ဖန်ဆင်းသူ | ဇော်ဝင်းထွဋ်

Cry - Cigarettes after sex

1 life, 1 love , 1 person and it’s always you cuz u’re my ကမ္ဘာငယ်လေး <br>ကမ္ဘာငယ်လေး / အိမ့်ချစ်

Question: What am I to you? <br>My honest answer: <br>အလင်းဆီ / Square Lake Pirates

ပြောပါရစေ ။

ဒီဇာတ်ကားကို အစက ကိုရီးယားကားဆိုတော့ စကားတွေများပြီး ပေါတောတောကားပဲ ထင်မိတာပါ။
နောက်မှ Baseball သံဒုတ်ကြီးနဲ့ အခန်းထဲက လူ အကုန်လုံးကို သမနေတာကြီးတွေကြည့်ပြီး အားရလို့ ဇာတ်လမ်းကို အစကနေ အဆုံး တထိုင်ထဲ ကြည့်မိသွားပါတယ်။
MobLand ကြည့်ပြီး ကြည့်စရာ Gangster ဇာတ်ကားတွေမရှိတာနဲ့ Mercy for None က ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။
ဇာတ်လမ်းက နမ်ဂီဂျွန်လို့ခေါ်တဲ့ ဂိုဏ်းသားဟောင်းတစ်ယောက်က အနားယူနေရင်းကနေ သူ့ညီ နမ်ဂီဆော့ခ် ရုတ်တရက် အသက်ခံလိုက်ရလို့ တရားခံကို ရှာပြီး လက်စားပြန်ချေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ဂိုဏ်းကတော့ ဂျူအန်နဲ့ ဘုန်ဆန်းဆိုတဲ့ ဂိုဏ်းနှစ်ခုက အတူတူပူးပေါင်းနေတဲ့ ကာလမှာ ဂျူအန်ဂိုဏ်က ဘိုးတော်က သူ့သားကို မယုံကြည်လို့ ဂိုဏ်ကို နမ်ဂီဆော့ခ် ဆိုတဲ့ လူကို ပေးမလို့ လုပ်နေပါတယ်။
အဲ့ဒီမှာ နမ်ဂီဆော့ခ် ကို မကျေနပ်တဲ့ ဘုန်ဆန်းဂိုဏ်းဘက်က ဂျွန်မိုဆိုတဲ့ ဂျော့ဖရေးလက်သစ်လေးက လူငှားပြီး သက်ခိုင်းလိုက်ပါတယ်။ ဒါပေမယ့် နမ်ဂီဆော့ခ် က မသေပဲ တခြားသူတစ်ယောက်က သူ့ကို ဝင်ပြီး လုပ်ကြံသွားခဲ့ပါတယ်။ ဒီမှာ ဇာတ်လမ်းက Plot တစ်ခုအနေနဲ့ စိတ်ဝင်စားဖို့ကောင်းလာပြီး ဆက်ကြည့်ချင်အောင်လုပ်သွားခဲ့ပါတယ်။
Mercy for None ထဲမှာ နမ်ဂီဂျွန်လို့ခေါ်တဲ့ So Ji-seob ကို လက်စားချေဖို့ စိတ်ခံစားမှုတွေ ပြည့်နှက်နေတဲ့ ဇာတ်ကောင်ကို ရှယ်ကြီး သရုပ်ဆောင်ပြသထားတာပါ။ ဝမ်းနည်းနေတဲ့ လူတစ်ယောက်က ဂိုဏ်းသားတွေကို အခန်းထဲမှာ ပယ်ပယ်နယ်နယ်ထိုးနေတာကို ကြည့်ရတာ ရှယ်ပါပဲ။
ဇာတ်လမ်းက ပုံမှန်မြင်နေကြ John Wick လိုဆိုပေမယ့် Over Action ဖြစ်တာတွေတော့နည်းနည်းပါပါတယ်။ ဒါပေမယ့် အဲ့လို Over Action တွေကို ဘဲကြီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့ ထိန်းပြီး ကယ်သွားတာက တော်တော်မိုက်ပါတယ်။
ဒီမှာ တစ်ခုပြောချင်တာက စစကြည့်ချင်းဆို ဘယ်ဇာတ်ကောင်က ဘယ်သူလည်း ဘယ်ဂိုဏ်းကလည်း စသဖြင့် ရှုပ်နေတယ်ခံစားရပေမယ့် နောက်ပိုင်းတဖြည်းဖြည်းချင်း လူတွေနည်းလာတဲ့ အခါ ဘယ်သူက ဘယ်ဂိုဏ်းကလည်းဆိုတာကို သိလာမှာပါ။
အပိုင်း ၇ ပိုင်းပါတဲ့ ဒီ Series က အခု Netflix ရဲ့ လူကြည့်အများဆုံး Series စာရင်းမှာ တက်နေပြီး၊ UK ရဲ့ Netflix ထိပ်တန်း Series ၁၀ ခု ရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
Rating အနေနဲ့ကတော့ 7.6/10 ရထားပြီး Action ပိုင်းအသားပေးထားတဲ့ Gangster ဇာတ်ကားဖြစ်လို့ မကြည့်ရသေးရင် ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

