကန်သဘောတူညီချက် အစိတ်အပိုင်းများအား မိမိထံ ပေးအပ်ခဲ့ကြောင်း အီရန် နိုင်ငံခြား‌‌ရေးဝန်ကြီး အာဘက်စ်အရက်ချီကလည်း ပြောကြားသည်။
အီရန် က အဆင့်မြှင့်သန့်စင်ထားသော ယူရေနီယမ်များကို တိုးမြှင့်ထုတ်လုပ်နေကြောင်း ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာထွက်လာပြီးနောက် အထက်ပါ ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယူရေနီယံသည် နျူကလီးယားလက်နက်များ ထုတ်လုပ်ရာတွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။
သဘောတူညီချက်အား လက်ခံလိုက်ခြင်းက အီရန်အတွက် အကောင်းဆုံးအကျိုးစီးပွား ဖြစ်နိုင်ကြောင်း အိမ်ဖြူတော်ပြန်ကြား‌ရေးမှူး ကာရိုလင်းလီဗစ် က ပြောကြားပြီး အီရန်က နျူကလီးယားဗုံးတစ်လုံး ဘယ်တော့မှ မပိုင်ဆိုင်စေရ ဟူ၍ သမ္မတ ထရန့်က ရှင်းလင်းစွာ ပြောထားပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အသေးစိတ်‌ရေးဆွဲထားသော လက်သင့်ခံနိုင်ဖွယ်ရာ အဆိုပြုချက်အား သမ္မတ ဒေါ်နယ်ထရန့်၏ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ် က အီရန်တို့ထံ ပေးပို့လိုက်သည်ဟု မစ္စက်လီဗစ် က ဆိုသည်။
အီရန်ပြည်သူလူထု၏ အခွင့်အရေးများ ၊ အမျိုးသားအကျိုးစီးပွား၊ အခြေခံမူများနှင့်အညီ အမေရိကန်အဆိုပြုချက်ကို သင်တင့်လျောက်ပတ်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အရက်ချီက x ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
အဆိုပြုချက်နှင့်ပတ်သက်သော အ‌သေးစိတ် အချက်အလက်များ ရှင်းလင်းစွာ ထွက်ပေါ်မလာသေးကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
လက်နက်ထုတ်လုပ်နိုင်သော သန့်စင်မှုအဆင့်ဖြစ်သည့် ၉၀ ရာခိုင်နှုန်း နီးကပ်လာပြီဖြစ်သော ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသည့်ယူရေနီယံ ၄၀၀ ကီလိုဂရမ်ကို အီရန်က ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်၏ အဆိုပြုချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ယင်းကို ထပ်မံ သန့်စင်လိုက်ပါက နျူကလီးယားလက်နက် ဆယ်ခုစာ အတွက် လုံလောက်ကြောင်း နှင့် အီရန်သည်လည်း ယူရေနီယံကို ယင်းအဆင့်အထိ သန့်စင်သည့် နျူလက်နက်မပိုင်သေးသည့် တစ်ခုတည်းသော နိုင်ငံဖြစ်လာခဲ့ကြောင်း ဘီဘီစီ သတင်းက ဆက်လက်ဖော်ပြသည်။
အီရန်၏ နျူကလီးယားစွမ်းဆောင်ရည်အား ကန့်သတ်ထားရန် အမေရိကန်က ကြာမြင့်စွာကပင် ကြိုစားနေခဲ့ပြီး ယင်း နှစ်နိုင်ငံကြား ဧပြီလကစတင်ခဲ့သော ဆွေးနွေးမှုများအား အိုမန် နိုင်ငံက ကြားဝင်ကူညီပေးနေသည်။
သံတမန်ရေးအရ သဘောတူညီချက် မရနိုင်ပါက အီရန်၏ နျူကလီးယားလုပ်ငန်းနေရာများကို ဗုံးကြဲသွားမည်ဟု ထရန့်က ယခင် က ခြိမ်းခြောက်ထားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image

#နိုင်ငံတကာသတင်း
◼ ယူကရိန်းဒရုန်းစစ်ဆင်ရေးဖြင့်ရုရှား၏မဟာဗျုဟာမြောက်လေယာဉ်အစင်း ၄၀ ကျော်ကိုချေမှုန်းခဲ့ဟုဆို
ယူကရိန်းစစ်ထောက်လှမ်းအဖွဲ့ (SBU) ၏ အဓိကလျှို့ဝှက်စစ်ဆင်ရေးအဖြစ် ရုရှားပိုင်နက်အတွင်း ယမန်နေ့ည လုံးပေါက် ဒရုန်း တိုက်ခိုက်မှုတွင်ရုရှားစစ်လေယာဉ် အစင်း ၄၀ ကျော် ထိမှန်ပျက်စီးခဲ့ကြောင်းယူကရိန်းသတင်းဌာနများ၏ဖော်ပြချက်အရသိရသည်။