image

‘ZOOTOPIA 2’ မှာတွေ့ရမယ့် မြို့တော်ဝန် Winddancer
ဒီကောင်က သရုပ်ဆောင်ကနေ နိုင်ငံရေးသမားဖြစ်လာတဲ့သူအဖြစ်ပါဝင်လာမှာပါ။

image
34 w - Translate

သဲအင်းဂူရက် ၂၀ တရားစခန်းဝင်ဖို့ ခင်ပွန်းနဲ့ သမီးလေးတွေကို.ခွဲ.ခွာ.ပြီး တခြားမြို့ကိုသွားနေပြီဖြစ်တဲ့ သရုပ်ဆောင်ဇူဇူးမောင်
သရုပ်ဆောင်ဇူဇူးမောင်ဟာတရားထိုင်တရားရှုမှတ်တာကို အိမ်မှာလည်း အချိန်ရရင်ရသလို ရှုမှတ်လေ့ရှိသူဖြစ်ပြီး သမီးလေးတွေကိုလည်း သူမနဲ့အတူ တရားစခန်းမှာ လိုက်ပါ ပြုလုပ်ဖို့ လမ်းညွှန်ပေးနေသူလည်း ဖြစ်ပါတယ်. သူမဟာ မဟာပလ္လင်ကို နာရီပေါင်းများစွာ ဆက်တိုက်ထိုင်နိုင်သူတစ်ဦးလည်း ဖြစ်ပြီး သူမအခုလို တရားထိုင်နိုင်တာ သမီးလေးတွေကို ထိန်းပေး သူမကို ပါရမီဖြည့်ပေးတဲ့ခင်ပွန်းကြောင့်မို့ သူမကခင်ပွန်းကိုကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ. အခုလည်း သရုပ်ဆောင်ဇူဇူးမောင်က အောင်လံဆရာတော်ဘုရားကြီးရဲ့လမ်းညွှန်မှုနဲ့ ဖွင့်လှစ်တဲ့ သဲအင်းဂူ ရက် ၂၀ တရားစခန်းဝင်ဖို့ Stockton မြို့ကို ထွက်ခွာခဲ့ပါတယ်တဲ့. သမီးလေးတွေကိုတော့ မနက်အစောကြီးမို့ လေဆိပ်ကို မခေါ်ခဲ့တော့ပါဘူးလို့ ဆိုထားပါတယ်. ရက် ၂၀ တရားစခန်းက ဇွန် ၁၄ကနေ စမှာဖြစ်ပြီး ဖုန်းမကိုင်ရတာမို့ ချစ်ရသူတွေနဲ့ တရားစခန်းထွက်လာချိန်ကျမှ ဆုံပြီး တရားမျှဝေမှုတွေပြုလုပ်သွားမယ်လို့လည်း ဆိုထားပါတယ်.

image
34 w - Translate

နောက်နှစ်ထဲမှာ Season 2 ဆက်လက်ထွက်ရှိဖိုတရားဝင်ကြေညာသွားခဲ့တဲ့ The Beginning After the End Season 2

S1 ကြည့်ချင်တဲ့သူတွေအတွက် - https://t.me/linkcollectaom2/1828

image

Jason Momoa က Game of Thrones အတွက် Audition မဝင်ခဲ့တဲ့ တစ်ဦးတည်းသော သရုပ်ဆောင်ဖြစ်ပါတယ်။
သူက ခါးဒရိုဂိုအတွက် စမ်းသပ်သရုပ်ဆောင်မယ့်အချိန်မှာ ပိုလီနီးရှားမျိုးရိုးနဲ့ မာအိုရီဟာကာရဲ့ စစ်အကကိုကပြပြီး သရုပ်ဆောင်ရွေးချယ်တဲ့အဖွဲ့တွေကို အံ့သြသွားအောင်လုပ်ပြခဲ့ပါတယ်။
သူတို့ အဲ့လိုကပြနေတဲ့ အချိန်က အရမ်းကိုကြောက်နေကြတယ်လို့ Jason Momoa က ပြန်ပြောပြပါတယ်။
ဒီလိုကပြနေတဲ့ အချိန်မှာ Jason Momoa က စစ်သူကြီးတစ်ယောက်ကို ဟန်ဆောင်ခဲ့တာမဟုတ်ပဲ တကယ် စစ်သူကြီးတစ်ယောက်လို သွေးစူပြီးဖျော်ဖြေခဲ့တာပါလို့ပြောပြပါတယ်။

image