“Web” ဟုအမည်ပေးထားသည့် အထူးစစ်ဆင်ရေးသည် ရုရှားအဓိကလေတပ်အခြေစိုက်စခန်းများဖြစ်သည့် ဘယ်လာယာ၊ ဒီယာဂီလီဗို၊ အိုလန်ယာနှင့်အီဗန်နိုဗိုတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း SBU သတင်းရင်းမြစ်များက Kyiv Post သတင်းဌာနအား ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် ယူကရိန်းမြို့များအား နေ့ စဉ် ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် ရုရှား၏ တာဝေးပျံ Tu-95 နှင့် Tu-22M3 ဗုံးကြဲလေယာဉ်များအပြင်ဝေဟင်စစ်ဆင်ရေးကွပ်ကဲမှုလေယာဉ် A-50 ကဲ့သို့ မဟာဗျူဟာမြောက် လေယာဉ် ဒါဇင်ပေါင်းများစွာကို ပျက်စီးစေခဲ့ကြောင်းသိရသည်။
“ဒါက အလှည့်အပြောင်းတစ်ခုပါ၊ ကျွန်တော်တို့ရဲ့ဒရုန်းတွေကလက်ရှိမှာ ရန်သူ ရဲ့နောက် ကျောပိုင်းကျကျကိုရောက်ရှိနေပြီဖြစ်ပြီး၊ ကျွန်တော်တို့အရပ်သားတွေကို ဗုံးကြဲ နေတဲ့ လေယာဉ်တွေ လစ်သွားပါပြီ။ သူတို့ရဲ့လုပ်ပိုင်ခွင့်အဆုံး သတ်သွားပြီ။" ဟု SBU သတင်းရင်းမြစ်တစ်ဦးကပြောသည်။
Kyiv Post မှရရှိသော ဗီဒီယိုဖိုင်တွင်ရုရှားလေယာဉ်ကွင်းများစွာ၌ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပွားနေပုံရသည်။
သတင်းရင်းမြစ်တစ်ဦးကပေးပို့သောဗီဒီယိုဖိုင်တစ်ခုတွင် ဘယ်လာယာလေတပ်စခန်းမှ ကြီးမား သောမီးလောင်ကျွမ်းမှုအားမြင်တွေ့ရပြီးတိုက်ခိုက်မှုအောင်မြင်ခြင်းကိုရည်ညွှန်းသည့်ယူကရိန်းအွန်လိုင်းဗန်းစကား “ဘာဗိုးနား”(bavovna )ဟု SBU အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဗာဆီးလ်မာလီယက် အော်လိုက်သည်ဆိုသော အသံတစ်သံကို ကြားရသည်။
Kyiv Post ၏ SBU သတင်းရင်းမြစ်များက ပေးပို့သည့် နောက်ထပ်ဗီဒီယိုဖိုင်တွင်ဒရုန်းများကပြေးလမ်းပေါ်တွင် ရပ်ထားသည့် လေယာဉ်ကို တိုက်ခိုက်သည့်အခိုက်အတန့်ကိုမြင်တွေ့ရသည်။
သို့ရာတွင် အဆိုပါဗီဒီယိုဖိုင်မှာစစ်မှန်ခြင်းရှိ၊မရှိ သီးခြားအ တည်ပြုနိုင်ခြင်း မရှိသေးကြောင်း Kyiv Post ကဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရုရှား၏ ဗျူဟာမြောက် လေ ကြောင်းကဏ္ဍအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း ကနဦးခန့်မှန်းချက်များအရ သိရသည်။
ထိုစစ်ဆင်ရေးကို တစ်နှစ်ခွဲကျော်ကြာ ကြိုတင်ပြင်ဆင်ထားပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်းသတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါစစ်ဆင်ရေးအား SBU အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဗာဆီးလ်မာလီယက်နှင့် ၎င်း၏တပ်ဖွဲ့မှ အဓိကဖော်ဆောင်ခြင်းဖြစ်သည်။
ယင်းသည်ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့၏ လက်ရှိအချိန်အထိရည်မှန်းချက်အအောင်မြင်ဆုံးဒရုန်း လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ပြီး ယူကရိန်း၏ တာဝေးပစ်တိုက်ခိုက်မှုစွမ်းရည် သိသိသာသာ မြင့်တက်လာခြင်းလည်းဖြစ်သည်။
သတင်းရင်းမြစ်များ၏အဆိုအရ စစ်ဆင်ရေးအတွင်း ရှုပ် ထွေးနက်နဲသော ထောက်ပံ့ပို့ဆောင်ရေးများပါဝင်ပြီး FPV အသေခံဒရုန်းများကို ယူကရိန်းက ရုရှားပိုင်နက်ထဲသို့အရင်ဆုံးလျို့ဝှက်သွင်းခဲ့ကြောင်းဆိုသည်။
သတင်း- လင်းခေတ်
ကိုးကား- Kyiv Post